Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၈.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်

(7 November 2012 ရက်စွဲပါ Bangkok Post မှ  Obama to visit Myanmar ကိုဘာသာပြန်သည်)

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအမတ်များက အစိုးရအား ရခိုင်ပြည်နယ်တွင် အေးချမ်းမှု ပြန်လည်တည်ဆောက်ရန် တိုက်တွန်း

(Associated Press မှ 8 November 2012 ရက်စွဲပါ “ Suu Kyi ethnic Lawmakers call for Myanmar  gov`t to restore peace after Comm unrest” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************************

ဘာသာပြန်သတင်းများ

အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်

(7 November 2012 ရက်စွဲပါ Bangkok Post မှ  Obama to visit Myanmar ကိုဘာသာပြန်သည်)

အသစ်ပြန်လည်ရွေးကောက်တင်မြှေုာက်ခံရသော အမေရိကန်သမ္မတ Barack Obama သည် ယခုလအနှောင်းပိုင်းတွင် ရန်ကုန်သို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ၎င်းသည် ယခင်ကအပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ဝါရှင်တန်၏ ထောက်ခံမှုကို ပြသသည့် လက္ခဏာတရပ်ပင် ဖြစ်သည်။

“အိုဘားမားဟာ နိုဝင်ဘာ(၁၉)မှာ ရန်ကုန်ကိုလာပါလိမ့်မယ်။ သူဟာ သမ္မတဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်နဲ့ တွေ့ပါလိမ့်မယ်”ဟု အမည်မဖော်လိုသူ အစိုးရအရာရှိက AFPသို့ ပြောပါသည်။ လုံခြုံရေးကြောင့် အသေးစိတ်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

သမ္မတဦးသိန်းစိန်၏ အမည်ခံအရပ်သားအစိုးရတက်လာပြီး၊ ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်လာပြီးကတည်းက အမေရိကန် ပြည်ထောင်စု နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးမှာ အရေးပါစွာ နွေးထွေးလာခဲ့သည်။

Mr. Obama သည် ရွေးကောက်ပွဲအောင်ပွဲပြီးနောက် နိုဝင်ဘာ(၂၂) ရက်နေ့ Thanksgiving မတိုင်မီနှင့် ကွန်ဂရက်တွင် ဘတ်ဂျက်ကိစ္စ အန္တရာယ်များအတွက် မဆွေးနွေးမီ နိုင်ငံခြားခရီးအတွက် အချိန်အနည်းငယ်သာရသည်။

အိမ်ဖြူတော်ကမူ မြန်မာနိုင်ငံခရီးစဉ်အတွက် အတည်ပြုခြင်း မရှိသေးပေ။

Mr Obama သည် ဖနွမ်းပင်တွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟုမျှော်လင့်ရသည်။ အဆိုပါ အစည်းအဝေးမှာ အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် တရုတ်နှင့်ရုရှားအပါအဝင် ဒေသတွင်း ပါတနာများ နှစ်ပတ်လည်တွေ့ဆုံခြင်း ဖြစ်သည်။

“အစီအစဉ်အရဆိုရင်တော့ သူဟာ(၁၈) ရက်နေ့မှာ ရောက်ရမှာပါ”ဟု ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Knieu Kanharith က AFPသို့ ပြောသည်။  Mr Obama သည် ၎င်း၏ နိုင်ငံတွင် မည်မျှနေမည်ဆိုသည်ကို မသိကြောင်းနှင့် ထိပ်သီးအစည်းအဝေးသည် နိုဝင်ဘာလ(၂၀) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ပြောသည်။

Obama  အစိုးရသည် မြန်မာနိုင်ငံမှ နိုင်ငံရေးအရ တိုးတက်မှုများကို အားပေးလျက်ရှိသည်။

ဦးသိန်းစိန်သည် စက်တင်ဘာလက နယူးယောက်သို့ သမိုင်းမှတ်တိုင်ဖြစ်မည့် သွားရောက်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားသည့် ပထမဆုံးမြန်မာခေါင်းဆောင်ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် အမေရိကန်အစိုးရ တာဝန် ရှိသူများလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမိုင်းဝင်ခရီးစဉ်အဖြစ် အမေရိကန်သို့ သမ္မတကြီးဦးသိန်းစိန်နှင့် တပြိုင်နက်နီးပါးသွားရောက်ခဲ့ပြီး Mr Obama နှင့် တွေ့ဆုံခဲ့သည်။

“သူရဲ့ခရီးစဉ်ကို ကျွန်တော်တို့ကြိုဆိုပါတယ်။ သူရွေးကောက်ပွဲမှာနိုင်သွားတာကလည်း ကျွန်တော်တို့ဝမ်းသာပါတယ်။ သူဟာ မြန်မာနိုင်ငံ အကြောင်း အတော်သိပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က AFP သို့ပြောသည်။

၎င်းတို့ ပါတီအနေဖြင့် Obama မြန်မာနိုင်ငံသို့ လာမည်ကို ကြားသိရကြောင်း၊ သို့သော်နေ့ရက်ကိုမူ မသိကြောင်း ၎င်းကပြောသည်။

“အမေရိကန်သမ္မတတွေ မြန်မာနိုင်ငံကို မလာတာ အတော်ကြာပါပြီ။ နှစ်ပေါင်း(၅၀) ကျော်ပါပြီ” ဟု ၎င်းက Burma ဟူသော အမည်ကိုသုံး၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများသည် အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်မှ လူမျိုးရေးအရ ပြင်းထန်သောဖြစ်ရပ်များအတွက် စိုးရိမ်ပူပန်မှု များရှိနေသည့်ကြားမှ အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် ဇူလိုင်လက မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နိုင်ရန် အရေးယူမှုများ ဖြေလျော့ပေးခဲ့ရာ အဓိကအမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်နိုင်ခဲ့သည်။

ကိုကာကိုလာ၊ General Electric တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ တိုးတက်လာမည့်အရေးကိုမျှော်ကိုး၍ မြန်မာနိုင်ငံတွင် စတင်နေရာယူခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဌဦးရွှေမန်းတို့အပေါ် ၂၀၀၇ ခုနှစ်က ချမှတ်ထားခဲ့သော အရေးယူမှုကို ရုတ်သိမ်းပေးမည် ဟု ကြေညာခဲ့သည်။

 ----------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအမတ်များက အစိုးရအား ရခိုင်ပြည်နယ်တွင် အေးချမ်းမှု ပြန်လည် တည်ဆောက်ရန် တိုက်တွန်း

(Associated Press မှ 8 November 2012 ရက်စွဲပါ “Suu Kyi ethnic Lawmakers call for Myanmar  gov`t to restore peace after Communal unrest” သတင်းကို ဘာသာပြန်ဆိုသည်)

မကြာသေးမီက ဗုဒ္ဓဘာသာရခိုင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်တို့အကြားဖြစ်ပွားသော သွေးမြေကျ အဓိကရုဏ်း ဘေးဒဏ်သင့်ထားသော ရခိုင်ပြည်နယ်တွင် အေးချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည်ထိန်းသိမ်းရေးအတွက် လုံခြုံရေးတပ်များလုံလုံလောက်လောက်ဖြန့်ချပေးရန် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များက အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်သည်။

ဗုဒ္ဓဟူးနေ့က ၎င်းတို့ ထုတ်ပြန်သော ကြေညာချက်တွင် ယခင်လက လူပေါင်း ၉၀ ခန့်သေဆုံးကာ ၃၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော ရခိုင်ပြည်နယ်မှ လူမျိုးစုပဋိပက္ခကိုင်တွယ်ပုံနှင့် ပတ်သက်သည့်မူဝါဒများကို ရှင်းလင်းပြောကြားရန် အစိုးရအား တိုက်တွန်းထားသည်။

ရခိုင်ရော  ရိုဟင်ဂျာပါ အုပ်စုနှစ်စုလုံး၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးဖို့လိုသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

အစောပိုင်းဇွန်လက အဓိကရုဏ်းတွင်လည်း အလားတူ လူ ၁၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး လူ ၇၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြဿနာရင်းမြစ်ကိုဖြေရှင်းနိုင်ရေးတို့မှာ အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောဆိုသည်။

နောက်ဆုံးဖြစ်ပွားသော အဓိကရုဏ်းတွင် ပိုမိုထိခိုက်ဆုံးရှုံးသူ ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံခံနေရခြင်းအပေါ် သူမက ဝေဖန်ထောက်ပြမှု မရှိခဲ့ခြင်းကို သူမ၏ နိုင်ငံခြားထောက်ခံသူများစွာက စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု သတ်မှတ်ထားသူများအတွက် နိုင်ငံသားဖြစ်ခွင့် စည်းကမ်းများကို ရေးဆွဲထားသော ၁၉၈၂  ဥပဒေကို မည်ကဲ့သို့ ကိုးကားအသုံးပြုနေသည်ဆိုသည်ကိုလည်း အစိုးရအနေဖြင့် ရှင်းလင်းပြတ်သားဖို့လိုသည်ဟု အထက်ပါ ကြေညာချက်တွင် ပါရှိသည်။

၎င်းကြေညာချက်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံကိုအမည်မဖော်ပြသော်လည်း ယခုပြဿနာနှင့်သက်ဆိုင်သည်ဟု ထောက်ပြထားသည်။ အရေအ တွက်တွင် အငြင်းပွားစရာဖြစ်နေသော်လည်း ရိုဟင်ဂျာအများစုသည် ဘင်္ဂလားဒေရှ့်ဖက်မှ တရားမဝင်လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု မြန်မာ တို့က သတ်မှတ်ထားကြသည်။

“နယ်စပ်ခြင်း ထိစပ်နေသော အစိုးရနှစ်ဖွဲ့စလုံးသည် နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကိစ္စရပ်များကို တလေးတစားတာဝန်ယူ ဆောင်ရွက်သင့်သည်။ နယ်စပ်ဖြတ်ကူးမှု တားဆီးရေးနှင့် နယ်စပ်လုံခြုံမှု ရှိစေရေးအတွက် နှစ်နိုင်ငံစလုံးက စနစ်တကျဆောင်ရွက်ရန် အရေးတကြီးလိုအပ်သည်” ဟုလည်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများတွင် ယခင်ကလက်ခံထားခဲ့သော ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် သတ်မှတ်ရန် ငြင်းဆိုထားပြီး၊ နောက်ထပ်မဝင်နိုင်အောင် တားဆီးပိတ်ဆို့ထားသည်။

 

 *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment