Transparency Myanmar

transparency.myanmar@gmail.com

 

၂၉.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အာရှဒေသနဲ့ အမေရိကန်ဆက်ဆံရေးမှာ ဂိမ်းပြောင်းပေးတဲ့နိုင်ငံဟာ မြန်မာလား

(The Nation သတင်းစာမှ 24 Oct 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Myanmar a game-changer in US relations in Asia? ကိုဘာသာပြန်ဆိုသည်)

  1. ဆန်တင်ပို့မှုတွင် ထိပ်တန်းနေရာပြန်ရအောင် မြန်မာကြိုးစား

(Bloom Berg News မှ 28 Oct 2012 ရက်စွဲပါ “Myanmar seeks to regain top spot in rice exports: South east Asia”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. မြန်မာဖက်နှင့်ချိတ်ဆက်နေသော မူးယစ်ကွင်းဆက်ကို ထိုင်းရဲဖော်ထုတ်

(Bangkok Post မှ 27Oct 2012 ရက်စွဲပါ Drug ring linked to Myanmar သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

အာရှဒေသနဲ့ အမေရိကန်ဆက်ဆံရေးမှာ ဂိမ်းပြောင်းပေးတဲ့နိုင်ငံဟာ မြန်မာလား

(The Nation သတင်းစာမှ 24 Oct 2012 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော Myanmar a game-changer in US relations in Asia? ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုအနေဖြင့် နောက်ဆုံးတွင် မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ မလွဲမသွေ လုပ်ကိုင်ဆောင်ရွက်လာလိမ့်မည် ဟူသောအချက်မှာ မှန်ကန်သွားပြီဖြစ်သည်။ သို့သော်အချို့က ယခုလို  မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သည်မှာအချိန် စောလွန်းသည်ဟု ထင်ကြသည်။ အမေရိကန်အစိုးရက ထိုင်းစစ်တပ်နှင့် နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိသော Cobra Gold အမည်ရ အမေရိကန်- ထိုင်း စစ်ရေးပူးတွဲလေ့ကျင့်မှုသို့ ပူးပေါင်းပါဝင်ရန် မြန်မာ၊ နေပြည်တော်အစိုးရအားဖိတ်ကြားမှုမှာ ပြုပြင်ပြောင်းလဲမှုများအတွက် ဆုချီးမြှင့်လိုက်သည့် သဘောပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်း၌ နှစ်ပေါင်းများစွာအထီးကျန်ဖြစ်နေခဲ့သော မြန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားရေး ထိခိုက်လျော့ပါး စေအောင်ပြုလုပ်ရာတွင် အမေရိကန်ပြည်ထောင်စုသည် မည်မျှအတိုင်းအတာအထိ ထင်ရာစိုင်းတတ်သည်ဟူသော အချက်မှာလည်း ပေါ်လွင်လှသည်။

မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများ အားလုံးနီးပါးကို အမေရိကန်ပြည်ထောင်စုက လျှော့ချ ပေးလိုက်ပြီဖြစ်ရာ ယခုကဲ့သို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်ကမ်းလှမ်းလာခြင်းမှာ ယေဘုယျကျသော လုပ်ရပ်ဟုပင်ဆိုရပါမည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုသို့ ပူးပေါင်းပါဝင်ရန်ဖိတ်ကြားမှုသည် အမေရိကန်အစိုးရအနေဖြင့် ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားသော အရှေ့အလယ်ပိုင်းဒေသ၏ လုံခြုံရေးမဏ္ဍိုင်အား အာရှပစိဖိတ်ဒေသသို့ ပြောင်းရွှေ့မည့်အရေးကိစ္စတွင် မြန်မာနိုင်ငံကို ပါဝင်ပတ်သက်စေလိုသည်ဟူသော အချက်ကို ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် အာရှဒေသတွင်း ပါဝါနိုင်ငံများနှင့်  လတ်တလောစေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပြီး ၎င်းတို့အား မဟာဗျူဟာအဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်နေခြင်းသည် တရုတ်နိုင်ငံ၏ ဒေသတွင်းသြဇာကြီးထွားနေမှုကို တန်ပြန်ချိန်ညှိနေခြင်းသာ ဖြစ်ပေသည်။

သို့အတွက်ကြောင့် ထိုလုပ်ရပ်များနှင့်ပတ်သက်၍ အမေရိကန်အစိုးရက ထုတ်ဖော်ဝန်ခံမှုမပြုဘဲ ဆက်လက်ငြင်းဆန်နေခြင်းသာပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်သုံးနှစ်တာ ကာလပတ်လုံး ရုရှား၊ တရုတ်၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ထံမှရရှိသော စစ်ရေး အထောက်အပံ့နှင့် နည်းပညာများအပေါ် များစွာမှီခိုအားကိုးခဲ့ရသည်။

သို့သော် အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုရရှိသွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် မြန်မာအစိုးရက အခြားသောအနောက်အင်အားကြီး နိုင်ငံများနှင့်ပါ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးမျိုးရရှိအောင် ကြိုးပမ်းလာတော့သည်။ မှန်ပါသည်။ ထိုသို့တိုးတက် ကောင်းမွန်လာသည့် ဆက်ဆံရေးများကပင် နောက်ဆုံး၌ စစ်လက်နက်ရောင်းဝယ်မှုများနှင့် အခြားသော စစ်ရေးအကူအညီနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ကြသည်အထိ ဖြစ်လာအောင် ဖန်တီးပေးတော့မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ဝါရှင်တန်နှင့် ဘေဂျင်းတို့အတွက် အိန္ဒယသမုဒ္ဒရာ ထွက်ပေါက်လည်းဖြစ်၊ မဟာဗျူဟာကျသောနေရာလည်းဖြစ်သည့် ဘင်္ဂလားပင်လယ်အော်ဒေသ၌ အမေရိကန်တပ်များ ဖြန့်ကျက်ထားရှိနိုင်အောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်လာလိမ့်မည်ဖြစ်သည်။ တရုတ်အစိုးရသည် အိန္ဒိယသမုဒ္ဒရာနှင့်ချိတ်ဆက်မိစေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့ရာ ယခုအခါတွင်မူ ဘင်္ဂလားပင်လယ်အော်ဒေသ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့နှင့် ယူနန်ပြည်နယ်အကြား ကီလိုမီတာ ၇၇၀ ရှည်လျားသည့် စွမ်းအင်ပိုက်လိုင်းသွယ်တန်းလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုဘက်ကို ကြည့်မည်ဆိုလျှင် ဝါရှင်တန်သည်မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးလေးစားလိုက်နာမှုနှင့် ဒီမိုကရေစီ ဖော်ဆောင်မှုတို့အပေါ်မူတည်ပြီး အမေရိကန်စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ထုတ်ဖော်အသိပေး ထားပြီးဖြစ်သည်။        မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးခြင်း၊ အကျဉ်းထောင်များအား နိုင်ငံတကာ၏ စောင့်ကြည့်လေ့လာခွင့် ပြုခြင်း အစရှိသည်တို့ကို ထပ်တိုးလုပ်ဆောင်ပေးရန်လည်း အမေရိကန်ပြည်ထောင်စုက ဖိအားပေးလျက်ရှိသည်။ မြန်မာအနေဖြင့် ဝါရှင်တန်၏ ယုံကြည်မှု အပြည့်အဝရရှိရန်အလို့ငှာ ယင်းတောင်းဆိုချက်များကို ဖြည့်ဆည်းပေးလိုသည့် ဆန္ဒရှိနေသည်မှာလည်း ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်။ သို့အတွက်ကြောင့် တရုတ်ပြည်ကို တန်ပြန်ချိန်ညှိမည့် မဟာဗျူဟာကျသောဆောင်ရွက်ချက်များ ပေါ်ထွက်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံကို Cobra Gold စစ်ရေးလေ့ကျင့်မှုထဲသို့ ပါဝင်အောင်လုပ်ဆောင်ခြင်းဖြင့် ‘အမေရိကန်-ထိုင်း စစ်ရေးဂိမ်း’အား အရေးနိမ့်နေသည့် နိုင်ငံပေါင်းစုံပါ စစ်ရေးအစီအစဉ်ထဲသို့ထည့်သွင်းရန် ဦးတည်ထားသည်မှာ ရှင်းလင်းလွန်းလှပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုတာ ကာလများကိုကြည့်မည်ဆိုလျှင်(အထူးသဖြင့် စစ်အေးခေတ်ကာလများကို ကြည့်မည်ဆိုလျှင်) အမေရိကန်နှင့် ထိုင်း မဟာမိတ် နှစ်နိုင်ငံသည် ကွန်မြူနစ်ခြိမ်းခြောက်မှုကို ဟန့်တားနိုင်ရေးအတွက် အဆိုပါစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

သို့သော် အဆိုပါ ကွန်မြူနစ်ခြိမ်းခြောက်မှုများ လျော့ကျလာသောအခါတွင် ယင်းစစ်ရေးလေ့ကျင့်မှုမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု၊ သဘာဝဘေး အန္တရာယ်ဆိုးများစီမံခန့်ခွဲမှု၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အစရှိသည်တို့သို့ ဦးတည်ချက် ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် ၂၀၀၄ ခုနှစ် ဆူနာမီဖြစ်ပေါ်သည့်အချိန်မှ စတင်ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ Cobra Gold စစ်ရေးလေ့ကျင့်မှု၏ရည်ရွယ်ချက်အား အမေရိကန်နိုင်ငံခြားရေး မူဝါဒအလေးပေးမှုအဖြစ် နောက်ထပ်တစ်ကြိမ် အသွင် ပြောင်းလဲပစ်မည်ဟူသောအချက်မှာလည်း ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများအပေါ် အမေရိကန် နိုင်ငံခြားရေးမူဝါဒက ပို၍အလေးပေးသွားမည်သာပင် ဖြစ်သည်။ သို့သော် Cobra Gold စစ်ရေးလေ့ကျင့်မှု၏ အဓိကမိတ်ဖက်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံက ၎င်း၏ထူးခြားသော ပထဝီနိုင်ငံရေးအနေအထားအတွက် ရေရှည်မဟာဗျူဟာစီမံကိန်းတစ်ရပ် ရေးဆွဲနိုင်ခြင်းမရှိသေးပေ။

ဤအတောအတွင်းမှာပင် မြန်မာနိုင်ငံသည် အာရှဒေသတွင်း အမေရိကန်သြဇာလွှမ်းမိုးမှုထိန်းသိမ်းရေး ကြိုးပမ်းချက်များအတွက် ‘ဂိမ်း ပြောင်းလဲသူ’ဖြစ်လာရန် အလားအလာများ ရှိလာပါသည်။ ထိုသို့ရှိလာရခြင်းမှာလည်း မြန်မာနိုင်ငံ၏ ရှင်းလင်းပြတ်သားသော သံတမန်ရေးနှင့် လုံခြုံရေး ဦးတည်ချက်တို့ကြောင့်ပင် ဖြစ်သည်။

                                                                     *********************************************

ဆန်တင်ပို့မှုတွင် ထိပ်တန်းနေရာပြန်ရအောင် မြန်မာကြိုးစား

(Bloom Berg News မှ 28 Oct 2012 ရက်စွဲပါ “Myanmar seeks to regain top spot in rice exports: South east Asia”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

စီးပွားရေးနှင့် မွဲပြာကျစစ်အုပ်ချုပ်ရေးမတိုင်မီက ကမ္ဘာ့ထိပ်တန်းဆန်ထုတ်လုပ်သူဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ငါးနှစ်အတွင်း ဆန်ပို့ကုန် ၂ ဆ တိုးရန်စီစဉ်ကာ ကမ္ဘာ့ဆန်ဈေးကွက်ကို ခြိမ်းခြောက်နေပြီဖြစ်သည်။

ပြည်ပဆန်တင်ပို့မှုသည် ၂၀၁၃ တွင်မက်ထရစ်တန် ၁.၅ သန်းမှ ၂၀၁၇ တွင်မက်ထရစ် တန် ၃ သန်းသို့ ခုန်တက်လာဖွယ်ရှိသည်ပာု မြန်မာ ဆန်စပါးအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

အမေရိကန်စိုက်ပျိုးရေးဌာနကလည်း မြန်မာ့ဆန်တင်ပို့မှုသည် ယခုနှစ်ဝက်တွင် ၂၅% တက်ကာ မက်ထရစ်၇၅၀,၀၀၀ သို့ရောက်ရှိမည်ပာု ခန့်မှန်း ထားသည်။

အာရှ၏ဈေးကွက်သစ် ဖြစ်လာနိုင်သောမြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ဦးတည်ကူးပြောင်းကာ ကမ္ဘာ့စီးပွားရေးနယ်ပယ်သို့ ပြန်ဝင်လာသော ကြောင့် ယင်း၏ဆန်ကုန်သွယ်ရေးကို ပြန်လည်ရှင်သန်အောင် ကြိုးစားနေသည်။ မြန်မာတို့၏ ၂၀၁၇ မျှော်မှန်းချက်သည် ယခုနှစ် ကမ္ဘာ့ဆန်ကုန်သွယ်မှု ပမာဏတန်ချိန် ၃၇.၇ သန်း၏ ၈% နှင့်ညီမျှသည်။ ကမ္ဘာ့လူဦးရေထက်ဝက်စားသုံးကြသော ကမ္ဘာ့ဆန်ဈေးကွက်သည် ၇ နှစ် ဆက်တိုက် အရှုံးမရှိမြတ်စွန်းခဲ့သည်။

ကုလသမဂ္ဂ FAO အဖွဲ့မှအကြီးတန်းစီးပွားရေးပညာရှင် ကွန်ဆက်ဆီယွန်ကာပီက “နိုင်ငံတကာဆန်ဈေးကွက်မှာ ဘရာဇီး၊ ရုရှား၊ အီဂျစ်စတဲ့ တင်ပို့သူအသစ်တွေ တိုးလာပါတယ်။ တစ်စုံတစ်ရာ ပြဿနာမရှိဘူးဆိုရင် ၂၀၁၂-၂၀၁၃ မှာဆန်လိုအပ်ချက်ထက် ပိုမိုထုတ်လုပ်တဲ့ အနေအထားကို ရင်ဆိုင်ရဖို့ရှိနေပါတယ်”ပာု သုံးသပ်သည်။

မြန်မာနိုင်ငံသည် လက်ရှိတစ်ဧက စပါးထွက်နှုန်း ၁.၂၅ တန်မှ ၁.၅ တန်ကို လာမည့် ၅ နှစ်အတွင်း ၄ တန်သို့တိုးအောင်စီစဉ်ထားပြီး လယ်သမားများ၏ဝင်ငွေကိုပါ တိုးတက်စေရန် မျှော်မှန်းထားသည်ပာု ဆန်စပါးအဖွဲ့ချုပ်မှ ဦးရဲမင်းအောင်က ဆိုသည်။

အကြီးတန်းဆန်တင်ပို့သူ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံက ၎င်း၏နေရာကို အစားထိုးမဝင်မီ ၁၉၆၀ မှ ၁၉၆၃ အထိတစ်နှစ်လျှင် ဆန်တန်ချိန် ၁.၆ သန်းမှ ၁.၇ သန်းတင်ပို့ကာ ကမ္ဘာ့ဆန်အများဆုံးတင်ပို့သူ ဖြစ်ခဲ့သည်။ မနှစ်ကမူ တန်ချိန် ၇၇၈,၀၀၀ တင်ပို့ကာ ဥရုကွေး၏နောက်နံပါတ် ၉ နေရာတွင် ရပ်တည်ခဲ့သည်။

ယခုနှစ် ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် မနှစ်ကတန်ချိန် ၅.၆ သန်းထက်ကျော်လွန်ကာ တန်ချိန် ၉.၇ သန်းသို့ရောက်ရှိပြီး လိုအပ်ချက်ထက် ပိုသွားလိမ့်မည်ပာု အမေရိကန်စိုက်ပျိုးရေးဌာန ကိန်းဂဏန်းများက ပြသနေသည်။

မြန်မာနိုင်ငံသည် ထိပ်တန်းဆန်ပို့သူ ပြန်ဖြစ်လာရန် ၁၀ နှစ်မှ ၁၅ နှစ်အထိ အချိန်ယူရမည်ဖြစ်ပြီး နံပါတ် ၃ ထုတ်လုပ်သူဖြစ်ရန် နှစ်ပေါင်း ၂၀ ကြာခဲ့သော ဗီယက်နမ်ထက်ပိုမြန်လိမ့်မည်ပာု ဖိလစ်ပိုင်ရှိရောဘတ်ဇစ်ဂလာက ဆိုသည်။ “မြန်မာနိုင်ငံပာာ ဆန်စပါးထုတ်လုပ်ရေးမှာ အလွန့်အလွန် အရေးပါနေတယ်ဆိုတာကို သံသယဖြစ်ဖို့မလိုပါဘူး”ပာု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ အားသာချက်မှာ ထုတ်လုပ်စရိတ်သက်သာခြင်း၊ မြေကျယ်ခြင်း၊ ရေနှင့် လုပ်အားပေါများခြင်းတို့ဖြစ်ပြီး ၂၀၃၀ တွင် တစ်ဦးချင်းဂျီဒီပီ ၄ ဆမြှင့်ရန်လိုသည်ပာု ADB ကပြောကြားထားသည်။လက်ရှိ လယ်ယာကဏ္ဍသည် မနှစ်က ၅.၅%သာရှိခဲ့သော နိုင်ငံ့စီးပွားရေး၏ ၃၆ ရာခိုင်နှုန်းကို ပါဝင် ဖွဲ့စည်းထားပြီး လူဦးရေ သန်း ၆၀ ၏အများစုကြီးကို အလုပ်ပေးထားသည်။

ဈေးသက်သာတဲ့ထုတ်ကုန်

မြန်မာနိုင်ငံပာာ တရားဝင်ခိုင်မာ၊ တိကျပြီး စည်းကမ်းတကျရှိတဲ့ ဖွဲ့စည်းတည်ဆောက်မှုရှိဖို့ လိုအပ်နေပါသေးတယ်။ ဒါ့ကြောင့် အများ ပြောနေသလို ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲတွေပာာ လက်တွေ့အသက်မဝင်နိုင်သေးပါဘူး ပာု ADB မှ စီးပွားရေးပညာရှင် စင်ယွန်ပတ်က ပြောကြားသည်။

Swiss Agri Trading မှ စီအီးအို ဂျက်လူယင်းစ်က “မြန်မာ့ဆန်သည် ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့မှ အရည်အသွေးတူဆန်များထက် တစ်တန်လျှင် ဒေါ်လာ ၁၀ မှ ၂၀ အထိသက်သာသည်။ သို့သော် ခေတ်နောက်ကျနေသော ဆိပ်ကမ်းများသည် ရုတ်တရက် ကုန်ပမာဏ ၂ ဆတိုးမှုကို ကိုင်တွယ်နိုင်ဖွယ်မရှိသည့်အပြင် မိုးရာသီတွင် ပိုဆိုးသည်”ပာု ပြောကြားသည်။

လက်ရှိ ရန်ကုန်ဆိပ်ကမ်းသည် နိုင်ငံကုန်သွယ်ရေး၏ ၉၀%ကို ကိုင်တွယ်လျက်ရှိသည်။ ရန်ကုန်တောင်ဖက် ၂၅ ကီလိုမီတာအကွာရှိ သီလဝါတွင် စက်မှုဇုန်နှင့်ဆိပ်ကမ်းတည်ဆောက်ရန် ဂျပန်တို့ကစီစဉ်နေပြီး၊ ထားဝယ်တွင်စက်မှုဇုန်တည်ရန် ရည်မှန်းနေသော ထိုင်းနိုင်ငံကလည်း စီမံကိန်းအတွက် ဂျပန်ထံမှ ပိုက်ဆံချေးရန်ကြိုးစားနေသည်။

ဆန်စပါးပြိုင်ပွဲ

ပြီးခဲ့သော ဆယ်နှစ်အတွင်း ဈေးနှုန်း ၃ ဆတက်လာခဲ့သော ကမ္ဘာ့ဆန်ဈေးကွက်ကိုဖဲ့ယူရန် အခြားနိုင်ငံများကလည်း ကြိုးစားနေသည်။ ၂၀၀၁ ခုနှစ်က ပေါင် ၁၀၀ လျှင် ၃.၉၁ ဒေါ်လာရှိခဲ့သော ချီကာဂိုဆန်ဈေးနှုန်းသည် ယခုအခါ ပေါင် ၁၀၀ လျှင် ၁၅ ဒေါ်လာ(မက်ထရစ် တစ်တန်လျှင် ၃၃၀ ဒေါ်လာ)သို့ရောက်နေပြီး ယခင်ကထက် ၃ ဆတိုးကာ တန်ချိန် ၁.၅ သန်းတင်ပို့နိုင်ခဲ့သော ဘရာဇီးနိုင်ငံသည် ယခုနှစ်တန်ချိန် ၁.၁ သန်းတင်ပို့လိမ့်မည်ပာု ဆိုသည်။

FAO မှပညာရှင်ကာပီက “မြန်မာနိုင်ငံက ဆန်အမြောက်အများထုတ်လုပ်မှုပာာ နိုင်ငံတကာဈေးနှုန်းကို ထိခိုက်မှာမပာုတ်ပါဘူး။ ဆန်စပါးပာာ ထိုင်းနိုင်ငံအပါအဝင် အစိုးရတွေက ကြားဝင်စွက်ဖက်မှုပြုလုပ်ခြင်းခံနေရတဲ့ ဈေးကွက်တစ်ခုပါ”ပာု ပြောကြားသည်။

၂၀၁၁ တွင် တန်ချိန် ၁၀.၆ သန်းတင်ပို့ခဲ့သော ထိုင်းနိုင်ငံသည် ယခုနှစ်တွင် တန်ချိန် ၆.၅ သန်းဖြင့် ၃၉ ရာခိုင်နှုန်းကျဆင်းလိမ့်မည်ပာု ခန့်မှန်း ကိန်းဂဏန်းများက ဆိုသည်။ ဝန်ကြီးချုပ် ယင်လပ်က ယခင်ထက် ပိုမိုဝယ်ယူသိုလှောင်ခြင်းဖြင့် လယ်သမားများအတွက် ကြမ်းခင်းဈေးနှုန်းကိုအာမခံရန် ကတိပေးထားသည်။ ထိုင်းသည် အိန္ဒိယနှင့် ဗီယက်နမ်ကြားသို့ အဆင့်ကျသွားလိမ့်မည်

စပ်မျိုးစပါး

မြန်မာအစိုးရသည် ထွက်နှုန်းတိုးရန်အတွက် စပ်မျိုးစပါးများ တင်သွင်းခွင့်ပြုတော့မည်ပာု စီးပွားကူးသန်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးမူဝါဒအကြံပေး ဦးမောင်အောင်က ပြောကြားသည်။

“လယ်ယာကဏ္ဍဖွံ့ဖြိုးရေးပာာ အစိုးရရဲ့ ပထမဦးစားပေးပါ။ လောလောဆယ် ထုတ်လုပ်မှု ကျဆင်းနေပေမယ့် အရည်အသွေးကော၊ ပမာဏကော မြှင့်ဖို့ အစိုးရကတိုက်တွန်းနေပါတယ်”ပာု ၎င်းကပြောကြားသည်။

တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်ကာ နိုက်ဂျီးရီးယားပြီးလျှင် ကောက်ပဲသီးနှံအများဆုံးဝယ်ယူအဖြစ် အီရန်နှင့်အပြိုင်ဖြစ်လာခြင်းကလည်း မြန်မာ့လယ်ယာထွက်ကုန်တိုးတက်အောင် အထောက်အကူဖြစ်စေသည်ပာု သိရသည်။

မျိုးရိုးစဉ်ဆက်ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူ ဆန်စပါးအဖွဲ့ချုပ်အမှုဆောင်ကော်မတီဝင် ဦးမျိုးသူရအေးက “တရုတ်နိုင်ငံပာာ ၂၀၁၅ မှာ အများဆုံးဝယ်ယူ တင်သွင်းသူ ဖြစ်လာပါလိမ့်မယ်”ပာု ပြောကြားသည်။

နှစ် ၅၀ စစ်အုပ်ချုပ်ရေးကို လက်စသိမ်းကာ မနှစ်ကအာဏာရလာသော သမ္မတဦးသိန်းစိန်ကလည်း လာမည့် ၅ နှစ်အတွင်းနှစ်စဉ် ဂျီဒီပီ ၇.၇% တိုးရန်ရည်မှန်းထားသည်။ ၎င်း၏အစိုးရက ဆန်စပါးအထွက်တိုးအောင်မြှင့်တင်ပြီး၊ လယ်သမားများဝင်ငွေတိုးရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးတို့ကို လုံးပမ်းလျက်ရှိသည်။

နောက်ဆုံးပေါ်ဈေးကွက်သစ်

လက်ရှိတွင် မြန်မာနိုင်ငံသည် အရှေ့အောင်အာရှတွင် ဂျီဒီပီအနိမ့်ဆုံးဖြစ်နေသည်။ အကယ်၍ သယံဇာတကြွယ်ဝမှု၊ လုပ်သားပေါများမှု၊ တရုတ်နှင့် အိန္ဒိယအကြား ကံကောင်းစွာညှပ်နေမှုတို့ကို အားသာချက်ရယူနိုင်ပါက အလားအလာကောင်းသော ဈေးကွက်သစ်ဖြစ်လာနိုင်သည်ပာု IMF ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စီရယ်ကာရာဆူလူက ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးနိုင်သော ရေအရင်းအမြစ်သည် အာရှတိုက်တွင် အကြီးဆုံးဖြစ်ပြီး၊ လက်ရှိတွင် ၅%သာ သုးစွဲရသေးသောကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေအားလျှပ်စစ်ကဏ္ဍများဖွံ့ဖြိုးရန် အလားအလာကောင်းသည်ပာု ADB ကသြဂုတ်လတွင်ပြောကြားသည်။

ADB မှစီးပွားရေးပညာရှင် စင်ယွန်ပတ်က “မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိနေတာကို သံသယဖြစ်ဖို့ မလိုပါဘူး။ ဒါပေမယ့် နိုင်ငံက အသွင်ကူးပြောင်းနေတုန်း တန်းလန်းပါ။ ဒါကြောင့် သတိရှိကြဖို့လိုပါတယ်”ပာု မှတ်ချက်ပေးပြောဆိုထားသည်။

                                                                    ****************************************

မြန်မာဖက်နှင့်ချိတ်ဆက်နေသော မူးယစ်ကွင်းဆက်ကို ထိုင်းရဲဖော်ထုတ်

(Bangkok Post မှ 27Oct 2012 ရက်စွဲပါ Drug ring linked to Myanmar သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းအာဏာပိုင်များကအလိုရှိနေသော မြန်မာမူးယစ်ရာဇာကြိုးကိုင်သော အင်အားကြီးမူးယစ်မှောင်ခိုကွင်းဆက်မှ အဓိကသံသယရှိသူ တရားခံ ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်သည်။

၎င်းမူးယစ်မှောင်ခိုကွင်းဆက်တွင် ရဲအရာရှိဟောင်းတစ်ဦးနှင့် ဗုဒ္ဓဟူးနေ့က အဖမ်းခံခဲ့သော ဘန်ကောက်ယာဉ်ထိန်းရဲ တစ်ဦးတို့ပါဝင်သည်။

အဓိကသံသယရှိသူ တရားခံအဖြစ် နောက်ဆုံးစစ်ဆေးတွေ့ရှိရသူမှာ မယ်ဟောင်ဆောင်ခရိုင် မုန်အင်ခွန်ယွမ်တွင်နေထိုင်သူ မာနာဆယ်လီ(ခေါ်) ရွန်ဂရိုလာပါညာပတ်ဖြစ်သည်ဟု လမ်ပမ်းခရိုင်ရဲမှူးပွန်ချိုင်းက ပြောကြားသည်။ ရွန်ဂရိုသည် မြန်မာနိုင်ငံတွင်ပုန်းအောင်းနေသော မြန်မာမူးယစ်ရာဇာ ယီဆေး(ခေါ်)ချိုင်ဝပ်ပေါင်ဆာကူပိုင်ဆာ၏လက်အောက်ခံ မူးယစ်မှောင်ခိုဂိုဏ်း ၄ ခုအနက် တစ်ခုတွင်ပါဝင်ပတ်သက်နေသော ဆယ်ဦးမြောက်သံသယရှိ တရားခံဖြစ်သည်ဟု သိရှိရသည်။

ထိုင်းမူးယစ်နှိမ်းနင်ရေး ဘုတ်အဖွဲ့ရုံး OBCB ကမူးယစ်ရာဇာယီဆေး(ခေါ်)ချိုင်ဝပ်ကိုဖမ်းဆီးပေးရန် မြန်မာအာဏာပိုင်များကို တောင်းဆိုထားပြီး ၄င်းအားဖမ်းမိလျှင်ပေးမည့်ဆုကို ဘတ်တစ်သန်းမှနှစ်သန်းသို့ တိုးမြှင့်လိုက်သည်။

ချင်းရိုင်ခရိုင် တန်ဒီတကြိတ်အုပ်ချုပ်ရေးမှူးဟောင်း ဂျွန်ဂလိုသည် ၄င်း၏မြန်မာ့ဘော့စ်နှင့် အခြားဂိုဏ်းဝင်များအကြား တိုက်ရိုက်ဆက်သွယ် ပေးရသူဖြစ်သည်ဟု ရဲမှူးပွန်ချိုင်းက ပြောကြားသည်။

ဂျွန်ဂရိုအားဖမ်းဆီးရမိလျှင် ယီဆေးကွန်ယက်လက်အောက်ခံ အခြားမူးယစ်ဂိုဏ်းများ၏ အချိတ်အဆက်ကိုဖော်ထုတ်ရာတွင် အထောက်အကူ ဖြစ်လိမ့်မည်ဟု ရဲမှူးကဆိုသည်။

သံသယရှိ တရားခံဆယ်ဦးအနက် ဘန်ကောက်ပရာချာချွန် ရဲစခန်းမှာ ယာဉ်ထိန်းရဲတပ်ကြပ်ကြီး မာနပ်ဆူပိုနှင့် ၄င်းရဲစခန်းမှာ ရဲတပ်ကြပ်ကြီးဟောင်း ပရာဝင်သာရပါတို့ ပါဝင်သည်ဟု သတင်းရရှိသည်။

ယခုအပတ် အစောပိုင်းက ကိုယ်တိုင်လာရောက်အဖမ်းခံသော ယာဉ်ထိန်းရဲတပ်ကြပ်ကြီး မာနပ်ဆူပိုတစ်ဦးကိုသာ လက်ရှိထိန်းသိမ်းထားပြီး ကျန်သံသယရှိတရားခံ ၉ ဦးဖမ်းဆီးရမိခြင်း မရှိသေးပေ။

*****************************************************************

Attached: yangonchronicle 2011- (1)
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment