Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၉.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံမှ ပဋိပက္ခအပေါ်စိုးရိမ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

(Trend News မှ 28 Oct 2012 ရက်စွဲပါ ‘ Irian Foreign Minister expresses concern over Myanmar Conflict” သတင်းကိုဘာသာပြန်ဆိုသည်)

  1. တောင်ကိုးရီးယားနှင့် ဒုံးကျည်သဘောတူညီချက်ကြောင့် အမေရိကန်ကို မြောက်ကိုးရီးယားသတိပေး

(9 October 2012 ရက်စွဲပါ BBC News မှ North Korea warns US on missiles after South deal ကိုဘာသာပြန်ဆိုသည်)

******************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ ပဋိပက္ခအပေါ်စိုးရိမ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

(Trend News မှ 28 Oct 2012 ရက်စွဲပါ ‘ Irian Foreign Minister expresses concern over Myanmar Conflict” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လူမျိုး ၊ဘာသာကွဲအသိုင်းအ၀ိုင်းနှစ်ခုအကြား ပဋိပကထပ်မံဖြစ်ပွားမှုအပေါ် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည်ဟု IRNA သတင်းကဖော်ပြသည်။

မြန်မာနိုင်ငံတွင် လူမျိုးစုပဋိပက္ခများကို အခြေခံကျကျကဖြေရှင်းရန် လိုအပ်ကြောင်း၊ ဝေဖန်ထောက်ပြသည့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရာမင်ဖီဟမ်ပါရတ်စ်က ပြဿနာကိုထိရောက်စွာ အဖြေရှာရန်နှင့်မွတ်စလင်တို့၏ အခွင့်အရေးကိုအကာအကွယ်ပေးရန် မြန်မာ အစိုးရအား တောင်းဆိုထားသည်။

အီရန်နိုင်ငံခြားရေးရုံး ပြန်ကြားရေးဌာန၏ စနေနေ့ညပိုင်းကြေညာချက်တွင် မြန်မာနိုင်ငံမှ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခများကို အခြေခံကျကျ ဖြေရှင်းရေးအတွက် မြန်မာအစိုးရကိုကူညီရန် အီရန်က အဆင်သင့်ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဖီဟမ်းပါရက်စ်က ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ထူထောင်ခြင်းအပါအ၀င် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ အတူယှဉ်တွဲနေထိုင်ကာ စဉ်ဆက်မပြတ်ငြိမ်းချမ်းရေး ပြန်လည်ရရှိနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း ၄င်းကဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အသစ်ထပ်မံဖြစ်ပွားသော အကြမ်းဖတ်မှုများအတွင်း အမျိုးသမီး ၆၁ ဦး အပါအ၀င် ၁၁၂ ဦး အသက် ဆုံးရှုံးခဲ့ရပြီး ၇၂ ဦးထိခိုက်ဒဏ်ရာရရှိကာ အိမ်ခြေပေါင်း ၂၀၀၀ ကျော် မီးလောင်ပျက်စီးသွားသည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှဖြစ်စဉ်တွင် တပ်မတော်မှလွဲ၍ အားကိုးစရာမရှိဟူသောအတွေးအခေါ်ကို သာမန်ပြည်သူများအကြား ရိုက်သွင်းကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားမှုများရှိနေပြီး ယခုရက်ပိုင်း ရုပ်သံအစီအစဉ်များတွင် တပ်မတော်ဝါဒဖြန့်သီချင်းများ ပိုမိုထုတ်လွှင့်နေသည်ဟု အမည်မဖော်လိုသူ အကဲခတ်လေ့လာသူအချို့က သုံးသပ်ပြောကြားထားသည်။

                                                    *************************************************

တောင်ကိုးရီးယားနှင့် ဒုံးကျည်သဘောတူညီချက်ကြောင့် အမေရိကန်ကို မြောက်ကိုးရီးယားသတိပေး

(9 October 2012 ရက်စွဲပါ BBC News မှ North Korea warns US on missiles after South deal ကိုဘာသာပြန်ဆိုသည်)

တောင်ကိုးရီးယားက အမေရိကန်နှင့် ဒုံးကျည်သဘောတူညီချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာတွင်ထုတ်ပြန်သော မြောက်ကိုးရီးယား ကြေညာချက်တွင် ၄င်းထံတွင် အမေရိကန်ပြည်ထောင်စု ပြည်မကြီးအထိ ပစ်နိုင်သောဒုံးကျည်များရှိကြောင်း ပြောဆိုခဲ့သည်။

ဂျပန် ဂူအမ်နှင့် အမေရိကန်ပြည်မကြီးရှိ အမေရိကန် စစ်အခြေစိုက်စခန်းများသည် ၄င်း၏တိုက်ခိုက်သော အတိုင်းအတာအတွင်းမှာပင် ရှိကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၄င်းတို့၏ဒုံးကျည်စနစ်တွင် အကွာအဝေးကို သုံးဆအထိမြှင့်တင်နိုင်ကြောင်းဆိုသည်။

ပြုံးယမ်သည် တာဝေးပစ်ဒုံးကျည်များကို လုပ်ဆောင်လျက်ရှိသည်ဟုယူဆရသော်လည်း မကြာခင်က ဒုံးပျံစမ်းသပ်မှုနှစ်ခုမှာ မအောင်မြင်ခဲ့ပေ။

မြောက်ကိုးရီးယား၏အိမ်နီးချင်းများက ပြောကြားရာတွင် ၂၀၀၉ ဧပြီနှင့် ၂၀၁၂ ဧပြီလကပြုလုပ်ခဲ့သော မြောက်ကိုးရီးယား၏ အောင်မြင်သော စမ်းသပ်မှုများသည် တာဝေးပစ် Taepadong 2 –Missile စနစ်ကို အခြေခံ၍လုပ်ဆောင်ထားခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထိုစနစ်သည် အမေရိကန်ပြည်မကြီးကိုတိုက်ခိုက်နိုင်ရန် ရည်ရွယ်ပုံရကြောင်းသုံးသပ်သူများက ယုံကြည်နေသော်လည်း အောင်မြင်စွာစမ်းသပ်မှု မလုပ်နိုင်သေးပေ။

မြောက်ကိုးရီးယားသည် ဆိုးလ်နှင့် ဝါရှင်တန်အပေါ်ဆန့်ကျင်သော ကြေညာချက်များကို ပုံမှန်ထုတ်ပြန်လေ့ရှိသည်။

မြောက်ကိုးရီးယား၏ အမျိုးသားကာကွယ်ရေးကော်မရှင်ကိုယ်စား နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်သောကြေညာချက်တွင် ပြုံယမ်းသည်မည်သည့်ရန်သူကိုမဆို နျူးကလီးယားဆိုပါက နျူးကလီးယားနှင့်လည်းကောင်း၊ ဒုံးကျည်ဆိုပါက ဒုံးကျည်နှင့်လည်းကောင်း ရင်ဆိုင်မည်ဟု ဖော်ပြထားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment