Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၈.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရပ်တန့်နေသော ထားဝယ်စီမံကိန်းအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုကို မြန်မာဖြေဖျောက်ပေး

(AFP News မှ 17 Dec 2012 ရက်စွဲပါ "Myanmar courts wary investors on part project"သတင်းကိုဘာသာပြန်ဆိုသည်)

  1. အီးယူက စင်္ကာပူနှင့် အဓိကကျသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ရရှိ

(17 Dec 2012 ရက်စွဲပါ BBC News မှ EU in major free trade deal with Singapore ကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယက မြန်မာနှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လို

(UPI News မှ 17 Dec 2012 ရက်စွဲပါ "India wants Myanmar defense Cooperation" သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဂျပန်လျှပ်စစ်ကုမ္ပဏီ Meidensha မြန်မာကုမ္ပဏီနှင့် ဆက်ဆံရေးထူထောင်

(18 Dec 2012 ရက်စွဲပါ Japan Times မှ Meidensha ties with Myanmar firm ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ရပ်တန့်နေသော ထားဝယ်စီမံကိန်းအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုကို မြန်မာဖြေဖျောက်ပေး

(AFP News မှ 17 Dec 2012 ရက်စွဲပါ "Myanmar courts wary investors on part project"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြိုလဲနေသောစီးပွားရေးကို ပြန်လည်ဆယ်ယူရန် ယခင်တပ်မတော်အစိုးရလက်ထက်က စတင်ခဲ့သည့် ဒေါ်လာဘီလီယံများစွာ တန်သော ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန် လက်ရှိအစိုးရက ကြိုးစားနေပြီဖြစ်သည်။

၎င်းဖက်စပ်စီမံကိန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်အပါအဝင် မြန်မာတာဝန်ရှိသူများနှင့်ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံတောင်ဖက် အင်ဒါမန် ကမ်းရိုးတန်းထားဝယ်မြို့သို့ ဝန်ကြီးချုပ်ယင်လပ်နှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ မနေ့ကရောက်ရှိခဲ့ကြသည်။

ထားဝယ်တွင် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို ဇူလိုင်လက နှစ်နိုင်ငံလက်မှတ်ရေး ထိုးခဲ့ကြပြီး၊ လုံခြုံရေး၊ အခြေခံအဆောက်အဦးစနစ်နှင့် စီမံကိန်းထောက်ပံ့ရေးကိစ္စ အပါအဝင် ကဏ္ဍများတွင် ကူညီဖြည့်ဆည်းပေးရန် ထိုင်းဖက်မှသဘောတူခဲ့သည်။

အီတာလျှံ-ထိုင်းကုမ္ပဏီက အကောင်အထည်ဖော်မည့် ထားဝယ်စီမံကိန်းသည် စစ်အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်လာသော မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လွတ်မြောက်လာသော မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆောင်ကြဉ်းပေး မည်ဖြစ်သလို၊ ထိုင်းနိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာနှင့် အနောက်ဖက်ဈေးကွက်သို့ ထွက်ပေါက်ရရှိမည်ဖြစ်သည်။

သို့သော်လည်း အဆမတန်ကြီးမားလွန်းသော စီမံကိန်းအရွယ်အစားကြောင့် ရန်ပုံငွေအခက်အခဲနှင့် ဒေသခံတို့၏ ဆန့်ကျင်ကန့်ကွက်မှုတို့ကို ရင်ဆိုင်နေရသည်။

ထားဝယ်သို့မထွက်ခွာမှီ အီတာလျှံ-ထိုင်းဈေးကွက်မန်နေဂျာ ပရာဗီက "ထိုင်းရင်းနှီးမြှုပ်နှံသူတွေပာာ မြန်မာဖက်က နိုင်ငံရေးမူဝါဒနဲ့ ရန်ပုံငွေပြဿနာကြောင့် စိုးရိမ်ပူပန်ပြီးနှောင့်နှေးကြန့်ကြာနေပါတယ်"ပာု သတင်းထောက်များကိုပြောကြားသည်။

"တစ်ခြားနိုင်ငံတွေမှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ထိုင်းဘဏ်တွေက ပိုက်ဆံချေးမယ့်အလားအလာမရှိပါဘူး"ပာု ၎င်းကဆိုပါသည်။

ရပ်ဆိုင်းနေသော စီမံကိန်းကို လမ်းကြောင်းပေါ် ပြန်တင်ပေးမည်ပာု ကုမ္ပဏီကမျှော်လင့်ထားသော ထားဝယ်ခရီးတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူ အချို့လည်း လိုက်ပါကြမည်ပာုသိရသည်။

မြန်မာဖက်မှ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကလည်း အလားတူစိုးရိမ်ပူပန်နေကြသည်ပာု ရန်ကုန်မှ အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

"ကုန်ကျစရိတ်တွေကြီးမားလို့ ကျွန်တော်တို့အဲ့ဒီမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ရဲပါဘူး။ အဲဒီမှာ ထိုင်းလုပ်ခနှုန်းထားတွေပေးရမှာပါ။ ပြီးတော့ ဒီစီမံကိန်းက မြန်မာနိုင်ငံတွက် အကျိုးမရှိဘဲ ထိုင်းနိုင်ငံအတွက်သာ အကျိုးရှိမှာပါ"ပာု ၎င်းကဆက်လက်ပြောကြားသည်။

လောလောဆယ်တွင် နေရာဖယ်ပေးရသော ဒေသခံရွာသားများအား ပြန်လည်နေရာချထားရန် အိမ်သစ်များတည်ဆောက်ခြင်းမှလွဲ၍ ယခုတိုင် စီမံကိန်းလုပ်ငန်းတိုးတက်မှုမရှိသေးပါ။

လာမည့်နှစ်တွင်မူ စီစဉ်ထားသော စက်မှုဇုန်အတွက် အခြေခံအဆောက်အဦးနှင့်စက်ရုံများ စတင်အကောင်အထည်ဖော်နိုင်လိမ့်မည်ပာု စီမံကိန်း ကန်ထရိုက်တာများက မျှော်လင့်လျက်ရှိသည်။

ပြီးခဲ့သောနှစ်က ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသော အကြီးစားမြစ်ဆုံရေအားလျှပ်စစ်တမံစီမံကိန်းကို ပြည်သူလူထုကန့်ကွက်မှုကြောင့်ရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်က ဆုံးဖြတ်လိုက်သည့်ဖြစ်ရပ်ကြောင့် ထားဝယ်စီမံကိန်းဆန့်ကျင်သူများ ပိုမိုအားတက်လာ ခဲ့ကြသည်။

လောလောဆယ်တွင် အိမ်သစ်များဆောက်လုပ်ပေးသည့်တိုင်အောင် အချို့ရွာသားများက ရွှေ့ပြောင်းရန်ငြင်းဆန်နေကြသော်လည်း ဒေသခံတို့၏ ဆန့်ကျင်မှုလျှော့ပါးသွားမည့် လက္ခဏာရှိသည်ပာု သိရှိရသည်။

မြန်မာနိုင်ငံမှ အမည်မဖော်လိုသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတစ်ဦးက "စီမံကိန်းတစ်ခုလုံးရပ်သွားအောင် မတားနိုင်ဘူးဆိုတာကို ကျွန်တော်တို့နားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံနဲ့ ဓာတုပစ္စည်းစက်ရုံတွေကိုတော့ ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်သွားဆို့ ဆုံးဖြတ်ထားပါတယ်"ပာု ပြောကြားထားသည်။

                                                    ----------------------------------------------------------------------------------------------

အီးယူက စင်္ကာပူနှင့် အဓိကကျသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ရရှိ

(17 Dec 2012 ရက်စွဲပါ BBC News မှ EU in major free trade deal with Singapore ကိုဘာသာပြန်ဆိုသည်)

အီးယူနှင့်စင်္ကာပူတို့သည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ရရှိခဲ့ပြီဖြစ်သည်။ နိုင်ငံ(၂၇)နိုင်ငံပါ အဖွဲ့ကြီးနှင့် အဓိကအာရှ ကုန်သွယ်ဖက်နိုင်ငံတို့ကြား သဘောတူညီမှုမှာ ဒုတိယမြောက်ဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်က အီးယူနှင့်စင်္ကာပူနိုင်ငံကြား ကုန်သွယ်မှုမှာ ယူရို ၇၄ ဘီလီယံ(ပေါင် ၆၀ ဘီလီယံ-ဒေါ်လာ ၉၇ ဘီလီယံ)တန်ဖိုးရှိပါသည်။

စင်္ကာပူသည် အီးယူတွင် ဂျပန်ပြီးနောက် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပါသည်။ အီးယူကော်မရှင်က ပြောကြားရာတွင် လက်မှတ် ရေးထိုးခြင်းမပြုရသေးသော အဆိုပါသဘောတူညီချက်သည် အီးယူအတွက် ကားများနှင့်ငွေကြေးဝန်ဆောင်မှုများတင်ပို့ရာတွင် အထောက်အကူ ဖြစ်မည်ပာုပြောကြားခဲ့သည်။

အီးယူနှင့်တောင်ကိုရီးယားကြား FTA သည် ၂၀၁၁ ခုနှစ် ဇူလိုင်လကတည်းက စတင်အသက်ဝင်ခဲ့ပါသည်။

အီးယူသည် စင်္ကာပူအတွက် အိမ်နီးချင်း မလေးရှားပြီးလျှင် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ကြောင်း Reuters ၏ သတင်းထုတ်ပြန်ချက်က ဆိုပါသည်။ FTA ကို ၂၀၁၃ အစောပိုင်းတွင် စတင်နိုင်ရန်လုပ်ဆောင်နေပါသည်။

အီးယူသည် မလေးရှားနှင့်လည်းကောင်း၊ ဗီယက်နမ်နှင့်လည်းကောင်း FTA အတွက်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါသည်။

ယခုသဘောတူညီချက်သည် စင်္ကာပူတွင် ဘဏ်လုပ်ငန်းနှင့်ငွေကြေးဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည့် အီးယူကုမ္ပဏီများနှင့် အများပြည်သူ ပစ္စည်းဝယ်ယူရေးဈေးကွက်တို့ကို ပိုမိုလုပ်ဆောင်ရန် လွယ်ကူလိမ့်မည်ပာု မျှော်လင့်ရပါသည်။

လက်ရှိအောက်သို့ထိုးဆင်းနေသောစီးပွားရေးကြောင့် ပြင်းထန်စွာထိခိုက်ရသောကဏ္ဍများတွင် ဥရောပကားတင်ပို့သူများအတွက် အထောက် အကူဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်က စင်္ကာပူနှင့်ကုန်သွယ်ရာတွင် အီးယူသည် ကုန်သွယ်မှုပိုငွေ ယူရို(၈)ဘီလီယံရှိရာ အီးယူမှကားတင်ပို့မှုသည် ကြီးမားသော ကဏ္ဍတွင်ပါဝင်ခဲ့ပါသည်။

ဗြိတိသျှဝန်ကြီးချုပ် David Cameron က ယခုသဘောတူညီမှုအသစ်သည် စင်္ကာပူနှင့်ဆက်ဆံရေးတွင် မှတ်တိုင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းကပြောကြားရာတွင် ယခုသဘောတူညီမှုသည် ဗြိတိသျှစီးပွားရေးလုပ်ငန်းများအတဗွက် ကောင်းမွန်ပြီး အာရှတွင် အခြားအားကောင်းသော စီးပွားရေးနိုင်ငံများအတွက် လမ်းဖွင့်ပေးခြင်းဖြစ်ကြောင်း ပြောခဲ့ပါသည်။

FTA ကိစ္စအတွက် ဥရောပပါလီမန်မှ Conservative MEP Syed Kamall ကဦးဆောင်ညှိနှိုင်းမည်ဖြစ်ပါသည်။ ၎င်းကပြောကြားရာတွင် လန်ဒန်၏ဝန်ဆောင်မှု အထူးပြုလုပ်သောကဏ္ဍအတွက် အကောင်းဆုံးအခွင့်အလမ်းပာုဆိုပါသည်။

၎င်းက စင်္ကာပူသည် ကြီးမားလှသောတိုးတက်ကြီးထွားနေသည့် ဈေးကွက်တစ်ခုဖြစ်ပြီး ဥရောပအတွက် အရှေ့တောင်အာရှမှ အခြားဈေးကွက် များသို့ဝင်ရောက်ရန် တံခါးဖွင့်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                                                        ------------------------------------------------------------------------------------------

အိန္ဒိယက မြန်မာနှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လို

(UPI News မှ 17 Dec 2012 ရက်စွဲပါ "India wants Myanmar defense Cooperation" သတင်းကိုဘာသာပြန်ဆိုသည်)

အိန္ဒိယစစ်ဖက်ထိပ်တန်းတာဝန်ရှိသူများ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက်တွင် မြန်မာ့တပ်မတော်နှင့် စစ်ဖက်ဆက်ဆံမှု ပိုမိုတိုးမြှင့်ရန် အိန္ဒိယနိုင်ငံကအဆိုပြုလိုက်ပါသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဆာလမန်ခါရှစ်သည် ယခင်အပတ်က မြန်မာနိုင်ငံသို့ ပထမဆုံးပြည်ပခရီးထွက်လာကာ သမ္မတဦးသိန်းစိန်နှင့် သောကြာနေ့က တွေ့ဆုံခဲ့သည်။

အိန္ဒိယနိုင်ငံ၏ မပာာဗျူပာာမြောက် ယုံကြည်စိတ်ချမှုကို အလေးထားဖော်ပြရန် ကြိုးစားသည့်အနေဖြင့် ဝန်ကြီးဆာလမန်ခါရှစ်က "တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းကို နမူနာယူထားသောနှစ်နိုင်ငံချစ်ကြည်ရေး ဖောင်ဒေးရှင်း ထူထောင်ရေး"ကို အဆိုပြုခဲ့သည်ပာု The Indian Express သတင်းစာကရေးသားထားသည်။

ထိုသို့ အဆိုပြုရာတွင် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးများကို ခါရှစ်က ရှင်းလင်းပြောကြားခဲ့သည်ပာု သိရှိရသည်။

မကြာသေးမီက အိန္ဒိယ ကြည်းတပ်၊ ရေတပ်၊ လေတပ်ဦးစီးချုပ်များအားလုံး မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ကြသည့်အပြင် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ လာရောက်မည်ဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်သည်လည်း အိန္ဒိယ၊ အာဆီယံထိပ်သီးညီလာခံ အတွက် နယူးဒေလီသို့ မကြာမီသွားရောက်မည်ဖြစ်သည်ပာု သိရှိရသည်။

စစ်တပ်အတွက် လက်နက်ပစ္စည်းများကို ပြည်ပမှဝယ်ယူတင်သွင်းနေရသော မြန်မာနိုင်ငံသည် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း အနောက်အုပ်စုက လက်နက်ရောင်းချမှုပိတ်ပင်ထားသောကြောင့် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံများမှထုတ်လုပ်သော လက်နက်များကို ဝယ်ယူအားထားသုံးစွဲနေရသည်။

                                                    --------------------------------------------------------------------------------------------

ဂျပန်လျှပ်စစ်ကုမ္ပဏီ Meidensha မြန်မာကုမ္ပဏီနှင့် ဆက်ဆံရေးထူထောင်

(18 Dec 2012 ရက်စွဲပါ Japan Times မှ Meidensha ties with Myanmar firm ကိုဘာသာပြန်ဆိုသည်)

Meidensha Corp ကတနင်္လာနေ့က ပြောကြားရာတွင် ၎င်းသည်မြန်မာနိုင်ငံမှ Asia General Electric Co နှင့် မီးအားမြှင့်အင်ဗာတာများ ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးများတွင် နည်းပညာပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သည် ပာုဆိုပါသည်။

၎င်းသည် တိုကျိုအခြေစိုက် လျှပ်စစ်ပစ္စည်းထုတ်လုပ်သူဖြစ်ပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ရာတွင် မြန်မာနိုင်ငံမှ ထရန်စဖော်မာ ထုတ်လုပ်သူထံတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားမည်ပာုဖော်ပြထားသည်။

ယခုကဲ့သို့ ဆက်ဆံရေးတိုးတက်လာခြင်းကြောင့် Asia General Electric သည် အလတ်စားနှင့်အကြီးစားထရန်စဖော်မာများ ထုတ်လုပ်ရာတွင် Meidensha ထံမှနည်းပညာများ ရရှိလိမ့်မည်ပာုဆိုပါသည်။

           **********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment