Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာတံခါးဖွင့်သော်လည်း အမေရိကန် ကုမ္ပဏီကြီးများ အလောတကြီးဝင်ရန်မလို

(22 November 2012 ရက်စွဲပါ AP သတင်းဌာနမှ Erika Kinetz ရေးသားသော Myanmar opening no gold rush for US firms ကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ 

မြန်မာတံခါးဖွင့်သော်လည်း အမေရိကန် ကုမ္ပဏီကြီးများ အလောတကြီးဝင်ရန်မလို

(22 November 2012 ရက်စွဲပါ AP သတင်းဌာနမှ Erika Kinetz ရေးသားသော Myanmar opening no gold rush for US firms ကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံသည် ကြီးပွားတိုးတက်လာတော့မည့် လက္ခဏာများ တွေ့နေရပါသည်။ ရန်ကုန်သို့သွားသော လေယာဉ်များ ပြည့်နေပါသည်။ ဟိုတယ် အခန်းများလည်း ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပါသည်။ အနောက်တိုင်း ဆန်သောဘားများတွင်လည်း အနောက်နိုင်ငံသားများဖြင့် ပြည့်နေပါသည်။ နှစ် ဆယ့်တစ်ရာစု ၏ အလား အလာကောင်ျးား သည် ရွှေရောင် မျက်နှာသစ်တွင်တွေ့ရှိနေရပါသည်။

ယခုတစ်ပတ်တွင် သမ္မတ Barack Obama သည် ပထမဆုံး လက်ရှိ သမ္မတ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာနိုင်ငံအတွက် မြှင့်တင်ပေးမှုတစ်ခုဖြစ်ပြီး ၊ ကမ္ဘာပေါ်မှ ရင်းနှီးမြှပ်နှံမည့်သူများ သတိမပြု ပဲ မနေနိုင်လောက်သည့် ထောက်ခံမှုတစ်ခု ဖြစ်ပါသည်။ အမေရိကန် ခေါင်းဆောင်ပိုင်း က မြန်မာနိုင်ငံ ကို နိုင်ငံတကာ အတွင်းသို့ ကြိုဆိုခဲ့သော်လည်း အမေရိကန်ကုမ္ပဏီများသည် ကြီးကြီးမားမား သဘောတူ ညီချက်များ မရရှိသေးပေ။ သို့သော် အခြေအနေမှာ မကြာခင်ပြောင်းသွားမည်ဟု မျှော်လင့်ရ ပေသည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ပြန်လည်ဖြေလျော့လျက်ရှိသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ အလျင်အမြန်သွားရောက်ကြရန် မဖြစ်နိုင်သေးပေ။ အရေးယူမှုများ ပြန်လည် ရုတ်သိမ်းရေးမှာ အချိန်ယူရဦးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်း တွင် အဂတိလိုက်စားမှုများ သည် အမေရိကန်ကုမ္ပဏီများ အလုံးအရင်းနှင့် အလျင်အမြန်ဝင်ရောက်ရေးတွင် ရှုတ်ထွေးစေ မည်ကို စိုးရိမ်နေကြပါသည်။ ခွင့်ပြုသည့်ကိစ္စများ၊ နောက်ထပ်လိုအပ်ချက် များနှင့် ပတ်သက်၍ ရှုတ်ထွေး နေဆဲဖြစ်ပြီး မြန်မာနိုင်ငံနှင့် အမေရိကန်မူဝါဒ များ၏ ပြောင်းလဲမှုများသည် အလုပ်ဖြစ်နိုင်ခြင်းရှိမရှိ သံသယများ ပျောက်မသွားသေးပေ။

သို့သော်လည်း မြန်မာနိုင်ငံမှ မတို့မထိရသေးသော စားသုံးသူ ဈေးကွက်ကြီး ၊ သဘာဝသယံဇာတ များထုတ်ယူရေး တွင်ရေနံနှင့် ဓါတ်ငွေ့ ၊ သစ်၊ ကျောက်မျက်ရတနာ များနှင့် မြေသြဇာ  ပြည့်ဝေသော မြေများပါဝင်နေခြင်းကြောင့် စွန့်စားရမည့် ကိစ္စဖြစ်နေပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် အလျင် မြန်ဆုံးတိုးတက်နေသည့် အဓိက စီးပွားရေး နိုင်ငံကြီးများဖြစ်သည့် အိန္ဒိယ နှင့်တရုတ်ကြား တွင်ရှိသော်လည်း အင်တာနက် အဆင့်အတန်း ၊ မိုဘိုင်းဖုန်း အသုံးပြုမှု တို့တွင် ကမ္ဘာပေါ်တွင် အနိမ့်ဆုံး အဆင့်တွင် ရှိနေပါသည်။ ထို့အပြင် လမ်းများ၊ ဆိပ်ကမ်းများ ၊ ဟော်တယ်များ ၊ ဆေးရုံများ ၊ ကျောင်းများနှင့် လျှပ်စစ်မီးများမှာလည်း လုံလောက်အောင် အဆင့်မှီမှီမရှိပေ။

အမေရိကန် ကုမ္ပဏီ အများစုက အရေးယူမှုများ၊ နှင့် ပတ်သက်၍ လျင်မြန်စွာ ဆုံးဖြတ်ချက် ချ၍ လုပ်ဆောင် ရန် မြင်တွေ့လိုပြီး၊ ဤအရှေ့ တောင်အာရှအဆင်းရဲဆုံး နိုင်ငံတွင် အမေရိကန်စီးပွားရေး လုပ်ငန်းများသည် မည်သည့် ကဏ္ဍမှ ပါဝင်မည် ဆိုသည်မှာလည်း မေးခွန်းတစ်ခုပင် ဖြစ်ပါ သည်။ ပြီးခဲ့သည့် တနလာင်္နေ့ က ရန်ကုန် တက္ကသိုလ် တွင် သမ္မတ အိုဘားမား က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်ကုမ္ပဏီများသည် စံနမူနာ အဖြစ် ရှေ့မှ ဦးဆောင်လုပ်ပြရမည် ဟု ဆိုခဲ့ပါသည်။ ၄င်း၏ အစိုးရသည် စီးပွားရေး လုပ်ပုံကိုင်ပုံ ကို ကောင်းမွန် စေရန် တွန်းအားပေး လျက်ရှိရာ၊ မြန်မာနိုင်ငံတွင် ဒေါ်လာ ၅သိန်း နှင့် အထက် ရင်းနှီးမြုပ်နှံသော ကုမ္ပဏီများ သည် နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ အစီရင်ခံစာတင်ပြခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို အား ပေး နေ ပါသည်။ အချို့အချက်အလက်များကို ပြည်သူသို့သိစေရမည်ဖြစ်ပါသည်။ ထို့အပြင် ၀ါရှင်တန်သည် အမေရိကန် ကုမ္ပဏီများကို မြန်မာနိုင်ငံ၏ အကြီး ဆုံး ဖြစ်ပြီး အဂတိအလိုက်စားဆုံး စီးပွားရေး လုပ်ငန်းရှင် များနှင့် စီးပွားရေး လုပ်ကိုင်မှု ကိုပိတ်ပင်ထားပါသည်။

ထိုသို့ ကန့်သတ်ထားမှုများသည် အမေရိကန် ကုမ္ပဏီများ အခြားသူများနှင့် ပြိုင်ဆိုင်ရာတွင် အခွင့်အရေး အချို့ လက်လွတ်ဆုံးရှုံးရမှုကို ဖြစ်စေ ခြင်း ကြောင့် အစိုးရ၏ ရည်ရွယ်ချက်မှာ အငြင်းအခုန် ဖြစ်ရဖွယ်ဖြစ် ပါသည်။ သို့သော် အဆိုပါရည်မှန်းချက် မှာရေရှည်တွင် တန်ဖိုးရှိကြောင်း သက်သေပြ နိုင်မည် ဖြစ်ပါသည်။ မြန်မာသမ္မတဦးသိန်းစိန် အကြံပေး တစ်ဦးဖြစ်သူ ဦးသန်းမြင့်ဦးက ပြောကြားရာတွင် မြန်မာနိုင်ငံကြုံဆုံနေရသော အကြီးဆုံး စိန်ခေါ်မှာ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို အထောက်အကူပြုနိုင်မည့် စီးပွားရေး မော်ဒယ် သစ်တစ်ခု ရှာဖွေရေးပင် ဖြစ်ကြောင်း ပြောပါသည်။

ရာစုနှစ်တစ်ဝက်လောက် မှားယွင်းစွာ အုပ်ချုပ်လာတာကြောင့် အခုပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းပေါ်မှာဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ၀င်ငွေတွေမြင့်လာအောင်၊ အလုပ်အကိုင်တွေ ဖန်တီး ပေးနိုင်အောင် ၊ စီးပွားရေး ကို ပြုပြင်နိုင်ဖို့ ဘယ်သူမှ မသိဘူးဖြစ်နေတယ်” ဟု ၄င်းက ပြောပါသည်။ ယခု လက်ရှိ မြန်မာနိုင်ငံတွင် လွှမ်မိုးလျက် ရှိသောစီးပွားရေး ပုံစံနှစ်ခု ဖြစ်သည့် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်များနှင့် မဟာမိတ် ပြုခြင်း၊  နှင့် တရုတ် ရင်းနှီးမြုပ်နှံမှု ကြီးမားခြင်း (သို့မဟုတ်) လက်ဝဲယိမ်း အထီးကျန်ဝါဒ  တို့မှာ တိုင်းပြည်အတွက် ကောင်းမွန်သော လမ်းကြောင်း ဖြစ်စေ ရေး တို့မှာ တိုင်းပြည် အတွက်ကောင်းမွန်သော လမ်းကြောင်းဖြစ်စေရေး ကို လုပ်ဆောင်မပေးနိုင်ဟု ၄င်းက ပြောပါသည။် အမေရိကန် စီးပွားရေးလုပ်ငန်း များသည် တတိယနည်းလမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက်မျှော်လင့်သည်ဟု ၄င်းက ပြောပါသည်။

အမေရိကန်ပြည်ထောင်စုသည် အရေးယူမှုများ ဖြေလျော့ရာတွင် တိကျသော ချဉ်းကပ်မှုများ ၊ လုပ်ဆောင် နေရာ အချို့ကို ရုတ်သိမ်းမှုများပြုလုပ် နေချိန်တွင် အချို့ ကန်သတ်ချက်များကို အသစ်ထပ်မံတိုးချဲ့ခြင်း ၊ သက်တမ်း တိုးခြင်းများ လုပ်ဆောင်နေပါသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အမေရိကန် အစိုးရ၏ သြဇာလွှမ်းမိုး ရေးကို အထောက်အကူ ပြုမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ကို လျှော့စေသည် ဟု ယူဆရပြီး ၊ ရင်းနှီး မြုပ်နှံသူများ အတွက်ရှုတ်ထွေးမှုများဖြစ်ပေါ်စေပါသည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများ မှာ ဖက်ဒရယ် ဥပဒေခြောက်ခု ၊ အဆင့်မြင် ပုဂ္ဂိုလ်များ ၏ အမိန့်များဖြင့် ချမှတ်ထားပါသည်။ ထို့အပြင် အာရှရေးရာ ပညာရှင် Michael Martin က ကွန်ဂရက် သုတေသန လုပ်ငန်းအတွက် အသေးစိတ်လေ့လာချက်အပေါ် အခြေခံပြီး ၊ ဥပဒေများ ထပ်မံချ ထားပြန်ခြင်း နှင့် မြန်မာနိုင်ငံကဲ့သို့ ကလေးစစ်သား အသုံးပြုသော တိုင်းပြည်မျာသို့ စစ်လေ့ကျင့်ခြင်း များ၊ လက်နက် ရောင်းဝယ်ခြင်းများပိတ်ပင်ထားသော ပိတ်ပင်မှုများလည်း ရှိနေပြန်ပါသည်။

သို့သော် ၀ါရှင်တန်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု များအပေါ် တုန့်ပြန်မှုမှာ လျင်မြန်ပါ သည်။ ၀ါရှင်တန်သည် ရင်းနှီး မြုပ်နှံ မှုများပြုလုပ်ရန် ကန့်သတ်ထားမှု ကို ယာယီရုတ်သိမ်းပေးခဲ့ပါသည်။ ငွေကြေး ၀န်ဆောင်မှု များ ၊ အကူအညီပေါင်းစုံနှင့် မကြာသေးမီက မြန်မာနိုင်ငံမှ သွင်းကုန်များ အပေါ် ကန့်သတ် ထားမှုများ အား ဖြေလျော့ပေးခဲ့ပါသည်။

ယခုအခါ အမေရိကန် ကုမ္ပဏီများအတွက် ကျန်ရှိသော တရားဝင် အကြီးဆုံး ပိတ်ဆို့ထားမှု မှာ ရက်စက် သော ဖြစ်ရပ်များ၊ ဖိနှိပ်မှုများ၊ အဂတိလိုက်စားမှု များနှင့် ဆက်စပ်မှုရှိကြောင့် စွပ်စွဲခံရသော မြန်မာနိုင်ငံသားများ နှင့် ကုမ္ပဏီများ နှင့် အမေရိကန်ကုမ္ပဏီများ အလုပ် မလုပ်ရန် တားမြစ်ချက်ကို လိုက်နာရန် မလွယ်ကူကြောင်း အမေရိကန် အမေရိကန် ကုမ္ပဏီများက စောဒက တက်ကြပါသည်။ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခြင်းကြောင့် ကြုံတွေရမည့် စိန်ခေါ်မှု များနှင့် နာမည် တစ်မျိုး နှင့် လုပ်ကိုင်မည့် ခရိုနီ လက်ခွဲများကို ရွေးထုတ်ရ ခက်ခဲ မည်ကိစ္စများကို ထောက်ပြခဲ့ကြပါသည်။

“ကျွန်တော်တို့ဟာ အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေကို အားပေးနေတာသာ ဖြစ်ပြီး ၊ တစ်ဦးချင်းကို ပြုပြင် ပြောင်းလဲရေး အပေါ်အားပေးခြင်း မပြုနိုင်ပါဘူး။ တစ်ဦးချင်းပြုပြင်ပြောင်းလဲရေး အပေါ် အားပေးခြင်း မပြုနိုင် ပါဘူး ” ဟု ဟောင်ကောင်ရှိ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ Richard Vuylsteke က ပြောကြား ပါသည်။ ၄င်းက ၀ါရှင်တန် အားဖြစ်နိုင်သမျှ အမြန်ဆုံး အဆိုပါစာရင်းအား လျော့ချသွားရန်နှင့် အဆိုပါ ခရိုနီများအား စနစ်အတွင်းတစ်သားတည်ဖြစ်ရန် မက်လုံးပေးရမည်ဖြစ်ကြောင်း တိုက်တွန်း ခဲ့ပါသည်။ ၀ါရှင်တန် သည် အရေးယူမှုများကို ယာယီရုတ်သိမ်းပေးပြီးရှေ့သို့ တစ်လှမ်းခြင်း တက်နေချိန်တွင် ၊ နောက်သို့ ခြေလှမ်း ငယ်လေးတစ်လှမ်း ဆုတ်နေသယောင် ရှိပါသည်။

အိုဘားမား ရန်ကုန်သို့ မလာမီ သုံးရက်က ၀ါရှင်တန် သည် မြန်မာနိုင်ငံတွင်အထည်ချုပ်လုပ်ငန်းများ၊ ပြန်လည် ရှင်သန်ရေးကို မျှော်မှန်းလျက်သွင်းကုန်ပိတ်ဆို့ထားမှု ကို ယာယီရုတ်သိမ်းပေးခဲ့ပါသည်။ တချိန်တည်း မှာပင် အစိုးရသည် ကုမ္ပဏီ ၇ ခုကို အမေရိကန် ကုမ္ပဏီများ အလုပ်တွဲ မလုပ်ရန် စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ဇူလိုင် လက ၀ါရှင်တန်သည် ရင်းနှီးမြုပ်နှံမှုများနှင့် ငွေကြေးဝန်ဆောင်မှု များ အား ပိတ်ပင်ထားခြင်း အပေါ်ယာယီ ရုတ်သိမ်းခဲ့ရာတွင် ပြုပြင်ပြောင်းလဲရေးကို အားနည်းအောင်ပြုလုပ်သူ ၊ လူ့အခွင့်အရေး ချိုးဖောက်မှု နှင့် ပတ်သက်သူ ၊ မြောက်ကိုးရီးယား နှင့် စစ်တပ်ခြင်း ဆက်ဆံမှုတွင် ပတ်သက်သူ တစ်ဦးချင်း ပုဂ္ဂိုလ်များ ကို လည်း အရေးယူမှုများ တွင် ပါဝင်ရန် ဖော်ပြခဲ့ပါသည်။

အိမ်ဖြူတော်က ပြောကြားရာတွင် ၄င်းအနေဖြင့် ရှင်းလင်းသော သတင်းစကားကို ထုတ်ဖော်ထားပြီး ဖြစ် ကြောင်း နှိပ်စက်မှုများတွင် ပါဝင်ဆဲ ပုဂ္ဂိုလ်များ ၊အဂတိလိုက်စားသူများနှင့် ရှေ့သို့ချီတက်ရာတွင် မတည်ငြိမ် အောင် ပြုလုပ်သူများကို ပြုပြင်ပြောင်းလဲရေး ၏ အသီးအပွင့်များကို မရထိုက် ကြောင်း ဆိုထားပါသည်။

အမေရိကန် ကုမ္ပဏီများသည် အရေးယူမှုများကို လိုက်နာရမည့်အပြင် မြန်မာနိုင်ငံတွင်မှားယွင်းသော စီးပွားရေး ပါတနာများ ရွေးချယ်နိုင်ခြင်းကို ကာကွယ်ရန် ၊ မိမိတို့နိုင်ငံမှ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဥပဒေကို လိုက်နာရန် နှင့် နာမည်ကောင်းရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။

“ ဒီတိုင်းပြည်က အမေရိကန်မှာ ဆို တရားဥပဒေ ပြင်ပ က လုပ်ရပ်လို့ ဆိုရမယ့် အဂတိလိုက်စားမှု က စီးပွားရေး ရဲ့ လုပ်ထုံးလုပ်နည်း လိုဖြစ်ပြီး ပျံ့နှံ့နေပါတယ်”  ရန်ကုန်တွင် အမေရိကန်သံရုံးတွင် ၁၉၉၉ မှ ၂၀၀၂ ထိ သံရုံးယာယီတာဝန်ခံ လုပ်ခဲ့ဘူးသူ Priscilla Clapp က ဆိုပါသည်။ “အမေရိကန် စီးပွားရေး လုပ်ငန်း တွေအနေနဲ့ သူတို့ရဲ့ မြန်မာပတ်တနာကို ဒီက ဥပဒေတွေလိုက်နာဖို့ ကန့်သတ်ရန် မလွယ်လှပါဘူး။သူတို့က ဒီအကျင့်ဆိုးကြီးနဲ့ ရာစု နှစ်လောက် ဖြစ်နေပြီလေ ”ဟု သူက ပြောပါသည်။တချိန်တည်းမှာပင် အခြားတိုင်းပြည် များမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ တဖွဲဖွဲ ၀င်ရောက်လျက်ရှိပါသည်။

“ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံ နဲ့ကင်းကွာနေတာ ဆယ်စုနှစ် နှစ်ခု လောက်ရှိနေပါပြီ” ဟု ၀ါရှင်တန် ရှိ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အရှေ့တောင်အာရှ ဆိုင်ရာ အကြီးတန်းဒါရိုက်တာ John Goxer က ပြောပါသည်။ “ သူတို့ အနေနဲ့ ဈေးကွက် အကြောင်း၊ လုပ်ကိုင်ရမယ့် ပတ်ဝန်းကျင် အကြောင်းအများကြီး လေ့လာ ရပါဦးမယ်။ တရုတ်၊ ထိုင်း ၊ မလေးရှား၊ က ကုမ္ပဏီတွေက ပလေယာတွေကို သိနေပြီး ပတ်ဝန်းကျင် ကိုလည်း သိနေပြီ။ သူတို့က အသာစီးရနေပါတယ်” ဟု ဆိုပါသည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် ဂျပန်နှင့် ယှဉ်ပြိုင်လျှင်ပင် အသာစီးမရနိုင်ပေ။ ဥပမာအားဖြင့် ဂျပန်ကုမ္ပဏီ များသည် ရင်းနှီးမြုပ်နှံမှု နှင့်ပတ်သက်၍ ကဏ္ဍပေါင်းစုံ တစ်ပေါင်းတည်း သဘောတူမှု အတွက် အဆိုပြုနိုင်ပြီး ၊ အစိုးရငွေဖြင့် မြန်မာအစိုးရကို အကူအညီပေးမှု ၊ ကြွေးမြီ များလျော်ပစ်မှု များပြုလုပ်ထားပြီ ဖြစ်ပါသည်။

အာရှ ကုမ္ပဏီ တွေက သဘောတူညီချက် လုပ်ဆောင်ရာတွင် ငွေကြေးထောက်ပံ့မှုကိုပါ ပါဝင်ထည့်သွင်းထား နိုင်ကြတယ်။ အမေရိကန် အတွက် ကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေ ၀င်ဖို့ ၊ ဆိပ်ကမ်း မီးရထား နဲ့ အခြား အခြေခံ အဆောက်အဦးတွေ အစိုးရ က အကန့်အသတ်မရှိ နောက်ခံ မပေးနိုင်ပါဘူး” ဟု Goyer က ပြောပါ သည်။

အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီမှ မြန်မာနိုင်ငံ အတွက် တွဲဖက်ဒါရိုက်တာ Anthony Nelson က ပြောကြားရာတွင် ကမ္ဘာပေါ်တွင် အမေရိကန်မရှိသေးသော တိုင်းပြည်များတွင် မြန်မာနိုင်ငံ သည် အကြီးဆုံး ဖြစ်ကြောင်း ပြောခဲ့ပါသည်။ “ ဒါမျိုး က ဖြစ်ခဲပါတယ်။ နောက်ဆို ဒါမျိုး မဖြစ်တော့ပါဘူး” ဟု ဆိုသည်။သို့သော် Nelson ကမြန်မာနိုင်ငံသို့ အလျင်အမြန် သွားရောက်ရေး မပြောခဲ့ပေ။

“ ဗီယက်နမ်ကို ဥပမာ အနေနဲ့ ကြည့်ပါ။ ကျွန်တော်တို့ ဗီယက်နမ်နဲ့ ဆက်ဆံရေး ပုံ မှန်ဖြစ်ဖို့ လုပ်ခဲ့စဉ်က  ကုမ္ပဏီ တွေက ဗီယက်နမ် ကို သွားပြီး ကြည့်တယ်။ ကိုယ်စားလှယ်ရုံးတွေ စဖွင့်တယ်။ အမေရိကန် ကုမ္မဏီ တွေ အကြီးအကျယ်ရင်းနှီးမြုပ်နှံလုပ်ဖို့ ၁၀ နှစ် ၁၅ နှစ် လောက် စောင့်ခဲ့ရတယ်။ အမေရိကန် ကုမ္ပဏီတွေက ၀င်ပြီ ဆိုရင် အကြီးအကျယ်ဝင်တာ ။ ပြည်သူတွေအနေနဲ့ သူတို့ဘာတွေ လုပ်နေတယ် ဆိုတာ စောင့်ကြည့်ဖို လိုပါ တယ် ” ဟု ၄င်းက ဆိုပါသည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment