Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၇.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. သံတမန်ရေးကိုအလေးမထားသည့်တရုတ်ပြည်

(Japan Times သတင်းစာမှ 16 Dec 2012 ရက်စွဲပါ Dipak Basu ရေးသားသည့် China doesn't respect diplomacy ကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယနိုင်ငံကို နားလည်ခွင့်လွှတ်ပေးနိုင်သောကြောင့် စိုးရိမ်သံသယမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(The Asian Age မှ 15 Dec 2012 ရက်စွဲပါ “No misgivings have to make allowances for friends: Su kyi” သတင်းကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

သံတမန်ရေးကိုအလေးမထားသည့်တရုတ်ပြည်

(Japan Times သတင်းစာမှ 16 Dec 2012 ရက်စွဲပါ Dipak Basu ရေးသားသည့် China doesn't respect diplomacy ကိုဘာသာပြန်ဆိုသည်)

ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် Japan Times သတင်းစာတွင် "စစ်ရေးချဉ်းကပ်မှုဖြင့် မပြေလည်နိုင်" ဟူသည့် ခေါင်းကြီးပိုင်းကို ဖတ်လိုက်ရသည်။ တရုတ်ပြည်၏ အင်ပါယာချဲ့ထွင်မှုအား သံတမန်ရေးနည်းလမ်းဖြင့် မည်သို့မည်ပုံဟန့်တားနိုင်မည်ဟူသော အချက်ကို ကျွန်ုပ်အနေဖြင့် စဉ်းစား၍သလိုဖြစ်နေသည်။  တရုတ်တွေသည် ၁၉၄၉ ခုနှစ်မှစကာ(မော်စီတုန်းနှင့် ချန်ကေရှိတ်အပါအဝင်) နယ်နမိတ်တစ်ခုပြီးတစ်ခု သိမ်းယူခဲ့ကြသည်။ တိဘက်၊ အရှေ့ပါကစ္စတန်၊ အရှေ့မွန်ဂိုလီးယား၊  မန်ချူးရီးယား၊ ဖော်မိုဆာတို့ကိုသိမ်းယူပြီး အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ရုရှား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ နယ်နိမိတ်တစ်စိတ်တစ်ဒေသများကို တောင်းယူသည်။

အကယ်၍ နိုင်ငံတစ်နိုင်ငံက တရုတ်၏တောင်းဆိုချက်ကို အလျှော့မပေးဘဲတင်းခဲ့သည့်အခါတိုင်း စစ်မက်ဟူသည့် ရလဒ်ထွက်ပေါ်လာသည်။ ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားသော တရုတ်-အိန္ဒိယစစ်ပွဲ၊ ၁၉၆၉ ခုနှစ် တရုတ်-ဆိုဗီယက် နယ်စပ်ပဋိပက္ခနှင့် ၁၉၇၉ ခုနှစ် တရုတ်-ဗီယက်နမ်စစ်ပွဲ စသည်တို့ဖြစ်သည်။ ယခုအခါတွင်မူ တရုတ်နိုင်ငံသည် တရုတ်ကမ်းခြေမှ ကီလိုမီတာ ၁၀၀၀ ကျော်အကွာအဝေးတွင်ရှိသည့် စပရက်တလေကျွန်းများ၊ တစ်ကြိမ်တစ်ခါမျှ တရုတ်ပြည်၏ အစိတ်အပိုင်းမဖြစ်ခဲ့ဖူးသော ဆန်ကာကူကျွန်းများအပါအဝင် တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးကို တောင်းဆိုလျက် ရှိသည်။

လက်ရှိအနေအထားမျိုးတွင် တရုတ်ကိုဟန့်တားနိုင်မည့်နည်းလမ်းမှာ စီးပွားရေးနှင့်နိုင်ငံရေးလက်တုံ့ပြန်မှုသာဖြစ်သည်ဟု ရှုမြင်မိသည်။ အကယ်၍ ဂျပန်ကသာ တရုတ်ထုတ်ကုန်ပစ္စည်းများတင်သွင်းမှုကို လက်သင့်မခံတော့ဘဲ တရုတ်ပြည်တွင်းကော်ပိုရိတ်ရင်းနှီးမြှုပ်နှံမှုများကိုပါ ခွင့်ပြုချက်မပေးဘဲနေမည်ဆိုပါက ဘေဂျင်းအစိုးရအနေဖြင့် သဘောထားပျော့ပျောင်းလာနိုင်သည်။ အကယ်၍ အမေရိကန်ပြည်ထောင်စုနှင့် အခြားသော အနောက်နိုင်ငံများက ထိုကဲ့သို့ ကန့်သတ်ပိတ်ပင်မှုတွင် ပူးပေါင်းပါဝင်မည်ဆိုပါက အကျိုးဆက်မှာ ထူးထူးခြားခြားနှင့် ထိရောက်မှုရှိပေလိမ့်မည်။

တိဘက်နှင့် အခြားသောဒေသများသည်ပင် လွတ်လပ်မှုပြန်လည်ရရှိလာနိုင်သည်။ တရုတ်နိုင်ငံသည် သူ့အပေါ်ထားရှိသော အခြားနိုင်ငံ တစ်နိုင်ငံ၏ ချစ်ကြည်ရင်နှီးသည့် အပြုအမူများကို အားနည်ချက် သို့မဟုတ် တရုတ်သြဇာလွှမ်းမိုးချုပ်ကိုင်မှုကို လက်သင့်ခံမှုအဖြစ်အဓိပ္ပာယ်ဖော်ခဲ့သည်။

ဂျပန်နိုင်ငံ အာဏာရ ဒီမိုကရက်တစ်ပါတီ၏ အဆိုပါ ပြဿနာအပေါ် ချဉ်းကပ်ဖြေရှင်မှုမှာ လွန်စွာ ပျော့ပျောင်းလွန်းသည်ဖြစ်ရာ တရုတ်တို့က ရူးနှမ်းသော အပြုအမူအဖြစ်ပင် ရှုမြင်ထားဟန်ရှိသည်။ ယခု ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရှင်ဇိုအာဘေးမှာ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနှင့် သြစတြေးလျတို့နှင့် မဟာမိတ်ဖွဲ့မှုကို တရုတ်ပြည်သြဇာလွှမ်းမိုးမှုဟန့်တားရေးအဖြစ် လုပ်ကိုင်ဆောင်ရွက် မည်ဖြစ်ရာ ၎င်းသည်သာ ဂျပန်နိုင်ငံအတွက် မှန်ကန်သင့်တော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။

------------------------------------------------------------------------------------------------

အိန္ဒိယနိုင်ငံကို နားလည်ခွင့်လွှတ်ပေးနိုင်သောကြောင့် စိုးရိမ်သံသယမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(The Asian Age မှ 15 Dec 2012 ရက်စွဲပါ “No misgivings have to make allowances for friends: Su kyi” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံနှင့် မြန်မာတပ်မတော်အစိုးရဟောင်းတို့ ထိတွေ့ဆက်ဆံခဲ့ခြင်းသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် နှစ်သက်ဝမ်းမြောက်ဖွယ်ကိစ္စမဟုတ်သော်လည်း သူမက “တခါတရံ လမ်းလွှဲသွားသည့်တိုင်အောင် မိတ်ဆွေများအတွက် နားလည်ခွင့်လွှတ်ပေးနိုင် သောကြောင့် ထိုကိစ္စအပေါ် စိုးရိမ်သံသယမရှိကြောင်း” ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံသို့ ပထမဆုံး ချစ်ကြည်ရေးခရီးရောက်ရှိနေသူ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆာလမန်ခါရှစ်နှင့် မိနစ်လေးဆယ်ကြာ တွေ့ဆုံပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်က “အုပ်ချုပ်ရေးစနစ်တစ်ခုမှ နောက်တစ်ခုသို့ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံ၏ အနေအထားကို အိန္ဒိယနိုင်ငံက အလွန်လက်တွေ့ကျသောနည်းလမ်းဖြင့် စစ်ဆေးသုံးသပ်ပေးစေလိုကြောင်း” ပြောကြားခဲ့သည်။

မှန်ကန်စွာစီစဉ်တကျဖြစ်ပေါ်ရေးနှင့် ပတ်သက်ပြီးစိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုသော ဒေါ်အောင်ဆန်းစုကြည်က “အမြန်နှုန်းတစ်ခုထဲသာမက ပါဘူး၊ အရာရာအားလုံးပါပဲ” ဟုရှင်းလင်းသည်။

ယင်းသို့တွေ့ဆုံရာတွင်ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍရှိ အခြေခံလူမှုကိစ္စရပ်များ ဖြေရှင်းရန်လိုအပ်နေခြင်းကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟုလည်း သိရှိရသည်။

အိန္ဒိယနိုင်ငံအပေါ် သံသယကျန်ရှိနေသေးသလားဟု မေးမြန်းသောအခါ သူမက “မိတ်ဆွေအပေါင်း အသင်းဆက်ဆံရေးမှာ တခါတရံ သူက လမ်းမှားတတ်သလို တစ်ခါတစ်လေ ကိုယ်က လမ်းလွဲတက်ပါတယ်။ ဒါ့ကြောင့် ဒီအပေါ်မှာ ခံစားနေစရာအကြောင်းမရှိပါဘူး” ဟု ဖြေကြားသည်။

ပြီးခဲ့သောလက အိန္ဒိယခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အခက်ခဲဆုံးကာလများတွင် အိန္ဒိယနိုင်ငံက ပစ်ခွာသွားခဲ့ခြင်းကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ ယခု အသွင်ပြောင်းနေချိန်တွင် ဒီမိုကရေစီစနစ် အောင်မြင်အောင် ကူညီရပ်တည်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း” ပြောကြားခဲ့သည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment