Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၉.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. လက်ပန်တောင်းတောင် ဒေသခံများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဒုရဲအုပ်အပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးပိုင်နှင့် ၀မ်ဘိုတို့ကို ဒေသခံတောင်သူများမှ တရားစွဲဆိုပြီ
  2. ကြိမ်၊ ဝါးအချောထည်ရောင်းချသည့် လုပ်ငန်းရှင်အချို့ လုပ်ငန်းရပ်နား

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. KNU အထူးအရေးပေါ်အစည်းအဝေးမှ ကြေညာချက်ထုတ်ပြန်
  2. ပုသိမ်နုတ်ထွက် NLD ပါတီဝင်များ ကွန်ရက်ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

လက်ပံတောင်းတောင် ဒေသခံများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဒုရဲအုပ်အပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးပိုင်နှင့် ၀မ်ဘိုတို့ကို ဒေသခံတောင်သူများမှ တရားစွဲဆိုပြီ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် နေရာတွင်  အောက်တိုဘာလ ၂၇ ရက်နေ့က ဒေသခံများကို လက်သီးထိုး၊ ပါးရိုက်၊ လက် လိမ်ချိုးခဲ့သည့် ဒုရဲအုပ်အပါဝင် ဆားလင်းကြီးမြို့နယ် အုပ်ချုပ် ရေးမှူး၊ ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ဘိုကုမ္ပဏီတို့အား ရာနှင့်ချီသည့် ဒေသခံတောင်သူများမှ ဆားလင်းကြီးမြို့နယ်တရားရုံး၌ တရားစွဲဆိုရန်အတွက် ယနေ့ နံနက်ပိုင်းအချိန်မှ စ တင်ကာ တရားရုံးရှေ့သို့ ရောက်ရှိနေကြကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ခြေ ဆည်တည်းကျေးရွာရှိ တောင်သူများ လုပ်ကိုင်စားသောက်နေသည့် ယာမြေများပေါ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လိုအပ်သည့်အဆောက်အဦများ ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများကို စီမံကိန်းအ ကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ လာရောက်စုပုံနေရာချထားမှုကြောင့် ဒေသခံတောင်သူ ၇၀ ခန့်မှ နေရာချထားမှု မပြုရန်အတွက် သွားရောက်တားမြစ်ခဲ့ကြကြောင်း သိရှိရပြီး အဆိုပါတားမြစ်ခဲ့မှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တာဝန်ယူထားရသည့် လုံခြုံရေးရဲ တပ်ဖွဲ့ဝင်များထဲမှ ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးက ဆည်တည်းကျေးရွာသူ မစန်းလှိုင်ဝင်း၊ မအဲ၊ မဝင်းအေးတို့ ၃ဦးအား လက်သီးထိုး၊ ပါးရိုက်၊ လက်လိမ်ချိုး ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လက်သီးထိုး၊ ပါးရိုကှ်ခြင်းကို ခံခဲ့ရသည့် ဆည်တည်းရွာသူ မဝင်းအေးက ကျေးရွာပိုင်ယာမြေများပေါ်သို့ ဆောက်လုပ်ရေးပစ္စည်းများကို မည်သူ မျှ လာရောက်မချရန် တားဆီးခဲ့ကြောင်း၊ မြန်မာဝမ်ဘိုမှ စီမံကိန်းမန်နေဂျာဖြစ်သူ Dong Yunfei နှင့် စကားပြန်တစ်ယောက်တို့အားလည်း ဦးပိုင်မှ တာဝန်ရှိသူများ ယခုနေရာသို့ ရောက်ရှိမလာခင်ထိ မသွားရန် မိမိတို့ ရွာသူ၊ ရွာသားများမှ ငြိမ်းချမ်းချမ်းဖြင့် ပြောဆိုခဲ့ကြောင်း၊ ယင်းအချိန်အတွင်း ပုခုံး တွင် ငွေရောင်ကြယ်တစ်ပွင့်အဆင့်ရှိသူမှ မိမိ ပါးကိုလှမ်းရိုက်ပြီး၊ ထိုးကြိတ်ခဲ့ကြောင်း၊ နှုတ်ခမ်းကွဲသွားပြီး ပါးစပ်တွင်းမှ သွေးများ ချက်ခြင်း ထွက်ကျလာ ကြောင်း၊ မိမိ တို့ဖက်မှမူ အဆိုပါရဲအရာရှိကို ကိုယ်ထိလက်ရောက် ပြန်လည်တုံ့ပြန်မှု လုံးဝမပြုလုပ်ခဲ့ကြောင်း၊ တရားဥပဒေလမ်းကြောင်းမှတစ်ဆင့် အမှု ဖွင့်၊ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆည်တည်းကျေးရွာသား ကိုမိုးဇော်ထွန်းမှ“ကျနော့်ရှေ့မှာတင် လျှပ်တပျက် ဖြစ်သွားတာပါ။ အရင်ဆုံး မဝင်းအေးကို လက်သီးနဲ့ မျက်နှာကို အဲဒီဒုရဲအုပ်က ပိတ်ထိုးလိုက်တာ သွေးတွေကို ဖြာခနဲနေတာပဲ၊ ပြီးတာနဲ့ ပါးကို ပိတ်ရိုက်လိုက်တာ ဖြောင်းကနဲပဲ၊ နောက်ပြီးမှ မအဲနဲ့ မစန်းလှိုင်ဝင်းကို လက်လိမ်ချိုးတာတွေ ဆက်ပြီးတော့ လုပ်ခဲ့တာ။ ကျနော်တို့ ရွာသားတွေအားလုံးက ဒီလို လူမဆန်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို မလုပ်ဖို့ ဝိုင်းပြီးတော့ အော် ပြောကြတာတောင် သူက မရပ်သေးဘူး။ အံ့သြဖို့ကိုအရမ်းကောင်းတယ်ဗျာ။ ပြည်သူ့ရဲဝန်ထမ်းတစ်ဦးက ဒီလိုမျိုးလုပ်ရပ်မျိုးကို လုပ်လိမ့်မယ်ဆိုတာကို အိပ်မက်တောင်မမက်ဖူးဘူးဗျာ။ ဒီဒုရဲအုပ်ကို ကျနော်တို့ အမှုဖွင့်တရားစွဲဆိုဖို့ လုပ်သွားမှာပါ”ဟု ပြောဆိုခဲ့သည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသူ ကိုဗထူးကလည်း ယခုကဲ့သို့ မတရားပြုလုပ်မှု ကို မိမိအနေဖြင့် လုံးလုံးလက်မခံနိုင်ကြောင်း၊ မိမိကိုယ်တိုင် ပစ္စည်းများမပုံရန်အတွက် ရွာသားများနှင့်အတူ သွားတားခဲ့ကြောင်း၊ ပထမပိုင်းတွင် ရဲဝန်ထမ်း ဦးရေမှာ ၂၀ ခန့်သာရှိကြောင်း၊ ထိုးကြိတ်၊ ပါးရိုက်ပြီးမှ လက်နက်အပြည့်အစုံဖြင့် ရဲလုံခြုံရေးအင်အား ၁၀၀ ကျော်ခန့်ဖြစ်သွားကြောင်း၊ ၎င်းရဲဝန်ထမ်းများ ၏ ရင်ဘတ်ပေါ်တွင် အမည်ရေးထိုးထားသည့်ကဒ်ပြား လုံးဝမပါရှိကြောင်း ပြောပြခဲ့သည်။

ယင်းကဲ့သို့ တာဝန်ကျ ဒုရဲအုပ်မှ ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ ၃နာရီခွဲခန့်တွင် ဒေသခံပြည်သူအင်အား ၁၀၀ခန့်မှ ဆားလင်းကြီးရဲစခန်းသို့ အမှုဖွင့်ရန်သွားရောက်ခဲ့ကြပြီး ရဲစခန်းမှ ရဲဆေးစာထုတ်ပေးခဲ့ကြောင်း သိရှိရသည်။ ယင်းဆေးစာကို ဒေသခံပြည်သူအချို့မှ ယူဆောင်၍ ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ကျနေသည့် မှုခင်းဆရာဝန်လက်သို့အပ်ကာ ဆေးကုသမှုခံယူခဲ့ကြောင်း၊ ယင်းနောက် ဆားလင်းကြီးမြို့နယ် ရဲစခန်းသို့ ပြန်သွားခဲ့ပြီး ဒေသခံ ရွာသူ၊ ရွာသား ၁၀ယောက်မှ သက်သေထွက်ချက်ပေးကာ အမှုဖွင့်ခဲ့ကြောင်း၊ ရဲစခန်းမှူးဖြစ်သူ ရဲအုပ် လှငွေ မှ မဝင်းမေတစ်ဦးတည်းကိုသာ သက်သေထွက်ချက်ယူခဲ့ပြီး အမှုဖွင့်ရန်လက်ခံခဲ့ကြောင်း၊ ရိုးရိုးထိခိုက်နာကျင်စေသည့် ပုဒ် မဖြစ်သည့် ၃၂၅ ဖြင့် အမှုဖွင့်ပေးခဲ့ကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်မိုးအောင်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်သည့်အတွက် အာဏာအလွဲသုံးစားပြုလုပ်မှု၊ မြန်မာ့စီးပွား ရေး ဦးပိုင်လီမိတက်ကို အာဏာအလွဲသုံးစားပြုလုပ်မှုနှင့် မြေယာများ မတရားသိမ်းယူမှု၊ မြန်မာ ဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက်ကို ဒေသခံပြည်သူများ အား ရိုင်းပြစွာဆက်ဆံမှုတို့ဖြင့် ဆားလင်းကြီးမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုရန်အတွက် ဆားလင်းကြီးမြို့နယ် တရားရုံး ရှေ့တွင် ရောက်ရှိနေကြောင်း၊ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ရဲဝန်ထမ်းနှင့်ပတ်သက်၍လည်း ယနေ့နံနက်ပိုင်းတွင် အမှုထပ်မံ ဖွင့်ခဲ့ကြောင်း၊ ဆားလင်းကြီးရဲစခန်းမှ လက်မခံသည့်အတွက် တရားရုံးတွင် ဦးတိုက်လျှောက်ထားပြီး တရားစွဲသွားမည်ဖြစ်ကြောင်း တုံရွာမှ ရွာသားတစ် ဦးဖြစ်သူ ကိုသက်ဦးမှ ပြောဆိုခဲ့သည်။

ဥပဒေ၏အထက်တွင် မည်သူမျှမရှိကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် ရဲဝန်ထမ်းတစ်ဦးမှ ဒေသခံ ပြည်သူလူထုအား ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုကို ဥပဒေက ချွင်းချက် တစ်ခုအနေဖြင့် ခွင့်မပြုထားကြောင်း၊ ယခုအခါ ဒေသခံပြည်သူများမှ ဒုရဲအုပ်အပါအဝင်၊ အုပ်ချုပ်ရေးမှူး၊ ဦးပိုင်နှင့် ဝမ်ဘိုတို့ကို တရားစွဲဆိုမှု ပြုလုပ်သွားမည်ဟု သိရှိရသည့်အတွက် တရားရေးမဏ္ဍိုင်၏ တည့်မတ်မှန်ကန်မှုကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ အကျိုးဆောင်ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်ဟန်စုယဉ်မှ ပြောပြခဲ့သည်။

"ဒီနေ့ အောက်တိုဘာ ၂၉ရက်နေ့အထိ နောက်ဆုံးအခြေအနေကတော့ ဒီရဲဝန်ထမ်းတစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုအပေါ်ကို တရားရုံးက မျက်မြင်သက်သေအဖြစ် မဝင်းမေနဲ့ နောက်တစ်ယောက်ကိုပဲ တရားရုံးထဲကို ဝင်ခွင့်ပြုတဲ့အတွက် မဝင်းမေအပါအဝင် ဒေသခံတောင်သူတွေက တရားရုံးထဲကိုမဝင်ဘဲ အားလုံးအဝင်ခံမှ တရားရုံးထဲကိုဝင်ဖို့ လုပ်နေကြပါတယ်"ဟု ဒေသခံတောင်သူတစ် ဦးက ဆိုသည်။

လက်ပံတောင်းတောင် ပြည်သူညီလာခံ ကျင်းပပြီးစီးခဲ့သည့် နောက်ပိုင်းအချိန်မှစတင်ကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အ ထည်ဖေါ် ဆောင်ရွက်နေသည့်လုပ်ငန်းများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ ဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက်တို့မှ အရှိန်မြင့် ဆောင် ရွက်လာခဲ့ကြသောကြောင့် ဒေသခံပြည်သူများဖက်မှလည်း လုပ်ငန်းသုံးပစ္စည်းများ သယ်ဆောင်လာသည့် စက်ယန္တယားများအောက်သို့ အသက်အသေ ခံ ဝင်ရောက်ပြီး ၎င်းတို့ယာခင်းများပေါ် ဖြတ်မောင်းမသွားနိုင်ရန်အတွက် လှဲအိပ်ခြင်းများကို ပြုလုပ်လာခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါစီမံကိန်းအတွက် အသုံးပြုနေသည့် စက်ယန္တယားများမှာ ထူးကုမ္ပဏီမှ ငှားရမ်းအသုံးပြုထားခြင်းဖြစ်ပြီး၊ အဆောက်အဦးများ ဆောက် လုပ်ရာတွင်လည်း ထူးကုမ္ပဏီမှ တည်ဆောက်လုပ်ပိုင်ခွင့်ရရှိထားကြောင်း သိရှိရသည်။

ထို့ပြင် ယခု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်အား စွဲဆိုထားသည့်အမှုနှင့် စပ်လျဉ်း၍ တရားရုံးနှင့်မဆိုင်ကြောင်း ယင်းအမှုအား ခရိုင် အုပ်ချုပ်ရေးတရားရုံးသို့ တိုက်ရိုက် ဦးတိုက်လျှောက်ထားရမည်ဖြစ်ကြောင်း တရားရုံးမှ ဒေသခံတောင်သူများအား ပြောကြားသည်။

ထိုအတွက်ကြောင့် ယင်းအမှုအား အောက်တိုဘာလ ၃၀ရက်နေ့တွင် ခရိုင်သို့ ဦးတိုက်လျှောက်ထားရန်အတွက် ဒေသခံတောင်သူများမှ ပြင် ဆင်မှုများ ပြုလုပ်နေကြကြောင်းသိရှိရပြီး ယခုလောလောဆယ်တွင် မြို့နယ်တရားရုံးရှေ့၌ ဒေသခံတောင်သူဦးရေ ၅၀၀နီးပါးခန့်ရှိနေကြောင်း သိရသည်။

ရန်နိုင်

------------------------------------------------------------------------------------------------------------------------

ကြိမ်၊ ဝါးအချောထည်ရောင်းချသည့် လုပ်ငန်းရှင်အချို့ လုပ်ငန်းရပ်နား

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများကြောင့် ကြိမ်၊ ဝါးအချော ထည်ရောင်းချသည့် လုပ်ငန်းရှင်အချို့မှ လုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ကြိမ်၊ ဝါးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“သစ်တောရေးရာဦးစီးဌာနက ထုတ်ပြန်ထားတာက သစ်တောထွက်ပစ္စည်းတွေမှာ ကြိမ်၊ ဝါးတွေပါ ပါဝင်တယ်လို့ ပြောထားပါတယ်။ ဒီလုပ်ထုံး လုပ်နည်းအချို့ပာာ လုပ်ငန်းရှင်တွေကို အခက်အခဲဖြစ်စေပါတယ်။ သူတို့က ဒီလိုထုတ်ပြန်ထားတော့ ထုတ်လုပ်ခွင့်လိုင်စင်ကျဖို့အတွက် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုတွေ၊ ငွေကုန်ကြေးကျများတာတွေ ဖြစ်လာလို့ ရပ်နားလိုက်တာပါ”ပာု ကြိမ်ဝါးအချောထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ သစ်တောမူဝါဒများအရ နိုင်ငံဧရိယာ၏ ငါးရာခိုင်နှုန်းကို သဘာဝနယ်မြေများအဖြစ် သတ်မှတ်၍ ထိန်းသိမ်းကာကွယ်ရန် ညွှန်ကြားထားပြီး အမျိုးသားသစ်တောကဏ္ဍနှစ် ၃၀ ပင်မစီမံကိန်းအရ သဘာဝနယ်မြေများကို ရေတို ငါးရာခိုင်နှုန်း၊ ရေရှည် ၁၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်း နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

“ကြိမ်၊ ဝါးကထုတ်လို့ရတဲ့ အရာတွေမှန်သမျှကို သစ်တောစာရင်းထဲ ထည့်လို့မရပါဘူး။ ဥပမာ ကြိမ်လုပ်တာဆိုရင် နွယ်ပင်ကရတာပါ။ ဒါ့ ကြောင့် သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ တစ်ချို့အချက်အလက်တွေကို ပြင်ဆင်ပေးသင့်ပါတယ်။ ခုဆို ကြိမ်၊ ဝါးအချောထည် ၇၅ ရာခိုင်နှုန်းကျော် ကျော်လောက်က လုပ်ငန်းရပ်နားလိုက်ပါပြီ”ပာု ကြိမ်၊ ဝါးထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ကြိမ်၊ ဝါးအချောထည်များကို တရုတ်၊ အင်ဒိုနီးရှားနိုင်ငံအပါအဝင် EU သို့ပါတင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

KNU အထူးအရေးပေါ်အစည်းအဝေးမှ ကြေညာချက်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗပာိုအမြဲတမ်းကော်မတီ အထူးအရေးပေါ်အစည်းအဝေးမှ အောက်တိုဘာလ ၂၇ ရက်နေ့ရက်စွဲဖြင့် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ၂၅-၂၆ ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ဗပာိုအမြဲတမ်းကော်မတီအထူးအရေးပေါ် အစည်းအဝေးကို ဘားအံခရိုင် (လေးဝါး)၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအည်းအဝေးတွင် KNU အဖွဲ့အစည်းအတွင်းဖြစ်ပေါ်လျက်ရှိသော ပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။

KNU ဗပာိုအမြဲတမ်းကော်မတီ အထူးအရေးပေါ်အစည်းအဝေးတွင် KNU ဗပာိုအလုပ်အမှုဆောင်ကော်မတီ၏ စက်တင်ဘာလ ၂၇ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်ခြင်းခံရသော ခေါင်းဆောင်(၃)ဦး၏ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗပာိုအမြဲတမ်းကော်မတီဝင်များသည် အဖွဲ့အစည်းအတွင်းဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များကို ကြေကြေညက်ညက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပြီး အမျိုးသားစည်းလုံးညီညွှတ်မှုကို ရှေ့ရှု၍လည်းကောင်း၊ အဖွဲ့အစည်း၏အကျိုးကို ရှေ့ရှု၍လည်းကောင်း၊ စည်းလုံးညီညွှတ်မှုနှင့် အဖွဲ့အစည်း၏ တိုး တက်မှုကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတွင်းဖြစ်ပျက်ခဲ့သော အားနည်းချက်များကို သင်ပုန်းချေကြပြီး (၁၄)ကြိမ်မြောက် ကွန်ကရက်မှ ယခင်မူလ ပေးထားသော တာဝန်များကို (၁၅)ကြိမ်မြောက် ကွန်ကရက်အထိ တာဝန်များကို ဆက်လက်တာဝန်ယူဆောင်ရွက်သွားရန် အားလုံးမှ သဘောတူ ကြောင်း ဆုံးဖြတ်အတည်ပြုခဲ့သည်။

ထို့ပြင် အဖွဲ့အစည်းအတွင်းဖြစ်ပေါ်လျက်ရှိသော အားနည်းချက်များကို အဖွဲ့အစည်းအတွင်းခေါင်းဆောင်များမှ ဦးစီးရှေ့ဆောင်၍ ညှိနှိုင်းဖြေ ရှင်းခဲ့ကြပြီး KNU ၏ အခြေခံလမ်းစဉ်နှင့်အညီ အားလုံးတက်ညီလက်ညီ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန် ခဲ့သည်။

ယင်းအစည်းအဝေးသို့ ဗပာိုအမြဲတမ်းကော်မတီနှင့် ဗပာိုအရံအမြဲတမ်းကော်မတီ (၄၀)ဦး တက်ရောက်ခဲ့သည်။

NT

------------------------------------------------------------------------------------------------------------------------

ပုသိမ်နုတ်ထွက် NLD ပါတီဝင်များ ကွန်ရက်ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ နုတ်ထွက်ခဲ့သည့် NLD ပါတီဝင်များက အမျိုးသား ဒီမိုကရေစီကွန်ရက်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တွေ NLD ပါတီကနုတ်ထွက်တာ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုလုံးဝမပါပါဘူး။ ဗပာိုဦးစီးချုပ်ကိုင်တဲ့ စနစ်ကိုမကြိုက်တာရယ်၊ ပါတီ တွင်း သပ်လျှိုဖိအားပေးမှုတွေကြောင့် ခုလိုနုတ်ထွက်ခဲ့တာပါ။ ခု အမျိုးသားဒီမိုကရေစီကွန်ရက်ကို တည်ထောင်ပြီးသွားပါပြီ။ ခုလက်ရှိတော့ မှတ်ပုံမတင် ရသေးပေမယ့် နောင်ကိုတော့ မှတ်ပုံတင်ပြီး ဆက်လုပ်သွားမှာပါ”ပာု အမျိုးသားဒီမိုကရေစီကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုတည်ထောင်သည့် အမျိုးသားဒီမိုကရေစီကွန်ရက်အနေဖြင့် အများပြည်သူဘက်မှ ရပ်တည်၍ ပြည်သူအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင် မည့်အပြင် အမျိုးသားရေး၊ ဒီမိုကရေစီရေးနှင့် ကျန်းမာရေး၊ လယ်သမားအရေးကိစ္စများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီပါတီကထွက်သွားပေမယ့် တခြားပါတီတစ်ခုကို ဝင်ရောက်ဖို့ကြိုးစားမှာမပာုတ်ပါဘူး။ ဒီပါတီကို ယုံကြည်လို့ဝင်တယ်။ ဦးကြီး၊ ဘကြီးတွေက နှိပ်စက်တော့ထွက်တယ်။ ဒါပေမယ့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုတော့ ဆက်ပြီးလုပ်ဆောင်သွားဦးမှာပါ။ ကျွန်တော်တို့ ခုကွန်ရက် တည်ထောင်ပြီးပါပြီ။ ကွန်ရက်ကနေ လုပ်နိုင်မယ့်အရာတွေကို ဆက်ပြီးလုပ်သွားဦးမှာပါ”ပာု NLD ပါတီမှ နုတ်ထွက်ခဲ့သည့် ပုသိမ်ဒေသခံတစ်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် ရာကျော်ခန့်သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် နုတ်ထွက်ခဲ့ပြီး ပုသိမ်မြို့ရှိ NLD ရုံးဆိုင်းဘုတ်ပိတ်သိမ်းခြင်းနှင့် ပါတီအလံဖြုတ်ချခြင်း အခမ်းအနားများကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကြားအဖွဲ့အစည်းတစ်ခုအနေနဲ့ အားလုံး၂၇ ယောက်ပါတဲ့ စုံစမ်းရေးအဖွဲ့လွှတ်လိုက်ပါပြီ၊ လွှတ်လိုက်ပြီးတော့ သွားပြီးတော့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီအဖွဲ့လဲ တော်တော်လေးဦးနှောက်ခြောက်နေပုံရပါတယ်။ ဒီနေ့အထိတော့ ကျွန်တော့ကို သူတို့ဘာမှ အကြံပေးတာတွေ ဘာတွေတော့ သူတို့မလုပ်နိုင်သေးပါဘူး။ အဲဒီတော့ သူတို့ရဲ့အကြံပေးချက်တွေပေါ်မှာမူတည်ပြီး ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင် အကောင်အ ထည်ဖော်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။”

“အောက်တိုဘာလ ၁ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၂၄) တွင်ပါရှိသော“ရခိုင်အရေးစုံစမ်းရေးအဖွဲ့ ဦးနှောက်ခြောက်နေပုံရသည်ဟု နိုင်ငံတော်သမ္မတကြီးပြောကြား”ဆောင်းပါးမှ သမ္မတကြီး၏ ပြောကြားချက်အားကောင်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ဆွေးနွေးတာတွေရှိပေမယ့်လို့ မသဲကွဲဘူးဖြစ်နေတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးတာလား။ ယုံကြည်မှုတည်ဆောက်ဖို့ ဆွေးနွေးတာလား။ နိုင်ငံရေးအရ ဆွေးနွေးတာလား။ မသဲကွဲဘူးဖြစ်နေတယ်။ အခုဆို KIO က နိုင်ငံရေးအရ ဆွေးနွေးဖို့ပြောနေတယ်”

အောက်တိုဘာ ၃၁ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၄)တွင်ပါရှိသည့်“ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသ ဏ္ဍန်သဲကွဲမှုမရှိကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးပြောကြား”သတင်းမှ ဦးခွန်ထွန်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment