Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၅.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ငွေပေးချေမှုနှင့် ပို့ကုန်တန်ဖိုးပြန်ရှိမှုကင်းလွတ်ခွင့် စစ်ဆေးချက်များပယ်ဖျက်
  2. ပြည်တွင်းလျှပ်စစ်ဓာတ်အားဖူလုံရေးအတွက် ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်ရောင်းမည်မပာုတ်တော့

နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်တွင် ဝန်ထမ်းများ၏ မှားယွင်းအလွဲသုံးစားလုပ်မှု ကျပ်သန်းပေါင်းများစွာရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ငွေပေးချေမှုနှင့် ပို့ကုန်တန်ဖိုးပြန်ရှိမှုကင်းလွတ်ခွင့် စစ်ဆေးချက်များပယ်ဖျက်

မြန်မာ့ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ရာတွင် ဗပာိုဘဏ်သွင်းကုန် ငွေပေးချေမှုကင်းလွတ်မှု(IBRE)နှင့် ပို့ကုန်တန်ဖိုး ငွေပြန်ရရှိမှု ကင်းလွတ်ခွင့်(EBRE)တို့ စစ်ဆေးမှုကို အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ဖြေလျော့ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။

ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် IBRE နှင့် EBRE များယူနိုင်ရန် သုံးရက်မှ တစ်ပတ်အထိ အချိန်ပေးလေ့ရှိသည့် အတွက် မလိုလားအပ်သည့် အချိန်ကြန့်ကြာမှုများကို ရင်ဆိုင်ရလေ့ရှိကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ဖြေလျော့မှုများ ပြုလုပ်ပေးလိုက်ပြီးနောက် ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်များ၏လျှောက်ထားချက်များအား အကောက် ခွန် ဦးစီးဌာနမှ တစ်ပတ်တစ်ကြိမ်စစ်ဆေး၍ ဗပာိုဘဏ်သို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၏ ကုန်သွယ်ရေးသို့တင်ပြရသော ပို့ကုန် သွင်းကုန်ဆိုင်ရာ အချက်အလက်များကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်ပေးပို့ရန် အခွန်ဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

YC

-------------------------------------------------------------------------------------------------------------

ပြည်တွင်းလျှပ်စစ်ဓာတ်အားဖူလုံရေးအတွက် ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်ရောင်းမည်မပာုတ်တော့

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှုလုံလောက်စွာရရှိနိုင်စေရေးအတွက် နှစ် ၂၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောင်းချလျက်ရှိသော ပြည်တွင်းလျှပ်စစ်ဓာတ်အားများကို ထပ်မံရောင်းချတော့မည် မပာုတ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်ကျင်းပခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ၏ ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက် ရေး ကော်မရှင် အစည်းအဝေးတွင် ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချ တော့မည်မပာုတ်ကြောင်း မြန်မာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် စိုင်တင်ရေအားလျှပ်စစ်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အကြား တည်ဆောက်လျက်ရှိသည့် လေးမြို့ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား များကို ဝယ်ယူရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပဏာမသဘောတူညီမှုများပြုလုပ်ခဲ့ဘူးကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်ဓာတ်အားရောင်းချတော့မည်မပာုတ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လျှပ်စစ်လိုအပ်ချက်များ ရှိလာနိုင်မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လိုအပ်သောလျှပ်စစ်ဓာတ်အားရရှိနိုင်ရန် ဘူတန်၊ အိန္ဒိယ၊ နီပေါ နိုင်ငံတို့မှ ဝယ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်

        YC

*********************************************************************************************

နိုင်ငံရေးသတင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်တွင် ဝန်ထမ်းများ၏ မှားယွင်းအလွဲသုံးစားလုပ်မှု ကျပ်သန်းပေါင်းများစွာရှိ

ပုဂ္ဂလိကထံမှ ရရန်ကြွေးများနှင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၏ မှားယွင်းမှု၊ အလွဲသုံးစားမှုကြောင့် နိုင်ငံတော်ထံသို့ ပြန်လည်ပေးသွင်း ရမည့်ငွေကျပ်သန်းပေါင်း  လေးသောင်းကျော် ရှိုကြောင်း ပြည်ဆောင်စု စာရင်းစစ်ချုပ်ရုံ၏ စစ်ဆေး တွေ့ရှိချက်ဖြင့်စပ်လျှင်း၍ နိုင်ငံတော်သမ္မတ ထံသို့အရေးကြီးအဆို တင်သွင်းခဲ့ကြောင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင် ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၅/၂၀၁၂) အရသိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဝန်ကြီးဋ္ဌာနများတွင် နိုင်ငံတော်မှသတ်မှတ်ဘဏ္ဍာရေးကာလအတွင်း ခွဲဝေပေးထားသော ရသုံးငွေစာရင်းနှင့် နိုင်ငံတော်ကိုပြန်လည်အပ်နှံရမည် ငွေစားရင်းများတွင် မသာမာသောသဘောဖြင့် ဆောင်ရွက်မှုကြောင့်နိုင်ငံတော်မှနစ်နာဆုံးရှုံးမှု ၄၇ မှု ရှိကြောင်း သိရသည်။ ပုဂ္ဂလိကကုမ္ပဏီများမှရရန် အကြွေးကျပ်ငွေ ၄၀၈၂၈ ဒသမ ၁၂၂ သန်း နှင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၏ မှားယွင်းမှု၊ အလွဲသုံးစားမှုကြောင့် ကျပ် ၁၄၃ ဒသမ ၉၁၆ သန်း ကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း ကိုအစီရင်ခံစာတွင်ဖော် ပြခဲ့သည်။

စာရင်းစစ်ချုပ်ရုံးသည် သက်ဆိုင်ရာ စိုးရဋ္ဌာနများတွင် လုပ်ထုံးလုပ်နည်းနားလည်မှုလွဲသဖြင့် စာရင်းမှားယွင်း နေမှု များကိုလည်းသက် ဆိုင်သော ဌာနအကြီးအကဲများနှင့်ဆွေးနွေးပြီးလို အပ်သည်များကိုပြင်ဆင်တည့်မတ် ပေးခဲ့ကြောင်း သိရသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်စာရင်းအရမှားယွင်းနေသော ကျပ်ငွေ ၁၉ ဒသမ ၀၅၇သန်းကို နိုင်ငံတော်သို့ပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်း၊  ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်သို့ ပေးသွင်းရန်ကျန်ငွေ ၁၁၇ ဒသမ ၇၀၁ သန်းကိုပြန်လည်ပေးသွင်းရေးနှင့်ပတ်သက်၍ သတင်းထုတ် ပြန်ပြီးဖြစ်ကြောင်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီဌာနအနေဖြင့်လည်း နိုင်ငံတော်သို့ပြန်လည် ပေးသွင်းရမည့်ငွေများကို ကြပ်မတ်ဆောင်ရွက် လျှက် ရှိကြောင်းသိရှိရသည်။

ပုဂ္ဂလိကကုမ္ပဏီများထံမှရရန် အကြွေးများကိုလည်း သက်မှတ်ကာလအတွင်းပေးသွင်းကြရန် သက်ဆိုင်ရာအစိုရဌာနများအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။                

YC

*******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ          

မှာလွှင့်ပြီးတော့မှရခိုင်ပြည်နယ်မှာသည်လိုသေနေပါတယ်။ဒါမျိုးတွေလုပ်လိုက်တဲ့အတွက်ကြောင့်အတော်လေးကိုဂရက်ရိုက်သွားပါတယ်။ ပြည်တွင်းက လည်း လူမျိုးစွဲစိတ်ဓာတ် ပြင်းထန်တဲ့လူတွေ၊ ဘာသာစွဲစိတ်ဓါတ် ပြင်းထန်တဲ့သူတွေ  ဒီလူတွေရဲ့သွေးထိုးမှုတွေ ဒါတွေလည်း ပါပါတယ်။ အဆိုးဆုံးက တော့ ပြည်ပကနေ မဟုတ်မမှန် သတင်းတွလွှင့်တဲ့အတွက်ကြောင့် အစ္စလမ်နိုင်ငံတော်တော်များများဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး ကျွန်တော်တို့ အပေါ်ယုံမှားသံသယတွေဖြစ်ပါတယ်”

နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်း(စ်) ဂျာနယ် အတွဲ (၃၀) အမှတ် (၅၉၆) တွင်ပါရှိသာ “ရခိုင်အရေး ဖြေရှင်းမှုနှင့် ပါတ်သက်ပြီ နိုင်ငံတကာထောက်ခံမှုရရှိ” သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

---------------------------------------------------------------------

သမ္မတဦးသိန်းစိန်နဲ့ သမ္မတအိုဘားမားတို့တွေ့ဆုံစဉ်မှာ ဒီပြုပြင်ပြောင်းလဲရေး လမ်းစဉ်နဲ့ပတ်သက်လို့ တော်တော် ပြောဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ သမ္မတဦးသိန်းစိန်ဆီကရော တိကျတဲ့အာမခံချက်တွေရခဲ့ပါသလား။ သမ္မတဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရဆီကတင်ပြပြောဆိုချက်တွေကို ကျွန်တော်တို့အမြဲကြားရပါတယ်။ သမ္မတဦးသိန်းစိန်က သမ္မတအိုဘားမားနဲတွေ့တုန်းက မြန်မာနိုင်ငံဟာနောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ပြုပြင် ပြောင်းလည်းရေး လမ်းကြောင်းပေါ်ရောက်နေပြီဆိုတဲ့အကြောင်းနဲ့ သမ္မတအိုဘားမားရဲ့ရှေသို့ချီတက်ကြစို့ဆိုတဲ့ မဲဆွယ်စည်းရုံးရေးဆောင်ပုဒ်အတိုင်း ရှေ့တိုးဆောင်ရွက်နေပါတယ်လို့ ပြောသွားတော့သမ္မတအိုဘားမား အတော်လေး ဘဝင်ခိုက်ခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့မပြတ်စောင့်ကြည့်အကဲခတ်နေရာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုအကုန်လုံးမဟုတ်တောင်တစ်ဆင့်ချင်း လျှောက်လှမ်းနေတာကို တွေ့ ရပါတယ်။ ဒီအတိုင်းဆက်လုပ်သွားလိမ့်လ“ဒါတွေကို ခင်ဗျားတို့လည်းသိပါတယ်။ တိဗက်တို့ဘာတို့မှာ ငလျင်လှုပ်တုန်းက အတုံး အရုန်းနဲ့ သေကြပြုကြ တဲ့ ပုံတွေကို အင်တာနက်တွေထဲို့လည်းကျွန်တော်တို့မျှော်လင့်နေပါတယ်။”

နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၁) အမှတ် (၃၇) တွင်ပါရှိသော  “သမိုင်းတလျှောက် ပထမဆုံး အမေရိကန်သမ္မတ၏ မြန်မာခရီးစဉ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကန်သံအမတ်နှင့် ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း” မှကောက်နှုတ်ချက်။

------------------------------------------------------------------------

“အခွန်ကို ပြည်သူကလိုလိုလားလားပေးချင်အောင် အခွန်စနစ်ကိုပြင်ရမည်။ ကုမ္ပဏီကတကယ် ရှုံးနေရင်လည်း ပေးဖို့ မလိုအောင်လုပ်ရမည်။ သူတို့ဘက်ကလိမ်မှာကြောက်တယ်။ အဲတော့ကျွမ်းကျင်တဲ့ပညာရှင်တွေခန့်ဖို့လိုတယ်။ စာရင်း စစ်တဲ့စနစ်တွေလည်းသိပ်ညံ့ဖျင်းနေတယ်။ စားရင်းလိမ် လို့ မရင် လာဘ်စားလို့မရဘဲ ပြည်သူတွေလည်း အခွန်ထမ်း လာမှာပေါ့”

နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် The Voice Journal အတွဲ (၈) အမှတ် (၄၇) တွင်ပါရှိသော “မြန်မာအခွန်စနစ် အကြီးစားပြင်ဆင်မည်” သတင်းမှ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ပြေားကြားချက်အား ကောက်နှုတ်ချက်။

*******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment