Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၉.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. TEE International Ltd က ဧရာဝတီဘိလပ်မြေကုမ္ပဏီနှင့် ဘိလပ်မြေစက်ရုံ ဖက်စပ်တည်ထောင်ရန် MOU ရေးထိုး

(9 nov 2012 ရက်စွဲပါ TEE International Ltd ၏ သတင်းထုတ်ပြန်ချက်မှ ကောက်နှုတ်ဖော်ပြချက်)

  1. ဆွီဒင်ဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်

(AFP သတင်းမှ 9 Nov 2012 ရက်စွဲပါ “ Swedish PM to meet Suu Kyi in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

*****************************************************

ဘာသာပြန်သတင်းများ

TEE International Ltd က ဧရာဝတီဘိလပ်မြေကုမ္ပဏီနှင့် ဘိလပ်မြေစက်ရုံ ဖက်စပ်တည်ထောင်ရန် MOU ရေးထိုး

(9 nov 2012 ရက်စွဲပါ TEE International Ltd ၏းသတင်းထုတ်ပြန်ချက်မှ ကောက်နှုတ်ဖော်ပြချက်)

Engineering နှင့်အိမ်၊ ခြံ၊ မြေကုမ္ပဏီဖြစ်သော TEE International Ltd ၏လက်အောက်ခံဖြစ်သော TEE Resources Pte Ltd (TEER) သည် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ထောင်၍လည်ပတ်ရန် ဧရာဝတီဘိလပ်မြေကုမ္ပဏီလီမိတက်(AYWD)နှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း TEE ကသောကြာနေ့က ပြောကြားလိုက်ပါသည်။

AYWD သည် A-1 ကုမ္ပဏီအုပ်စု၏ လက်အောက်ခံဖြစ်ကြောင်း TEE ကပြောပါသည်။

MOU အရ TEE နှင့် AYWD တို့သည် ဖက်စပ်ကုမ္ပဏီထူထောင်၍ မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်လည်ပတ်မည် ဖြစ်ပါသည်။ စက်ရုံသည် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းကျေးရွာတွင် တည်ရှိမည်ဖြစ်ပြီး၊ စီမံကိန်းသည် ဒေါ်လာသန်း ၂၅၀-၃၀၀ ခန့်ရှိမည်ဟု ခန့်မှန်းပါသည်။ နည်းပညာအရလေ့လာမှုများ ပြုလုပ်နေဆဲဖြစ်ပါသည်။

TEER သည် အဆိုပါစီမံကိန်း၏ နည်းပညာလေ့လာမှုများကို ဦးဆောင်မည်ဖြစ်ပြီး ယခု MOU ရေးထိုးသည့်နေ့မှ(၇)အကြာ ၈ ဇွန်လ ၂၀၁၃ တွင် နည်းပညာလေ့လာမှုများ ပြီးဆုံးမည်ဖြစ်ပါသည်။ နည်းပညာလေ့လာမှုများ ပြီးဆုံးပြီးနောက် ၃၁ ဇူလိုင် ၂၀၁၃ မတိုင်မီ ဖက်စပ်ကုမ္ပဏီ ထူထောင်နိုင်ရန် ရည်ရွယ်ထားပါသည်။ နှစ်ဦး၊ နှစ်ဖက်သည် ဈေးကွက်လိုအပ်ချက်၊ အခြားစီးပွားရေးနှင့် ဘဏ္ဍာရေးအချက်အလက်များပေါ် မူတည်၍ စီမံကိန်းကာလကို အနည်းဆုံးသုံးနှစ် ရည်မှန်းထားသည်ဟု ဆိုပါသည်။

စီမံကိန်းအတွက်ငွေကို နှစ်ဖက်ကုမ္ပဏီမှ ခွင့်ပြုငွေ၊ ဘဏ်ချေးငွေနှင့် မဟာဗျူဟာကျမည့် အခြားရင်းနှီးမြှုပ်နှံသူများထံမှ ရယူသွားမည်ဖြစ်သည် ဟု TEE ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

                                                 ***********************************************

ဆွီဒင်ဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်

(AFP သတင်းမှ 9 Nov 2012 ရက်စွဲပါ “ Swedish PM to meet Suu Kyi in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒရစ်ရန်းဖဲလ်သည် လာမည့်အပတ် မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိမ့်မည်ဟု ၎င်း၏ရုံးက ကြာသာပတေးနေ့တွင် ထုတ်ပြန်ပြောကြားသည်။

လာမည့် တနလာင်္၊ အင်္ဂါခရီးစဉ်သည် ဆွီဒင်အစိုးရအကြီးအကဲတစ်ဦး၏ ပထမဆုံးအကြိမ်မြန်မာခရီးစဉ် ဖြစ်လာလိမ့်မည်ဟု ရန်းဖဲလ်၏ ပြောရေး ဆိုခွင့်ရှိသူ မားကပ်ဖရီဘတ် က AFP သို့ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ရန်းဖဲလ်သည် မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ဥက္ကဋ္ဌများ။ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်တွင် ကုန်သွယ်ရေးဝန်ကြီးအီဝါဂျိုလင်နှင့် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားမည်ဟု သိရှိရသည်။

မြန်မာနိုင်ငံအား မနှစ်ကဆွီဒင်၏ ကူညီမှုသည် ခရိုနာ ၁၂၂ သန်း(ဒေါ်လာ ၁၈သန်း)အထိရှိခဲ့ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေး စီမံကိန်းများအပါအဝင် လူသားချင်းစာနာကူညီမှု အစီအစဉ်များအတွက် အဓိကပံ့ပိုးကူညီခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မနှစ်ကအဏာရလာသော သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီကို ရွေးကောက်ပွဲနိုင်ငံရေး အခင်းအကျင်းတွင် လှုပ်ရှားခွင့်ပြုခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်ခဲ့ချိန်မှစ၍ အနောက် အုပ်စုနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးသည် သိသိသာသာ နွေးထွေးလာခဲ့ပါသည်။

ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ပူပူနွေးနွေးအောင်ပွဲခံထားသော အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည်လည်း နိုဝင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် ဆွီဒင်ဝန်ကြီးချုပ်ရန်းဖဲလ်သည် နိုဝင်ဘာ ၁၃၊ ၁၄ တွင်ဂျကာတာသို့ သွားရောက်ဦးမည်ဖြစ်၍ အင်ဒိုနီးရှားရောက် ပထမဆုံး ဆွီဒင်ဝန်ကြီးချုပ် ဖြစ်လာဦးမည်ဟု သိရှိရသည်။

                           *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment