Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၃.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ငလျင်ဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်မည်
  2. အလုပ်သမားအခွင့်အရေးများ ဥပဒေအတိုင်း မရရှိသေး

နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုဖက်ဒရယ်မူရေးဆွဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည်ဖြစ်ကြောင်း ရခိုင်ဒီမိုအဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြား
  1. အိုဘားမား၏ မြန်မာခရီးစဉ်မတိုင်မီ နိုင်ငံရေးအကျဉ်းသားလွှတ်မည်ပာု သတင်းများထွက်ပေါ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

ပြည်ထောင်စုအစိုးရအဖွဲ့ ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ အစွမ်း ကုန်ဆောက်ရွက်မည်

အင်အားပြင်းငလျင်ဒဏ်ခံရသော ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် ၃/၂၀၀၂ ဖြင့် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည်။

  အဆိုပါအသိပေးကြေညာချက်တွင် နိုင်ငံတော်သမ္မတအနေဖြင့် ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခ ရောက်ခဲ့သော ပြည်သူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနှင့် ငလျင်လှုပ်ခတ်မှုဖြစ်စဉ်၌ ဘေးဒုက္ခခံစားခဲ့ရသူများအား အရေးပေါ်အချိန်တွင် ချက်ချင်းအကူအညီးပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဒေသခံပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်းဖော်ပြပါရှိသည်။

ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများကို လူထုလူတန်းစားအဖွဲ့အစည်း အားလုံးနှင့် လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လည်းကောင်း အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းပါရှိသည်။

နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ရန် အခြေအနေမပေးသည့် အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သည့်အဖွဲ့အား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် တာဝန်ပေးအပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်အချိန်၌ ရစ်ခ်ျတာစကေး ၆ ဒဿမ ၈ အဆင့်နှင့် ၅ ဒဿမ ၀ အဆင့်ရှိ အင်အားပြင်း ငလျင် နှစ်ကြိမ်တိတိလှုပ်ခတ်သွားသောကြောင့် လူ ၆ ဦးသေ၊ ၅၀ ဦးဒဏ်ရာရရှိပြီး စေတီပုထိုး၊ အဆောက်အအုံများစွာနှင့် တည်ဆောက်ရေးလုပ်ငန်းများ ပျက်စီးခဲ့သည်။

YC

 ---------------------------------------------------------------------------------------------------------------

အလုပ်သမားအခွင့်အရေးများ ဥပဒေအတိုင်း မရရှိသေး

အလုပ်ရှင်အနေဖြင့် စာချုပ်ပါအချက်များအား ချိုးဖောက်နေသော်လည်း အရေးယူမည့်သူမရှိသည့်အတွက် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေရကြောင်း အထည်ချုပ်အလုပ်သမားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါအခွင့်အရေးများ ချိုးဖောက်ခံနေရသည့်အတွက် ဆန္ဒပြတောင်းဆိုမှုများမှာ မေလတွင်လည်းကောင်း၊ စက်တင်ဘာလဆန်းမှ စတင်၍ ယခုအချိန်ထိလည်းကောင်း ဖြစ်ပွားခဲ့သည်။

သို့ရာတွင် အလုပ်သမားများ၏ အစာငတ်ခံ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသော တော်ဝင်သစ်အချောထည်လုပ်ငန်းပိုင်ရှင် ဦးကိုကိုထွေးက အလုပ်သမားများ၏တောင်းဆိုမှုများသည် ဥပဒေပြင်ပတွင်ရောက်ရှိနေသည့်အတွက် လိုက်လျောရန် မဖြစ်နိုင်ကြောင်း တော်ဝင်ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ အလုပ်သမားများ၏ ဆန္ဒပြမှုများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းအပေါ် အဟန့်အတားဖြစ်စေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းက ပြောကြားသည်။

YC      

**********************************************************************************************

နိုင်ငံရေးသတင်း

ပြည်ထောင်စုဖက်ဒရယ်မူရေးဆွဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည်ဖြစ်ကြောင်း ရခိုင်ဒီမိုအဖွဲ့ချုပ် ဥက္ကဋ္ဌပြောကြား

ပြည်ထောင်စုဖက်ဒရယ်မူရေးဆွဲရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းမပြုဘဲ ဖက်ဒရယ်မူရေးဆွဲရန် တာဝန်ပေးအပ်ခဲ့ခြင်းအပေါ် ၎င်းက ယခုကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ဖက်ဒရယ်မူရေးဆွဲရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဒေါ်နန်းဝါနုက တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိစေမည့် ဖက်ဒရယ်မူရေးဆွဲရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လုပ်ပိုင်ခွင့်အာဏာ၊ စီမံပိုင်ခွင့်အာဏာများ သတ်မှတ်ပေးခြင်းဖြင့် ဖက်ဒရယ်မူစစ်စစ်မရရှိနိုင်သော်လည်း အခြေခံအုတ်မြစ်တစ်ခုကို စတင်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စတုတ္ထပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ တိုင်းရင်းသားအရေးကိစ္စနှင့်ပတ်သက်၍ အဆိုတင်သွင်းခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ ဖက်ဒရယ်မူရေးဆွဲရန် ကွန်ပိာန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုနှင့် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်တို့အား တာဝန်ပေးအပ်ခဲ့သည်။

 YC

-----------------------------------------------------------------------------------------------------------------------------

အိုဘားမား၏ မြန်မာခရီးစဉ်မတိုင်မီ နိုင်ငံရေးအကျဉ်းသားလွှတ်မည်ပာု သတင်းများထွက်ပေါ်

အမေရိကန်နိုင်ငံသမ္မတ ဘားရက်အိုးဘားမား၏ နိုဝင်ဘာလ (၁၉)ရက်နေ့ မြန်မာခရီးစဉ်မတိုင်မီ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကျဉ်းထောင်တွင်းရှိ ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ပာု ပြင်ပ၌သတင်းများထွက်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန်သမ္မတအိုဘားမားသည် ယခင်ကတည်းကပင် မြန်မာအစိုးရအား နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ တောင်းဆိုခဲ့သည့်အတွက်တို့ကြောင့် ယခုကဲ့သို့ခန့်မှန်းရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် လူ့အခွင့်ကာကွယ်မြှင့်တင်ရေး ကွန်ရက်(HRDP)က နိုင်ငံတော်သမ္မတရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ မေတ္တာရပ်ခံစာ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အမေရိကန်မှ သမ္မတတစ်ဦး လာရောက်လည်ပတ်ခြင်းသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ အမြင့်ဆုံးလာရောက်ခဲ့ဘူးသည့် ခရီးမှာ ၁၉၅၃ ခုနှစ်က အမေရိကန်ဒုတိယသမ္မတ ရစ်ချက်နက်ဆင်၏ ခရီးစဉ်ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန်စီစဉ်ထားသည့်အပြင် ပြည်တွင်းရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် အားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

YC

 ********************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အေဆမ်အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံရဲ့ပင်မစီးပွားရေး အခြေခံဖြစ်တဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊လူဦးရေအများစုဖြစ်တဲ့ ကျေးလက်ပြည်သူတွေရဲ့ ဘဝတိုးတက်ရေးနဲ့ ထောင်စုနှစ်ရည်မှန်းချက်နဲ့အညီ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လိုအပ်တဲ့ အကူအညီများ ပံ့ပိုးပေးအပ်သွားဖို့ မေတ္တာရပ်ခံလိုပါတယ်။”

နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် Messenger Journal အတွဲ (၃) အမှတ် (၂၅) တွင်ပါသော “ကျေးလက်ပြည်သူများ၏ ဘဝတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် လိုအပ်သောအကူအညီများပေးရန် နိုင်ငံတော်သမ္မတ မေတ္တာရပ်ခံ”သတင်းမှ သမ္မတဦးသိန်းစိန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------

“ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးအတွက် ပထမဆုံးအစည်းအဝေးဖြစ်ပါတယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံပူးတွဲကော်မတီဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါတယ်၊ အရေးကြီးသည့်ကဏ္ဍများကို ဦးစားပေး အစီအစဉ်ရေးဆွဲဆောင်ရွက်သွားရန် ဖြစ်ပါတယ်၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဦး၊နှစ်ဖက် အကျိုးဖြစ်ထွန်းမှုတို့ကို အခြေခံလျက် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါတယ်”

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် Flower News Journal အတွဲ (၈) အမှတ် (၄၄) တွင်ပါသော “ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲအဆင့်မြင့်ကော်မတီအစည်းအဝေး ထိုင်းနိုင်ငံတွင်ကျင်းပ”သတင်းမှ မစ္စရင်လပ်ရှင်နာဝပ် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ်တင်ရှိနေတဲ့ အကြွေးတွေပြန်မဆပ်နိုင်သေးပေမယ့် အခုလိုထောက်ပံ့ကြေးငွေ ပေးအပ်လိုက်တာဟာ လူထု အခြေပြုဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်ဆောင်ရွက်ဖို့နဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အမြန်ဆုံး အကျိုးရလာဒ်များကို ခံစားစေနိုင်ဖို့ဖြစ်တယ်။”

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “ဒေါ်လာသန်း ၉၀၀ အကြွေးပေးရန်အတွက် ကျန်နေသော်လည်း မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ကနဦးထောက်ကပံ့ကြေးငွေ ဒေါ်လာသန်း ၈၀ စတင်ချပေး” မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် မစ္စတာ Kanthan Shanker ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment