Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၀.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထားဝယ်စီမံကိန်း ဖွံ့ဖြိုးရေး ဟန်ချက်မျှအောင် ထိုင်းနှင့် မြန်မာကြိုးပမ်း

(Reuters သတင်းဌာနမှ 8 Oct 2012 ရက်စွဲပါ Thailand, Myanmar throw weight behind Dawei Zone ကိုဘာသာပြန်ဆိုသည်)

  1. နောက်ဆုံးထွက်ပေါ်လာသည့် ကိန်းဂဏန်းများကြောင့် တရုတ်စီးပွားရေးနာလန်ထူမည်ဟု မျှော်လင့်နိုင်

(BBC သတင်းဌာနမှ 9 Nov 2012 ရက်စွဲပါ China economy: Latest numbers add to recovery hopes ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ထားဝယ်စီမံကိန်း ဖွံ့ဖြိုးရေး ဟန်ချက်မျှအောင် ထိုင်းနှင့် မြန်မာကြိုးပမ်း

(Reuters သတင်းဌာနမှ 8 Oct 2012 ရက်စွဲပါ Thailand, Myanmar throw weight behind Dawei Zone ကိုဘာသာပြန်ဆိုသည်)

ဒေါ်လာဘီလီယံနှင့်ချီကုန်ကျမည့် ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ လုပ်ငန်းများ စိတ်ဝင်တစားရင်းနှီး မြှုပ်နှံမှုများပြုလုပ်လာရေးအတွက် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံမှ ဝန်ကြီးများ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

"ထားဝယ်စီမံကိန်းမှာပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့နှစ်နိုင်ငံစလုံးအတွက်အင်မတန်အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ နောက်တစ်ဆင့်က တော့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကလုပ်ငန်းတွေ ဝင်ရောက်ရင်းနှီး မြှုပ်နှံနိုင်အောင် ဖိတ်ခေါ်ဖို့ပဲဖြစ်ပါတယ်" ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီး Kittirat Na Tasnong က ဘန်ကောက်မြို့တော်တွင်ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ ခတ္တရပ်နားစဉ်ပြောကြားသည်။

၂၅၀ စတုရန်းကီလိုမီတာ (၁၀၀ စတုရန်းမိုင်) ကျယ်ဝန်းပြီး ဒေါ်လာ ၅၀ ဘီလီယံခန့်ကုန်ကျမည့် စီမံကိန်းကြီးတွင် ရေနက်ဆိပ်ကမ်း၊ စတီးစက်ရုံ များ၊ ချက်စက်ရုံများ၊ ရေနံဓာတုစက်ရုံနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများပါဝင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုကြီးဖြစ်ပြီး Dawei Development Co ၏ ပင်မကုမ္ပဏီကြီးလည်းဖြစ်သော Italian-Thai Development Pcl က စီမံကိန်းပထမပိုင်းအတွက် အခြေခံအဆောက်အဦ နှင့်ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သော ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံကို ရရှိရန်ကြိုးပမ်းခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင်မူ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံသည် ထားဝယ်မှထိုင်းနယ်စပ်အထိ ၈၃ မိုင်ရှည်လျားသော မော်တော်ကားလမ်း ဖောက်လုပ်ရေးစီမံကိန်းအပါအဝင် အခြေခံအဆောက်အဦစီမံကိန်းများအတွက် ပူးတွဲကော်မတီများထူထောင်သွားရန် သဘောတူညီခဲ့ကြသည်။

အခြားသောကော်မတီတစ်ခုက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေအတွက် စီးပွားရေးလုပ်ငန်းများဆိုင်ရာ အကြံဉာဏ်များ ပေးသွားလိမ့်မည်ဖြစ်သည်။

နောက်ထပ် အလားတူဆွေးနွေးပွဲများကိုလည်း နေပြည်တော်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ထားဝယ်စီမံကိန်းပထမပိုင်းအတွက် ရန်ပုံငွေကိစ္စကို လာမည့်သုံးလ သို့မဟုတ် လေးလအတွင်း ဆုံးဖြတ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘက်ကမူ ဆောက်လုပ်ရေးလုပ်ငန်းများကို လာမည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ထက်နောက်မကျစေဘဲ စတင်ရန်ဆန္ဒရှိနေကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေကြေးမူဝါဒရေးရာဌာန အကြီးအကဲ Somchai Sajjapong က ပြောကြားသည်။

"နိုင်ငံတကာဘဏ်လုပ်ငန်းအဖွဲ့အစည်းကြီးတွေက ထားဝယ်စီမံကိန်းအတွက်ရင်းနှီးမြှုပ်နှံမှုချေးငွေထုတ်ပေးဖို့ အင်မတန်စိတ်ဝင်တစား ရှိကြပါ တယ်"ဟု ဘဏ္ဍာရေးဝန်ကြီး Kittirat ကပြောဆိုသည်။ စီမံကိန်းတွင် အခြားတတိယနိုင်ငံတစ်နိုင်ငံ ပါဝင်ပတ်သက်မည့်ကိစ္စကို မြန်မာနှင့်ထိုင်းဆွေးနွေးမှု မပြုလုပ်ရသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

--------------------------------------------------------------------------------------------------------------------------

နောက်ဆုံးထွက်ပေါ်လာသည့် ကိန်းဂဏန်းများကြောင့် တရုတ်စီးပွားရေးနာလန်ထူမည်ဟု မျှော်လင့်နိုင်

(BBC သတင်းဌာနမှ 9 Nov 2012 ရက်စွဲပါ China economy: Latest numbers add to recovery hopes ကိုဘာသာပြန်ဆိုသည်)

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ ပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း တရုတ်အစိုးရက ထုတ်ပြန် သည့် အားရစရာကောင်းသော စီးပွားရေးကိန်းဂဏန်းများက ညွှန်းဆိုလျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု၊ လက်လီရောင်းချမှုနှင့် ပုံသေအက်ဆက်(မြေ၊အဆောက်အအုံနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်း) ရင်းနှီးမြှုပ်နှံမှုတို့မှာခန့်မှန်းထားသည်ထက်မြင့်တက်ခဲ့သည်။

ဤအတောအတွင်းမှာပင် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်းကျဆင်းလာရာ မူဝါဒရေးဆွဲသူများအနေဖြင့် စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ပေးနိုင်မည့်လုပ်ကိုင်ဆောင်ရွက်မှုများပြုလုပ်ခွင့်ရရှိလာသည်။

တရုတ်ပြည်၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ သုံးနှစ်တာကာလမျှနိမ့်ကျမည့်အနေအထားသို့ရောက်ရှိခဲ့ပြီးနောက် ယခုကဲ့သို့သော အားရစရာ ကောင်းသည့်ကိန်းဂဏန်းများပြန်လည်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ စက်ရုံအလုပ်ရုံများ၏ကုန်ထုတ်လုပ်မှုမှာ ၉ ဒဿမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး လက်လီရောင်းချမှုနှုန်းမှာ ၁၄ ဒဿမ ၅ ရာခိုင်နှုန်းမြင့်တက်လာသည်ကိုကြည့်လျှင် ပြည်တွင်းဝယ်လိုအားမှ အဆမတန်မြင့်တက်နေသည်ကို တွေ့ရသည်။

တရုတ်စီးပွားရေးအတွက် ပြည်တွင်းစားသုံးမှုမြင့်တက်ခြင်းမှာ လွန်စွာအရေးကြီးသည်။ အကြောင်းမှာ ၂၀၀၈ ခုနှစ်မတိုင်မီကာလအထိ တရုတ် စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်ခဲ့သော ပြည်ပပို့ကုန်ဝယ်လိုအားမှာ တရုတ်ပြည်၏အဓိကဈေးကွက်များဖြစ်သော အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်တို့၌စီးပွားရေးနှေးကွေးကျဆင်းချိန်တွင် လိုက်ပါကျဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။

တိုးတက်မှုအထောက်အပံ့ပြည်ပသို့ရောင်းချမှုကျဆင်းခြင်း၊ တိုင်းပြည်စီးပွားရေးတိုးတက်မှု ဆက်လက်နှေးကွေးနေခြင်းတို့ကြောင့် တရုတ် စီးပွားရေးမူဝါဒရေးဆွဲသူများသည် ပြည်တွင်းစားသုံးမှု ယခုနှစ်အတွင်း မြင့်တက်လာစေမည့် လုပ်ဆောင်ချက်အဆင့်ဆင့်ကိုလုပ်ကိုင်ခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လမှစ၍တရုတ်အစိုးရက ဘဏ်အတိုးနှုန်းထားကို နှစ်ကြိမ်တိတိလျှော့ချပစ်ခဲ့ပြီး ဘဏ်များအနေဖြင့် အရန်ငွေအဖြစ်ထားရှိရမည့် ပမာဏကိုလည်း နှိမ့်ချပစ်ခဲ့သည်။

ပြည်တွင်းသုံးစွဲမှုမြင့်တက်ရေးအတွက် တရုတ်အစိုးရ၏နောက်ထပ်ကြိုးပမ်းချက်တစ်ရပ်မှာ ဒေါ်လာ ၁၅၀ ဘီလီယံကျော်တန်ဖိုးရှိသည့် အခြေခံအဆောက်အဦ စီမံကိန်းသစ်များ အတည်ပြုချမှတ်ပေးခဲ့ခြင်းပင်ဖြစ်သည်။

လေ့လာဆန်းစစ်သူများအဆိုအရ တရုတ်နိုင်ငံအနေဖြင့်စီးပွားရေးနလန်ထူမည့် အစီအစဉ်မျိုးထုတ်ဖော်လာဖွယ်မရှိပေ။ ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းနေမှု၏အဓိပ္ပာယ်မှာ အစိုးရအနေဖြင့် ရှိပြီးသားလုပ်ငန်းစဉ်များကို ထပ်မံအရှိန်မြှင့်တင်လုပ်ဆောင်နိုင်သည့်သဘောပင်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် စားသုံးသူဈေးနှုန်းများအပေါ်တွင်လည်းဂယက်ရိုက်ခတ်မှုရှိမည်လောဟူ၍ စိုးရိမ်နေစရာမလိုပေ။

တရုတ်ပြည်စားသုံးသူ ဈေးနှုန်းများမှာ ယမန်နှစ်ကထက် ၁ ဒဿမ ၇ ရာခိုင်နှုန်း တိုးမြင့်လာသည်။ သို့သော် အဆိုပါနှုန်းသည် ၂၀၁၀ ဇန်နဝါရီလ နောက်ပိုင်းအနှေးကွေးဆုံးနှုန်းထားဖြစ်သည်။

***********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment