Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၅.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အရှေ့တောင်အာရှသည်ထင်သည်ထက်ပိုခက်သည်ဟု Obama တွေ့မြင်

(24 November 2012 ရက်စွဲပါ Jakart Post မှ Murrary Huanter ရေးသားသော Obama finds South East Asia much tougher than the thought ကိုဘာသာပြန်သည်)

  1. ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြမှုကြီး ဘန်ကောက်တွင်ဖြစ်ပေါ်၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ

(BBC သတင်းဌာနမှ 24 Nov 2012 ရက်စွဲပါ Thai police fire tear gas at Bangkok anti-government rally ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

 အရှေ့တောင်အာရှသည်ထင်သည်ထက်ပိုခက်သည်ဟု Obama တွေ့မြင်

(24 November 2012 ရက်စွဲပါ Jakart Post မှ Murrary Huanter ရေးသားသော Obama finds South East Asia much tougher than the thought ကိုဘာသာပြန်သည်)

အမေရိကန်သမ္မတ barck Obama ၏ထိုင်းနှင့်မြန်မာနိုင်ငံခရီးစဉ်များသည် မှတ်တိုင်ဖြစ်ခဲ့ပြီး ကောင်းမွန်စွာ ပြီးဆုံးသွားခဲ့ ပါ သည်။ ၎င်းသည်မှန်ကန်သောကိစ္စများ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာခရီးစဉ်တွင်လည်း သံသယဖြစ်ဖွယ်များ ရှိသော်လည်းမှန် ကန်သော သတင်းစကား များပေးနိုင်ခဲ့ပါသည်။ အထူးသဖြင့်၎င်းခရီးစဉ်တွင် အားလုံးညီညွတ်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြေားရာ၌ အားလုံးပါဝင်နိုင်ရေးကိုကောင်းစွာ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံရှိစာစောင်များတွင်လည်း၎င်း၏ခရီးစဉ်ကို နွေးထွေးစွာကြိုဆိုခဲ့ပါ သည်။

ကမ္ဘောဒီးယားခရီးစဉ်ကိုလည်း ထိုနည်းလည်းကောင်းဟု ပြောနိုင်ပါသည်။ မြန်မာခရီးစဉ်ကဲ့သို့ပင် Obama ၏ ကမ္ဘောဒီးယား ခရီးစဉ်ကိုလူအခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ခဲ့ ကြပါသည်။ အဆိုပါခရီးမှာ ပို၍စိတ်ပူပန်မှုများ ရှိနိုင်ဖွယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်မြန်မာနိုင်ငံမှ ဦးသိန်းစိန်သည်ဖြေလျှော့မှု လမ်းစဉ်တွင်သွားနေပြီး ကမ္ဘာကြီးကို တံခါးဖွင့်ပေးလာနေသော်လည်း ဟွန်ဆန်သည် ကမ္ဘောဒီးယားတွင် အဓိကကျသော ပြုပြင်ပြောင်းလည်းမှုများ ပြုလုပ်ရန်နှောင့်နှေးနေဆဲခြင်းကြောင့်ဖြစ်ပါသည်။

Human Rights Watch က လွန်ခဲ့သောအနှစ်နှစ်ဆယ်က ကမ္ဘောဒီးယား၏ လူအခွင့်အရေး ချိုးဖေါက်မှုများ အကြောင်းကို ရေးသားဖော်ပြခဲ့ပြီ၊ အိုဘားမားအားက မ္ဘောဒီးယားသို့လာရောက်ခြင်းသည် အာဆီယံနှင့်အရှေအာရှထိပ်သီး အစည်းအဝေး တက်ရောက် ရန်သာ ဖြစ်ကြောင်းကြေညာရန်တိုက်တွန်းခဲ့ပါသည်။

အိုဘားမားသည် ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် တွေဆုံသည့်အချိန်များတွင် တင်းမာမှုများရှိခဲ့ကြောင်း သတင်းများထွက် ပေါ်ခဲ့ပါသည်။အိုဘားမားက တိုက်ရိုက်မဟုတ်ပဲ ၎င်း၏အစိုးရအဖွဲသည် ယခင်ကဟွန်ဆန်အားလူအခွင့်အရေးမှတ်တမ်းများ၊ နိုင်ငံရေးအ ရ ခြိမ်းခြောက်မှုများ၊ အတိုက်အခံခေါင်းဆောင်များအား ထောင်ချမှုများ၊ လယ်သမားများအား ၎င်း၏လယ်မြေ များမှ နှင်ထုတ်မှုများ၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲမကျင်းပရခြင်းများ အတွက် ဝေဖန်ခဲ့ဘူပါသည်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုကို The Cambodian Daily ကသတင်းဖော်ပြခဲ့ရာ အိုဘားမား ၏ လက်ထောက် များက မီဒီယာများ သို့ပေးထားသောသတင်းနှင့် ကွဲပြားခြားနားနေသည်ကိုတွေ့ရပါသည်။

အမေရိကန်ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး BenRhodes ၏ပြောကြားချက်ကိုကိုးကား၍ Reuters ကဖော်ပြရာတွင် တွေ့ဆုံမှုမှာလူအခွင့်အရေး ကိစ္စအတွက်သာဖြစ်သည် ဟုဆိုပါသည်။ အစည်းအဝေးအပြီးတွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Park Sokhon က ပြောကြားရာတွင်အမေရိကန်အမတ်များက တောင်း ဆိုမှုများ ကြောင့်အိုဘားမားသည် လူအခွင့်အရေးကိစ္စကို သာ ပြောကြားခဲ့သည်ဟုဆိုပါသည်။

အစည်းအဝေးမတိုင်မီက အိုဘားမားကအတိုက်အခံခေါင်းဆောင် Sam Rainsy အားပြစ်ဒါဏ် (၁၁)နှစ် မျက်ကွယ်တွင်ထောင် ချထားခြင်းအားရုတ်သိမ်း၍ ကမ္ဘောဒီးယားသို့ပြန်လာခွင့်ပြုရန်တိုက်တွန်းမှုများ ရှိခဲ့ပါသည်။ Prak Sokhon ၏အဆိုအရအိုဘားမား သည် ထိုကိစ္စကိုပြေားကြားခဲ့ခြင်း မရှိကြောင်း သိရပါသည်။

Prak Sokhon ၏အဆိုအရ ဟွန်ဆန်သည် ၁၉၇၀ ခုနှစ် များဆီကလုံနိုးအစိုးရသို့ချေးခဲ့သော အမေရိကန် ဒေါ်လာသန်း (၄၀၀) အပေါ်ပမာဏ ၃၀ ရာခိုင်နှုန်း ထိလျှော့ပေးရန်နှင်အတိုးနှုန်းကိုလည်ုး တစ်ရာခိုင်နှုန်း သာပေးရန် တောင်းဆိုခဲ့သော်လည်း အိုဘားမား က ဘာမှမတုန့်ပြန်ခဲ့ကြောင်းဆိုပါသည်။

ဟွန်ဆန်မှာနိုင်ငံရေးလုပ်လာသည်မှာ ကြာပြီးဖြစ်ပြီး နိုင်ငံခြားခေါင်းဆောင်များ၏ မကြာမကြာ အဝေဖန်ခံ ရသဖြင့်အသားကျ နေ သူဖြစ်ပါသည်။ ကမ္ဘောဒီးယားသည် တရုတ်၊ တောင်ကိုရီးယား၊ ဗီယံနမ်တို ထံမှ ငွေအသုံးပြုမှုနှင့် ပတ်သက်၍ လည်းကောင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍လည်းကောင်း ကန့်သတ်ချက်များမပါသော အကူအညီများရယူနေပါသည်။ ထိုကြောင့် အိုဘားမား ၏ လည်ပတ်မှုနှင့်ကြေညာချက်များမှာ ကျွဲပါးစောင်းတီး သာဖြစ်လိမ့် မည်။

ထိုကြောင့်အမေရိကန်၏ အာရှဗဟိုပြုမှုတွင် ကမ္ဘောဒီးယားပါဖွယ်မရှိပေ။ ရေတပ်သဘောင်္များ လာရောက် လည်ပတ်ခြင်း၊ စစ်တပ်ချင်းပူးတွဲလေ့ကျင်ခြင်း၊ အကြမ်းဖက်မှုနှိမ်နင်းရေး လေ့ကျင့်ပေးခြင်း နှင့်လူကုန်ကူးမှုများအတွက် လွန်ခဲ့သော ငါးနှစ်အတွင်း လုပ်ဆောင်မှု များသည်အမေရိကန်-ကမ္ဘောဒီးယားဆက်ဆံရေးအတွက်အနည်းငယ်သာနွေးထွေးမှုရှိစေခဲ့ပါသည်။ အိုဘားမာကမ္ဘောဒီး ယား    သို့လာခြင်းမှာဟွန်ဆန်အတွက် ရုပ်မြင်သံကြားတွင် အမေရိကန် သမ္မတနှင့်ယှဉ်တွဲ ပါဝင်ခွင့်ရသည့် အမြတ်ထွက်ပါသည်။

ယခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင်လ့ည်းတရုတ်နှင့်အငြင်းပွားမှု ကိစ္စတစုံတစ်ရာ သဘောတူညီမှု မရှိခဲ့ပေ။ ဖိလစ်ပိုင်က ကမ္ဘောဒီးယား အား ဗီယက်နမ်နှင့် ပိုင်နက်အငြင်းပွားမှုကိစ္စမဆွေးနွေးရန် လုပ်ဆောင်မှုကြောင့် ကန့်ကွက် ခဲ့ပါသည်။ ထိုနယ်မြေ ကိစ္စများနှင့်ပတ်သက်၍ ယခုထိပ်သီးဆွေးနွေးပွဲတွင်မီဒီယာ များ၏မေး မြန်းချက်ကို ဖြေကြားခြင်း မရှိပေ။

ယခုခရီးစဉ်တွင် အိုဘားမား အတွက်ဒေသတွင်း တွင်သဘောတူညီမှု ရရှိရေး ခက်ခဲပုံကို အနီးကပ်တွေ့ရှိပြီး သင်ခန်းစာပင်ဖြစ် ပါသည်။  အိုဘားမား၏ အာရှဗဟိုပြုရေးသည် လွတ်လပ်သော ကုန်သွယ်မှုရရန်လိုအပ်လှပါသည်။ သို့မှသာ စီးပွားရေးဆက်လက် ကြီးထွားနိုင်ပြီး၊ ဒေသတွင်း တွင် တရုတ်နှင့် ပါဝါ ဟန်ချက်ညီအောင် ထိန်းထားနိုင်မည် ဖြစ်ပါသည်။ ရှေ့တွင် ခက်ခဲသောလမ်းများ ရှိနေဦးမည်သာဖြစ်ပါသည်။

----------------------------------------------------------------------------------------------

ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြမှုကြီး ဘန်ကောက်တွင်ဖြစ်ပေါ်၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ

(BBC သတင်းဌာနမှ 24 Nov 2012 ရက်စွဲပါ Thai police fire tear gas at Bangkok anti-government rally ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက လက်ရှိ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာ အား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပြသမှုကြီးပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများအသုံးပြု၍ လူစုခွဲရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။ ဝန်ကြီးချုပ် ရင်လတ်သည် ရာထူးမှ ထုတ်ပယ် ခြင်း ခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ညီမဖြစ်ပြီး ၎င်းသည်အကိုဖြစ်သူ၏ကြိုးဆွဲရာ လုပ်ကိုင်နေ သူ ဖြစ်သည်ဟု စွပ်စွဲပြောဆိုသူအုပ်စုက ဆန္ဒပြမှုကြီးကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများကြရာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦးခန့် ဒဏ်ရာရရှိသွား ကြောင်း၊ ပါလီမန်လွှတ်တော်အနီး Royal Plaza ရှိ ဆန္ဒပြရာနေရာကို အဟန့်အတားများဖြင့် တားဆီးထားပြီး ယင်းနေရာသို့ဝင်ရောက်ရန် ကြိုးပမ်းသူများအား အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ပလပ်စတစ်အကာအကွယ်များအသုံးပြုကာ နှိမ်နင်းလျက်ရှိကြောင်း BBC သတင်းထောက် ကဆိုသည်။

ဆန္ဒပြမှုကို ကန့်သတ်ပိတ်ပင်မှုများမရှိသော်လည်း အစိုးရအဆောက်အအုံများအနီးရှိ လမ်းများသို့ ဆန္ဒပြသူ များ ဝင်ရောက်နိုင်မှု မရှိစေရန် ရဲတပ်ဖွဲ့က ကန့်သတ်ဟန့်တားထားသည်ဟု BBC သတင်းထောက် Joanh Fisher ကပြောကြားသည်။ "ကျွန်တော်တို့ မျက်ရည်ယိုဗုံးတွေအသုံးပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဆန္ဒပြ သူတွေက ရဲတွေကိုပိတ်ဆို့တာ တို့၊ သတ်မှတ်ထားတဲ့လုံခြုံရေး စည်းမျည်းစည်းကမ်းတွေအတိုင်လိုက်နာမှုမရှိတာတို့တွေဖြစ်ပေါ်နေလို့ပါ" ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Piya Uthaya က Reuters သတင်းဌာနသို့ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များအဆိုအရ ဓား၊ ကျည်ဆန် အပါအဝင် အမျိုးအစားစုံလင်သော လက်နက်များအား ဆန္ဒပြသူ များထံမှ သိမ်းဆီးရမိကြောင်းသိရသည်။ ဆန္ဒပြမှုကို ဦးဆောင်သူမှာ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း Boonlert Kaewprasit ဖြစ်ပြီး ၎င်းတို့အုပ်စုက ရင်လတ်ရှင်နာဝပ်ထရာ အစိုးရသည် အဂတိလိုက်စားမှုများပြုလုပ်ကာ ထိုင်းဘုရင်အား စော်ကားမော်ကားပြုလုပ်မှုများကိုလျစ်လျူရှု ထား ကြောင်း စွပ်စွဲပြော ဆိုသည်။

 ဒီဆန္ဒပြပွဲက အစိုးရကို မောင်းထုတ်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ လက်ရှိထိုင်းအစိုးရဟာ အဂတိလိုက်စားပြီး ရက်စက်ကြမ်းတမ်းတယ်ဆိုတာ တစ်ကမ္ဘာလုံးကတွေ့နိုင်တယ်။ ရုပ်သေးအစိုးရ ဆိုတာကိုလည်း တစ်ကမ္ဘာလုံးကတွေ့နိုင်တယ်"ဟု၎င်းကစွပ်စွဲပြောဆိုသည်။ယမန်နှစ်ကဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ခြင်းခံလိုက်ရသူ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာသည်စီတန်းလှည့်လည်ဆန္ဒပြမှုပြုလုပ်နေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၁၇၀၀၀ နီးပါး ဖြန့်ကျက်ထားရန် အမိန့်ထုတ်ခဲ့ပြီး အထူးလုံခြုံရေးဥပဒေတစ်ရပ်ကိုလည်း ပြဋ္ဌာန်း လိုက်သည်။

                                                       ************************************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment