Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၉.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. နျူးကလီးယားနှင့် ဒုံးကျည်စမ်းသပ်ရန် မြောက်ကိုရီးယားအသင့်ဖြစ်နေပာု တောင်ကိုရီးယားပြောကြား

(AFP News မှ 8 Nov 2012 ရက်စွဲပါ “North korea ready to conduct nuke,missile tests: minister”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဥရောပပြဿနာများဖြေရှင်းရန် ရှင်းလင်းပြတ်သားသော အစီအစဉ်လိုပာု တရုတ်ပြော

(5 Nov 2012 ရက်စွဲပါ AP ၏ China:Clear Plan needed to solve Europe crisis ကိုဘာသာပြန်ဆိုသည်)

     

***********************************************

ဘာသာပြန်သတင်းများ

နျူးကလီးယားနှင့် ဒုံးကျည်စမ်းသပ်ရန် မြောက်ကိုရီးယားအသင့်ဖြစ်နေပာု တောင်ကိုရီးယားပြောကြား

(AFP News မှ 8 Nov 2012 ရက်စွဲပါ “North korea ready to conduct nuke,missile tests: minister”သတင်းကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားသည် နောက်တစ်ကြိမ်နျူကလီးယား ဖောက်ခွဲစမ်းသပ်ရန်ပြင်ဆင်မှုများ ပြီးစီးနေပြီဖြစ်ပြီး နောင်တစ်ချိန်ချိန်တွင် တာဝေးပစ် ဒုံးကျည်ကိုလည်း စမ်းသပ်ပစ်လွှတ်လိမ့်မည်ပာု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

“ပြုံးယမ်းပာာ တတိယအကြိမ်နျူကလီးယားစမ်းသပ်ဖို့ ပြင်ဆင်မှုများစွာ လုပ်ပြီးနေပါပြီ။ အချိန်ကတော့ နိုင်ငံရေးအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက် ပေါ်မှာ မူတည်နေမှာပါ”ပာု ဆိုးလ်မှကာကွယ်ရေးဝန်ကြီး ကင်ကွမ်ဂျင်က သတင်းထောက်များအား ပြောကြားသည်။

ကိုရီးယားကျွန်းဆွယ်မှ အာဏာရှင်ကွန်မြူနစ်နိုင်ငံသည် ၂၀၀၆ နှင့် ၂၀၀၉ ခုနှစ်များတွင် နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ဘူးသည်။

ဧပြီလက တာဝေးပစ်ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခဲ့သောပြုံးယမ်းသည် တစ်ချိန်ချိန်တွင် ဒုံးကျည်စမ်းသပ်မှုကိုလည်း ထပ်မံပြုလုပ်လိမ့်ဦး မည်ပာု ကင်ကွမ်ဂျင်က ခန့်မှန်းပြောဆိုသည်။

ဧပြီလက ဒုံးကျည်စမ်းသပ်မှုသည် ကမ္ဘာပတ်လမ်းအတွင်းသို့ သုတေသနဂြိုလ်တု လွှတ်တင်ရန်ဖြစ်သည်ပာု ပြုံယမ်းက ကာကွယ်ပြောဆိုထား သော်လည်း အမေရိကန်ပြည်ထောင်စုနှင့် မပာာမိတ်များကမူတားမြစ်ထားသော ထိပ်ဖူးတပ်ဒုံးကျည်နည်းပညာကို ချိုးဖောက်စမ်းသပ်ခြင်းဖြစ်သည်ပာု ရှုမြင်ထားကြသည်။

စက်တင်ဘာလက အမေရိကန်ဝက်ဆိုဒ် 38 North တွင် “မြောက်ကိုရီးယားတို့သည် တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုပြုလုပ် နိုင်သောနေရာ၌ လုပ်ငန်းများရပ်ဆိုင်းထားသည်ကို ဂြိုလ်တုဓာတ်ပုံများက ပြသနေကြောင်းနှင့် စီမံကိန်းပြန်စနိုင်ရန် ၂ နှစ်ခန့်ကြာဖွယ် ရှိကြောင်း”ဖော်ပြထားသည်။

Johns Hopkins school of advanced International studies မှ US-Korea Institute ၏ဝက်ဆိုဒ်တွင်လည်း “ဒုံးကျည်စီမံကိန်းလုပ်ငန်း ရပ်ဆိုင်းမှုအကြောင်းရင်းမှာ မသဲကွဲကြောင်းနှင့် မိုးအကြီးအကျယ်ရွာသွန်းမှုသည် အကြောင်းရင်းတစ်ချက်ဖြစ်နိုင်ကြောင်း”ရေးသား ဖော်ပြထားသည်။

နောက်တစ်ကြိမ်စမ်းသပ် ပစ်လွှတ်မည့်နေရာကို နိုင်ငံအရှေ့မြောက်ပိုင်းတွင် တည်ဆောက်လျက်ရှိပြီး ၂၀၁၅ ဝန်းကျင်တွင် ပြီးစီးရန်စီစဉ် ထားသည်ပာု သိရှိရသည်။ အကယ်၍ပြီးစီးရန် ကြန့်ကြာနေသည်တိုင်အောင် အနောက်မြောက်ပိုင်း အခြေစိုက်စခန်းတွင် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို ပြုံယမ်းက ပြုလုပ်နိုင်သေးသည်ပာု အထက်ပါဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာတွင်အသုံးပြုသော လက်ရှိရွေ့လျားပစ်စင်ပေါ်တွင် ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေသည်ကို ဂြိုလ်တုရုပ်ပုံများတွင် တွေ့ရှိရသည်ပာုလည်း ရေးသားထားသည်။

                                                        *******************************************

ဥရောပပြဿနာများဖြေရှင်းရန် ရှင်းလင်းပြတ်သားသော အစီအစဉ်လိုပာု တရုတ်ပြော

(5 Nov 2012 ရက်စွဲပါ AP ၏ China:Clear Plan needed to solve Europe crisis ကိုဘာသာပြန်ဆိုသည်)

အဓိကစီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဥရောပ၏အားကြီးသော ကြွေးမြီပြဿနာကိုဖြေရှင်းရန် ရှင်းလင်းပြတ်သားပြီး စိတ်ချရသည့် အစီအစဉ်များလိုအပ်ကြောင်း တရုတ်ဝန်ကြီးချုပ်က တနင်္လာနေ့ကကျင်းပသော အာရှနှင့်ဥရောပခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် ပြောကြား ခဲ့သည်။

ဝမ်ကျားပေါင်သည် တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးနှင့်ပတ်သက်သော တာဝန်ရှိသူတစ်ဦးဖြစ်ပြီး လာအိုနိုင်ငံတွင် နှစ်ရက်တာကျင်းပသော အာရှ-ဥရောပအစည်းအဝေးတွင် အဖွင့်၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြောကြားရာတွင် ဥရောပနိုင်ငံများအနေဖြင့် ပာန်ချက်ညီသော ပြုပြင်ပြောင်းလဲမှု၊ တည်ငြိမ်သော ငွေကြေးဈေးကွက်နှင့် စီးပွားရေးအရ ပြန်လည်နလံထူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“အဓိကျတဲ့ စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ ရှင်းရှင်းလင်းလင်းရှိပြီး အားထားရမယ့် နှစ်လယ်ဘဏ္ဍာရေးအစီအစဉ်တစ်ခုကို အင်အား ကြီးလာတဲ့ ကြွေးမြီပြဿနာကိုဖြေရှင်းဖို့ အမြန်ဆုံးဖြစ်နိုင်သမျှ ချမှတ်ဖို့လိုနေပါပြီ”ပာု ဝမ်ကပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ တိုက်ကြီးနှစ်တိုက်မှ နိုင်ငံပေါင်းငါးဆယ်၏ ခေါင်းဆောင်များ(သို့)ထိပ်တန်းဝန်ကြီးများ တစ်စုတစ်ဝေးတည်း တက်ရောက်ကြရာ ယခုနှစ်အစည်းအဝေးတွင် ဥရောပကြွေးမြီပြဿနာ လွှမ်းမိုးလိမ့်မည်ပာု မျှော်လင့်ရသည်။ အစည်းအဝေးသည် တိုက်ကြီးနှစ်တိုက်ကြား ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာအားကောင်းလာရန်နည်းလမ်းများ ရှာဖွေကြမည်ဖြစ်သည်။

ဥရောပ၏စီးပွားကို ခြုံကြည့်ပါကအားနည်းလျက်ရှိပြီး ဂရိနှင့်စပိန်တို့တွင်ပြင်းထန်ပြီး အလေးအနက်ထားရမည့်ပြဿနာများ ဖြစ်လျက်ရှိသည်။ ဥရောပခေါင်းဆောင်များသည် အားကောင်းနေသော အာရှ၏စီးပွားရေးသည် ၎င်းတို့ကိုကူညီနိုင်ရန် မျှော်လင့်နေသည်။

ဥရောပသမဂ္ဂသည် တရုတ်၏အကြီးဆုံးကုန်သွယ်ဖက် ဖြစ်ပါသည်။ ထို့ကြောင့် Bijing သည် ၎င်းတို့ပြန်လည် နလံထလာရေးကို မြင်လိုသည်မှာ အသေအချာဖြစ်သည်။ ဥရောပ၏ ကြွေးမြီပြဿနာမှာ ကူးစက်ရောဂါသဖွယ်ပျံ့နှံ့သွားမည်ကို Beijing ကစိုးရိမ်နေကြောင်း ဝမ်၏မှတ်ချက်များက ပြသ နေသည်။

ပြင်သစ်သမ္မတ Francois Hollande ကတရုတ်နိုင်ငံ၏ တောင်းဆိုမှုကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် လူတိုင်းအားလွတ်လပ်သော ဈေးကွက်အတွက် နည်းလမ်းများကို အလေးထားစဉ်းစားပေးရန် ပြောဆိုခဲ့သည်။

“ဥရောပပာာ အခြေအနေပေါ်မူတည်ပြီး ဈေးကွက်ကိုယုံကြည်ခဲ့ပါတယ်။ လူတိုင်းအခွင့်အရေး သာတူညီမျှဖြစ်ရပါမယ်။ ဥရောပပာာ အမြဲတမ်း ကူးသန်းရောင်းဝယ်ရေးမှာ လိုငွေပြနေမှာမပာုတ်ပါဘူး”ပာု Hollande ကပြောသည်။ “ကျွန်တော်တို့ညီမျှတဲ့ဖလှယ်မှု လိုအပ်ပါတယ်။ ကျွန်တော်တို့ပာာ တံခါးဖွင့်ဈေးကွက်စနစ်ကို ယုံကြည်ပါတယ်။ ရှင်းရှင်းလင်းလင်းရှိတဲ့စနစ်မှာ ညီတူညီမျှအားထုတ်ကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”ပာု ၎င်းက ပြောသည်။

ဆွေးနွေးပွဲတွင် အကြမ်းဖက်ဝါဒမှအစပြု၍ ပင်လယ်ဓားပြတိုက်ခြင်းများ၊ လူ့အခွင့်အရေးကိစ္စများနှင့် ပညာရေးကိစ္စများ ပါဝင်ပါသည်။ ထို့အပြင် ခေါင်းဆောင်များသည် အရန်ဆွေးနွေးပွဲများအဖြစ် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးသို့ ပဲာဗီးဝိတ်များဖြစ်သော ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda၊ အီတလီဝန်ကြီးချုပ် Mario Monti၊ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နှင့်သြစတြေးလျဝန်ကြီးချုပ် Julia Gillard တို့လည်းတက်ရောက်ကြသည်။

Gillard သည် သမ္မတဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ရာ ၁၉၈၄ ကတည်းက မြန်မာခေါင်းဆောင်နှင့်တွေ့ဆုံသော ပထမဆုံးသြစတြေးလျ ဝန်ကြီးချုပ်ဖြစ်လာပါသည်။

“ကျွန်မတို့ပြောင်းလဲမှုတွေ ဖြစ်နေတာကိုတွေ့နေရပါတယ်။ ပြောင်းလဲမှု ခြေလှမ်းတိုင်းကို ကြိုဆိုပါတယ်။ ပြောင်းလဲမှုတစ်ခုတိုင်းအတွက် အသိအမှတ်ပြုတဲ့ အနေနဲ့ သြတြေးလျရဲ့နိုင်ငံခြားရေးဝါဒကို ပြောင်းပေးခဲ့ပါတယ်”ပာု Gillard ကဗီယင်ကျင်းတွင် သတင်းထောက်များသို့ ပြောကြား ခဲ့သည်။

“ဒီတွေ့ဆုံမှုပာာ ပြောင်းလဲမှုအတွက် နောက်ထပ်အသိအမှတ်ပြုမှုတစ်ခုပါပဲ”ပာု သူကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကာလမှာ လုပ်စရာများစွာ ရှိနေသေးကြောင်း Gillard ကပြောသည်။

“ကျွန်မတို့တိုင်းရင်းသားအုပ်စုတွေအတွက် လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေအပေါ် စိုးရိမ်မှုဆက်ရှိနေသေးတယ်လို့ ပြောမှာပါ”ပာု တနင်္လာနေ့အစည်းအဝေး မတိုင်မီ ၎င်းကပြောခဲ့သည်။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း မြန်မာစစ်တပ်သည် မြောက်ပိုင်းတွင် ကချင်တိုင်းရင်းသားများနှင့် တိုက်ပွဲများဖြစ်ပွားဆဲဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခများကိုလည်း ဖြေရှင်းခြင်း မပြုနိုင်သေးပေ။

***********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment