Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၎.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထားဝယ်အတွက် အခွင့်အရေးများပေးရန် BOI သို့ပြောကြား

(4 Dec 2012 ရက်စွဲပါ Bangkok Post မှ BOI could sweeten Dawei with privileges ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

ထားဝယ်အတွက် အခွင့်အရေးများပေးရန် BOI သို့ပြောကြား

(4 Dec 2012 ရက်စွဲပါ Bangkok Post မှ BOI could sweeten Dawei with privileges ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ကြီးမားသောစီမံကိန်းကြီးအား ပိုမိုဆွဲဆောင်မှုရှိလာစေရန် ထားဝယ်ရှိ ထိုင်းရင်းနှီးမြှုပ်နှံသူများကို မြှင့်တင်မှုအတွက်ဖြစ်နိုင်သည့် အခွင့်အရေးများပေးကြရန် အလေးပေးရေးအတွက် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့(BOI)သို့ ပြောကြားခဲ့ပါသည်။

“တကယ်လို့ ကျွန်တော်တို့အနေနဲ့ ထားဝယ်စီမံကိန်းပာာ ထိုင်းနိုင်ငံအတွက် မပာာဗျူပာာကျတဲ့ စီမံကိန်းလို့မှတ်ယူခဲ့ရင် ထားဝယ်ကို မြင်သာ ထင်သာ ဖြစ်လာစေလိုတယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့ ထားဝယ်မှာရှိတဲ့ ထိုင်းရင်းနှီးမြှုပ်နှံမှုတွေကို ပံ့ပိုးဖို့မက်လုံးပေးရန် လိုအပ်ပါတယ်”ပာု ပို့ဆောင်ရေး ဝန်ကြီး Chatchart Sithipan ကပြောကြားခဲ့သည်။

အစိုးရသည် လေ့လာမှုအတွက် အချိန်ကန့်သတ်ချက် မချမှတ်ရသေးပေ။ သို့သော် ထားဝယ်စီမံကိန်းကို ထိုင်းနိုင်ငံရှိ လက်ရှိရင်းနှီးမြှုပ်နှံမှုပုံစံကို ပုံတူမကူးသင့်ကြောင်း ဝန်ကြီးကပြောပါသည်။

BOI ကပံ့ပိုးသင့်သည့် စီမံကိန်းများတွင် ကားထုတ်လုပ်မှုအတွက် သံမဏိနှင့်ကုန်ကြမ်းများပါဝင်ကြောင်း ဝန်ကြီးချုပ် ယင်လတ်ဥက္ကဋ္ဌအဖြစ် ပါဝင်သော ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု စောင့်ကြည့်ရေးအဖွဲ့ အစည်းအဝေးအပြီးတွင် ယမန်နေ့က Mr.Chatchart ကပြောကြားခဲ့သည်။

Mr.Chatchart ၏အဆိုအရ Eastern Seaboard ဖွံ့ဖြိုးတိုးတက်မှုတွင် လုပ်ကိုင်နေသော အေဂျင်စီများသည် ထားဝယ်စီမံကိန်းတွင် အသုံးဝင် မည့် ကိန်းဂဏန်းအချက်အလက်များ ပြင်ဆင်ထားသင့်ကြောင်း ပြောသည်ပာုသိရပါသည်။

အဆိုပါ သတင်းအချက်အလက်များကို ဒုတိယဝန်ကြီးချုပ် Kitiratt Na-Ranong သဘာပတိအဖြစ် ပါဝင်မည့် ဒီဇင်ဘာလ ၁၆-၁၇ တွင် မြန်မာနိုင်ငံ၌ ကျင်းပရန်ရှိသည့် ကော်မတီခြောက်ခု အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပါသည်။

ယမန်နေ့က အစည်းအဝေးတွင် ထားဝယ်အတွက် အခြေခံအဆောက်အဦး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ အိုင်တီ၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်မှု စည်းမျဉ်းများနှင့်ပတ်သက်၍ နည်းပညာအကူအညီပေးရန် သဘောတူခဲ့ကြပါသည်။

ထိုင်းနှင့်မြန်မာတို့သည် နိုဝင်ဘာလ ကမ္ဘောဒီးယားတွင် ပြုလုပ်သော အာဆီယံထိပ်သီး အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးအတွက် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ပါသည်။ အဆိုပါစီမံကိန်း၏ ပထမအဆင့်လုပ်ငန်းများ ၂၀၁၅ တွင် ပြီးစီးရန်မျှော်လင့်ပါသည်။

နှစ်နိုင်ငံသည် ယခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့က ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်စီမံကိန်းများနှင့်ပတ်သက်သော MoU လက်မှတ်ရေးထိုး ခဲ့ပါသည်။

ထားဝယ်စီမံကိန်း၏ ပထမအဆင့် အဓိကစီမံကိန်းရှစ်ခုတွင် လမ်းမများ၊ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေပေးဝေရေး နှင့် စွန့်ပစ်ရေစနစ်များ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ မြန်နှုန်းမြင့်ရထားနှင့် လူနေအိမ်များပါဝင်ပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment