Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၃၀.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရက်အိုင်ဒီယာနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်း

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရက်အိုင်ဒီယာနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်း

အောင်ဇော်မန်း

ကမ္ဘာ့နိုင်ငံများ၌ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေးကို သုံးသပ်ရာတွင် “ဒီမိုကရေစီသည် ပန်းတိုင် မဟုတ်၊ နည်းနာမျှသာ ဖြစ်သည်” ဆိုသော ထောက်ကွက်တစ်ခုရှိသည်။ ၎င်းသည်ယခုမှ ထွက်ပေါ် လာသောအသစ်အဆန်းမဟုတ်သလို၊ ဒီမို=လူထု(အများစု)၊ ကရေစီ= အုပ်ချုပ်ရေး (ဒီမိုကရေစီ =လူထုအများစု) အုပ်ချုပ်ရေး) ဆိုသည်လောက်သာ ကန့်သတ်ဖွင့်ဆို ယူဆချက်များသည်လည်း ခေါမခေတ်က ဒီမိုကရေစီဖွင့်ဆိုချက်များ ဖြစ်သည်။ လက်ရှိဒီမိုကရေစီ၏ အဓိပ္ပါယ်ကို ၁၈ရာစုအဆုံးနှင့် ၁၉ရာစု အစပိုင်းလောက်မှ စကာမျက်နှာစာ သုံးရပ်မှ ချဉ်းကပ်၍ ခေတ်သစ် နိုင်ငံရေး တစ်ရပ်အဖြစ် ဖွင့်ဆိုလာကြသည်မှာ- “အရင်းအမြစ်” (Source) ၊ ရည်မှန်းချက်(သို့မဟုတ်)၊ ပန်းတိုင်(Purpose)နှင့် လုပ်ထုံးလုပ်နည်း (Procedure) တို့ ဖြစ်သည်။

ဒီမိုကရေစီ၏လားရာ အရင်းအမြစ်မှာ လူထုဖြစ်ပြီး၊ လားရာရည်မှန်းချက် ပန်းတိုင်မှာ လူထု(လူအများစု)၏ အကျိုးစီးပွား ဖြစ်သည်။ ဤ မျက်နှာစာ (၂)ရပ် လက်တွေ့အကောင်အထည် ဖော်နိုင်ရန်မှာမူ ကောင်းမွန်သော နိုင်ငံရေးစေတနာ (Political Will) ထက်သန်စွာဖြင့် ပြုလုပ်သည့် “ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်း”နှင့် သွားရမည်ဟု ဆိုလိုရင်းဖြစ်သည်။

ဤမျက်နှာစာ (၃)ရပ်ထဲတွင် လုပ်ထုံးလုပ်နည်းမှာ ယနေ့အထိ အားနည်းနေဆဲ ဖြစ်သည်ဟု သုံးသပ်ခဲ့ပါသည်။ ဤအားနည်းချက် (အရင်းအမြစ် နှင့် ရည်မှန်းချက်) အမှန်တကယ်အလုပ်ဖြစ်စေရန် လုပ်ထုံးလုပ်နည်း များကို စည်းမျဉ်း၊စည်းကမ်းနှင့် မူဘောင်သွင်းခြင်း (Institutionalization)ဖြင့် အား ဖြည့်ရမည်ဟု ၂၀ရာစုခေတ်ဦး ပညာရှင် “ဂျိုးဇက်ရွန်းပီတာ”က ဆိုပါသည်။

“ဂျိုးဇက်ရွန်းပီတာ”၏ ဤဖြည့်စွက်ချက်ကိုပင် နောက်ထပ်ပညာရှင် တစ်ဦးဖြစ်သူ ရောဘတ်ဒဲ(လ)က “ပါဝင်ယှဉ်ပြိုင်မှု” (Contrestation)နှင့် ပါဝင် ဆောင်ရွက်မှု (Participation)ဟူ၍ မျက်နှာစာ ၂ရပ်ခွဲပြီး သရုပ်ခွဲ စိစစ်ပြခဲ့ပါသည်။ တဖန်နှောင်းခေတ်ပညာရှင် အဆက်ဆက်ကအဆိုပါ မျက်နှာစာ (၂) ရပ် ပေါ်တွင် “စံ” သတ်မှတ်ချက်များ (bench markes)တင်၍ ဒီမိုကရက်တစ် ရေချိန်ကို သတ်မှတ်တိုင်းတာခဲ့ကြသည်။

ထို့အပြင် နိုင်ငံရေး သိပ္ပံပညာရှင် များကလည်း ဒီမိုကရက်တစ်နိုင်ငံရေးစနစ်တရပ်ရှင်သန်နိုင်ရန်

(၁) မဲဆန္ဒရှင် လူထု၏ ဒီမိုကရေစီ အသိပညာ ရေချိန်

(၂)အပြန်အလှန် ထိန်းညှိစစ် ဆေးနိုင်သော အဖွဲ့အစည်း များနှင့်

(၃) ရှင်သန်ဖွံ့ဖြိုးနေသော အရပ်ဖက် လူ့အဖွဲ့အစည်း များဆိုသည့် အခြေခံ အုတ်မြစ် (၃) ခုရှိရမည်ဟု ဆိုပါသည်။

ယခုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံ၌လည်းဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စံတင်အကောင် အထည်ဖော်နေပြီး ၂၀၁၅ ခုနှစ်၌လည်း “မြန်မာ့ ဒီမိုကရက် တိုက်ဇေးရှင်းသည်ကော မည်သို့ရှိမည်နည်း”ဟု မေးခွန်းထုတ် လေ့လာနေကြပြီ ဖြစ်သည်။ု

လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်နေမှုကိုသုံးသပ်ရာ၌ အကျင့်ပျက်ခြ စားမှုများ၊ အရှင်မွေး သူကောင်းပြုမှုများ၊ ပေါ်လ စီအရေးနိမ့်မှုများ၊ အားနည်းနေသေးသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲ မှုများစသည့် “အေဂျင်စီပြဿနာများ” (Agencyproblem) များ၊ ရခိုင်ဖြစ်ပွားနေသော ဘင်္ဂါလီ ရိုဟင်ဂျာ အရေးအရေးကဲ့သို့ လူ့အခွင့်အရေးဆိုင်ရာ အရေးကိစ္စများ တရားဥပဒေစိုးမိုးရေး ပြဿနာများ နှင့် ပြည်သူလူထု၏ နေ့စဉ်စားဝတ်နေရေး မပြေလည် မှုများကြောင့် ဆန္ဒပြထုတ်ဖော်နေမှုများ စသည့်ပြည်တွင်းနှင့် ပတ်သက်သည့် ပြဿနာများ စိန်ခေါ်မှုများ ရှိနေသည်။

ထို့အပြင် လာတော့မည့် ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၌ အာဆီယံဆီးဂိမ်း ကျင်းပရတော့မည် ဖြစ်ပြီး၊ ၂၀၁၄ခုနှစ်၌လည်း အာဆီယံ ဥက္ကဋ္ဌ တာဝန် ကို ယူကြရမည် ဖြစ်သည်။ လက်ရှိအစိုးရနှင့် ပြည်သူများ အနေဖြင့် ၎င်းကိစ္စများကို အောင်မြင်စွာ ဖြတ်ကျော်ဆောင်ရွက်နိုင်မှသာ အာဆီယံ ဒေသတွင်းနှင့် နိုင်ငံတကာ ဒီမိုကရေစီစနစ် စတင်အသက်ဝင် နေသည်ဟု ပိုမိုယုံကြည်ကြမည် ဖြစ်သည်။ ၎င်းကိစ္စ၊ ပြဿနာများ ဖြေရှင်းသွားနိုင်မှုသည်လည်း ဒေသ တွင်း နှင့် နိုင်ငံတကာ၏ ယုံကြည်မှု ရရှိရေးအတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်။ ထို့နောက် ၂၀၁၅ခုနှစ်၌ မြန်မာနိုင်ငံသည် AFTAအာဆီယံ လွတ်လပ်သော၊ ကုန်သွယ်မှု အစီအစဉ်တွင် ပါဝင်ရတော့ မည်ဖြစ်ရာ ၎င်းအတွက်လိုအပ်သောစီးပွားရေးဆိုင်ရာ ပြင်ဆင်မှုများကို ကြိုတင်ဆောင်ရွက် ထားကြရ မည်ဖြစ် သည်။ ၎င်းအတွက် အဘယ်မျှလောက် ပြင်ဆင်ကြပြီးပြီလဲဟုမေးမြန်းစရာရှိပါတော့သည်။ ၎င်းအတွက် ဘယ်သူတွေမှာ တာဝန်ရှိပြီး၊ ဘယ်သူတွေ တာဝန် ယူကာ ဖြေရှင်းမလဲ ဆိုသည်မှာလည်း စိတ်ဝင်စားစရာ ဖြစ် သည်။

ထို့ကြောင့် ဆိုခဲ့သည့်အတိုင်း ဒီမိုကရေစီကို စံချိန်စံနှုန်းများဖြင့် တိုင်းတာသတ်မှတ်နိုင်ကြသော်လည်း ဒီမိုကရက်တိုက်ဇေးရှင်းကိုမူ နှုန်းစံများနှင့်စတင်၍ မရပေ။ ပကတိအရှိမှအစပြုကြရမည်သာ ဖြစ်သည်။ ကျွန်တော်တို့သည် Non-Democratic အခြေအနေမှ Democratic အနေအထားသို့ ကူးပြောင်းနေကြ ရသော ကြောင့် ဖြစ်သည်။ ဤဖြစ်စဉ်များကိုအောင်အောင်မြင်မြင် တွန်းတင်ဖို့ဆိုပါကလည်း၊ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ပကတိ အခြေအနေမှန်ကို ထင်ဟပ်နိုင်သသောမဟာဗျူဟာတစ်ရပ်ရေးဆွဲထားရှိနိုင်ဖို့ လိုပါတယ်။ အလုပ်မဖြစ်သည့် အများကြိုက် ပေါ်ပြူလာ အိုင်ဒီယာများကိုလှုံဆော်နေ၊ ဆွနေရုံမျှဖြင့် မပြီးတော့ပေ။ “ဘာလုပ်ကြမလဲ”ဆိုသော မေးခွန်းကို တိတိကျကျ ဖြေထုတ်ကြရမည် ဖြစ်ပေသည်။

နိုင်ငံတကာ၌ ဤသို့သော ပြဿနာများ ပေါ်လာလျှင်မူ (သီအိုရီအလိုအရ) ဒီမိုကရက်တစ် တာဝန်ခံမှုဖြင့် ဖြေရှင်းကြရသည်ဟု ဆိုပါသည်။ ဒီမို ကရက်တစ် တာဝန်ခံမှုဖြင့် ဖြေရှင်းကြရာတွင်လည်း “လမ်းကြောင်းရှည် တာဝန်ခံမှု (သို့) အလျားလိုက်တာဝန်ခံမှုများဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲပြီး ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေအရ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော်များဖွဲ့စည်းခြင်းနှင့် အာဏာ သုံးရပ် ခွဲခြားကျင့်သုံးခြင်းစသည့် လုပ်ထုံး လုပ်နည်းများဖြင့် မလုံလောက်တော့ပေ။ လမ်းကြောင်းတိုတာဝန်ခံမှု (သို့မဟုတ်) ဒေါင်လိုက်တာဝန်ခံမှုဖြင့် အားဖြည့်ပေးရမည် ဖြစ်သည်။ လမ်းကြောင်းတို တာဝန်ခံမှု (သို့မဟုတ်) ဒေါင်လိုက်တာဝန်ခံမှု ဆိုသည့်သဘောမှာ လူထုကိုယ်စားလှယ်များကို ကူညီအားဖြည့် ပေးနိုင်မည့် အင်အားစုများ (ပညာရှင်များ၊ မီဒီယာများ၊ အရပ်ဖက် အဖွဲ့အစည်းများ) ကို နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားနိုင်ရန် တာဝန်ခံမှုကိုခွင့် ချဲ့ယူကြရသည့်၊ ခွင် ချဲ့ခွင့်ပေးရသည့် သဘောမျိုး ဖြစ်သည်။

၂၀၁၅၌ မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက် ဇေးရှင်းမည်သို့ဖြစ်မလဲ ဆိုသည့်အမေးကို ဖြေရှင်းရန်မှာမူ ၂၀၁၅၌ ရှိနေမည့် မဲဆန္ဒလူထု၏ ဒီမိုကရေစီ အသိပညာရေချိန်နှင့် နိုင်ငံရေး ပါတီများ၏ အနေအထား၊ လွှတ်တော်နှင့် လွှတ်တော်မှ ဖွဲ့စည်းထားသော ရေးရာကော်မတီ၊ ကော်မရှင်များ၊ အသက်ဝင်မှု နှင့် လုပ်ကိုင်နိုင် စွမ်းနှင့် အရပ်ဖက် လူ့အဖွဲ့အစည်)