Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၆.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မငြိမ်မသက်မှုများက မြန်မာ့အနာဂတ်ကို ခြိမ်းခြောက်လျက်ရှိဟု ကင်တားနားပြောကြား

(AFP သတင်းဌာနမှ 14 June 2012 ရက်စွဲပါ Communal unrest threatens Myanmar's future: UN ကိုဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြည်တွင်းဆူပူအကြမ်းဖက်မှုများကိုဗြိတိန်အစိုးရစိုးရိမ်

(UPI သတင်းဌာနမှ 13 June 2012 ရက်စွဲပါ Myanmar Violance troubles London ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မငြိမ်မသက်မှုများက မြန်မာ့အနာဂတ်ကို ခြိမ်းခြောက်လျက်ရှိဟု ကင်တားနားပြောကြား

(AFP သတင်းဌာနမှ 14 June 2012 ရက်စွဲပါ Communal unrest threatens Myanmar's future: UN ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောဆူပူအုံကြွမှုများသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်ကို ခြိမ်းခြောက် လျက်ရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ်ကင်တားနားက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ရိုဟင်ဂျာမွတ်စလင်များအပေါ်ခွဲခြားဆက်ဆံပြုမှု များဖြစ်ပေါ်နေသည့် ပြဿနာဇာစ်မြစ်ကို ထုတ်ဖော်ဖြေရှင်း ရန် မစ္စတာကင်တားနားက မြန်မာပြုပြင်ပြောင်းလဲရေးအစိုးရအား တိုက်တွန်းပြောဆိုသည်။

"တိုင်းရင်းသားလူနည်းစုနှင့် အသေးစား ဘာသာရေးအင်အားစုများအပေါ် ခွဲခြားဆက်ဆံရာမှ ထွက်ပေါ်လာသည့် အကြမ်းဖက်မှုများသည် မြန်မာ နိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုခြိမ်းခြောက်လျက်ရှိသည်" ဟု ၎င်းကဆိုသည်။

တစ်နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ခဲ့သောသမ္မတဦးသိန်းစိန်သည် ဆူပူအုံကြွမှုများနှင့် အကြမ်းဖက်မှု များဖြစ်ပေါ်နေသည့်ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ဒေသခံရခိုင် တိုင်းရင်းသား များအကြား အဓိကရုဏ်းတွင် လူပေါင်းများစွာသေဆုံးခဲ့ကာ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

"သေဆုံးသူဦးရေ ၂၈ ဦးနဲ့ ဒဏ်ရာရသူ ၅၃ ဦးရှိပါတယ်" ဟု အစိုးရအရာရှိတစ်ဦးက စစ်တွေမြို့တွင် AFP သတင်းဌာန သို့ ပြောကြားသည်။ သို့သော် သေဆုံးသူနှင့်ဒဏ်ရာရသူများမှာ မည်သူမည်ဝါဖြစ်သည်ဟူသောအချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အစိုးရကတရားဝင်ထုတ်ပြန်သော သေဆုံးသူဦးရေမှာ၂၅ ဦးဖြစ်သည်။ သို့သော် ရိုဟင်ဂျာခေါင်းဆောင်များက သေဆုံးသူဦးရေ ပို၍များပြားကြောင်းပြောဆိုသည်။ အဆိုပါသေဆုံးသူများတွင် လွန်ခဲ့သည့်ရက်သတ္တပတ် နှစ်ပတ်ခန့်အတွင်း ရခိုင်ပြည်နယ်၌ လူအများ အပြား၏ ရိုက်နှက်မှုကြောင့်သေဆုံးသူ မွတ်စလင် ၁၀ ဦးမပါဝင်ပေ။ အဆိုပါဖြစ်ရပ်မှာရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်း သူတစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်မှုကို မကျေနပ်၍ လက်စားချေရာမှဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လတ်တလောရက်များတွင် ရခိုင်ပြည်နယ်ရှိ မြို့အချို့တွင်ဒေသခံတိုင်းရင်းသားများက ဓား၊လှံအစရှိသောလက်နက်များ ကိုင်ဆောင်ကာ လမ်းမများပေါ်တွင်သွားလာလျက်ရှိသည်ကိုတွေ့ရသည်။ အိမ်အများစုမှာလည်းမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။ အဆိုပါဖြစ်ရပ်တွင် ရိုဟင်ဂျာများနှင့် ရခိုင်တိုင်းရင်းသားတို့က အကြမ်းဖက်မှုကျူးလွန်ကြောင်းအပြန်အလှန်စွပ်စွဲထားကြသည်။ ရခိုင်ပြည်နယ်တွင်း နေဝင်မီးငြိမ်းအမိန့်(ကာဖျူး) ထုတ်ပြန် ထားပြီး အဆိုပါအမိန့်အားဖောက်ဖျက်သူ ၃၀ ဦးအားဖမ်းဆီးထိန်းသိမ်းထားကြောင်း အစိုးရအရာရှိတစ်ဦးကဆိုသည်။

ဤအတောအတွင်း ရာနှင့်ချီသော ရိုဟင်ဂျာများကအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဘက် သို့ထွက်ပြေးခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက် ကလက်သင့်မခံခဲ့ပေ။ အမေရိကန်ပြည်ထောင်စုကမူ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဒုက္ခသည်များနှင့်သက်ဆိုင်သော နိုင်ငံတကာစည်းမျဉ်းစည်းကမ်း များကို  လေးစားလိုက်နာရန်နှင့် အကြမ်းဖက်မှုမှထွက်ပြေးလာသူ ရိုဟင်ဂျာများကို လျစ်လျူမရှုရန်တိုက်တွန်းပြောဆိုသည်။

"မြန်မာပြည်မှာ လူမျိုးရေးနဲ့ဘာသာရေး အကြမ်းဖက်မှုတွေကြောင့်ထွက်ပြေးလာတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ကြားကနေဝင်ပြီး လက်မခံဘဲ ပြန်လွှတ်ခဲ့တာကို ကျွန်မတို့အနေနဲ့အထူးပဲစိုးရိမ်မိပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနျူလန်း ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှစ်သိန်းခန့်နေထိုင်လျက်ရှိကြောင်း၊အများစုမှာ ရခိုင်ပြည်နယ်တွင်ဖြစ်ကြောင်း ကုလသမဂ္ဂအဆိုအရသိရသည်။ မြန်မာ အစိုးရက ရိုဟင်ဂျာများကို နိုင်ငံခြားသားများအဖြစ်သတ်မှတ်ထားပြီး နိုင်ငံသားအများစုကမူ ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှဝင်ရောက်လာသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် ရှုမြင်လျက်ရှိကြသည်။

*****************************************

 ရခိုင်ပြည်တွင်း ဆူပူအကြမ်းဖက်မှုများကို ဗြိတိန်အစိုးရစိုးရိမ်

(UPI သတင်းဌာနမှ 13 June 2012 ရက်စွဲပါ Myanmar Violance troubles London ကိုဘာသာပြန်ဆိုသည်)

ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအနောက်ပိုင်း၊ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်မှု များနှင့်ပတ်သက်၍ အထူးပင် စိုးရိမ်ပူပန်မိကြောင်း ဗြိတိန်အစိုးရကထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာပြည်သို့ သွားရောက်မည့် ဗြိတိန်နိုင်ငံသားများအတွက် သတိပေးအကြံပြုချက် တစ်ရပ်ကိုလည်းထုတ်ပြန်လိုက်သည်။

လတ်တလောကာလအတွင်း မြန်မာအစိုးရက အဆိုပါရခိုင်ပြည်နယ်အတွင်းအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားသည်။ သတင်းများအရ ဆူပူအကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ကုလသမဂ္ဂဝန်ထမ်းများလည်း လုံခြုံရေးအရရွှေ့ပြောင်း သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်မှုမှာ ပြီးခဲ့သည့်လအတွင်း ရခိုင်အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှုအပေါ် မကျေနပ်ရာမှ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ သတင်းပေးပို့ချက်များအရ မုဒိမ်းကျင့်သတ်ဖြတ်မှုကိုမကျေနပ်သော ရခိုင်တိုင်းရင်းသားများသည် မွတ်စလင် ၁၀ ဦးအားလက်စားချေသည့် အနေဖြင့် ရိုက်နှက်သတ်ဖြတ်လိုက်ကြကြောင်းသိရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Browne က ကြေညာချက်ထုတ်ပြန်ရာတွင်"ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကို အထူးပင်စိုးရိမ်ပူပန်မိသည်" ဟု ရေးသားဖော်ပြသည်။ "သက်ဆိုင်သူတွေအားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြုမူဆောင်ရွက်ကြဖို့တိုက်တွန်းပါ တယ်။အာဏာပိုင်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ပြီးအကြမ်းဖက်မှုတွေအဆုံးသတ်အောင် လုပ်ဆောင်ပြီး ဒေသခံပြည်သူတွေအားလုံးကိုအကာအကွယ်ပေးသင့်ပါတယ်" ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင်ကျင်းပသည့် ဒီမိုကရေစီရွေးကောက်ပွဲနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများကို ထူးထူးခြားခြားလုပ်ဆောင်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ချီးမွမ်းပြောဆိုခြင်းခံခဲ့ရသည်။ နိုင်ငံရေးဘက်တွင် ဖွံ့ဖြိုးတိုးတက်မှုများရှိခဲ့သော်လည်း လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ဆက်လက်ရှိနေဆဲပင်ဖြစ်သည်။

 

                                         *****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၂၁) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ ILO မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအချို့ ပြန်လည်ရုပ်သိမ်း
၂။ ပြည်နယ်ဝန်ကြီးချုပ်ရုံးမှ အကြမ်းဖက်မှုများနှင့် ပတ်သက်၍
အသေအပျောက်စာရင်းထုတ်ပြန်
၃။ အမေရိကန်သံရုံးယာယီတာဝန်ခံ ရခိုင်နှင့် မူဆလင်အဖွဲ့အစည်းတစ်ချို့အား
ခေါ်ယူတွေ့ဆုံ
၎။ ရန်ကုန်မြို့တွင်း၌ ကောလာဟာလသတင်းများ ပျံ့နှံ့
၅။ မြန်မာ့ငြိမ်းချမ်းရေးကိစ္စများအတွက် PDSG အဖွဲ့ ပူးပေါင်းဆောင်ရွက်မည်
၆။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်သတင်းဖော်ပြမှုများနှင့် ပတ်သက်၍
မီဒီယာများအား ခေါ်ယူသတိပေး
၇။ ကချင်စစ်ပွဲ တစ်နှစ်ပြည့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်
၈။ ဗုံးငါးလုံးဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား
၉။ တိုင်းဝန်ကြီးချုပ် ဦသိန်းအောင် တောင်သူများကို အငြိုးထားဆက်ဆံ
၁၀။ မိုးထိမိုးမိဒေသ ချီတက်ဆန္ဒထုတ်ဖော်သူ ရွှေလုပ်သားများ
ရွှေမြင်တောင်ဒေသတွင် ပိတ်ဆိုခံရ
စတဲ့သတင်းတွေအပြင် အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.