Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁.၁၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမျှော်အမြင်ကြီးမားကြဖို့

*************************************************************************************************

ဆောင်းပါးကဏ္ဍ

အမျှော်အမြင်ကြီးမားကြဖို့

အယ်ဒီတာအာဘော်

လက်ပံတန်းတောင်ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများက ရပ်ဆိုင်းဖို့တောင်းဆိုခြင်းအပေါ် အစိုးရ၏တုန့်ပြန်ပုံမှာ ဒီမိုကရက်တစ် မဆန် လှသည့်အတွက် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူများက အစိုးရအပေါ် ရှုံ့ချပြစ်တင် ဝေဖန်မှုများကို ပုံနိုပ်မီဒီယာ၊ အွန်လိုင်းမီဒီယာ(online media) အစရှိသည့် အမျိုးမျိုးသောမီဒီယာ မျက်နှာစာများပေါ်တွင် မီးခိုးကြွက်လျောက် ပျံ့နှံ့လျက်ရှိနေသည်ကို တွေ့မြင်နေရသည်။ မြန်မာ့ဒီမိုကရက်တိုက်ဇေး ရှင်း အချိုးအကွေ့၏သိမ်မွေ့မှုကို မကိုင်တွယ်တတ်လျှင် ဒီမိုကရေစီပြည်တော်သာ ခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ဝေးနေပေဦးမည်။

နိုင်ငံရေးအပြောင်းအလဲများ၊ စီးပွားရေးအပြောင်းအလဲများဖြင့် မနည်းကြိုးစား ရုန်းကန်နေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြဿနာအရပ်ရပ်ကို ထိရောက်မှုအရှိဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မည်လော ဆိုသည့်မေးခွန်းမှာ အမှန်ပင်စိတ်ဝင်စားဖို့ ကောင်းပါသည်။ မြန်မာနိုင်ငံတွင် အသိပညာ၊ အတတ်ပညာအားဖြင့် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင်တောင် အတော်ကြီးနောက်ကျ ကျန်ရစ်နေသည့်အတွက် ပြဿနာဖြေရှင်းမှုအပိုင်းတွင် အားနည်းချက်များ ရှိနေနိုင်သည်။ ထိုသို့သော အားနည်းချက်သည် ကျိုးပဲ့လွယ်၊ ထိခိုက်လွယ်သည့် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီ ရေဆန်ခရီးကြမ်းကို အာဏာပိုင်လမ်းကြောင်း ပုံစံမျိုးသို့တိုင် ရောက်ရှိမသွားရန် နိုင်ငံခေါင်းဆောင်များတွင် အမျှော်အမြင်ကြီးကြီးမားမား ရှိကြဖို့လိုသည်။

ယခု ဖြစ်သွားခဲ့သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ စီးပွားရေးအခြေခံ အကြောင်းအရင်းအပေါ် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း ကြရာမှ အကြမ်းဖက်နှိမ်နင်းသည့် အခြေအနေထိ ဆိုက်ရောက်သွားခဲ့ရသည်။ ထိုသို့သော စီးပွားရေးစီမံကိန်းများမှာ မြန်မာနိုင်ငံအနှံ့တွင် အများအပြားရှိနေပြီး နောင်တွင်လည်း စီမံကိန်းများဆက်လက် အကောင်အထည်ဖော်မည် ဖြစ်သောကြောင့် ယခုလို လက်ပံတန်းတောင် ကြေးနီစီမံကိန်း ပြဿနာမျိုး ဖြစ်ပေါ်လာသည်ရှိသော် ထိန်းထိန်းသိမ်းသိမ်းဖြင့်ကိုင်တွယ်ဖို့ အထူးသတိထားရတော့မည် ဖြစ်သည်။

***************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment