Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၇.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံစီးပွားရေးတိုးတက်မှသာ ပဋိပက္ခများ ရှောင်နိုင်မည်ဖြစ်ကြောင်းပြောကြား
  2. ငြိမ်းချမ်းရေးဆွေးနွေးရန် သတင်းထွက်ပေါ်ချိန်တိုင်းတိုက်ပွဲများအရှိန်မြင့်တက်

နိုင်ငံရေးသတင်း

  1. နိုင်ငံတော်သမ္မတ၏တိုက်ရိုက်ကွပ်ကဲမှုဖြင့် ပြည်ထောင်စုအဆင့် လွတ်လပ်စွာလ်ုပ်ကိုင်ခွင့် ရလာတော့မည့် ဗပာိုဘဏ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

နိုင်ငံစီးပွားရေးတိုးတက်မှသာ ပဋိပက္ခများ ရှောင်နိုင်မည်ဖြစ်ကြောင်းပြောကြား

နိုင်ငံတွင်း စီးပွားရေးတိုးတက်မှုများဖြစ်ပေါ်မှသာ လက်ရှိရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုပဋိပက္ခများကို ရှောင်ရှား နိုင်မည်ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်အကြီးအကဲ သံအမတ်ကြီး(ငြိမ်း)ဦးလှမောင်က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများကို လျှောက်ထားရှင်းလင်းခြင်း အခမ်းအနားတွင်ပြောကြားသည်။

နိုင်ငံ၏စီးပွားရေး တိုးတက်မှုများဖြစ်ပေါ်ရန် တိုင်းပြည်တည်ငြိမ်ရေးမှာ အရေးကြီးသကဲ့သို့ တိုင်းပြည်တစ်ပြည် စီးပွားရေးတိုးတက်ရန် Political Stability တင်ကူးလိုအပ်ချက်ဖြစ်သော်ငြားလည်း တိုင်းပြည်တစ်ပြည် ပဋိပက္ခရှောင်နိုင်ရန်မှာ စီးပွားရေးတိုးတက်မှ ရှောင်နိုင်မည်ဖြစ်သည်။

တစ်ချိန်ကတရုတ်နိုင်ငံ တိုးတက်မှုများဖြစ်ပေါ်လာရခြင်းမှာ Special Economic ဇုန်နှင့် Export Processing ဇုန်များကြောင့်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ယင်းဇုန်များတည်ထောင်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေါများလာနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာနိုင် မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပဋိပက္ခများအဆုံးသတ်ရန် Economic Reform မှာ အရေးကြီးသော်လည်း လက်ရှိရခိုင်ပြည်နယ်အတွင်း လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲများ ကြောင့် ယင်းကိစ္စများလုပ်ဆောင်ရန်မှာ ခက်ခဲမည်ဖြစ်ကြောင်း မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်မှ ဦးသန်းလွင် (ကမ္ဘောဇဘဏ် လီမီတက် ဒု-ဥက္ကဋ္ဌ)က ယင်းအခမ်းအနားတွင် ပြောကြားသည်။

ထို့ပြင်  ကမ္ဘာတွင်တိုးတက်ပြီး အင်အားကြီးမားလျက်ရှိသော အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင်ရှိသည့် မြန်မာနိုင်ငံသည်လည်း တိုးတက်မှု၏ တစ်စိတ်တစ်ဒေသကိုခံစားရကြောင်းနှင့် သမ္မတနှင့် ဆရာတော်ကြီးများ မိန့်ကြားသကဲ့သို့ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲများကိုလျှော့ရန်နှင့် ဖျောက်ပစ်ရန် မေတ္တာရပ်ခံလိုကြောင်း ဦးသန်းလွင်က ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ၁၉၄၂ ခုနှစ်မှ စတင်၍ဖြစ်ပွားခဲ့သော လူမှုရေးပဋိပက္ခများသည် စုစုပေါင်း(၇)ကြိမ်ခန့်ရှိသွားပြီ ဖြစ်သော်လည်း လက်ရှိ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များမှာ ယခင်ဖြစ်စဉ်များထက်ပိုမိုပြင်းထန်ပြီး လူမှုရေးပဋိပက္ခမှ နိုင်ငံရေးပဋိပက္ခသို့ ဖြစ်ပေါ်နိုင်စေရန် သွေးထိုး လှုံဆော်မှုများပါဝင်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။

                

YC

****************************************************************************

ငြိမ်းချမ်းရေးဆွေးနွေးရန် သတင်းထွက်ပေါ်ချိန်တိုင်းတိုက်ပွဲများအရှိန်မြင့်တက်

လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ် မည်ပာု သတင်းထွက်ပေါ်ချိန်တိုင်းတွင် တိုက်ပွဲများမှာယခင်ထက် ပိုမိုအရှိန်မြင့်တက်လာလေ့ရှိကြောင်း ကချင်ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို့ တိုက်ပွဲအရှိန်များ မြင့်တက်လေ့ရှိသည့်အတွက် ကချင်ဒေသခံပြည်သူများမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်မည်ကို စိုးရိမ် ပူပန်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ကြားနေနိုင်ငံ ဖြစ်သည့် ဂျပန်နိုင်ငံတွင်ပြုလုပ်ရန် တောင်းဆိုမှုအား အစိုးရဘက်မှပယ်ချခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ Myanmar Peace Center တွင်သာပြုလုပ်ရန် လိုလားပြီး ပြည်တွင်းနိုင်ငံရေးပဋိပက္ခများကို အခြားနိုင်ငံများတွင် သွားရောက်ဆွေးနွေးရန် စိတ်အားထက်သန်ခြင်းမရှိကြောင်း MPC မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၁ ဇွန်လမှစတင်၍ တစ်နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိသော အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စုစုပေါင်း ခြောက်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

                YC

********************************************************************************************

နိုင်ငံရေးသတင်း

နိုင်ငံတော်သမ္မတ၏တိုက်ရိုက်ကွပ်ကဲမှုဖြင့် ပြည်ထောင်စုအဆင့် လွတ်လပ်စွာလ်ုပ်ကိုင်ခွင့် ရလာတော့မည့် ဗပာိုဘဏ်

ပြည်ထောင်စုလွှတ်တော်မှ မြန်မာနိုင်ငံတော် ဗပာိုဘဏ်အား သီးခြားလွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုပေးခဲ့သည့် ဗပာိုဘဏ်ဥပဒေကြမ်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဥပဒေကြမ်းတွင် ဗပိာုဘဏ်ဒါရိုက်တာ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်သမ္မတမှခန့်အပ်၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသော ဥက္ကဋ္ဌတစ်ဦး၊ နိုင်ငံတော်သမ္မတက ခန့်အပ်သော ဒု-ဥက္ကဋ္ဌနှစ်ဦး၊ အစိုးရကခန့်အပ်သော ဗပာိုဘဏ်ညွှန်ကြားရေးမှူးသုံးဦးနှင့် ပြည်ပမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူငါးဦးတို့ပါဝင်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် အဆိုပါဥပဒေကြမ်း(အခန်း(၅)နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားသုံးသီးသန့်စီမံခန့်ခွဲမှု)၌ ဗပာိုဘဏ်သည် အစိုးရ၏ အကြံပြုချက်ကိုရယူ၍ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို သတ်မှတ်အကောင်အထည်ဖော်ရမည်ဟု ဥပဒေကြမ်းတွင်ဖော်ပြပါရှိသည်။ ထို့အပြင်ဗပိာုဘဏ်သည် နိုင်ငံတော်က အခါအားလျော်စွာတင်ရှိလာနိုင်မည့် ပြည်ပကြွေးမြီများနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သင့်ကြောင်းကို စည်းကမ်းချက်များ၊ အခြားအချက်အလက် များနှင့်တကွ အစိုးရထံအကြံပြုတင်ပြနိုင်ကြောင်းနှင့် ထိုသို့တင်ပြနိုင်ရန် ဗပိာုဘဏ်သည် နိုင်ငံတော်က ချေးယူထားသော(သို့)အာမခံထားသော နိုင်ငံခြား ကြွေးမြီအားလုံး၏ နောက်ဆုံးလက်ကျန်စာရင်းများကို ဝန်ကြီးဌာနမှ တောင်းခံရယူနိုင်သည်ပာု ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

အဆိုပါဥပဒေကြမ်း(အခန်း(၁၀)ဘဏ်များ၏ နောက်ဆုံးငွေချေးဌားသူအဖြစ်ဆောင်ရွက်ခြင်း)၌ ဘဏ်များက ငွေကြေးလွယ်ကူ တိုးတက် ကောင်းမွန်စေရေးအတွက် ငွေရေးကြေးရေးအကူအညီ တောင်းခံလာသည့်အခါ ဗပာိုဘဏ်သည် ဘဏ်၏ငွေရေးကြေးရေး စွမ်းဆောင်ရည်ပေါ်အခြေခံ၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အချိန်ကာလအားဖြင့် ၉၂ နှစ်ရက်ထက်မပိုသော ယာယီချေးငွေများကို သင့်လျော်သောအတိုးနှုန်းထားဖြင့် ထုတ်ချေးနိုင်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ဗပာိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒ၊ ငွေကြေးစနစ်တည်ငြိမ်ရေး မူဝါဒများနှင့် နိုင်ငံတော်၏ ငွေကြေးအခြေအနေများနှင့်ပတ်သက်၍ အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တစ်နှစ်လျှင်အနည်းဆုံးနှစ်ကြိမ် အစီရင်ခံတင်ပြရမည် ဖြစ်သည်။ ဗပာိုဘဏ်မှ လက်ရှိနှစ်အတွင်း ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကို အများပြည်သူသိရှိနိုင်စေရန် အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် သုံးလတစ်ကြိမ် ထုတ်ပြန်ကြေညာရမည် ဖြစ်ကြောင်း ဥပဒေကြမ်းတွင်ပါရှိသည်။

YC

 *******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့က NLD ကိုဆန္ဒပြတာ မဟုတ်သလို၊ အမေစုလုပ်ရပ်တွေကို ကန့်ကွက်နေတာ မဟုတ်ဘူးဆိုတာ ပါတီဝင်တွေ သိပြီးသားဖြစ်တယ်။ NLD ကိုဖျက်ဆီးနေတဲ့ ရွှေပြည်သာကော်မရှင် ၁၅ ဦးရဲ့ဆုံးဖြတ်ချက် လွဲချော်နေတာကို ကန့်ကွက်ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်။ ဒီမိုကရေစီလို့သာ အော်နေတာ၊ သူတို့လုပ်ရပ်တွေက အာဏာရှင်ဆန်ဆန် ကျင့်သုံးနေတယ်။ ကော်မရှင်ဆိုတာ အလုပ်လုပ်ဖို့ဖွဲ့ထားတာ။ ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ဖို့ထားတာ မဟုတ်ဘူး။ ရွှေပြည်သာ NLD သန့်စင်ဖို့ ဆန္ဒပြရခြင်းဖြစ်တယ်”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (ဂ) တွင် ပါရှိသော “ရွှေပြည်သာ NLD ဥက္ကဠ အား အာဏာရှင်ဆန်သည်ဟုဆိုကာ ပါတီဝင်အချို့ကဆန္ဒပြ” သတင်းမှ NLD ပါတီအဖွဲ့ဝင် ဦးကိုကိုနိုင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                                ******************************************

“ကျင့်ဝတ်တွေ ပြောစရာမလိုဘူး။ စာနယ်ဇင်းသမားတွေမှာ ကျင့်ဝတ်ရှိပြီးသား၊ ဒါ့ကြောင့်ကျင့်ဝတ်ကို အစိုးရက ပြဠာန်းစရာမလိုဘူး၊ ကိုယ့်ဘာသာကိုယ် ပြဠာန်းမယ်၊ စာနယ်ဇင်းကျင့်ဝတ်ဆိုတာ စာနယ်ဇင်းကောင်စီကချမှတ်ရမှာ သူတို့သတင်းစာကို ဘယ်လိုပြောင်းမလဲဆိုတာ ပေါ်လာတယ်။ Social Service သတင်းစာ ဖော်ထုတ်လာတယ်။ တို့လိုချင်တာ လွတ်လပ်တဲ့သတင်းစာ ပေါ်ထွန်းရေးပဲ။ အစိုးရသတင်းစာလည်း မရှိမှရမယ်။ မြန်မာ့အလင်းတို့ ကြေးမုံတို့က ပုဂ္ဂလိကသတင်းစာတွေပဲ၊ အဲဒါကို အာဏာရှင်အစိုးရသိမ်းပြီး အစိုးရသတင်းစာပြောင်းထားတာ လွတ်လပ်တဲ့ပုဂ္ဂလိကသတင်းစာ ပေါ်လာရင် စတုတ္ထမဏ္ဍိုင်လည်း ထွန်းကားမယ်။ တိုင်းပြည်လည်း ဖွံ့ဖြိုးလာမယ်။ အစိုးရနဲ့ပြည်သူကြား ပေါင်းသင်းဆက်ဆံရေး တိုးတက်လာမယ်”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (ဂ) တွင် ပါရှိသော “ပြန်ကြားရေးဝန်ကြီး၏ ဂျာနယ်လစ်များသို့ အိတ်ဖွင့်ပေးစာအပေါ် အစိုးရကကျင့်ဝတ်ကို ပြဠာန်းစရာမလို ဟံသာဝတီ ဦးဝင်းတင်ဆို” သတင်းမှ ဟံသာဝတီဦးဝင်းတင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                        ********************************************************

“တက္ကသိုလ်ကို ပြန်လည်ပြုပြင်မွမ်းမံတယ်ဆိုတာ ကျွန်မပြောလိုတာက အဆောက်အအုံတွေကိုသာ မွမ်းမံတာကိုပြောတာမဟုတ်ပါဘူး။ သင်နည်းစနစ် တွေ၊ ဖွဲ့စည်းပုံတွေအားလုံးကိုပါ။ အဲဒီမှာ ကျောင်းသူ၊ ကျောင်းသားတွေရဲဘဝကို အခြေခံထားရပါမယ်။ တက္ကသိုလ်ဆိုတာ Student Center ပေါ့နော်။ ကျောင်းသူ ကျောင်းသားတွေကို ဗဟိုပြုရပါမယ်။ အဲဒီဗဟိုပြုတဲ့ ကျောင်းသူကျောင်းသားများဟာလည်း ဘွဲ့ကြို ကျောင်းသူ ကျောင်းသားများဖြစ်ဖို့ရာ အရေးကြီးပါတယ်။”

 နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၀)၊ အမှတ် (၅၉၆) တွင်ပါရှိသော “ဘွဲ့ကြိုတန်းများ အဆင့်မမီပါက ဘွဲ့လွန်တန်းတွင် အဆင့်မမီနိုင်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

*******************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment