Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၄.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရခိုင်ပြည်နယ်မှ အိုးအိမ်မဲ့များအတွက် အရေးပေါ်အကူအညီများ ပို့ဆောင်

(Scoop Independent News မှ 24 Nov 2012 ရက်စွဲပါ "Emergency Aid for Displaced in Myanmar's Rakhine State"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ကုန်သွယ်မြှင့်တင်ရေးအဖွဲ့ ထူထောင်ရန် Kotra ကူညီမည်

(Korea Joong Ang Daily မှ 24 Nov 2012 ရက်စွဲပါ "Kotra helping to set up trade body in Myanmar" သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်မှ အိုးအိမ်မဲ့များအတွက် အရေးပေါ်အကူအညီများ ပို့ဆောင်

(Scoop Independent News မှ 24 Nov 2012 ရက်စွဲပါ "Emergency Aid for Displaced in Myanmar's Rakhine State"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မကြာသေးမီက လူမျိုးစုအဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူများအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ပို့ဆောင်မှုကိုစတင်နေပြီပာု ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီက ယနေ့ထုတ်ပြန်ကြေညာသည်။

ယခုသီတင်းပတ်ဒူဘိုင်းမှ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်နှစ်ခုတွင် ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခသည်(IDPs)၁၇၅၀၀ ခန့်အတွက် မိသားစု နေနိုင်သောအရွယ် ယာယီရွက်ဖျက်တဲ ၃၅၀၀ ခန့် ပါဝင်မည်ပာု ဆိုသည်။

"လက်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ လူတွေပြည့်လျှံနေပြီး အိမ်ရှင်မိသားစုတွေပာာ သူတို့ကိုယ်သူတို့တောင် အနိုင်နိုင်ရုန်းကန်နေရပါတယ်။ တစ်ချို့လူတွေက မီးလောင်ပြင်မှာပဲ နေကြရတယ်။ တစ်ချို့ကလည်း လှေတွေပေါ်မှာဖြစ်သလို အိပ်ကြရတယ်။ အိုးအိမ်မဲ့ ဒုက္ခသည်တွေနေထိုင်ဖို့ ဘေးကင်းတဲ့နေရာ အရေးပေါ် လိုအပ်နေပါတယ်"ပာု UNHCR ပြောရေးဆိုခွင့်ရှိသူ အေဒရီယမ်အက်ဒွပ်က ဂျီနီဗာတွင် သတင်းထောက်များအားပြောကြား သည်။

ပြီးခဲ့သောလပိုင်းအတွင်း ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လူမျိုးစုအကြမ်းဖက်မှုများသည် ဇွန်လမှစ၍ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုပာင်ဂျာ မွတ်စလင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေဆိုးဝါးသောကြောင့် အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရသည်။

ဇွန်လက အကြမ်းဖက်မှုတွင် လူ ၁၀၀ ခန့်သေဆုံး၍ နေအိမ်ရာပေါင်းများစွာ ပျက်စီးကာ လူပေါင်း ၇၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ စက်တင်ဘာလကုန်ပိုင်းတွင် ထပ်မံဖြစ်ပွားသော အဓိကရုဏ်းကြောင့် အနည်းဆုံး ၈၉ ဦးသေဆုံးကာ နေအိမ်ပေါင်း ၅၃၀၀ ခန့်မီးလောင်ပျက်စီး၍ လူပေါင်း ၃၆,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ပာု ကုလသမဂ္ဂခန့်မှန်းချက်များအရ သိရှိရသည်။

ဘေးဒဏ်သင့်ဒေသများတွင် အရေးပေါ်စာနာမှုအကူအညီများ ဆောင်ရွက်ရန်အတွက် နောက်ထပ်ရန်ပုံငွေ ဒေါ်လာ ၄၁ သန်းရရှိရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးဌာန OCHA ကမေတ္တာရပ်ခံခဲ့ပြီးနောက် ယခုကဲ့သို့ ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံပေးပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဓိကရုဏ်းဖြစ်ပွားပြီးချိန်မှစ၍ UNHCR ကမြန်မာနိုင်ငံတွင် အရန်သိုလှောင်ထားသော ရွက်ဖျင်တဲ ၅၀၀ နှင့် Korea International Cooperation Agency က လှူဒါန်းသော ရွက်ဖျင်တဲ ၇၀၀ တို့ကိုဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်သည်။ သို့သော် နေထိုင်စရာ အမိုးအကာလိုအပ်ချက် ကြီးမားနေဆဲပာု မစ္စတာအက်ဒွပ်က ဆိုသည်။

UNHCR နှင့်မိတ်ဆွေအဖွဲ့အစည်းများသည် ဇွန်လအဓိကရုဏ်းကြောင့် ဘေးဒဏ်သင့်သူများ အိမ်ပြန်လာနိုင်အောင် မောင်းတောမြို့တွင် နေအိမ်များ ပြန်လည်တည်ဆောက်ရေးကိုလည်း လုပ်ဆောင်နေကြသည်။ ကုလဒုက္ခသည်အေဂျင်စီ UNHCR နှင့်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့သည် စစ်တွေမြို့တွင်လည်း အကြမ်းဖက်အဓိကရုဏ်းကြောင့် အိမ်မပြန်နိုင်သေးသူ မိသားစု ၄၀၀၀ ခန့်အတွက် ယာယီတဲများကိုတည်ဆောက် ပေးနေသည်။

ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီသည် အိုးမဲ့အိမ်မဲ့ဒုက္ခသည် ၅၀၀၀ ကျော်အတွက် အဝတ်အထည်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ အပါအဝင် ပလပ်စတစ်အခင်း၊ စောင်၊ ခြင်ထောင်၊ အိုးခွက်ပန်းကန်များကိုလည်း ဖြန့်ဖြူးထောက်ပံ့ပေးလျက်ရှိသည်။

"ကျွန်တော်တို့အနေနဲ့ အရေးပေါ်စာနာမှုအကူအညီတွေဖြန့်ဖြူးဖို့ လုပ်ကိုင်နေပေမယ့် ဘေးဒဏ်သင့်သူတွေကာကွယ်ပေးရေး လိုအပ်ချက်ပာာ ကျွန်တော်တို့အတွက် ပထမဦးစားပေး ဖြစ်နေဆဲပါ။ ဇွန်လကစပြီး သွားလာမှုတွေကို ပိုမိုတင်းကြပ်လာတဲ့အတွက် ဘေးဒဏ်သင့်ပြည်သူတွေရဲ့ အသက် မွေးဝမ်းကျောင်းနဲ့ စားစရာဖူလုံရေးကို ထိခိုက်စေပါတယ်။ အခြေခံဝန်ဆောင်မှုတွေ ရရှိရေးပာာလည်း နောက်ထပ်အိုးအိမ်မဲ့ ပြဿနာတွေ ဖြစ်ပွား လာစေနိုင်ပါတယ်"ပာု မစ္စတာအက်ဒွပ်က ပြောကြားသည်။

UNHCR အနေဖြင့် နိုင်ငံသားဥပဒေနှင့် ဆက်စပ်သောကိစ္စရပ်များအတွက် ကျွမ်းကျင်မှုအကူအညီများပေးရန် အသင့်ရှိနေသည်ပာုလည်း အေဂျင်စီပြောရေးဆိုခွင့်ရှိသူ အက်ဒွပ်က ဆက်လက်ပြောကြားခဲ့သည်။

                                        ********************************************

 

မြန်မာနိုင်ငံတွင် ကုန်သွယ်မြှင့်တင်ရေးအဖွဲ့ ထူထောင်ရန် Kotra ကူညီမည်

(Korea Joong Ang Daily မှ 24 Nov 2012 ရက်စွဲပါ "Kotra helping to set up trade body in Myanmar" သတင်းကိုဘာသာပြန်ဆိုသည်)

ကိုရီးယားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ(Kotra)က အထီးကျန်တိုင်းပြည်၏ ပို့ကုန်အားပေးရေးဆိုင်ရာ ဗပာုသုတများကို ဝေမျှရန်ကြိုးစားသည့်အနေဖြင့် မြန်မာနိုင်ငံတွင် အလားတူ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ထူထောင်ရန်ကူညီသွားမည်ပာု မနေ့ကပြောကြားသည်။

နိုင်ငံပိုင်ကုန်သွယ်ရေးအဖွဲ့ Kotra ကအလားတူကုန်သွယ်ရေး အေဂျင်စီသစ် Mytra ဖွဲ့စည်းထူထောင်ရန် မြန်မာအစိုးရနှင့် လတ်တလော ဆွေးနွေးမှုပြုလုပ်နေသည်ပာုဆိုသည်။

Kotra သည် Mytra အတွက် စံပြမော်ဒယ်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး Mytra သည် မြန်မာနိုင်ငံမှ ကုမ္ပဏီများ၊ အငယ်စား ပို့ကုန်လုပ်ငန်းများ ကို ပြည်ပဈေးကွက်တွင် လမ်းသစ်ထွင်နိုင်အောင် ကူညီပေးမည်ဖြစ်ကြောင်း၊ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှင်လာအောင် ဆွဲဆောင်ရန် အားပေးရန်ဖြစ်ကြောင်း ကိုရီးယားကုန်သွယ်ရေးအေဂျင်စီက ရှင်းလင်းပြောကြားသည်။

ကိုရီးယား၏ ပို့ကုန်အားပြုဖွံ့ဖြိုးရေးပုံစံကို ပိုမိုလေ့လာနိုင်ရန်အတွက် လာမည့်လများတွင် ဆိုးလ်မြို့တော်သို့ မြန်မာအစိုးရ တာဝန်ရှိသူများ လာရောက်ကြမည်ပာု ဆိုသည်။ ကုန်သွယ်ရေး အေဂျင်စီတစ်ခုကို မည်သို့အောင်မြင်စွာ ထူထောင်စီမံခန့်ခွဲရမည်ကို သင်ယူလေ့လာနိုင်အောင် Kotra က လေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်ပေးမည်ပာု သိရသည်။

အသေးစိတ်အချက်များကို ဆွေးနွေးနေဆဲဖြစ်သော်လည်း လာမည့်နှစ်တွင် Mytra ကိုထူထောင်နိုင်လိမ့်မည်ပာု Kotra က ကြေညာချက်ထုတ်ပြန် သည်။

၎င်းအစီအစဉ်သည် ယခင်လက သမ္မတဦးသိန်းစိန် ဆိုးလ်မြို့တော်သို လာရောက်လည်ပတ်ရင်း အကူအညီတောင်းခံသွားပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး ဖျက်သိမ်းပြီးနောက်တွင် နိုင်ငံတကာအရေးယူပိတ်ဆို့မှု Sanctions များ ဖြေလျော့ဖျက်သိမ်းသွား သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ကာ စီးပွားရေးမြှင့်တင်ရန်ကြိုးစားနေသည်။

တစ်ချိန်က အိမ်တွင်းပုန်းတံခါးပိတ် မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့် ထိတွေ့ဆက်ဆံရန် မနှစ်က စတင်တံခါးဖွင့်လိုက်ပြီဖြစ်ရာ မြန်မာဈေးကွက် သစ်ကိုခြေချရန် Kotra ကအားထုတ်ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိသည်။

Kotra သည် လာမည့်မတ်လတွင် ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကိုလည်း ကျင်းပဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းထားသော Kotra သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စက်တင်ဘာလက ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့သည်။

                                                      ************************************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment