Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၈.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. လူဦးရေနှစ်ဆရှိသည့် မပာာရန်ကုန်ဖြစ်ပေါ်လာရန် နှစ်သုံးဆယ်ကြာပြုပြင်ရန်လို
  2. ကရင်ပြည်နယ်ဖွံ့ဖြိုးမှုထက် တရားဥပဒေစိုးမိုးမှုအား ဒေသခံများပိုမိုလိုလား

နိုင်ငံရေးသတင်း

  1. ဒီမိတ်(၁၀)ပါတီမှ ကျားဖြူပါတီနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီနုတ်ထွက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

လူဦးရေနှစ်ဆရှိသည့် မပာာရန်ကုန်ဖြစ်ပေါ်လာရန် နှစ်သုံးဆယ်ကြာပြုပြင်ရန်လို

လာမည်နှစ်များအတွင်း ရန်ကုန်မြို့တော်၌လူဦးရေနှစ်ဆရှိလာမည်ဖြစ်သည့်အတွက် ၎င်းတို့အတွက် နေထိုင်မှု၊ သွားလာမှုနှင့် ဝန်ဆောင်မှုများပေးနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မပာာရန်ကုန်ဖြစ်ပေါ်လာရန် နှစ်သုံးဆယ်ခန့်ကြာစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း အဆိုပါ စီမံကိန်းတွင်ပါဝင်သည့် တာဝန်ရှိသူတစ်ဦးမှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသည့် မပာာရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်မြို့တော်ကဏ္ဍစုံတိုးတက်ရေးအတွက် ကားလမ်း၊ ရထားလမ်းများကို အဓိကအသုံးပြုမည်ဖြစ်သည့်အတွက် ကားလမ်းမကြီးများ ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲအသုံးပြုနိုင်ရန် လမ်းမကြီးများချဲ့ထုတ်ခြင်း၊ မိုးပျံတံတားများတည်ဆောက်ခြင်း၊ ယာဉ်သွားလာရေးအချက်ပြ စနစ်ဆိုင်းဘုတ်များကို ATCS ကဲ့သို့နည်းပညာခေတ်မီသော ပစ္စည်းများကို အသုံးပြု၍ ပိုမိုကောင်းမွန်နိုင်အောင် ဆောင်ရွက်ဖိုလို့ကြောင်း သိရသည်။

ထို့ပြင် ရထားပို့ဆောင်ရေးကဏ္ဍတွင်လည်း ပြည်တွင်းဘူတာကို ဒညင်းကုန်းသို့ပြောင်းရွှေ့ပြီး ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် မန္တလေးရထားဖြတ်လမ်းဖြစ်သော ပုဇွန်တောင်ရထားလမ်းအသုံးပြုခြင်းကို ပယ်ဖျက်၍ ရန်ကုန်မြို့ပတ်ရထားလမ်းကို MRT မြို့ပြရထားပို့ဆောင်ရေး အဖြစ်အသွင်ပြောင်းရန်လိုအပ်ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်မြို့တော်၏သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကုန်တင်၊ ကုန်ချလုပ်ငန်းများအတွက် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရ မည်ဖြစ်သည့်အပြင် အိုပောာင်းနေသော ဆိပ်ကမ်းပံ့ပိုးပစ္စည်းများကို ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်နေ ပြည်သူတို့၏ကျန်းမာရေးအတွက် ရေဆိုးလှောင်ကန်များ၊ ရေဆိုးသန့်စင်စက်များကို ရေဆိုးထွက်သည့်နေရာများတွင် တည်ဆောက်ရမည်ဖြစ်ပြီး သောက်သုံးရေသန့်စင်မှုရှိနိုင်စေရန် ရေသန့်စင်စက်ရုံအများအပြားကို တည်ထောင်ရန်လည်းလိုအပ်ကြောင်း သိရသည်။

လျှပ်စစ်ဖြန့်ဝေမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရန် အင်အားကြီးမားစွာဖြန့်ဝေနိုင်မည့် လျှပ်စစ်ဖြန့်ဖြူးရေးဌာနများကိုတည်ဆောက်၍ လျှပ်စစ်ဓာတ်အားခွဲစက်များအား တရားမဝင်ခိုးထုတ်မှုများမှ ကာကွယ်ရန်လည်းလိုအပ်ကြောင်း သိရသည်။

ဆက်သွယ်ရေးစနစ်အတွက်လည်း နိုင်ငံတကာအဆင့်မီဆက်သွယ်ရေးလိုင်းများတည်ထောင်ခြင်း၊ အင်တာနက်အထောက်အကူပြုပံ့ပိုး ပစ္စည်းများတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံများကြားတွင် OFC ထိန်းချုပ်မှုများထည့်သွင်းတည်ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း ၃၀ ကြာ တည်ဆောက်မည့် အဆိုပါ မဟာရန်ကုန်စီမံကိန်းကြီး ပြီးဆုံးပါက အာရှေ့တောင်အာရှနိုင်ငံများ၏ မြို့ကြီးများဖြစ်သော ဘန်ကောက်၊ ဂျာကာတာ၊ ကွမ်လမ်လာပူလို ရန်ကုန်မြို့သည်လည်း လူဦးရေထူထပ်ပြီး ကြီးမားသည့် မြို့ကြီးအဖြစ် ဖြစ်ထွန်းလာမည်ဖြစ်သည်။

YC

--------------------------------------------------------------------------------------------------------------

ကရင်ပြည်နယ်ဖွံ့ဖြိုးမှုထက် တရားဥပဒေစိုးမိုးမှုအား ဒေသခံများပိုမိုလိုလား

ကရင်ပြည်နယ်အတွင်း လုပ်ဆောင်လျက်ရှိသည့် အကြီးစားဖွံ့ဖြိုးမှုစီမံကိန်းများကိုရပ်ဆိုင်း၍ လူထုကိုအကာအကွယ်ပေးမည့် စီးပွားရေး ဥပဒေများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အကာအကွယ်ပေးမည့် နည်းဥပဒေများကိုသာ ဒေသခံများအနေဖြင့် ပိုမိုလိုလားကြောင်း လူထုကိုယ်စား လှယ်စောဖိုးချိုက အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် လူထုစည်းဝေးပွဲ တွင်ပြောကြားသည်။

မြန်မာအစိုးရနှင့် KNU တို့အနေဖြင့် စစ်မှန်သည့်ငြိမ်းချမ်းရေးများ ရရှိနိုင်စေရန် ကရင်ပြည်နယ်အတွင်းရှိ လူမှုအခြေခံအဖွဲ့အစည်းများ၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုကိုလက်ခံ၍ လူထုအတွက် အကျိုးရှိမည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ယင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စစ်မှန်ပြီးပွင့်လင်းမြင်သာမှုနှင့် ရေရှည်တည်တံ့ခိုင်မှုရှိရေး၊ ကျေးရွာ လူထုများ လွတ်လပ်စွာအသက်မွေးဝမ်ကျောင်းလုပ်ကိုင်နိုင်ရန် ကျေးရွာအတွင်းချထားသည့် အစိုးရစစ်တပ်စခန်းများကို ရုတ်သိမ်းပေးရေး၊ နယ်မြေ ဒေသများအတွင်းရှိ မြေမြှုပ်မိုင်းများအားလုံး ရှာဖွေဖယ်ရှားပေးရေး၊ ဥပဒေနှင့်အညီ လူထုမြေယာပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်စွာစိုက်ပျိုးခွင့်ကိုပြဋ္ဌာန်းပြီး အာမခံပေးမှုရရှိရေး၊ ကရင်အမျိုးသားအစည်းအရုံးနှင့် နိုင်ငံတော်အစိုးရတို့၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် သက်သေအဖြစ် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ပါဝင်ခွင့်ပြုရန်နှင့် ကရင်စာပေကို တရားဝင်ဘာသာရပ်အဖြစ် ကရင်ပြည်နယ် အတွင်းရှိ အစိုးရကျောင်းများတွင် သင်ကြားခွင့်ရရှိရေးအတွက် ထုတ်ပြန်ကြေညာခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၁၂ မေလ ၁၀ ရက်နေ့တွင် ဖာပွန်ခရိုင်၌လူထုနှီးနှောဖလှယ်ပွဲများကို ကျင်းပပြုလုပ်ခဲ့သေးကြောင်း သိရသည်။

YC

 ********************************************************************************************

နိုင်ငံရေးသတင်း

ဒီမိတ်(၁၀)ပါတီမှ ကျားဖြူပါတီနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီနုတ်ထွက်

ဒီမိုကရေစီနှင့်မိတ်ဆွေ(၁၀)ပါတီမှ အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ(SNDP)နှင့် ဖလုံစဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)တို့  နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ပါတီနှစ်ခုနုတ်ထွက်သွားရခြင်းမှာ ဒီမိတ်(၁၀)ပါတီရှိ အချို့ပါတီများမှာ နိုင်ငံရေးအသာစီးရယူမှုများနှင့် နိုင်ငံရေးဂုဏ်သိက္ခာအရ ထိခိုက်မှုများရှိလာသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဒီမိုကရေစီနှင့်မိတ်ဆွေ(၁၀)ပါတီမှ SNDP ပါတီနုတ်ထွက်သွားသည့်အတွက် ပါတီတွင်းသဘောထားကွဲလွဲမှုများဖြစ်ပေါ်ကာ SNDP ပါတီမှ ဗပာိုအလုပ်မှုဆောင်(ဘဏ္ဍာရေးမှူး-၂) ဦးစောမြင့်သန်းက တာဝန်မှနုတ်ထွက်ခွင့်ပြုရန် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နုတ်ထွက်စာတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း ၎င်းတို့ယုံကြည်စိတ်ချရသော အခြေအနေတစ်ရပ်သို့ ဒီမိတ်(၁၀)ပါတီကူးပြောင်းသွားနိုင်ပါက မိတ်ဆွေပါတီအဖြစ်မှရပ်စဲမှုကို ပြန်လည်စဉ်းစားသွားမည်ဖြစ်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ ၁၁ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ပြုလုပ်ကျင်းပခဲ့သည့် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း(NBF)၏ (၁၃)ကြိမ်မြောက်အစည်းအဝေးတွင် ဒီမိုကရေစီမိတ်ဆွေပါတီများနှင့် မိတ်ဆွေအဖြစ်မှရပ်စဲရန်သဘောတူညီခဲ့ကြသည်။ ထို့ပြင် ဒီမိုကရေစီနှင့်မိတ်ဆွေပါတီများမှ လွှတ်တော်သို့တင်သွင်းထားသည့် အချိုးကျကိုယ်စားပြုစနစ်(PR System)အား ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးရန်လက်မခံနိုင်ကြောင်းအချက်ပါဝင်သည့် NBF ၏ ၁၂ ကြိမ်မြောက် သဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

YC

 *******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 “လွှတ်တော်ကိုယ်စားလှယ်တွေ သွားတယ်ဆိုတာက တစ်ဖက်ကလည်းသဘောတူကြောင်း တင်ပြတော့ သွားရောက်ဆွေးနွေးတဲ့သဘောပါ။ အဓိကတော့ အကောင်အထည်ဖော်မှာကတော့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကပါ။ ရွာသားတွေက လက်မခံဘူးဆိုရင်တော့ တခြားအဆိုပြုထားတဲ့နေရာကို ပြန်စဉ်းစားရမှာပေါ့။ ပြည်သူ့ဆန္ဒကတော့ အရေးကြီးဆုံးပဲ။ ”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၀)၊ အမှတ် (၅၉၆) တွင်ပါရှိသော “ထားဝယ်ဆိပ်ကမ်းစီမံကိန်းအတွက် ဆည်တည်ဆောက်ရန် ကလုံးထာရွာ ရွှေ့ပေးရေးကို ရွာသားအများစု လက်မခံ” သတင်းမှ ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်း အထောက်အကူပြုအဖွဲ့ ဥက္ကဠ ဦးတင်မောင်ဆွေ ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------

“ကွန်ယက်အလုံအလောက်ဖြစ်သွားရင်တော့ ငါးထောင် ဒါမှမဟုတ် ငါးထောင်ထက်မများတဲ့ နှုန်းထားနဲ့လဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော့  စိတ်ထင် ၂၀၁၅/၂၀၁၆ လောက်မှာမှ အဲဒီဈေးနှုန်းမျိုးဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လည်း အပြင်ကုမ္ပဏီတွေကပူးပေါင်းလာပြီး ကွန်ယက်မြန်မြန် တည်ဆောက်နိုင်ရင်တော့ အဲဒီမတိုင်ခင်လည်း ဖြစ်နိုင်ပါတယ်။”

နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် Unity Journal အတွဲ (၁) အမှတ် (၃၄) တွင် ပါရှိသော “ဆက်သွယ်ရေးဥပဒေကြမ်းအတည်ပြုပြီးပါက သုံးလအတွင်း တန်ဖိုးနည်းဖုန်းများထွက်ရှိမည်” သတင်းမှ မိုဘိုင်းဖုန်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ်ဦးဌေးဝင်း၏ပြောကြားချက်အား ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------

“ဒါပေမယ့် ဗဟိုဘဏ်က သူရဲ့ စွမ်းဆောင်ရည်ကို ပြုပြင်တိုးမြှင့်လိုက်တယ်ဆိုပေမယ့် လူမှန်နေရာမှန်ရှိပြီလား။ နည်းပညာတွေ ပညာရှင်တွေရောရှိနေပြီလား။ ဥပဒေအပြည်အစုံရှိနေပြီလားဆိုတာကို စဉ်းစားရမယ်။ ဒါတွေ မရှိပဲနဲ့ ဘာမှ အဆင်သင့်ဖြစ်မှာ မဟုတ်ဘူး’

နိုဝင်ဘာ ၁၆ ရက်နေ့ထုတ်  မြန်မာတိုင်းမ် အတွဲ (၃၀) အမှတ် (၅၉၅)တွင် ပါရှိသော “မြန်မာနိုင်ငံဗဟိုဘဏ် ယခုနှစ်ပိုင်း မကုန်မီ လွတ်လပ်သော အဖွဲ့အစည်းဖြစ်လာမည်” သတင်းမှ ကမ္ဘောဇဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 ******************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment