Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၉.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့ နိုင်ငံရေးသုံးသပ်ချက်

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့ နိုင်ငံရေးသုံးသပ်ချက်

Lin Htet

မြန်မာနိုင်ငံရေးသုံးသပ်ချက်ဟုဆိုလျင် လက်ရြှိဖစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်များအရ ၁၉၉၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်ခဲ့သော် အမျိုး သားညီလာခံကို ချန်လှပ်ထားရန်မဖြစ်နိုင်ပေ။ ထိုညီလာသို့ တက်ရောက်ခဲ့ကြသော ညီလာခံကိုယ်စားလှယ်များ တင်သွင်းခဲ့ကြသော စာတမ်းများနှင့် အခြေခံဥပဒေရေးဆွဲရာတွင် ရည်ညွန်းကိုးကားသင့်သော အခြေခံမူများနှင့် ယနေ့ကျင့်သုံးနေသော အခြေခံဥပဒေမှာ တစ်ထပ်တည်း ဖြစ်ခြင်းမဖြစ်ခြင်း ဖြင့်လည်း ဒီမိုကရေစီအစိုးရသစ်၏ ဆန္ဒသဘောထားများကို ထက်ဟပ်တိုင်းတာနိုင်မည်ဟု ရိုးသားစွာ ယုံကြည်မိသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ညီလာခံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော် အမျိုးသားညီလာခံတွင် တိုင်းရင်းသားကိုယ်စားလှယ်များ တင်သွင်း သော အဆိုများနှင့် ၉၀ အာဏာရပါတီ၏ တင်သွင်းချက်အခြေခံမူ (၁၂)ချက်တို့ကို အခြေခံဥပဒေရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားခဲ့ခြင်း ရှိမရှိနှင့် အခြေခံ မူ ၁၀၄ချက်တို့တွင် ထိုအချက်များပါဝင်မူ ရှိမရှိတို့ကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ ယခုအချိန် ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းမရှိသေး သော ကချင်တိုင်းရင်းသားများအနေဖြင့်လည်း အမျိုးသားညီလာခံသို့ ကိုယ်စားလှယ်ငါးဦးစေလွတ်ပြီး စာတမ်း(၉)စောင်နှင့် အချက်(၁၉)ချက်ကို တင် သွင်းခဲ့သော်လည်း ယခုအချိန်ထိ စစ်မှန်သောပြည်ထောင်စုကိုသာ တောင်းဆိုတိုက်ပွဲဝင်နေရစဲပင် ဖြစ်သည်။

အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေဖြစ်ပြီး၊ ထိုအခြေခံဥပဒေဖြင့်ပင် ထိုနိုင်ငံ၏ နိုင်ငံရေးစနစ်ကို တိုင်းတာလေ့ရှိကြ သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် တပြည်ထောင်စနစ်၊ ပြည်ထောင်စုစနစ်နှင့် တဝတ်တပြတ် ပြည်ထောင်စုစနစ်ဟူရ်ျ အမျိုးမျိုးကျင့်သုံးကြသော်လည်း တိုင်းရင်းသားလူမျိုးပေါင်းစံ၊ မတူညီသောယဉ်ကျေးမူပေါင်းစုံ ၁၃၅မျိုးဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တဝတ်တပျက် ပြည်ထောင်စုစနစ်ထက်ပင် လျော့နည်းသောအခွင့်အာဏာများသာ ပြည်နယ်များသို့ ပြည်ထောင်စုအစိုးရကပေးထားခြင်းမှာ တိုင်းရင်းသားများ၏ မကျေ နပ်ချက်များဟူသော မီးစာကို အခြေခံဥပဒေဟူသော လောင်စာဆီဖြင့် အထိတထိထားလိုက်ခြင်းဖြင့် မြန်မာ့အနာဂါတ်အရေးမှာ ရင်လေးဖွယ်ကောင်းလှ သည်။

ပြည်ထောင်စုအစိုးရက လက်နက်ကိုင်တိုင်းရင်သားများအား နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ရွေးကောက်ပွဲဝင်ပြီးနောက် အခြေခံဥပဒေကို လွတ် တော်အတွင်း ပြင်ဆင်နိုင်ပါသည်ဟု အကြိမ်ကြိမ်ပြောဆိုနေသော်လည်း (၉၅)ချက်သော ဖွဲ့စည်းပုံ၏ ပေးထားချက်များမှာ ၇၆ရာခိုင်နူန်းသော လွတ်တော် ကိုယ်စားလှယ်များနှင့် ပြင်ဆင်ရန် အတည်ပြုပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရသည်အထိ ပြင်ဆင်ရန်ခက်ခဲနေသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရသည်။

တပ်မတော်အစိုးရမှ အစဉ်တစိုက် ခွဲထွက်ရေးသမားများဟု မှတ်ယူနေသော တိုင်းရင်းသားများမှာ မင်းကြီးမဟာဗန္ဒုလ အာသံပြည်ကို ချီတက် နှိမ်နှင်းချိန်လိုက်ပါနှိမ်နှင်းခဲ့သော ကချင်ဒူဝါးကြီးများ၊ သီပေါမင်းပါတော်မူချိန် ဂေါဝန်ဆိပ်ကမ်းတွင် အင်္ဂလိပ်လက်အောက်မှ ကယ်တင်ရန် ကြိုးပမ်းခဲ့သော ဓါးရိုးပေါ် လက်တင်၊ အံတင်းတင်းကြိတ်မျက်နှာများနှင့် ရှမ်းတိုင်းရင်းသားများ၊ နိုင်ငံတကာမှ ရန်ကုန်အစိုးရဟုခေါ်ဆိုနေချိန် တပ်မတော်အစိုးရဘက်မှ ရောင်စုံသောင်းကျန်းသူများကို ၀င်ရောက်တိုက်ခိုက်ပေးခဲ့သော ချင်းတိုင်းရင်းသားစစ်သားများဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့မြင်ရသည်။

သမ္မတကြီး ဦးသိန်းစိန်၏ မြေရှင်ပဒေသရာဇ်စနစ်သို့ ဦးတည်နေသော ဒီမိုကရေစီအပြောင်းအလဲ

၂၀၁၀ရွေးကောက်ပွဲအပြီး ဒီမိုကရေစီအကူးအပြောင်းအလဲကာလ နိုင်ငံတော်သမ္မတကြီးနှင့် ၎င်း၏ အကြံပေးအဖွဲ့ဝင် ပညာရှင်ကြီးများ၏ ဒီမိုက ရေစီမိန့်ခွန်းများနှင့်အတူ ကပ်လျက်ပါရှိလာသောအရာမှာ အောက်ခြေ လူတန်းစားနင်းပြားများဖြစ်သော မြန်မာနိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နူန်းရှိ တောင်သူ လယ်သမားများ၏ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးလူပ်ရှားမူများပင် ဖြစ်သည်။ လယ်ယာမြေတိုက်ပွဲများ မြန်မာပြည်အနှံ့အပြားတွင် ဖြစ်ပွားနေသော်လည်း ပြည်ထောင်စုအစိုးရ၏ ဖြေရှင်းချက်များမှာ ထိရောက်မူမရှိသည့်အပြင် တစ်နှစ်အတွင်း နှစ်ကြိမ်ရေးဆွဲလိုက်ရသော လယ်ယာမြေ ဥပဒေမှာ လွတ်တော်တွင်းရှိ အမတ်မင်းအများစုမှာ မည်သည့်လူတန်းစားကို ကိုယ်စားပြု၍ ဥပဒေများရေးဆွဲနေသည်ဆိုသည်မှာ ထင်ရှားလွန်းလှသည်။  

အဆိုပါမြေယာသိမ်းဆည်းမူများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းလိုက်သော မြေအသုံချမူစုံစမ်းစစ်ဆေးရေးကော်မရှင်မှာလည်း တိကျသော စုံစမ်း စစ်ဆေးမူများမှ သဘောထားကြေငြာချက်များထုတ်ပြန်ခြင်းကို ယခုတိုင် မတွေ့ရှိရသေးပေ။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မ၀င်ရောက်လာမှီ အစိုးရပိုင်းနှင့် ရင်းနှီးကျွမ်းဝင်သူ စီးပွားရေးသမားလုပ်ငန်းရှင်ကြီးများမှာ များစွာသော မြေဧကများ ကို ကိုင်ဆောင်ပြီး မြေရှင်ပဒေသရာဇ်ကြီးများကဲ့သို့ ပြည်ပရင်းနှီးမြုပ်သူများကို ခပ်ပြုံးပြုံးပင် စောင့်ကြိုနေလေသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်ဟူသည် ဒီမိုကရေစီစံနူန်း

ဆေးရောင်စံခြယ်သထားသော ချကိုက်၊ပိုးစားနေသည့် အိမ်အိုဟောင်းကြီးကဲ့သို့ပင် မြန်မာ့မီဒီယာလောကအရေးမှာလဲ ရင်လေးဖွယ်ကောင်းလှ သည်။

မီဒီယာလွတ်လပ်ခွင့်ဟူသောဆိုင်းပုဒ်ကို ကိုင်ဆောင်ကြွေးကြော်ပြီး ထွက်ပေါ်လာသောသတင်းဂျာနယ်များအနက် ၁၀ဆောင်တွင် (၇)ဆောင် ခန့်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပါတီကြီးတခုမှ ပါတီဝင်လူချမ်းသာများမှ ၎င်းတို့အကျိုးစည်းပွားကို ဖော်ဆောင်ရန်အတွက် ပြည်သူကို အယုံ သွင်းနေကြသော လက်မည်းကြီးများကို စေ့စေ့ကြည့်ပါက ခပ်ရေးရေးမြင်နိုင်ပါသည်။

မီဒီယာလွတ်လပ်ခွင့်ဟူသော ဒီမိုကရေစီစံနူန်းကို နိုင်ငံတကာနှင့်ချိန်ဆက်ပြီး ၎င်းတို့အကျိုးစီးပွားကို ထပ်မံဖော်ဆောင်လိုသော ဒီမိုကရေစီ အစိုးရကြီးမှ တစုံတခုသောအတိုင်းအတာအထိ ခွင့်ပြုထားသော်လည်း ၎င်းတို့အကျိုးစီးပွားဖြစ်သော မြန်မာစီးပွားရေး ဦးပိုင်၊ အမျိုးသားကြီးပွားတိုးတက် ရေးကုမ္မဏီ အစရှိသော စစ်ဗိုလ်ချုပ်အဟောင်းအသစ်လူထွတ်များနှင့် ၎င်းတို့ယောက်ဖ၊ ယောက္ခမပိုင်ကုမ္မဏီများကို ထိခိုက်မိသောအခါမျိုးတွင် ခွေးကို အမှီးနင်းမိသကဲ့သို့ အစွယ်တဖွေးဖွေး၊ မာန်တဖီဖီဖြင့် ဖြစ်နေခြင်းမှာ လက်ပံတောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းသမားကိုရဲရင့်၏ အသက်ကို ရန်ရှာခြင်းအား ထောက်ရူခြင်းဖြင့် သိသာထင်ရှားလှသည်။

တည်ဆဲဥပဒေများ မိုးဦးကျမိုများကဲ့သို့ မကြာခဏထွက်ပေါ်လာသော ဒီမိုကရေစီရွှေနိုင်ငံတော်ကြီးတွင် အသစ်ပေါ်ထွက်လာမည့် မီဒီယာဥပ ဒေဟူသော အဆိပ်ရည်စိမ်ပန်းသီးဖြင့် သတင်းမီဒီယာသမားများ၏ မသိစိတ်ထဲသို့ ကြောက်စိတ်၊ ချုပ်နှောင်သောစိတ်တစုံတရာကို ထပ်မံ ထည့်သွင်း ပေးလိုက်ဦးမည် ဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော်

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်ဖော်ဆောင်လိုသော ဒီမိုကရေစီအစိုးရတရပ်အနေဖြင့် လူမျိုး၊ဘာသာဟူသောစံနူန်းများဖြင့် မတိုင်းတာ ပဲ နိုင်ငံသားစိတ်ဓါတ်ဖြင့်သာ တိုင်းတာသော တိုင်းရင်းသားပေါင်းစုံပါဝင်နိုင်သော ပြည်ထောင်စုတပ်မတော်တစ်ရပ်ဖော်ဆောင်ရန်မှာ တိုင်းရင်းသားများ နှင့် ယုံကြည်မူတည်ဆောင်ခြင်း ပထမခြေလှမ်းဟု ရိုးသားစွာ မှတ်ယူမိသည်။

လက်နက်ကိုင်တပ်များနေရာချထားရေးမှာ အချိန်ယူလုပ်ဆောင်ရမည့်အရာဖြစ်သည်ဟု သိထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် ယုံကြည်မူတည်ဆောက်ခြင်း ပထမအဆင့်ကိုဖော်ဆော်နိုင်ပါက ၎င်းတို့ကို တပ်သားသစ်များအနေဖြင့် ပြည်ထောင်စုတပ်မတော်အတွင်း ၎င်းတို့ သက်ဆိုင်ရာတပ်များတွင်ရှိသော ယခင်ရာထူးများအတိုင်း လျောက်ထားခွင့်ပြုခြင်း၊ ပြည်နယ်လုံခြုံရေးတပ်အနေဖြင့် ပြည်ထောင်စုတပ်မတော် လောက် အင်အားမကြီးသောလက်နက်များတပ်ဆင်ပေးခြင်း၊ စစ်မူထမ်းအဖြစ်မလုပ်ကိုင်လိုတော့သူ တိုင်းရင်းသာလက်နက်ကိုင်တက်ဖွဲ့ဝင်များ၏ အလုပ်အကိုင်အခွင့်လမ်းများကို ဖန်တီးပေးခြင်းဖြင့် ပြည်ထောင်စုအစိုးရအနေဖြင့် ငြိမ်းချမ်းရေး၏နောက်ဆုံအဆင့်ဖြစ်သော ငြိမ်းချမ်းရေးထိမ်းသိမ်း ရေး(peace keeping)လုပ်ငန်းစဉ်များကို ဆောင်ရွတ်နိုင်မည်ဟု မျှော်လင့်မိသည်။

ခေတ်မှီအောင်ကမ္ဘာကြည့်ကြည့်ပါ

နိုင်ငံတစ်နိုင်ငံ၏ရှေ့ရေးမှာ လည်းကောင်းနှင့်ပေါင်းသင်းဆက်ဆံနေသော နိုင်ငံစုံကော်ပိုရေးရှင်းများနှင့် များစွာသက်ဆိုင်နေပြီး အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများ၏ အကျိုးစီးပွားမျှတသော နိုင်ငံခြားရင်းနှီးမြုပ်နှံမူဥပဒေများ ကောင်းမွန်စွာရေးဆွဲနိုင်ရန်နှင့် နိုင်ငံစုံ ကော်ပိုရေးရှင်းများနှင့် ချိတ်ဆက်နိုင်သော နိုင်ငံရေးစနစ်၊ ဘဏ်စနစ်တို့ရှိမည်ဆိုပါက ရိုးသားပွင့်လင်းသော ဒီမိုကရေစီအစိုးရနှင့် လက်တွဲလုပ်ဆောင်လို သူနိုင်ငံစုံကော်ပိုရှင်းများမှာ အနှေးနှင့်အမြန်ရောက်ရှိလာပြး မြန်မာနိုင်ငံတည်းဟူသော ပလပ်ခေါင်းကို ကမ္ဘာမူပြုခြင်းဟူသောမီးဘုတ်တွင် ချိတ်ဆက် ခြင်းဖြင့် အာဆီယံနိုင်ငံများအလယ်တွင် ပြန်လည်ထည်ဝါနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။

အထက်ပါအရာများဖြစ်ပေါ်လာစေရန် ဒီမိုကရေစီအစိုးရသစ်ကြီးအနေဖြင့် အခြေခံရိုးသားမူသာ ထင်သာမြင်သာရှိရန် လိုအပ်ပါသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းမှာ အမှောင်ထဲမှထွက်ပေါ်လာသူများကို အဆင်သင့်စောင့်ကြိုလျက်ရှိသည်ဆိုသည်မှာ သမိုင်းသက်သေများရှိပြီးဖြစ်၍ ထိုနိုင်ငံများ၏ ဆိုးမွေကောင်းမွေများကို အတုယူုရန်သာ ရှိပါသည်။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment