Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၁.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုပာင်ဂျာလူမျိုးပာုဖော်ပြပေးရန် ဘင်္ဂါလီများတောင်းဆို
  2. ကမ္ဘာ့ဘဏ်ငွေချေးမှုဆိုင်းငံ့ပေးရန် ပြည်တွင်းအဖွဲ့ ၂၃ ဖွဲ့တောင်းဆို

နိုင်ငံရေးသတင်း

  1. အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၃ ရဖွယ်ရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုပာင်ဂျာလူမျိုးပာုဖော်ပြပေးရန် ဘင်္ဂါလီများတောင်းဆို

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအား သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီများက၎င်းတို့အား ရိုပာင်ဂျာလူမျိုးပာု စာရင်းဖော်ပြ ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

“ဘင်္ဂါလီတွေကို သန်းခေါင်စာရင်းကောက်ယူတဲ့အခါမှာ သူတို့ကို ဘင်္ဂါလီလူမျိုးလို့ဖော်ပြပေးရမယ်။ ဒါမှလက်မှတ်ထိုးမယ်ဆိုပြီး အကျပ်ကိုင် ပါတယ်။ အဲ့ဒီမှာရှိတဲ့ ဘင်္ဂါလီတော်တော်များများမှာ ယာယီသက်သေခံ လက်မှတ်တောင်မရှိပါဘူး။ ဒါကို လူမျိုးတစ်မျိုးအနေနဲ့ ဖော်ပြပေးဖို့ တောင်းဆို ပါတယ်”ပာု စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း စစ်ဆေးရေးအဖွဲ့များက သန်းခေါင်စာရင်း ကောက်ယူရာတွင် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည့် ဘင်္ဂါလီများလုံးဝမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဥပဒေအရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရှိတဲ့ ဘင်္ဂါလီတစ်ယောက်မှ မရှိပါဘူး။ သူတို့ဆီမှာ ၁၉၈၉ ခုနှစ်က ထုတ်ပေးထားတဲ့ လက်မှတ်ပဲရှိပါတယ်။ ဒီလက်မှတ်က ဘာနဲ့အကျုံးဝင်နေတယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲတုန်း ကတော့ ဘင်္ဂါလီတွေ မဲထည့်နိုင်အောင်ဆိုပြိး ကတ်ပြားအဖြူနဲ့လုပ်ပေးခဲ့တဲ့ ယာယီသက်သေခံ လက်မှတ်တွေကိုလည်း တွေ့ရပါတယ်”ပာု လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၇ ရက်နေ့မှစတင်၍ နိုင်ငံသားစိစစ်မှုများကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသန်းခေါင်စာရင်း ကောက်ယူသော စစ်ဆေးရေးအဖွဲ့(၁၅)ဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ရခိုင်-မွတ်စလင် ကိုယ်စားလှယ်များပါဝင်ကြောင်း သိရသည်။

              YC

                                                            *******************************************

ကမ္ဘာ့ဘဏ်ငွေချေးမှုဆိုင်းငံ့ပေးရန် ပြည်တွင်းအဖွဲ့ ၂၃ ဖွဲ့တောင်းဆို

မြန်မာနိုင်ငံအား နိုဝင်ဘာလ ၁ ရက်နေ့တွင် ဒေါ်လာ ၈၅ သန်း အကူအညီပေးမည့် ကမ္ဘာ့ဘဏ်၏ချေးငွေပေးမှုများကို ခေတ္တဆိုင်းငံ့ပေးရန် ပြည်တွင်းအဖွဲ့အစည်း ၂၃ ဖွဲ့က ကမ္ဘာ့ဘဏ်သို့တောင်းဆိုစာတင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံအား ထောက်ပံ့ပေးရန် ကမ္ဘာ့ဘဏ်၏ ရှစ်ရက်နှင့်ဆုံးဖြတ်ချက်ချမှုသည် ကမ္ဘာတွင်ချမှတ်ထားသော စီမံကိန်းတစ်ခု လုပ်ဆောင်ရန် ရက် ၃၀ အချိန်ယူရမည်ပာူသည့် စည်းကမ်းချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံသို့ အကူအညီပေးမည့် လူထုအခြေပြုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း CDD(Community Driven Development)နှင့်ပတ်သက်၍ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်းရှိ COMREG ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအား ကူညီပေးမည့် CDD စီမံကိန်းနှင့်ပတ်သက်၍ သတင်း အချက်အလက်များဖြန့်ဖြူးခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် မြန်မာနိုင်ငံတွင်း လက်ရှိရင်ဆိုင်နေရသော လာဘ်ပေး လာဘ်ယူမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များမှာ CDD စီမံကိန်းတွင်ပါဝင်ခြင်းရှိ၊ မရှိဆိုသည့်အချက်ကို မသိရခြင်းတို့ဖြစ်ကြောင်း ယင်းအချက်များကို စိုးရိမ်ကြောင်း ပြောကြားသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆင်းရဲမွဲတေမှုလျော့ချရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမေရိက်ဒေါ်လာ သန်း ၈၀ ကိုထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့ တွင် အင်းယားလိတ်ပာိုတယ်၌ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဘဏ်၏သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

***************************************

နိုင်ငံရေးသတင်း

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၃ ရဖွယ်ရှိ

လာမည့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်သမ္မတက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးနိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

“ဝန်ကြီးဦးအောင်မင်းက လာမယ့်နှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတဆီ တင်ပြထားပါတယ်။ အားလုံးကိုလွှတ်ပေးနိုင်အောင် ပါ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကျတော့ အရင်လိုမပာုတ်ဘူး။ ဘာအမှုနဲ့ကျကျ လွှတ်ပေးရတာ။ နောက်နှစ်ထဲမှာ လွှတ်ပေးနိုင်မယ်ထင်ပါတယ်”ပာု ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စစ်အစိုးရ လက်ထက် မှောင်ခိုကုန်သွယ်မှုစွပ်စွဲချက်ဖြင့် အရေးယူခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နိုင်ငံတော်သမ္မတထံသို့တင်ပြခဲ့ကြောင်း သိရသည်။

“ခု အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် တခြားပြစ်မှုတွေနဲ့ ထောင်အကျခံရတဲ့ သူတွေအများကြီးရှိနေပါသေးတယ်။ ဒီလူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ကျွန်တော်တို့တွေလည်း စာရင်းကောက်နေပါတယ်။ နောင်နှစ်မှာအားလုံး ပြန်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့် ရပါတယ်။ အားလုံး ပြန်လွတ်လာပြီဆိုရင်တော့ ပြစ်မှုဆိုင်ရာတွေအတွက်တော့ နည်းနည်းသတိထားရမှာပေါ့”ပာု သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ဝန်ကြီးဦးနုအစိုးရလက်ထက်တွင်တစ်ကြိမ်၊ ဦးနေဝင်း အစိုးရလက်ထပ်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်သာ ပေးခဲ့သည်။

YC

**********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီးမှာတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပါဆိုလို့ ပြောခဲ့ပါတယ်။ အဆိုးဆုံးဖြစ်တဲ့ တရားသူကြီးတွေ လာဘ်ယူတဲ့ကိစ္စ၊ များတဲ့ဖက်ကို အနိုင်ပေးတယ်၊ နည်းတဲ့ဘက်က ယူထားတာတွေကိုလည်း ပြန်မပေးဘူး။ အဲဒါတွေကို ကျွန်တော် တော်တော်လေး ဆွေးနွေးခဲ့ပါတယ်။ သူတို့ကတော့ လာဘ်ပေး၊လာဘ်ယူ မလုပ်ဘူးဆိုတဲ့အကြောင်းကို သက်သေတွေအမျိုးမျိုးနဲ့ ပြောတာပေါ့ ဘာပဲ ပြောပြော အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လာဘ်ပေး၊ လာဘ်ယူတာတွေကိုတော့ မငြင်းပါနဲ့ဆိုတဲ့ စကားကိုတော့ ကြိုက်တယ်ဗျ

နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃) အမှတ်(၁၁၉)တွင်ပါသော “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် တရားသူကြီးချုပ်များတွေ့ဆုံ လာဘ်ပေး၊လာဘ်ယူကိစ္စ အဓိကထားဆွေးနွေးသတင်းမှ ဦးသိန်းညွန့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                        ******************************************

“Power Sharing ဆိုတာဟာ ကရင်ပြည်နယ်ကို ကရင်တွေအုပ်ချုပ်ရမယ်၊ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ်၊ ဘာနဲ့အုပ်ချုပ်ရမလဲဆိုတော့ ဖွဲ့စည်းပုံအတိုင်း အုပ်ချုပ်ရမယ်။ အဲဒီတော့ ဖွဲ့စည်းပုံကို မကြိုက်ဘူးဆိုရင် ဖွဲ့စည်းပုံဆိုတာ လူကရေးတာပဲ လူကပြင်လို့ရတယ် ဖွဲ့စည်းပုံကိုကျွန်တော် တစ်ယောက်ထဲပြင်လို့မရဘူး၊ လွှတ်တော်ကသာ ပြင်ပိုင်ခွင့်ရှိတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃) အမှတ်(၁၁၉)တွင်ပါသော “အစိုးရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်ဦးအောင်မင်းနှင့် ဒီမိုကရေစီမိတ်ဆွေပါတီများ ဖက်ဒရယ်မူကိစ္စတွေ့ဆုံဆွေးနွေးသတင်းမှ ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                        ***************************************************

“သံဃာတော်များက ငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့အခါ အချို့အပိုင်းတွေက သံဃာနှင့်သင့်တော်တာရှိမယ်၊ မသင့်တော်တာရှိမယ်။ အဲဒီလို အပိုင်းတွေ သင့်တော်တာကဘယ်ဟာ မသင့်တော်တာတွေ နောက်တစ်ခါ သံဃာတော်တွေ သိတာလည်းရှိမယ်၊ မသိတာလည်းရှိမယ်။ ပရိယတ္တိ အပိုင်းတွေ လောကုတ္တရာ အပိုင်းတွေမှာဆို သံဃာတော်တွေ သိတယ်။ လောကီအပိုင်းက အချို့အချက်အလက်တွေမှ မသိတဲ့အပိုင်းတွေရှိတယ်။ အဲဒါတွေကို လူတွေဆီကနေ အကြံအဥာဏ်တွေ အချက်အလက်တွေ ပါဝင်ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုမျိုး ပါဝင်ဆောင်ရွက်သင့်တယ်ဆိုတဲ့ လမ်းစဉ်မျိုးကို ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် Street View Journal အတွဲ(၁) အမှတ်(၄၄)တွင်ပါဝင်သော “ငြိမ်းချမ်းရေးအတွက် သံဃာတော်များ ဘယ်လို ပါဝင်ဆောင်ရွက်ကြမလဲ သတင်းမှ ဘဝအလင်းဆရာတော် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment