Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

*****************************************

ဆောင်းပါးကဏ္ဍ

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မိုးမြင့်ငြိမ်း

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံသည် ကိုလိုနီစနစ်အမွေဆိုးဟု ဆို၍ရနိုင်သည့် ဗမာနှင့် တိုင်းရင်းသားများအကြား သွေးကွဲ နေမှုကို ခံစားခဲ့ရသည်။ သို့နှင့် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ရသည်။ တပ်မတော်မှ အင်အားကြီးမားလာခဲ့ရသည့် အကြောင်း ရင်းမှာလည်း ယင်းပြည်တွင်းစစ်ပေါ်တွင် များစွာ မူတည်သည်။ ထိုပြည်တွင်းစစ် အရှိန်တက်လာတိုင်း စစ်တပ်မှ နိုင်ငံတော်တည်ငြိမ်ရေးအတွက် အာဏာ သိမ်းခဲ့ရခြင်းကို ၁၉၄၉၊ ၁၉၅၈၊ ၁၉၆၂ အတွေ့အကြုံများအရ သိနိုင်သည်။ ပါလီမန်ဒီမိုကရေစီခေတ် ပထစအစိုးရလက်ထက် ပမညတ အမတ်တစ်ဦးဖြစ် သည့် ဝိဓူရသခင်ချစ်မောင် ပြောခဲ့သလိုပင် “စစ်ဘောင်ကျယ်လျှင် ဒီမိုကရေစီဘောင်ကျဉ်းတယ်”ဟူသည့် စကားအတိုင်း ဒီမိုကရေစီမှာ ရင့်ကျက်မှုအဆင့် ထိ ရောက်မလာနိုင်ဘဲ လမ်းခုလတ်မှာပင် နောက်ကြောင်းပြန်သွားခဲ့ရသည်။ ပါလီမန်ခေတ် နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှု အပိုင်းကိုလည်း သုံးသပ် ကြည့်ပါဦး။ ပြည်တွင်းစစ်ကြီးကြောင့် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို အားယူလုပ်ဆောင်၍ မရနိုင် ဖြစ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးမရှိ လျှင် ဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းနေမည်သာဖြစ်သည်။

နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေးကို ဝေဖန်ပြောကြားတိုင်း ဖယ်ဒရယ်စနစ်ဆိုသည့် စကားကို လိုလားနှစ် ခြိုက်သည့်ဟန်ဖြင့် အမြဲတစေ ထည့်သွင်း ပြောကြားလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ကာစကဆိုလျှင်လည်း စက္ကန်းပင်လုံဆိုပြီး အိုဒီယာတစ်ခု ဖော်ဆောင်ခဲ့ခြင်းမျိုးလည်း ရှိသည်။ အမှန်စင်စစ် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖဆပလညီလာခံ တွင် တင်သွင်းခဲ့သည့် ၁၉၄၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဖယ်ဒရယ်ပုံစံမျိုးမဟုတ်။  ဗိုလ်ချုပ်အောင်ဆန်းသည် လက်တွေ့ကျသည့် ခေါင်းဆောင်တစ် ဦး ဖြစ်သည်နှင့်အညီ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှု၊ မြန်မာတို့၏ စရိုက် သဘောသဘာဝကိုလည်း သိသည့်အားလျှော်စွာ တိုင်းရင်းသားများ၏ ဆန္ဒကို လုံးလုံး မပစ်ပယ်ဘဲ ပြည်ထောင်စုစနစ်တစ်ရပ်ကို ဖော်ဆောင်ခဲ့သည်။

ယခု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမေရိကန်လို အာဏာခြင်း တန်းတူရှိသည့် အားကောင်း သည့် ဗဟိုအစိုးရနှင့် အားကောင်းသည့် ဒေသန္တရအစိုးရမျိုး မဟုတ်သည့်တိုင် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီတွင် ကိုယ်ပိုင်အစိုးရအဖွဲ့၊ ကိုယ်ပိုင် လွှတ်တော်နှင့် ကိုယ်ပိုင်တရားစီးရင်ရေးတို့ ရှိကြသည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေဇယား ၂ အရ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်များ ဥပဒေ ပြုခွင့်ရှိသည့် ကဏ္ဍများကို ထည့်သွင်း ရေးဆွဲထားခြင်းဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များကို စည်းမျဉ်းစည်းကမ်း ဖြေလျှော့ကာ (deregulation) လုပ်ပိုင်ခွင့်များ ပေးအပ်ထားခြင်းဖြစ်သည်။ နိုင်ငံအုပ်ချုပ်မှုစနစ်ဆိုရာမှာ ကိုယ့်ရဲ့ ပကတိအခြေအနေ၊ ရေခံမြေခံသဘောတရားများ (local context) အရသာဖန်တီးပုံဖော်မှ အောင်မြင်နိုင်မှာဖြစ်ပြီး အခြားနိုင်ငံတစ်နိုင်ငံမှ စနစ်ကို သွပ်သွင်းပုံဖော်လျှင် အောင်မြင်နိုင်ဖို့ ခဲယဉ်းမည်သာ ဖြစ်သည်။ ကိုယ်နှင့်မတော်သည့် အကျီကို ဝတ်ရသည့်အတွက် ပုံမကျ၊ ပန်းမကျ ဖြစ်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်လို ဖယ်ဒရယ်စနစ် အပြည့်အဝ ကျင့်သုံးရန် အဆင်သင့် မဖြစ်သေးပါ။ တစ်ပြည်ထောင်စနစ် (unitary system) မှအစ ဖယ်ဒရယ်စနစ် (federal system) အ လယ် မဟာမိတ်စနစ် (confederation) အဆုံး ပူးစည်းမှုသဘောအရ (integration theory) နိုင်ငံတစ်နိုင်ငံသည် ကိုယ့်နိုင်ငံနှင့် ကိုက်ညီသည့်စနစ်ကို ဆီလျှော်သလို နှိုင်းရသဘောအားဖြင့် ကျင့်သုံးအကောင်အထည်ဖော်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားများတွင် ဗမာတိုင်းရင်းသားများမှာ လူများစုဖြစ်သော်လည်း လူနည်းစု တိုင်းရင်းသားများအပေါ် ယေဘူယျအားဖြင့် လူမျိုးကြီးပုံစံ ဆက်ဆံရေးမျိုး မထားရှိပါ။ လူမျိုးကြီးပုံစံမျိုး မရှိသော်လည်း ဗမာအများစု မှီတင်းနေထိုင်သည့်အတွက် လွှမ်းမိုးကြီးစိုးမှု ရှိနေသည့်သဘော သက်ရောက်မှု ရှိနေသည်။ ဤသည်မှာ လူနည်းစုတိုင်းရင်းသားများ ခွဲခြားဆက်ဆံလိုသည့် စိတ်ထားမျိုးမဟုတ်ဘဲ မတူကွဲပြားခြင်းဆိုသည့် သဘောကို အလေးထားမှု အားနည်းခဲ့သောကြောင့် ဖြစ်သည်။ ထိုအတွက်ကြောင့်ပင်လျှင် တိုင်ရင်းသားများအနေဖြင့် ဗမာလူမျိုးများကို လူမျိုးကြီးဟူ၍ ကြည့်မြင် သလို ၎င်းတို့၏ တိုင်းရင်သားဖြစ်တည်မှု အမှတ်အသားသရုပ်အပေါ် (identity) ထိန်းသိမ်းကာကွယ်လိုသည့် သဘောလည်း ရှိသည်။  အမှတ်အသား သရုပ်ဆိုသည်မှာလည်း အသိုင်းအဝိုင်းစိတ်ဓာတ်၊ စုစည်းညီညွတ်မှုစိတ်ဓာတ် များပြားထွန်းကားခြင်း အစရှိသည့် အလင်းဘက်အခြမ်းရှိသလို၊ အကြမ်း ဖက်လိုစိတ်၊ ပျက်စီးလိုစိတ် အစရှိသည့် အမှောင်ဖက်အခြမ်းလည်း ရှိသည်။

ယခုအခါတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့နှစ်ဖွဲ့မှ တာဝန်ယူ၍ စွမ်းစွမ်းတမံ ဆောင်ရွက်နေလေသည်။ လက်ရှိ တိုင်းရင်းသားခေါင်းဆောင်များမှလည်း မိမိတို့၏ အမှတ်အသားသရုပ်အတွက် လက်နက်ကိုင် ၍ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်နေခြင်းသည် မိမိတို့ လူမျိုးစုတို့၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူမဖြစ်ပုံကို သိရှိနားလည်လာပြီ ဖြစ်သည်။ ထို့ကြောင့်လည်း နှစ်ဖက်စလုံးမှ ၎င်းတို့၏ လိုလားချက်များကို အပြန်အလှန် ညှိနှိုင်းလျော့ချ၍ ငြိမ်းချမ်းရေး သဘောတူလက်မှတ်များ ချုပ်ဆို နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်သာသာရှိသေးသော ဒီမိုကရေစီစနစ်ကို လက်တွေ့အလုပ်ဖြစ်အောင်တနည်း ရင့်ကျက်သည့် ဒီမိုကရေစီဖြစ် အောင် အသွင်ကူးပြောင်း ကြိုးစားနေရသည့် အစဦးကာလလည်း ဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ လူအများစုဆန္ဒဖြင့် အုပ်ချုပ်သည်ဟု ဆိုသော်ငြား လည်း လူနည်းစု၏ ဆန္ဒကို အလေးထားရသည်။ လူနည်းစု တိုင်းရင်းသားလူမျိုးများ၏ အမှတ်အသားသရုပ်လက္ခဏာ(identity) ကို အလေးထားခြင်း သည် အသွင်ကွဲ အဆင်ကွဲဖြစ်မှုအပေါ် (diversity) နှလုံးသွင်းလက်ခံနိုင်ခြင်း (tolerance) ဖြစ်ပြီး တိုင်းရင်းသားအားလုံးကို စုပေါင်း၍ မြန်မာလူမျိုးများဟု သဘောထားနိုင်ခြင်းသည်လည်း စုစည်းညီညွတ်မှု(unity) ရှိလာမည်ဖြစ်သောကြောင့် ထိုသို့ ဒီမိုကရေစီစိတ်အခြေခံများဖြင့် ပဒေသာစုံယဉ်ကျေးမှု (multi -culturalism) ထွန်းကားအောင် ဆောင်ရွက်ခြင်းနှင့်အတူ နိုင်ငံတည်ဆောက်ရေးကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

*****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၃. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရန်ကုန်၌ တရုတ်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးရုံးဖွင့်လှစ်ရန် စီစဉ်
  2. အင်တာနက်ဆိုင်ရာလုပ်ငန်းများ ဖြေရှင်းနိုင်ရန် အဖွဲ့အစည်းတစ်ခု တည်ထောင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လွှတ်တော်တက်ခြင်းမှာ ပြည်သူများ၏ ရည်မှန်းချက်အား ဖော်ဆောင်ရေးအတွက်ဖြစ်သည်ဟု ဒီချုပ်ဥက္ကဋ္ဌဆို
  2. ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းရန် RNDP မှ ကော်မတီဖွဲ့စည်း
  3. ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နေမျိုးဝေအား ခေါ်ယူသတိပေး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရန်ကုန်၌ တရုတ်အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးရုံးဖွင့်လှစ်ရန်စီစဉ်

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာ အကျဆုံးမြို့တစ်မြို့ဖြစ်သည့် ရန်ကုန်တွင် တရုတ်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းရုံးကို ဖွင့်လှစ် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

“ပညာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အကူအညီပေးမယ်လို့ သိရပါတယ်”ပာု ယင်းအသင်းနှင့် တွေ့ဆုံခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေပြောကြားခဲ့ကြောင်း အပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

၂၀၁၂ ဧပြီ ၂၆ရက်နေ့တွင် တရုတ်နိုင်ငံရှိဒုအထွေထွေအတွင်းရေးမှူး သိန်းဝင်းချင့် ဦးဆောင်သည့် တရုတ်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေး အသင်းအဖွဲ့မှ မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး နိုင်ငံရေးပါတီအချို့၊ ပြည်တွင်းရှိ NGO လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသူအချို့တို့နှင့် ရန်ကုန်ရှိ K.Paradise ပိာုတယ်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

“တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့်ဖြစ်လာတဲ့ Impact တွေကိုဖြေရှင်းဖို့ NGO အချင်းချင်းပူးပေါင်းပြီးတော့ အဖြေရှာဖို့နဲ့ ရပိုင်ခွင့်တွေကိုလေးစားဖို့ အဓိက ဆွေးနွေးသွားပါတယ်”ပာု တရုတ်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ပြည်တွင်း NGO တစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအတွင်းတရုတ်နိုင်ငံမှ လုပ်ကိုင်ဆောင်ရွက်ချက်ရှိသည့် ဧရာဝတီမြစ်ဆုံ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြန်မာ- တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း၊ သတ္တုရှာဖွေသည့် လုပ်ငန်းများ၏ အကျိုးသက်ရောက်မှုများကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref:Popular News

-----------------------------------------------------------------------------------------------------------------------------------

အင်တာနက် ဆိုင်ရာလုပ်ငန်းများဖြေရှင်းနိုင်ရန် အဖွဲ့အစည်းတစ်ခုတည်ထောင်မည်

မြန်မာနိုင်ငံအတွင်းအင်တာနက်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို ကူညီဖြေရှင်း ဆောင်ရွက်နိုင်ရန် Internet Society Myanmar Chapter အဖွဲ့ကိုဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ကြောင်း ISMC ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အင်တာနက်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ဒီအဖွဲ့ကို တည်ထောင်သွားမှာပါ။ ဒီအဖွဲ့ကို ပြည်တွင်းက သတင်း အချက်အလက်နဲ့ နည်းပညာကို စိတ်ဝင်စားတဲ့ အလွှာပေါင်းစုံက လူတွေနဲ့ ဖွဲ့စည်းသွားမှာပါ၊ ဒီ Internet Society ဖွဲ့စည်းရာမှာ Individual Member ဒါမှ ပာုတ် Organization Mamberအနေနဲ့ဝင်ရောက်နိုင်မှာပါ”ပာုအထက်ပါပုဂ္ဂိုလ်ကဆက်လက်ဆိုသည်။

ယခုကဲ့သို့ Internet Society Myanmar Chapter အဖွဲ့ တည်ထောင်ဖွဲ့စည်းရခြင်းမှာ အင်တာနက်နှင့် ပတ်သက်သည့် သတင်းအချက်အ လက်များကို ဖြန့်ဖြူးပေးနိုင်ရန်၊ ပြည်သူများအင်တာနက်အသုံးပြုမှု နှုန်းမြင့်တက်လာနိုင်စေရန်နှင့် ပိုမိုကောင်းမွန်နိုင်မည့် Internet Governance များ ပေါ် ပေါက်လာနိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် လက်ရှိအချိန်တွင် အင်တာနက်မြန်နှုန်းကောင်းမွန်ရေး အတွက် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းတစ်ခုနှင့် SE-ME-WE-3 ဆက် ကြောင်းကို ထပ်မံချိတ်ဆက်လျက်ရှိပြီး မေလပိုင်းထဲတွင် ချိတ်ဆက်မှုအားလုံး ပြီးစီးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူဦးရေ နည်းနေသေးပါသေးတယ်။ ဒီတော့ အင်တာနက်သုံးစွဲသူ ပိုတိုးတက်လာဖို့အတွက် ISMC လို အဖွဲ့ မျိုးတွေ ပေါ်ပေါက်လာတာ တော်တော်ကိုကောင်းပါတယ်။ အင်တာနက်မြန်နှုန်းကလည်း နှေးနေတဲ့အတွက် သုံးစွဲသူတွေအတွက် တော်တော်ကို အခက် အခဲ ဖြစ်ရပါတယ်။ နောက်ပိုင်းမှာတော့ အင်တာနက်မြန်နှုန်းတွေကို မြှင့်တင်ပေးမယ်လို့တော့ ဆိုထားပါတယ်”ပာု အင်တာနက်ဆိုင်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လာမည့်  ၂၀၁၃ ဆီးဂိမ်းအတွက် ပြည်တွင်းအင်တာနက် မြန်နှုန်းများကို အနည်းဆုံး 10G အထိ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးက ထုတ်ပြန်ကြေညာခဲ့သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လွှတ်တော်တက်ခြင်းမှာ ပြည်သူများ၏ ရည်မှန်းချက်အား ဖော်ဆောင်ရေးအတွက်ဖြစ်သည်ဟု ဒီချုပ်ဥက္ကဋ္ဌဆို

မေလ ၂ရက်နေ့မှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်သည် ၎င်းအနေဖြင့် လွှတ်တော်သို့ တက်ရောက်ရခြင်းမှာ ပြည်သူများ၏ ရည်မှန်းချက်များ ဖြစ်ပေါ်စေရန် တက်ရောက်ရခြင်းဖြစ်သည်ဟု သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

“ဒီလိုမျိုး လွှတ်တော်ဝင်တာက ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့ပါ။ ဒီလိုမျိုး လွှတ်တော်တက်ရလို့ စိတ်လှုပ်ရှားမှု မဖြစ်သလို NLDရဲ့ နိုင်ငံရေး ရည်မှန်းချက်ကြောင့် လွှတ်တော်တက်ရောက်ရတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဖြစ်ချင်တာက အဓိကမဟုတ်ပါဘူး။ ပြည်သူ တွေအတွက်သာ အဓိက လုပ်ဆောင်ရမှာပါ”ဟု ၎င်းမှ ပြောကြားသည်။

၎င်းတို့အနေဖြင့် လွှတ်တော်တွင်း နိုင်ငံရေးသည် ပြည်သူများအတွက်ဖြစ်ကြောင်းနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးနှင့် ပတ်သက်၍လည်း ဆက် လက်လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း ဆိုသည်။

ထို့ပြင် NLDပါတီအား လွှတ်တော်တွင်းသို့ ဝင်ရောက်ပါဝင်ဆောင်ရွက်ရေးအပေါ် မေတ္တာရပ်ခံမှုများ ပြုလုပ်ခဲ့ကြသည့် တိုင်းရင်းသားပါတီများ အား နံနက်စာဖြင့် ဧည့်ခံခဲ့ပြီး ဒေသတွင်းဖွံ့ဖြိုးရေးကိစ္စများအား ပူးပေါင်းဆောင်ရွက်ကြရန် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြသည် ဟုလည်း သတင်းရရှိသည်။

“အဲဒီဧည့်ခံပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ တအောင်း အမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ အမတ် ၇၀ဦးတို့က တက်ရောက်ခဲ့ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ထို့နောက် ယင်းလွှတ်တော်အစည်းအဝေးသို့ NLDပါတီ ၃၄ဦးတို့သည် ကျမ်းကျန်သစ္စာဆိုပြီး တက်ရောက်ခဲ့ကြသော်လည်း ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်းတို့သည် သြစတြေးလျသို့ လေ့လာရေးခရီးစဉ်ဖြင့် ခရီးလွန်နေခြင်းကြောင့် ၎င်းတို့နှင့်အတူ ပါဝင်တက်ရောက်နိုင်ခြင်း မရှိ သော်လည်း လွှတ်တော်တွင်းရှိ ပါတီအသီးသီးမှ ကိုယ်စားလှယ်အချို့သည် ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ကြကြောင်း၊ ယင်းကဲ့သို့ ကြိုဆိုနှုတ်ဆက်ကြသူ များထဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးဌေးဦးလည်း ပါဝင် ကြောင်း လွှတ်တော်ကိုယ်စားလှယ် အမတ်များ၏ ပြောပြချက်အရ သိရသည်။

 ATM

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းရန် RNDP မှ ကော်မတီဖွဲ့စည်း

၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် မှတ်ပုံတင်ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီတို့မှ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရပ်များတွင် ပါတီနှစ်ခုပူးပေါင်း၍ ဆောင်ရွက်နိုင်ရန် ပါတီနှစ်ခုညှိနှိုင်းရေးကော်မတီကို RNDP မှ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းသိရသည်။

“ရခိုင်ပြည်နယ်အတွင်းအရေး ကိစ္စပြဿနာတွေကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးတွဲလုပ်ကိုင်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးရေးကော်မတီ တစ်ရပ် ကို ဖွဲ့စည်းခဲ့ပြီးပါပြီ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီစထောင်မယ်ဆိုကတည်းက ရခိုင်ပါတီနှစ်ခုဆွေးနွေးဖို့ကို အရင်ကတည်းက ကမ်းလှမ်းထားတာပါ” ပာု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းရေးအတွက် ပါတီနှစ်ခုညှိနှိုင်းရေးကော်မတီတွင် RNDP ပါတီမှ အတွင်းရေးမှူး ဦးသာထွန်းလှ ဦးဆောင် သည့် ကော်မတီကို အခိုင်အမာဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ လယ်ယာမြေကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ ရွှေဂက်စ်ကိစ္စရပ် များ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများတွင် ရခိုင်ပါတီနှစ်ခုမှ ပူးတွဲလုပ်ဆောင်နိုင်ရန် ညှိနှိုင်းဆွေးနွေးရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ ရခိုင်ပါတီနှစ်ခု ဆွေးနွေးချင်တယ်ဆိုတာ လောက်ကိုစာပို့ပြီးပါပြီ။ လက်ရှိအချိန်ထိတော့ အကြောင်းပြန်တာ မရှိသေး ပါဘူး”ပာု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဧပြီ ၂၄ ရက်နေ့တွင် ပါတီအစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး ၎င်း စည်းဝေးပွဲအခမ်းအနားတွင် ပါတီနှစ်ခုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေးရန် စစ်တွေဗပိာုအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။

                Ref:မြန်မာပို့စ်(ဂလိုဘယ်)

-----------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဦးနေမျိုးဝေအား ခေါ်ယူသတိပေး

လယ်သမားများမှ လယ်အတင်းအဓမ္မအသိမ်းခံရသည့်ကိစ္စနှင့် ပတ်သက်၍ မတူကွဲပြားခြားနားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေသည့် စာစောင်၌ ရေးသားဖော်ပြခြင်းကြောင့် ၎င်းတို့အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆက်လက်ပြု လုပ်ပါက ပါတီဖျက်သိမ်းသည့်အဆင့်အထိ ရောက်သွားနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ယင်းပါတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဖြစ်တာကတော့ ဒီဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားတွေပြဿနာဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ မနှစ်ကလယ်သမားတွေရဲ့ လယ်တွေကို မတ ရားသိမ်းယူမှု လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖော်ပြတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနကထုတ်တဲ့ ကြေညာချက်တွေနဲ့ ငြိတယ်ဆိုပြီး ခေါ်တယ်။ ပြီးတော့ စာစောင်ထုတ်ဝေတဲ့ ဦးတင်မောင်အေးနဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝေတို့ကို လက်မှတ်ထိုးခိုင်းတယ်ပေါ့။ ပြီးတော့လည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံဆိုတဲ့ ခေါင်းစဉ်နဲ့ မြေသိမ်းတဲ့ ကိစ္စနဲ့ လျော်ကြေးမပေးတဲ့ကိစ္စတွေကို ဖော်ပြခဲ့တာကြောင်းလည်း နောက်တစ်ကြိမ်ခေါ်ပြီး လက်မှတ်ရေးထိုးခိုင်းပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်က နောက်တစ်ခါထပ်ဖြစ်ရင် ပါတီပါ ဖျက်သိမ်းရနိုင်တယ်လို့လည်း ပြောပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောသည်။

ယင်းကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ခေါ်ယူသတိပေးခြင်းသည် ၎င်းတို့စာစောင်မှ ရေးသားမှုများမှာ တည်ဆဲဥပဒေများနှင့် ငြိ စွန်းနေခြင်းကြောင့် ပါတီဖျက်သိမ်းခြင်းခံရနိုင်သည့်အဆင့်အထိ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုရာတွင် ယင်းပါတီမှ ဥက္ကဋ္ဌ ဦးနေမျိုးဝေမှ ၎င်းတို့သည် ပါတီစတည်ထောင်သည့်အချိန်မှ စ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အငြင်းပွားဖွယ်ရာကိစ္စများ ဖြစ်သည့် လုပ်ဆောင်မှုများအား လုပ်ဆောင် မည်ဟု ကြိုတင်အသိပေးပြီးဖြစ်ကြောင်းနှင့် ပါတီဖျက်သိမ်းပါကလည်း စိုးရိမ်ဖွယ်ရာမရှိကြောင်း ပြောကြားသွားခဲ့သည်ဟု ဘီဘီစီ သတင်းဌာန၏ သတင်း ဖော်ပြချက်အရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- နိုင်ငံတစ်နိုင်ငံ ကျင့်သုံးနေတဲ့ မူဝါဒအပေါ် မူတည်ပြီး စီးပွားရေးတိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုတာ ရှိတယ်လို့ထင်တယ်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေကို သုံးသပ်ပေးပါ။

ဖြေ- မကြာခင်က ဖြစ်ခဲ့တဲ့ လစာတိုးရေး မတိုးရေးကိစ္စ လစာတိုးဖို့အတွက် ငွေဖောင်းပွမှုဖြစ်လား၊ မဖြစ်လားပေါ့၊ တကယ့်စံအရ နိုင်ငံကြီးတွေမှာပြောလို့ ရှိရင် နံပါတ်တစ် ဗဟိုဘဏ်နဲ့ အခြားစာရင်းလေ့လာထားတဲ့ ဌာနတွေ အကုန်လုံးမှာ ဘယ်စာရင်းတွေ ကောက်ထားရမယ်ဆိုတာ သိတယ်။ အဲဒီစာရင်းတွေ ကောက်လည်း ကောက်ထားတယ်၊ စာရင်းကောက်နိုင်တဲ့ လူတွေရှိတယ်။ ဒီစာရင်းတွေရှိလာပြီဆိုတဲ့အခါ စာရင်းတွေအပေါ်မှာ မူတည်ပြီးတော့ ငွေလုံး ငွေရင်း လည်ပတ်မှုက ဘယ်လောက်ရှိသလဲ၊ ဘယ်နေရာတွေမှာ သုံးနေလဲ၊ ဥပမာ- မိသားစုတစ်စုအနေနဲ့ပြောရရင် ဘယ်နေရာမှာ အယိုအဖိတ်တွေက များနေလဲ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြောပြီဆိုရင် အသေအချာ စာရင်းအင်းလည်းရှိမယ်၊ ဒါတွေအကုန်လုံး တွက်လိုက်ရင် ဘယ်လောက်အထိတက် သွားနိုင် တယ်ဆိုတာကို ပညာအားဖြင့် တတ်ကျွမ်းထားရမယ်၊ တောကြီးမြက်မည်းထဲရောက်နေပြီး ဘယ်ကိုသွားရမလဲ မသိဘူး၊ ဘယ်လိုထွက်ရမလဲ မသိဘူး၊ ခြေလှမ်းတွေ ဘယ်လောက် မြန်မြန်လှမ်းနေပေမယ့် အပြင်ကို ရောက်ဖို့ ထွက်နိုင်မှာမဟုတ်ဘူး။ ပင်ပန်းတာပဲရှိမယ်။ ဒါတွေ အကုန်လုံးတွက် လိုက်ရင် ဘယ်လောက်အထိတက်သွားနိုင်တယ် ဆိုတာကို ပညာအားဖြင့် တတ်ကျွမ်းထားရမယ်၊ တော်ကြီးမြက်မည်းထဲရောက်နေပြီး လှမ်းနေပေမယ့် အပြင်ကို ရောက်ဖို့ ထွက်နိုင်မှာမဟုတ်ဘူး ပင်ပန်းတာပဲရှိမယ်။

မေ ၃ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၉၂) တွင်ပါသည့် “ဗဟုဖွံ့ဖြိုးရေးအင်စတီကျူ အကြီးတန်းအဖွဲ့ဝင်၊ ဗွီအိုအေအသံလွှင့်ဌာန သတင်းထောက် သင့်ဘဝ ဦးတင်မောင်သန်းနှင့်တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဥပဒေပြုအခန်းကဏ္ဍရဲ့ အဆင့်ဘယ်လောက်ရှိသလဲဆိုတာ စမ်းသပ်ခံရတာ ဖြစ်ပါတယ်၊ သမ္မတစနစ်ပဲဖြစ်ဖြစ်၊ ပါလီမန်စနစ်ပဲဖြစ်ဖြစ် လွှတ်တော်တွေရဲ့ ဥပဒေပြုကဏ္ဍသည် အုပ်ချုပ်ရေးကဏ္ဍကို ထိန်းကျောင်းနိုင်ရပါမယ်။ ကျွန်တော်တော့်အနေနဲ့ အစီအရင်ခံစာကို သဘောတူပေမယ့် ဥပဒေပြန်လည် ပြဋ္ဌာန်းဖို့၊ ပြန်လည်သုံးသပ်ဖို့သာ ဆောင်ရွက်နေရင် လွှတ်တော်ဟာ သူရဲ့အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ဘဲ ဖြစ်နေမှာ စိုးပါတယ်၊ ခုံရုံးရဲ့ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း သတိမူရပါမယ်”

မေ ၃ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၉၂) တွင်ပါသည့် “လွှတ်တော်ကော်မတီများကို ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ခြင်းသည် အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းမရှိ”သတင်းမှ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွှန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)၏ ပြောကြားချက် အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“investment လုပ်တယ်ဆိုတာ သေချာမှုကို အမြဲစဉ်းစားတာလေ၊ အဲဒီတော့ investor တစ်ယောက်က မရေရာမှု ဖြစ်တယ်ဆိုတာကို သိရင်၊ တစ်နှစ်ပဲ ရှိတယ်ဆိုတာ သိရင် သူ့အတွက် ရေရှည်ကို စဉ်းစားလို့မရဘူး။ နောင်တစ်ခုက ဒီ investment လုပ်တဲ့သူတွေက တစ်နပ်စားတွေမဟုတ်ဘူး၊ long- term (ရေရှည်ကာလ) ကို စဉ်းစားနိုင်ခွင့်မရှိဘူးဆိုရင် သူ့အတွက်က အခွင့်ကောင်း မဟုတ်ဘူးလို့ ယူဆလို့ရတာပေါ့”

မေ ၁ ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၆) တွင်ပါသည့် “ဆိုင်းငံ့ဆန်ရှင် တစ်နှစ်အတွင်း စက်မှုလုပ်ငန်းကြီး ဝင်လာနိုင်ခြေမရှိသေး” သတင်းမှ ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs