Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၁.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. လာမည့်အပတ်တွင် အီးယူနိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ပြန်လည်သုံးသပ်မည်

(20 Jan 2012 ရက်စွဲပါ Monsters and Critics မှ EU foreign minister easing of Myanmar sanctions ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာသည် မြောက်ကိုရီးယားအား ဆွဲဆောင်နိုင်မည့် စီးပွားရေးဘလူးပရင့်လော

(The Age မှ 21 Jan 2011 ရက်စွဲပါ William Pesek ၏ Burma could be economic blueprint that brings North Korea closer ကို ဘာသာ ပြန်ဆိုသည်)

  1. ရွေးကောက်ပွဲ အဖျားတက်နေသော NLD

(AFP မှ 20 January 2012 ရက်စွဲပါ “Myanmar election fever grips Suu Kyi party” ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************

လာမည့်အပတ်တွင် အီးယူနိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ပြန်လည်သုံးသပ်မည်

(20 Jan 2012 ရက်စွဲပါ Monsters and Critics မှ EU foreign minister easing of Myanmar sanctions ကို ဘာသာ ပြန်ဆိုသည်)

ဥရောပနိုင်ငံခြားရေးဝန်ကြီးများသည် ရှေ့လာမည့်အပတ်တွင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ပြန်လည် သုံးသပ်မည်ဟု သံတမန်များက သောကြာနေ့က ပြောကြားခဲ့သည်။ အချို့အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီဆိုင်ရာ တိုးတက်များကြောင့် ကန့်သတ်ချက်များ ချက်ချင်းဖြေလျော့ပေးရန် တွန်းအားပေးလျက်ရျိသည်။

မြန်မာအစိုးရခေါင်းဆောင်ပိုင်းအပေါ် ချမှတ်ထားသော ခရီးသွားလာမှုဆိုင်ရာ ပိတ်ပင်ထားမှုကို အစောဆုံး လာမည့် တနင်္လာနေ့တွင် ဆက်လက် ထားရှိမည် သို့မဟုတ် ရုတ်သိမ်းမည်ဆိုသည်ကို ကြေညာနိုင်လျှင် ကောင်းလိမ့်မည်ဟု အချို့အီးယူနိုင်ငံများက ယုံကြည်နေကြောင်း အကြီးတန်းသံတမန် တစ်ဦးက သတင်းထောက်များသို့ ဘရပ်ဆဲလ်တွင် ပြောကြားခဲ့သည်။

အချို့သတင်းရင်းမြစ်များက ပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် အရေးယူမှုများ တဖြည်းဖြည်းရုတ်သိမ်းနိုင်မည့် အချိန်ဇယားသာ ထွက်ပေါ်လာနိုင်မည်ဟု ဆိုသည်။ အကယ်၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ တိုးတက်မှုများရှိမှသာ ယခုနှစ်ကုန်တွင် အရေးယူမှုများ ရုတ်သိမ်းနိုင်ဖွယ် ရှိကြောင်း ၎င်းတို့က ပြောသည်။

၁၉၈၈ ခုနှစ်က စစ်တပ်သည် ဆန္ဒပြသူများအား နှိပ်ကွပ်ခဲ့ခြင်းကြောင့် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ခံခဲ့ရသည်။ ပြီးခဲ့သည့် သြဂုတ်လက သမ္မတဦးသိန်းစိန်သည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခဲ့ပြီး၊ သူမအား ဧပြီ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် လမ်းခင်းပေးခဲ့သည်။ ဦးသိန်းစိန်သည် တိုင်းရင်းသားသူပုန်အုပ်စု သုံးခုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကိုလည်း လွှတ်ပေးခဲ့သည်။ ယင်းသို့ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် တိုင်းရင်းသားများနှင့် စစ်ပွဲများ ရပ်ဆိုင်သွားရေးသည် အနောက်နိုင်ငံများက မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးပြုလုပ်နိုင်ရန် သတ်မှတ်ထားသော အဓိက အခြေအနေနှစ်ခု ဖြစ်သည်။

****************************************************************************************************

မြန်မာသည် မြောက်ကိုရီးယားအား ဆွဲဆောင်နိုင်မည့် စီးပွားရေးဘလူးပရင့်လော

(The Age မှ 21 Jan 2011 ရက်စွဲပါ William Pesek ၏ Burma could be economic blueprint that brings North Korea closer ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးတွင် ဖြစ်စေချင်ကြသည့် မေးခွန်းများအနက် ကင်ဂျူုံအန်ကလည်း မြောက်ကိုရီးယားတွင် မြန်မာနိုင်ငံနည်းတူ လုပ်ဆောင်ရန် ဆွဲဆောင်နိုင်မည်လားပာူသော မေးခွန်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်မှ အဖြစ်အပျက်များကို ကြည့်၍ ကမ္ဘာပေါ်တွင် အဆိုးဆုံးအစိုးရ၏ ခေါင်းဆောင်သစ်သည် Kim မင်းဆက် သက်တမ်းဆက်နိုင်ရေးအတွက် ဒုတိယအတွေးများ ပေါ်ကောင်းပေါ်နိုင်သည်။ ၎င်း၏ဖခင် ကင်ဂျူံအီ(၁၇) နှစ်တာ အုပ်ချုပ်ခဲ့သောကာလတွင် လူနှစ်သန်းခန့် အငတ်ဘေးဆိုက်ခဲ့ပြီး၊ မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေးမှာ အန္တရာယ်ဆိုးဝါးစွာ ခံစားခဲ့ရသည်။

မြန်မာနိုင်ငံသည် အာရှတွင် အဆိုးဆုံး အစိုးရများအနက် မြောက်ကိုရီးယားပြီးလျှင် ဒုတိယလိုက်ပါသည်။ လအနည်းငယ်အတွင်းမှာပင် သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်တင်နိုင်ခဲ့သည်။ အရေးယူမှုများ ရုတ်သိမ်းရေးများဆွေးနွေးခဲ့သည်။ ထိုသို့ဖြစ်စေရန် ၎င်းသည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းနှင့် တစ်ရက်လုပ်ခဒေါ်လာ (၂.၂၀)သာရသော (၆၂) သန်းသော မြန်မာလူထုအတွက် လမ်းကြောင်းသစ် သွားရန် ကတိကဝတ်များအတွက် မျှော်လင့်ချက်များ ဖြစ်စေခြင်းများ လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ရုတ်တရက် တဆစ်ချိုးပြောင်းလဲသွားသော မူဝါဒသည် မြောက်ကိုရီးယားတွင် ပြောင်းလဲမှုအတွက် စံပြဖြစ်နိုင်လိမ့်မည်မပာုတ်သော်လည်း၊ အထောက်အကူပြုပစ္စည်း (Catalyst) သဖွယ်တော့ ဖြစ်လိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ စစ်တပ်နောက်ခံပြုသော အစိုးရသည် ဤရှုပ်ထွေးသောလုပ်ဆောင်မှုများကို အောင်မြင်အောင် လုပ်ဆောင်နိုင်သည် ဆိုသည်ကို အချိန်ကသာ စကားပြောလိမ့်မည်ဖြစ်သည်။

                ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ မီခေးဂေါ်ဘာချော့ဖြစ်သည်ဆိုသည့် မျှော်လင့်ချက်အားလုံးအတွက် ယုံကြည်ရမည့် အကြောင်းပြချက် တစ်ခုတည်း ရှိသော်လည်း ပာုတ်မပာုတ် စမ်းသပ်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား အစိုးရအဖွဲ့တွင်း ဝင်ရောက်ရန် လျင်မြန်စွာခွင့်ပြုခဲ့ခြင်း၊ အကျဉ်းသားများလွှတ်ပေးခြင်းနှင့် သတင်းမီဒီယာများ သတင်းထုတ်ပြန်နိုင်ခြင်းတို့သည် လစ်တမတ်(Litmus test) စမ်းသပ်မှုများတွင် ပါဝင်သည်။ ပြုံယမ်းသည် တစ်မျိုးတစ်ဘာသာတွဲသော နိုင်ငံတစ်ခုဖြစ်သည်။ ဝင်စတန်ချာချီဆိုခဲ့သကဲ့သို့ အကယ်၍ ဆိုဗီယက် ယူနီယံသည် အရှုပ်အထွေးများနှင့် မုန့်လုံးစက္ကူကပ်နေသော အရှုပ်ထုတ်ကြီးပာု ဆိုလျှင် Kim ၏ မြောက်ကိုရီးယားသည် ကျွနိုပ်တို့ အနုစိတ်ခွဲခြမ်းကြည့်၍ လက်လှမ်းမမှီနိုင်သော အလွန်ဝေးသော ဂြိုလ်ကမ္ဘာတစ်ခုပာု ဆိုရပေလိမ့်မည်။

မြန်မာ-မြောက်ကိုရီးယားနှိုင်းယှဉ်မှုတွင် အကန့်အသတ်များရှိပါသည်။ မြန်မာနိုင်ငံသည် ၎င်း အမှောင်ဆုံးနေ့များမှာပင် မြောက်ကိုရီးယားကဲ့သို့ ထူးဆန်းပြီး ရှုပ်ထွေးနေသော နိုင်ငံမပာုတ်ခဲ့ပေ။ အချို့သော အင်အားစုများ အလုပ်လုပ်နေသည်ပာု စဉ်းစားလျှင် သိနိုင်သည်။ အချက်တစ်ခုမှာ ပထဝီ နိုင်ငံရေးကလည်း အာရှ၏ ရက်စက်သောအစိုးရများကို ရုတ်တရက် မခန့်မှန်းထားသောလမ်းများသို့ လျှောက်လှမ်းရန် ဆွဲဆောင်ပါသည်။ အာရပ်နွေဦး တော်လှန်ရေးများသည်မြောက်ကိုရီးယား၏ ငွေရေးကြေးရေးကို အားလုံးသိထားကြသည်ထက်ပို၍ ထိခိုက်နစ်နာစေသည်။ လစ်ဗျားနိုင်ငံ၏ ကဒါဖီသည် မြောက်ကိုရီးယားဒုံးကျည်များ၏ ပုံမှန်ဖောက်သည်များဖြစ်သည်။ ဆီးရီးယားသည်လည်း မြောက်ကိုရီးယား၏ ကာလရှည်ကြာကတည်းက အဓိက ဈေးကွက်တစ်ခုဖြစ်ခဲ့သည်။ ယခု ပြဿနာဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းမှ အစိုးရများသည်လည်း ဖောက်သည်များ ဖြစ်ကြသည်။ သယံဇာတပေါသော မြန်မာနိုင်ငံ၏ ပျော့ပြောင်းလာသော လက္ခဏာများတွင် ထိုအချက်ကိုလည်း ထည့်သွင်းရမည်ဖြစ်သည်။

ဘားရက်အိုဘားမား၏ အိမ်ဖြူတော်က လက်ကမ်းလာပြီး အစိုးရက မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေး အမြန်ဆုံးရပ်သွားရန် မျှော်လင့်နေသည်။ ကင်ဂျုံအန်၏ အိတ်ကိုဖြည့်ပေးမည့်သူ မပာုတ်သော်လည်း မြောက်ကိုရီးယား နွေဦးတော်လှန်ရေးမဖြစ်အောင် စစ်ခေါင်းဆောင်မှု အတွက် လိုအပ်သည်များ ပေးနေသည့် ဖောက်သည်တစ်ဦး ရှိနေပါသေးသည်။ တရုတ်၏ ကူညီစောင်မမှုများဖြစ်သည်။ တရုတ်သည် ခန့်မှန်း၍ မရသော၊ ၎င်းအား အကျိုးမပြုသော အိမ်နီးချင်းအပေါ် ထောက်ပံ့ကူညီရသည်ကို စိတ်ကုန်နေပြီဖြစ်သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် တိုကျိုသို့ ဒုံးကျည်များ ချိန်ရွယ်ခဲ့သောအခါ ပထမဆုံးတယ်လီဖုန်းများ မြည်လာသော နိုင်ငံမှာ တရုတ်ပြည်ဖြစ်သည်။ တရုတ်တွင် “ကင်” ကို ထိန်းသိမ်း ဆုံးမရန်ထက် ၎င်း၏ ပြည်တွင်းငွေကြေးကိစ္စ ပူပင်စရာများမှာ ပို၍ ကြီးမားသည်။

မြောက်ကိုရီးယားသည် တရုတ်ကို မြန်မာနိုင်ငံအပေါ် ပိုမိုစိတ်အနှောက်အယှက်ဖြစ်စေရန် အာရုံပြုလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အမေရိကန်နှင့် အဆင်ပြေနေသောကြောင့် ဖြစ်သည်။ ဆီးနိတ်လူနည်းစုခေါင်းဆောင် မစ်ခ်ျမက်ကော်နဲ မြန်မာနိုင်ငံသို့ ယခုအပတ် အတွင်း လာရောက်ခဲ့သောအခါ နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်သစ်တစ်ခုသို့ရောက်ခဲ့သည်။ ၎င်းသည် ကလင်တန်နှင့် ဘီလီယံနာ ဂျော့ဆိုရော့တို့ကဲ့သို့ပင် ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံအပေါ် ဝေဖန်ခဲ့သူတစ်ဦးဖြစ်သည်။ ထိုခရီးစဉ်များသည် မြန်မာနိုင်ငံက ဒေါ်လာ ၃.၆ ဘီလီယံတန် တရုတ်ရေလှောင်တမံဆောက်လုပ်မှုကို ရပ်ဆိုင်းအပြီး သုံးလအကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပြုံယမ်းတွင်မူ ထိုအရာများအားလုံးမည်သို့ ကစားနေသည်ကို ခန့်မှန်းရန်ခက်သည်။ အသက် (၂၈)ခန့်သာ ရှိသေးသော Kim ၏ အကြောင်းကို အနည်းငယ်သာသိနိုင်သည်။ ကျွနိုပ်တို့သည် မြောက်ကိုရီးယား၏ လုပ်ကြံဖန်တီးတက်သော ဝါဒဖြန့်ယန္တရားအဆိုအရ၎င်းသည် ၁၉၉၀ ခုနှစ်များတွင် ဆွစ်ဇာလန်နိုင်ငံ Bern တွင် ပညာသင်ကြားခဲ့ပြီး အမျိုးသားဘက်စကက်ဘောအသင်းနှင့် မိုက်ကယ်ဂျော်ဒန်ကို နှစ်သက်ကြောင်း၊ အသက်သုံးနှစ်တွင် ကားစမောင်းကြောင်း တို့လောက်သာ သိရသည်။ Kim အနေဖြင့် ၎င်း ဖခင်၏ စီးပွားရေးလမ်းစဉ်များသည် ရလဒ် မထွက်တော့သည်ကို သိရမည် ဖြစ်သည်။ ရန်စမှုများပြုလုပ်ပြီး အစာနှင့်ဆီကို ငွေညှစ်တောင်းခံသည့် မပာာဗျူပာာသည် ရေရှည်တွင် အသုံးမဝင်တော့ပေ။ ထို့ကြောင့် ဓားပြတိုက်ခြင်း၊ ငွေကြေးအတု ပြုလုပ်ခြင်းနှင့် လက်နက်ရောင်းဝယ်ရေး အပေါ်တွင်သာ မှီခိုလာရတော့သည်။ မြောက်ကိုရီးယားက နျူကလီးယားနည်းပညာကို ပါကစ္စတန်နှင့် အီရန်သို့ ရောင်းချခြင်းကိုလည်း အားလုံးကတင်းကြပ်လာခဲ့ကြပြီဖြစ်သည်။

Kim အတွက်လုပ်ဆောင်ရန်တစ်ခုသာကျန်တော့သည်ဖြစ်ရာ သံတမန်ဆက်ဆံရေး(Diplomacy) ပင်ဖြစ်သည်။ မြောက်ကိုရီးယားအစိုးရအတွက် အလုပ်လုပ်ပေးခဲ့ပြီး ထွက်ပြေးလာသူဘဏ်ပညာရှင် Choi Se Woong က ပြောကြားရာတွင် Kim သည်စီးပွားရေးနှင့် ပတ်သက်ပြီး လျှော့ပေးလိမ့်မည်ပာု ဆိုသည်။ အမှန်တကယ်ပင်မြောက်ကိုရီးယားအား အထီးကျန်ပြုရေးကြောင့် အမေရိကန်တို့ ဘာများရရှိလေသနည်း။ ဆယ်စုနှစ်ပေါင်းများစွာ အရေးယူမှုများပြုလုပ်ခဲ့သော်လည်း ကျူးဘားတွင် ဖီဒယ်ကက်စထရိုကိုဖယ်ရှားနိုင်ခြင်း မရှိခဲ့သော်လည်း အဘယ်ကြောင့် အမေရိကန်ခေါင်းဆောင် အဆက်ဆက်သည် မြောက်ကိုရီးယားတွင် အဆိုပါ မပာာဗျူပာာ အလုပ်ဖြစ်လိမ့်မည်ပာု တွေးထင်နေကြပါသနည်း။ လိုချင်တာ ပေးခြင်းသည် အဖြေမပာုတ်ပါ။ သို့သော် စစ်ရေးအရ ခြိမ်းခြောက်မှုထက်စာလျှင် အရင်းရှင်စနစ်(Capitalism)ဖြင့် ချဉ်းကပ်ရန် နေရာ ရှိနေပါသေးသည်။ Kim သည် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို ကြည့်၍ ရယ်ဒီကယ်အတွေးများ ပေါ်ကောင်းပေါ်နိုင်ပါသည်။ တကယ်သာ ပေါ်ခဲ့လျှင် ကမ္ဘာကြီးရော မြောက်ကိုရီးယားပါ နေချင့်စဖွယ်ဖြစ်လာပါလိမ့်မည်။

**************************************************************************

ရွေးကောက်ပွဲအဖျားတက်နေသော NLD

(AFP မှ 20 January 2012 ရက်စွဲပါ “Myanmar election fever grips Suu Kyi party” ကို ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီ ဖြစ်၍ ရန်ကုန်မြို့ပါတီဌာနချုပ်တွင် ခွပ်ဒေါင်းအလံတလူလူနှင့် ပြန်လည်လှုပ်ရှား အသက်ဝင်လျက် ရှိသည်။ ဧပြီလ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံတင်လိုက်ပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပတ်ပတ်လည် စုဝေးလာသော စိတ်လှုပ်ရှားနေသည့် လူထုပရိသတ်က နှစ် ၅ဝ စစ်အုပ်ချုပ်ရေးအလွန် မြန်မာ့နိုင်ငံရေးကို အားသစ် လောင်းပေးမည် ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်။

နှစ်ပေါင်း ၂ဝ နီးပါး အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ အောက်လွှတ်တော် အမတ်နေရာအတွက် ရန်ကုန်အနီး မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခြင်းသည် မြန်မာနိုင်ငံ၏ နောက်ဆုံးနှင့် အသိသာဆုံး ပြောင်းလဲမှုဖြစ်သည်။ သူမ၏ NLD ပါတီက ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲကို မျှတမှုမရှိဟု ထောက်ပြဝေဖန်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းကို အားလုံး သိရှိပြီးဖြစ်သည်။ သို့သော် ယခုအစိုးရက ထူးထူးဆန်းဆန်း ယုံကြည်စိတ်ချစွာဖြင့် အတိုက်အခံများကို ခွင့်ပြုလိုက်လျောလိုက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပထမဆုံးအကြိမ် သူ့ကိုယ်သူ ပြန်လည်ရင်ဆိုင်ရသော စိန်ခေါ်မှုတစ်ခုကို ကြုံတွေ့ရပြီး နှိမ့်ချမှုဖြင့် ဖြေရှင်းရမည့် လက္ခဏာကို တွေ့နေရသည်။ “ကျွန်မကပဲ ရှေ့ကို လှမ်းမျှော်နေတာလားတော့ မသိပါဘူး။ ဒါဟာ ခက်ခဲတဲ့ကိစ္စတစ်ခုဆိုတာထက် မပိုဘူးလို့များ ကျွန်မစဉ်းစားမိသလားဆိုတာကိုလည်း ကျွန်မ သေချာ မသိသေးပါဘူး။ ဒါပေမဲ့ ခက်ခဲတဲ့အရာကို ကျွန်မ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။” ဟု မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် သူမက ပြောကြားသည်။

ယခုအခါ အစိုးရသစ်သည် အတိုက်အခံများနှင့် ဆွေးနွေးစကားပြောခြင်း၊ နိုင်ငံရေးကအကျဉ်းသားများ ရာနှင့်ချီ၍ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ဆောင်ရွက်လာခြင်းကြောင့် ပြစ်တင်ဝေဖန်ရေးသမား များကိုပင် အံ့အားသင့်စေခဲ့ပြီ ဖြစ်သည်။ နာတာရှည်တပ်မတော်အစိုးရကို မနှစ်က အစားထိုးနေရာယူလိုက်သော အရပ်သားအစိုးရက ထိုကဲ့သို့ မကြုံစဖူး လိုက်လျောမှုများကို ပြသခဲ့ပြီးနောက် မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရသစ်၏ ဒီမိုကရေစီရည်မှန်းချက်များအပေါ် အဓိက စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု အများစုက ရှုမြင်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအား အမွှမ်းတင်ဂုဏ်ပြုကာ ရွေးကောက်ပွဲဝင်ခြင်းသည် သူမနှင့် မထိုက်တန်ကြောင်း ဝေဖန်နေကြသည့် ပြည်တွင်းပြည်ပမှ ထောက်ခံသူများကို ဖြေရှင်းသည့်အနေဖြင့် “ဘယ်လို နိုင်ငံရေးသမားမဆို လွှတ်တော်အခြေခံ နိုင်ငံရေးလမ်းကြောင်းမှာ ပါဝင်ဖို့ အတွက် မထိုက်တန်လောက်အောင် မြင့်လွန်းနေတယ်လို့ စဉ်းစားတာဟာ သိပ်ကို အန္တရာယ်ကြီးလွန်းတဲ့ အယူအဆပါ။ အနည်းဆုံးအားဖြင့် ကျွန်မတို့ အားလုံး ကိုယ့်ကိုယ်ကို နှိမ့်ချပြီး စတင်ကြရမယ်လို့ ကျွန်မ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပေါ်ပြူလာဖြစ်နေဆဲဖြစ်သောကြောင့် ရွေးကောက်ပွဲများသာ လွတ်လပ်မျှတပါက သူမ ရွေးချယ်ရမည့်အချက်ကို သံသယမရှိကြပေ။ ရန်ကုန်မှ အငှားကားယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးခင်အေးက “ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ NLD ကိုပဲ မဲပေးမှာပါ။ အကြောင်းရင်းကတော့ ဒေါ်စုနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လို့ပါပဲ။ ဒေါ်စုက ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေအတွက် ကောင်းကျိုးပြုမယ့်သူ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ်” ဟု ပြောကြားသည်။

အကဲခတ်လေ့လာသူများက တင်ပြထားကြသော အန္တရာယ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရခြင်းသည် တပ်မတော်ကိုယ်စားလှယ် များနှင့် တပ်မတော်အငြိမ်းစားဗိုလ်ချုပ်များ လွှမ်းမိုးထားသော လွှတ်တော်ထဲမှ အမည်ခံအရပ်ဖက်အစိုးရ တရားဝင် ဖြစ်သွားနိုင်သည့်ကိစ္စဖြစ်သည်။ ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင် လျာထားသော ကိုယ်စားလှယ်အမတ်နေရာ ၄၈ နေရာသည် လွှတ်တော်တွင် လွှမ်းမိုးထားသော ကြံ့ခိုင်ရေးပါတီကို ခြိမ်းခြောက်ရန် မလုံလောက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဤအချက်ကို စိုးရိမ်ပုံမရပါ။ “အကြီးမားဆုံး အန္တရာယ်ကတော့ ကျွန်မတို့ပါတီဝင်တွေ အချင်းချင်း ကိုယ်စားလှယ်လောင်းနေရာအတွက် ပြိုင်ဆိုင်ကြမယ့်ကိစ္စပါ။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရန်ကုန်မြို့လယ်မှ NLD ပါတီဌာနချုပ်သည် ဖုန်များတက်ကာ ဟောင်းနွမ်းယိုယွင်းနေသော်လည်း နိုင်ငံရေးသမားများ၊ ထောက်ခံ အားပေးသူများ၊ သတင်းထောက်များဖြင့် ပျားပန်းခတ် ပြည့်လျှံနေပြီး နို့တစ်ဘုတ်များတွင်လည်း ပါတီဝင်အသစ်များကို ခေါ်ယူလျက်ရှိသည်။ ဌာနချုပ် နှစ်ထပ် အဆောက်အအုံ အပေါ်ထပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဗဟိုကော်မတီဝင်များ အစည်းအဝေးကျင်းပနေချိန်၌ မြေညီထပ်တွင် လူငယ်များက ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ဖခင်ရုပ်ပုံ ရိုက်နှိပ်ထားသော တီရှပ်၊ သော့ချိတ်၊ ပိုစတာနှင့် ပြက္ခဒိန်များကို အမျိုးသမီးများက လွတ်လွတ်လပ်လပ် ရောင်းချနေကြချိန်တွင် သူမ၏မျက်နှာကို ရှေ့မျက်နှာဖုံးတင်ထားသော ဂျာနယ်များ ပလူပျံအောင် ထွက်ရှိနေသည့် လက်ရှိအခြေအနေမျိုးကို လွန်ခဲ့သော တစ်နှစ်ခန့်က စိတ်ကူးထဲမှာပင် တွေးမိကြမည် မဟုတ်ပေ။

မိသားစုဝင်များ၏ ခြေရာကိုနင်းကာ လွန်ခဲ့သော ၈ နှစ်က NLD ပါတီကိုဝင်ခဲ့ပြီး ယခုအခါ ပါတီလူငယ်အဖွဲ့ ပြောရေးဆိုခွင့် ရှိသူအဖြစ် တာဝန် ယူထားသော အသက် ၂၈ နှစ်အရွယ် ခင်မြတ်သူက "လွှတ်တော်ထဲမှာ လူအနည်း အများ ကိစ္စက အရေးမကြီးပါဘူး။ တရားဥပဒေ စိုးမိုးရေးအတွက် ကျွန်မတို့ ရပ်တည်လှုပ်ရှားကြမှာပါ"ဟု ပြောကြားသည်။ "ဒေါ်အောင်ဆန်းစုကြည်က တခြားလွှတ်တော်အမတ်တွေကို စည်းရုံးဖို့ ကြိုးစားမှာဖြစ်လို့ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်ကို လူတိုင်းက လက်ခံကြမှာပါ"ဟု သူမက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်းလျားကန်စောင်းနေအိမ်တွင်လည်း နိုင်ငံတကာမှ တာဝန်ရှိသူများ အဆက်မပြတ် ဝင်ထွက်ကာ အလုပ်များလျက် ရှိသည်။ နိုင်ငံတကာတာဝန်ရှိသူများ လာရောက်သည့်အခါတွင် ရုပ်သံရိုက်ကူးမှုများအတွက် သူမ၏ အိမ်ရှေ့လှေကားဆင်းတွင် ပြုလုပ်ထားသော စင်ကို ဖယ်ရှားလိုက်သော်လည်း ပန်းခြံထဲတွင်မူ NLD သင်္ကေတ အလံတိုင်များနှင့်အတူ နေစွမ်းအင်သုံးမီးလုံးများ တပ်ဆင်ထားသည်ကို တွေ့ရသည်။ NLD ပါတီ၏ နိုင်ငံရေးပလက်ဖောင်းသည်လည်း သူမ၏ နေအိမ်ပြောင်းလဲမှုများနှင့် လိုက်ဖက်ညီအောင် တိုးတက်လျက်ရှိသည်။ ပါတီ၏ တရားဝင်အစီအစဉ် များကို ရေးဆွဲနေပြီဖြစ်ပြီး ရွေးကောက်ပွဲဝင်ခြင်း၏ ရည်မှန်းချက်များ၊ ယုံကြည်ချက်များကို အသိပေးမည့်ပါတီလက်ကမ်းစာစောင်အမှတ်စဉ်(၁)ကိုလည်း ယခုသီတင်းပတ်တွင် ထုတ်ဝေတော့မည် ဖြစ်သည်။

ရန်ကုန်မဲဆန္ဒနယ် တစ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဖြူဖြူသင်းကလည်း ၁၉၉၀ ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ပါဝင်ကူညီခဲ့သည့် အတွေ့အကြုံများက သူမအတွက် အသုံးဝင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။ သို့သော်လည်း မျှော်လင့်ချက် အများကြီးမထားကြရန် ပြည်သူများကို သူမက သတိပေးထားသည်။ “ဘာကတိမှ ပေးလို့မရပါဘူး။ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပြည်သူတွေပါဝင်လာအောင် ဦးဆောင်ဖို့က အဓိကအချက်ပါ” ဟု သူမက ဆိုသည်။

************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs