Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၃.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အိမ်နီးချင်းနိုင်ငံများမှဓါတ်အားဝယ်ယူရန်ထိုင်းမျှော်မှန်း

(Bangkok Post မှ 22 Nov 2012 ရက်စွဲပါ “Thailand eyes neighbour’s power supply” ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

အိမ်နီးချင်းနိုင်ငံများမှဓါတ်အားဝယ်ယူရန်ထိုင်းမျှော်မှန်း

(Bangkok Post မှ 22 Nov 2012 ရက်စွဲပါ “Thailand eyes neighbour’s power supply” ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံသည် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် သဘာဝဓါတ်ငွေ့အပေါ် မှီခိုနေရခြင်းကို လျှော့ချရန်အတွက် စွမ်းအင်ရင်းမြစ်များကို ခွဲခြားထားဖြန့်ရန် ကြိုးစားသည့်အနေဖြင့် လာအိုနှင့် မြန်မာတို့ထံမှ လျှပ်စစ်စွမ်းအား ၂၀၀၀၀ မဂ္ဂါဝပ် ပိုမိုဝယ်ယူရန် မျှော်လင့်လျှက်ရှိသည်။

လာအိုနှင့် မြန်မာတို့ထံမှ လျှပ်စစ်ဓါတ်အားသည် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံများမှအဓိက ထွက်ရှိ သည်ပာု ထိုင်းစွမ်းအင်ဝန်ကြီး မွန်စပ်ရာတာပွန်ဗိုင်စပ်က ပြောကြားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဓါတ်အား ၁၅၀၀ မဂ္ဂါဝပ်နှင့် လာအိုနိုင်ငံမှ ၇၀၀၀ မဂ္ဂါဝပ်ဝယ်ယူရန် လွန်ခဲ့သော ၁၀ နှစ်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ယခုအချိန်အထိ လာအိုထံမှ ရေအားလျှပ်စစ်မဂ္ဂါဝပ် ၂၀၀၀ ခန့်ရရှိနေပြီး အကောင်အထည် ဖော်နေဆဲ ရေအားလျှပ်စစ်နှင့် ကျော်မီးသွေးလောင်စာသုံး ဓါတ်အားပေးစီမံကိန်းများမှ နောက်ထပ်မဂ္ဂါပ် ၃၀၀၀ ရရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံမှရရှိမည့် ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစီမံကိန်းများမှာမူ စတင်ခြင်းမရှိသေးပေ။

၂၀၂၀ နှင့် ၂၀၃၀ ခုနှစ်အထိရည်မှန်း၍ ပြင်ဆင်ရေးဆွဲထားသော ဓါတ်အားဖွံ့ဖြိုးရေး အစီစဉ်အရ အိမ်နီးချင်းနိုင်ငံများမှရမည့် လျှပ်စစ်ဓါတ်အား ပမာဏသည် ထိုင်းနိုင်ငံ၏ စုစုပေါင်းဓါတ်အား ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိမည်ဟု သိရှိရသည်။

“လာအိုနှင့် မြန်မာနိုင်ငံတို့ထံမှ နောက်ထပ်ဓါတ်အား ၁၀၀၀၀ မဂ္ဂါဝပ် ထပ်မံရရှိရန်အတွက် ဆွေးနွေးမှုများအရှိန်မြှင့်ရန် ထိုင်းဓါတ်အား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့(Egat)ကို တာဝန်ပေးထားသည်။ ထိုနိုင်ငံများ၏ လျှပ်စစ်ထုပ်လုပ်မှုသည် ယခုအချိန်အထိ လိုအပ်ချက်ကို နိုင်နင်းနေဆဲ ဖြစ်သော်လည်း ၎င်းတို့၏ စီးပွားရေးကဏ္ဍနယ်ပယ် ကြီးထွားဖွံ့ဖြိုးလာနေသည်”ဟု ဝန်ကြီးပေါင်ဆပ်က ပြောကြားသည်။

ထိုင်းစွမ်းအင်ဝန်ကြီးက ဆက်လက်၍ “အထူးသဖြင့် ၂၀၁၆ တွင် အာဆီယံစီးပွားရေး အသိုင်းအဝိုင်းပေါင်းစည်းမှု သက်ဝင်ပြီးနောက်ပိုင်း ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှု တစ်ဟုန်ထိုးတိုးတက်ကာ ဓါတ်အားလိုအပ်ချက် မြင့်လာလိမ့်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် သဘာဝဓါတ်ငွေ့ အပေါ်တွင် မှီခိုလွန်းအားကြီးကြောင်း၊ စုစုပေါင်းဓါတ်အား၏ ၇၀ ရာခိုင်နှုန်းကိုသာ သဘာဝဓါတ်ငွေ့ဖြင့် ထုတ်လုပ်ပြီး၊ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံများမှ ၂၀ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ၅ ရာခိုင်နှုန်း အသီးသီးထုပ်လုပ်ပေးကြောင်း” ရှင်းလင်း ပြောကြားခဲ့သည်။

လာမည့်နှစ်များအတွင်း ဓါတ်အားထုတ်လုပ်မှုကဏ္ဍတွင် စရိတ်ကြီးသော LNG ဓါတ်ငွေ့သုံးစွဲမှုများ တစ်ဖြေးဖြေး တိုးတက်လာမည်ဖြစ်၍ ဓါတ်အားခများ ဈေးတက်လာမည်ဟုလည်း သိရသည်။

Egat ဥက္ကဋ္ဌ ဆူတပ်ပတ္တမာဆရီဝပ်က ထိုင်းနိုင်ငံသည် သမားရိုးကျ ဓါတ်အားပေးစက်ရုံများသာမကပဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် စီမံကိန်းများကိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြနေမှုများကြောင့် ဓါတ်အားပေးစီမံကိန်းသစ်များ တည်ဆောက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားသည်။

“အကယ်၍ ထိုင်းလျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုတွင် LNG ဓါတ်ငွေ့ကို ဆက်လက်မှီခိုနေရပါက တစ်ယူနစ်လျှင် ၃.၂ ဘတ်မှ ၆ ဘတ် သို့ နှစ်ဆနီးပါး ဈေးတက်သွားဖွယ်ရှိပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုစရိတ် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေလိမ့်မည်”ဟု ၎င်းက ပြောကြားသည်။

“ထိုင်းနိုင်ငံမှာ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားပေးစက်ရုံတွေ ပိုမိုဖွံ့ဖြိုးလာရေးကိုစတင်ဖို့ ကြိုးစားနေသင့်ပြီဖြစ်လို့ သန့်ရှင်းတဲ့ ကျောက်မီးသွေးနဲ့ တစ်ခြားသန့်ရှင်းတဲ့ စွမ်းအင်နည်းပညာတွေရဲ့အရေးပါမှုကို ပြည်သူတွေသဘောပေါက်အောင် လုပ်ဖို့ကိစ္စဟာ ကျွန်တော်တို့ကို ရေရေလည်လည် စိန်ခေါ်နေပါပြီ” ဟု ၎င်းကဆိုသည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ချန်နမ်ချိုင်က “ထိုင်းနိုင်ငံသည် ရုပ်ကြွင်းလောင်စာသုံး ဓါတ်အားပေးစက်ရုံများထက် ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများစွာ လျော့နည်းသော နျူးကလီးယားစွမ်းအင် နည်းပညာကို မျှော်မှန်းထားသင့်သည်ဟု ပြောကြားသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment