Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၀.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရောထွေးသော လူ့အခွင့်အရေးအစီရင်ခံစာကို ကုလထုတ်ပြန်

`(UPI News မှ 20 Nov 2012 ရက်စွဲပါ “UN gives mixed rights report for Myanmar” သတင်းကို ဘာသာပြန်ပါသည်)

  1. သမ္မတကြီးခင်ဗျား……….မြောက်ကိုရီးယားသည် မြန်မာနိုင်ငံမဟုတ်ပါ

(21 Nov 2012  ရက်စွဲပါ The Diplomat မှ Scott A.Snyder  ရေးသားသော Mr.President: N.Korea is not Burma ကိုဘာသာပြန်ပါသည်)

  1. မြန်မာပြည်တွင် လမ်းနှင့် တံတားများ အိန္ဒိယတည်ဆောက်ပေးနေ

(New Indian Express မှ 9 Dec 2012 ရက်စွဲပါ India Building roads, bridges in Myanmar ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရောထွေးသော လူ့အခွင့်အရေးအစီရင်ခံစာကို ကုလထုတ်ပြန်

(UPI News မှ 20 Nov 2012 ရက်စွဲပါ “UN gives mixed rights report for Myanmar” သတင်းကို ဘာသာပြန်ပါသည်)

ကြားနေလူသားချင်းစာနာကူညီမှု အေဂျင်စီများအား မြန်မာနိုင်ငံ၏ ပဋိပက္ခဘေးဒဏ်သင့်ဒေသများသို့ သွားရောက်ခွင့်ပေးခြင်းသည် ၎င်းဒေသ၏ လက်ရှိစိုးရိမ်စရာကိစ္စများကို ကူညီဖြေရှင်းလိမ့်မည်ဟု ကုလသမဂ္ဂကိုယ်စားလှယ်ကပြောကြားလိုက်သည်။

ယခုသတင်းပတ်တွင် အမေရိကန်သမ္မတ အိုဘားမားသည်လည်း Burma (သို့) မြန်မာနိုင်ငံရောက် ပထမဆုံးအာဏာလက်ရှိ အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။ ယခင် အကြီးအကဲဟောင်းဦးသန်းရွှေနှင့် နောက်လိုက်များက Myanmar ဟု အတင်းအကျပ် နာမည်ပြောင်းထားသော်လည်း Burma ဟုသာ လူသိများသော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း စတင်ပြုလုပ်ခဲ့သော နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကြောင့် ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ချီးကျူးဂုဏ်ပြုမှုကို လက်ခံရရှိနေသည်။

နိုင်ငံတကာ ကြက်ခြေနီကိုယ်စားလှယ်အဖွဲ့အား ရခိုင်ပြည်နယ်မှ အကျဉ်းသားများနှင့် တွေ့ဆုံခွင့် ပေးရန် မြန်မာအစိုးရက ကတိပေးခြင်းကို ကြိုဆိုသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုဂျာကင်တာနာ ကပြောကြားပါသည်။

ရခိုင်ပြည်နယ်မှ အဓိကရုဏ်းကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးကာ ထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသဖြင့် အစိုးရက ပြည်နယ်တွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရသည်။

“ဇွန်လမှစ၍ လူရာပေါင်းများစွာ ဖမ်းဆီးထားခဲ့သော ရခိုင်ပြည်နယ်အပါအဝင် အကျဉ်းသားများ ဖမ်းဆီးထိန်းသိမ်းထားသော နေရာများသို့ နိုင်ငံတကာနှင့် ပြည်တွင်း စောင့်ကြည့်လေ့လာသူများ အဖွဲ့အား အပြည့်အဝ သွားရောက်ခွင့်ပေးသည်။ ဖမ်းဆီးအကျဉ်းချခံရသူများနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော စိုးရိမ်စရာ ကိစ္စရပ်များကို ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်လိမ့်မည်။” ဟု ကွင်တာနာက ကြေညာချက်တွင် ဖော်ပြ ထားသည်။

ရခိုင်ပြည်နယ် အနှံရိုက်ကူးထားသော ဂြိုလ်တု ဓါတ်ပုံများတွင် တစ်ရွာလုံး မီးလောင်ပြာကျသွားသည် ကိုတွေ့ရှိရကြောင်း Human Rights Watch က ထောက်ပြပြောကြားထားသည်။ ထိုနယ်မြေသို့ သွားရောက် ခြင်းကို အစိုးရက တားမြစ်ထားသည်ဟုလည်း HRW အဖွဲ့ကပြောကြားခဲ့သည်။

------------------------------------------------------------------------------------------------------------------------

သမ္မတကြီးခင်ဗျား……….မြောက်ကိုရီးယားသည် မြန်မာနိုင်ငံမဟုတ်ပါ

(21 Nov 2012  ရက်စွဲပါ The Diplomat မှ Scott A.Snyder  ရေးသားသော Mr.President: N.Korea is not Burma ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် ကြီးမားသော သို့သော် မရေရာသေးသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းပြီး တစ်နှစ်ကျော်အကြာတွင် သမ္မတ Obama သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းသည် ခရီးစဉ်အပေါ် သင်ခန်းစာယူလေမည်လား ဟူသော မျှော်လင့်ချက်ကိုဖြစ်စေပါသည်။ Obama သည် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားခေါင်းဆောင်များကို တိုက်ရိုက်ရည်ညွှန်း၍ စိန်ခေါ်ပြောကြားခဲ့ရာတွင် နျူကလီးယားလက်နက်များကိုစွန့်လွှတ်ပြီး၊ ငြိမ်းချမ်းရေး နှင့် တိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်ပါက အမေရိကန်ပြည်ထောင်စုက လက်ကမ်းလာသည်ကိုတွေ့ရမည်ဟု ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ ပြောကြားခြင်းမှာ သမ္မတ Obama က ယခုနှစ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းသို့ လူသိရှင်ကြား တိုက်ရိုက်ပြောကြားမှုမှာ ဒုတိယအကြိမ်ဖြစ်ပါသည်။ ပြီးခဲ့သည့် မတ်လက ဆိုးလ်မြို့ရှိ Hankuk တက္ကသိုလ် နိုင်ငံခြားလေ့လာရေးဌာန၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် ပြုံယမ်းအပေါ် ရန်လိုရန် ရည်မှန်းချက်မရှိကြောင်း၊ အမေရိကန်က ဆက်ဆံရေးပုံမှန်ဖြစ်ရန်ခြေလှမ်းများ လှမ်းနေကြောင်း၊ ရန်စလာမှုများသည် မြောက်ကိုရီးယားက ပိုမိုအထီးကျန်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်အပတ် သမ္မတ Obama ၏ ခရီးစဉ်မတိုင်မီ CSIS တွင် အမျိုးသားလုံခြုံရေးအကြံပေး Tom Donilon ကမေးခွန်းမေးမြန်းမှုကို ထည့်သွင်းပြောကြားရာတွင် အကယ်၍ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား ဖျက်သိမ်းရေးကို အလေးအနက်ရည်ရွယ်ကြောင်း ပြသလာပါက မြောက်ကိုရီးယားက နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ရန် လမ်းဖွင့်ပေးထားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

သို့သော် မြန်မာနိုင်ငံ၏နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို မြောက်ကိုရီးယားနှင့် ညီမျှခြင်းချ၍ မဖြစ်နိုင်ပေ။ မြန်မာနိုင်ငံကိစ္စတွင် နျူကလီးယားဖျက်သိမ်းရေးကိစ္စပါဝင်မှုမရှိပေ။ ကင်ဂျုံအန်သည် မြောက်ကိုရီးယား၏ စီးပွားရေးပြဿနာများကို ကိုင်တွယ်ရန်လိုအပ်ကြောင်း အသိအမှတ် ပြုခဲ့ပြီးဖြစ်ပါသည်။ ပြီးခဲ့သည့် ဧပြီလက ပထမဆုံးလူထုသို့ မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားပြည်သူများသည် နောက်ထပ် ငွေချွေတာရန် မသင့်တော့ကြောင်းကတိစကားပြောကြားခဲ့ပါသည်။ သို့သော် မြောက်ကိုရီးယားအစိုးရသည် နျူကလီးယား အစီအစဉ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပါသည်။ ၎င်းသည် မှန်ကန်သည့်ရွေးချယ်မှုပြုလုပ်ရမည့်အစား အမေရိကန်ကရန်သူမူဝါဒကိုမစွန့်လွှတ်ပါက နျူကလီးယားအစီအစဉ်ကို တိုးချဲ့မည်ဟု ခြိမ်းခြောက် နေပါသည်။

မြောက်ကိုရီးယားသည် နိုင်ငံခြားငွေရှာနိုင်သည့် နည်းလမ်းများမှာလည်း ကျဉ်းမြောင်းလာပါသည်။ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခြင်းကြောင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံရေးများရပ်ဆိုင်းလာနေပြီး ကုလသမဂ္ဂ အရေးယူမှုများကလည်း မြောက်ကိုရီးယား ဒုံးကျည်နှင့် လက်နက်များ ရောင်းချမှုကို ခက်ခဲလာစေပါသည်။ လာမည့်လများတွင် ကင်ဂျုံအန်အနေဖြင့် တရုတ် ခေါင်းဆောင်သစ်များထံမှ အကူအညီများ တိုးချဲ့ပေးမှုကိုရရှိဖွယ်ရှိနေပါသည်။ တောင်ကိုရီးယားသမ္မတသစ်ကလည်း နျူကလီးယားဖျက်သိမ်းရေးအတွက် မဟာဗျူဟာကျသော အခြားနည်းလမ်း တစ်ရပ်အဖြစ် မြောက်ကိုရီးယားကို ထောက်ပံ့ကူညီပြီး စမ်းသပ်ဖွယ်ရှိပါသည်။ ကုလသမဂ္ဂနှင့် မဟာဗျူဟာကျသောနားလည်မှု ကြိုတင်မရှိပဲနှင့် မြောက်ကိုရီးယားအနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နျူကလီးယားဖျက်သိမ်းရေးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ အမေရိကန်၏ ရန်သူမူဝါဒကို မဖယ်ရှားပဲ နျူကလီးယားဖျက်သိမ်းရေး ကိုလုပ်ဆောင်လိမ့်မည်မဟုတ်ပေ။

သမ္မတ Obama သည် ၂၀၀၉ ခုနှစ်က ၎င်း၏ပထမဆုံးသမ္မတအဖြစ် လက်ခံစဉ်မိန့်ခွန်းတွင် လက်သီးဆုပ်ဖြေလျှော့ရန် လိုလားပါက လက်ကမ်းပေးရန် ကတိပြုကြောင်းပြောကြားခဲ့ပါသည်။ ကင်ဂျုံအီသည် အဆိုပါမိန့်ခွန်းကို တုန့်ပြန်သည့်အနေဖြင့် ၂၀၀၉ ဧပြီလတွင် ဒုံးကျည် စမ်းသပ်မှုများနှင့် နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ယခု သမ္မတ Obama ၏ ဒုတိယသက်တမ်းတွင် မြောက်ကိုရီးယားသည် ကင်ဂျုံအီလက်အောက်၌ အမေရိကန်၏ လက်ကမ်းပေးမှုကို ပိုမို၍ အပြုသဘောဆောင်သော တုန့်ပြန်မှု များရှိလာလေမလားဟု မျှော်လင့်ကြပါစို့။

------------------------------------------------------------------------------------------------------

မြန်မာပြည်တွင် လမ်းနှင့် တံတားများ အိန္ဒိယတည်ဆောက်ပေးနေ

(New Indian Express မှ 9 Dec 2012 ရက်စွဲပါ India Building roads, bridges in Myanmar ကိုဘာသာပြန်ဆိုသည်)

ယခုအခါ အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပေးမည့် အဝေးပြေးလမ်းမကြီးများဖောက်လုပ်ပေးခြင်းအားဖြင့် တစ်ခုတည်းသော အာရှဌာနီဟူသည့် ဒေသတွင်းဦးတည်ချက်ကို ပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီဖြစ်သည်။

မြန်မာနိုင်ငံ တမူးမှ ကလေးဝသို့ဆက်သွယ်သည့် အဝေးပြေးလမ်းမတွင် တံတားအစင်းပေါင်း ၇၁ စင်းဆောက်လုပ်ပေးရန် အိန္ဒိယက ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က ပြောကြားသည်။ ထို့ပြင် အိန္ဒိယ လမ်းပန်းဆက်သွယ်ရေးနှင့် အဝေးပြေး လမ်းမများဆိုင်ရာ ဝန်ကြီးဌာနမှကိုယ်စားလှယ်အဖွဲ့သည် အဆိုပါစီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် လျက်ရှိသည်ဟုဆိုသည်။

အိန္ဒိယ နိုင်ငံတကာစင်ကာတွင် ဒီဇင်ဘာလ ၇ ရက်နေ့ကကျင်းပပြုလုပ်သော "Highway to the Asian Century" ရုပ်ရှင်ဇာတ်ကားဖွင့်လှစ်ပွဲ၌ မိန့်ခွန်းပြောကြားရာ၌ မစ္စတာ Ranjan Mathai က "အိန္ဒိယသည် မြန်မာနိုင်ငံတွင်း ကလေးဝနှင့် ယာကြီး လမ်းပိုင်းဖောက်လုပ်ရေးကိုလည်း အကူအညီပေးလျက်ရှိကြောင်း" ပြောဆိုသည်။

ယင်းရုပ်ရှင်ဇာတ်ကားသည် မကြာမီကျရောက်မည့် အိန္ဒိယနှင့် အာဆီယံ ၁၀ နိုင်ငံဆက်ဆံရေး နှစ် ၂၀ ပြည့်အထိမ်းအမှတ် မတိုင်မီ ပြသခဲ့ခြင်းဖြစ်သည်။

"အာရှနိုင်ငံတွေဟာ နီးစပ်တဲ့ဆက်ဆံရေးမျိုးဖြစ်ပေါ်အောင် ပုံသွင်းလုပ်ဆောင်နေပါတယ်။ ကားလမ်း၊ ရထားလမ်း၊ ရေလမ်းစတာတွေ ဖောက်လုပ်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အိန္ဒိယနိုင်ငံဟာ အလယ်အာရှဒေသနဲ့ တောင်အာရှဒေသနဲ့ အရှေ့အာရှဒေသတို့ကို ဆက်သွယ်ပေးတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

ထို့ပြင် အိန္ဒိယသည် ထိုင်း၊ မြန်မာ တို့ကိုဆက်သွယ်မည့် သုံးနိုင်ငံချိတ်ဆက်လမ်းမကြီးကိုလည်း ဆောက်လုပ်လျက်ရှိသည်။ ယင်းလမ်းမကြီးသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာချိတ်ဆက်ပေးမည့် အဝေးပြေးလမ်းမကြီးတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

"ချိတ်ဆက်မှုဆိုတာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ချိတ်ဆက်ပေးတဲ့ ဖက်တာတစ်ခုလည်းဖြစ်ပါတယ်" ဟု ကုလသမဂ္ဂမှ Resident Coordinator Lise Grande ကပြောကြားသည်။

"Highway to the Asean Century" ရုပ်ရှင်ဇာတ်ကားသည် နယူးဒေလီမြို့မှ ဟနွိုင်းမြို့သို့သွားသည့် ၇၆၀၀ ကီလိုမီတာ ခရီးအား ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အရှေ့မြောက်ဘက်၊ မြန်မာ၊ ထိုင်း၊ လာအိုတို့ကို ဖြတ်သန်းသွားပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။  

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၀.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. ဗပာိုဘဏ်ဥပဒေတွင် ဥက္ကဋ္ဌဖြစ်သူအား တာဝန်ယူနိုင်မည့်ပုဂ္ဂိုလ်တစ်ဦးဦးအား ထည့်သွင်းပြဋ္ဌာန်းရန်လိုအပ်
  1. ဥပဒေကြောင်းအရ ခိုင်လုံသူများကိုသာများကိုနိုင်ငံသား ပြုခွင့်ပေးမည်
  2. သတ္တုတူးဖော်ရေးကုမ္ပဏီများ ဥပဒေနှင့်စည်းကမ်းလိုက်နာမှုအားနည်း

နိုင်ငံရေးသတင်း      

  1. KIA လိုင်ဇာဗပာိုဌာနချုပ်အနီး အစိုးရတပ်များ တပ်အင်အားတိုးချဲ့မှုကြောင့် လက်နက်ကိုင်ပူးပေါင်းတပ်များ တိုက်ခိုက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ဗပာိုဘဏ်ဥပဒေတွင် ဥက္ကဋ္ဌဖြစ်သူအား တာဝန်ယူနိုင်မည့်ပုဂ္ဂိုလ်တစ်ဦးဦးအား ထည့်သွင်းပြဋ္ဌာန်းရန်လိုအပ်

မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည့် ဗပာိုဘဏ်ဥပဒေကြမ်းတွင် ဗပာိုဘဏ်ဥက္ကဋ္ဌဖြစ်သူ၏ တာဝန်မဲ့မှုများကို အရေးယူနိုင်ရန် တာဝန်ခံနိုင် မည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ထည့်သွင်းပြဋ္ဌာန်းထားရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဗပာိုဘဏ်ဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင်များ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက်တွင် နှစ်စဉ်ဘတ်ဂျက်လိုငွေပြတိုင်း ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေလေ့ရှိသောကြောင့် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်ခဲ့ရအတွက် ယခုပြဋ္ဌာန်းမည့် ဗပာိုဘဏ်ဥပဒေတွင် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးတည်ငြိမ်ရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ဈေးကွက်ကိုအခြေခံ၍ ချေးငွေ၊ အပ်ငွေများအပေါ် အတိုးနှုန်းများသတ်မှတ်ရန်၊ ဘတ်ဂျက်လိုငွေပြမှုတိုင်းတွင် ငွေစက္ကူများ အလွန်အကျွံမရိုက်ထုတ်ရန်နှင့် လိုအပ်သည့်အခါ ငွေတိုက်စာချုပ်များကို ပေါင်နှံခြင်း၊ ထုတ်ရောင်းခြင်း များပြုလုပ်နိုင်ရန် ဥပဒေရေးဆွဲထုတ်ပြန်သင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗပာိုဘဏ်မှ အဆင့်(၄)ဆင့်သတ်မှတ်၍ ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲများကို လာမည့် ၂၀၁၅ တွင် ဖွင့်လှစ်ဆောင်ရွက်မှု ပြုပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗပာိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော ဘဏ္ဍာရေးနှီးနှောဖလှယ်ပွဲတွင် ပြောကြားသည်။

    YC

----------------------------------------------------------------------------------------------------------------

ဥပဒေကြောင်းအရ ခိုင်လုံသူများကိုသာများကိုနိုင်ငံသား ပြုခွင့်ပေးမည်

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ ခုနှစ်ဥပဒေများအရ နိုင်ငံသားပြုခွင့်လျှောက်ထားခြင်းကို လက်ခံသွားမည်ဖြစ်သော်လည်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ချမှတ်ထာသောစည်းမျဉ်းစည်းကမ်းသက်မှတ်ချက်များကိုများကို သက်သေနှင့် အထောက်အထားခိုင်မာစွာ တင်ပြနိုင်သူများ သာလျှင် ဥပဒေအရနိုင်ငံသားပြုခွင့်ပေးမည်ဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သောရခိုင်ပြည်နယ် အခြေအနေသတင်းအကျဉ်းချုပ် သတင်းစာရှင်းလင်းပွဲတွင် ပြေားကြားချက်များအရသိရသည်။

နိုင်ငံသားပြုခွင့်အတွက်အထောက်အထား ခိုင်လုံသူများကိုသာနိုင်ငံသားပြုခွင့်ပေးမည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းနှင့် ဥပဒေအရ အထောက်အထားမခိုင်လုံသူများကို လာရောက်သည့်နေရာများသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ရိုဟင်ဂျာမရှိကြောင်း၊ လက်ရှိကောက်ခံထားသောစာရင်းများအရ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူဦးရေမှာ ဆယ်သိန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံသားဖြစ်ချင်လျှင် အနည်းဆုံးအဆင့်အနေဖြင့် မြန်မာစကားတော့တတ်သင့်ကြောင်းကို ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားကြောင်းသိရသည်။

ကမ္ဘာပေါ်ရှိနိုင်ငံများတွင်နိုင်ငံသားဥပဒေကို ရေမြေဒေသတို့နှင့်ခွဲခြားခြင်း၊ အခြေချနေထိုင်မှုကိုနှစ်အရေအတွက် ဖြင့်ခွဲခြားခြင်း၊ သွေးဖြင့်ခွဲခြားသတ်မှတ်ခြင်းများရှိရာ မြန်မာနိုင်ငံသည် သွေးဖြင့် ခွဲခြားသက်မှတ်သောနိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး ရှိကြောင်း သိရသည်။

YC

----------------------------------------------------------------------------------------------------------------

သတ္တုတူးဖော်ရေးကုမ္ပဏီများ ဥပဒေနှင့်စည်းကမ်းလိုက်နာမှုအားနည်း

သတ္တုတူးဖော်နေသောကုမ္မဏီအများစုသည် စီမံကိန်းဆောင်ရွက်ချိန်နှင့် ပြီးစီးသည်အချိန်ထိတိုင်အောင် သတ္တုတွင်း ဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်ဥပဒေများကိုကုမ္မဏီအများစုသည် ၉၅ ရာခိုင်နှုန်းခန့် လိုက်နာမှုမရှိကြောင်းကို သတ္တုတွင်းဝန်ကြီးဌာနတွင် အထွေထွေမန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သော အငြိမ်းစားဝန်ထမ်းတစ် ဦး၏ပြေားကြားချက်များအရသိရသည်။

ကုမ္ပဏီများအနေဖြင့်စီမံကိန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာတွင်ကျင့်သုံးနေသောနည်းလမ်းများဖြစ်သည့် သတ္တုတူးဖော်ပြီးစီးချိန်တွင် မြေလွှာများကို စိုက်ပျိုးနိုင်အောင်ပြန်လည်ပြုပြင်ပေးရခြင်း၊ မူလအတိုင်းဖြစ်အောင်မြေပြန်ဖို့ ပေးရခြင်းများရှိသော်လည်း မြန်မာနိုင်ငံရှိ ကုမ္ပဏီအများစုသည် စည်းကမ်းနှင့်ဥပဒေလိုက်နာမှု မရှိကြောင်းသိရသည်။

ထိုသို့လိုက်နာမှုမရှိခြင်းကြောင့်စီမံကိန်း ပြီးဆုံးသွားသော်လည်း စီမံကိန်းဧရိယာရှိစိုက်ပျိုးမြေများသည်မူလ အတိုင်းပြန်လည်စိုက်ပျိုး၍ မရနိုင်ခြင်းကြောင့် ဒေသခံများ၏အကျိုးစီးပွားများနှင့် သဘာဝပတ်ဝန်းကျင်ကိုများစွာထိခိုက်မှုရှိ ကြောင်းသိရသည်။

အဆိုပါစနစ်များကို မြန်မာနိုင်ငံရှိသတ္တုတွင်းဝန်ကြီးဌာနမှတည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများတွင်ပြဋ္ဌာန်းထားသော်လည်း ကုမ္ပဏီ အများစုရှိ စီမံကိန်းဖော်ဆောင်သူများလိုက်နာမှုမရှိခြင်းနှင့်  ဝန်ကြီးဌာနများ၏ စစ်ဆေးကြီးကြပ်မှုအားနည်းခြင်းတို့ရှိနေကြောင်းသိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

KIA လိုင်ဇာဗပာိုဌာနချုပ်အနီး အစိုးရတပ်များ တပ်အင်အားတိုးချဲ့မှုကြောင့် လက်နက်ကိုင်ပူးပေါင်းတပ်များ တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ လိုင်ဇာ ဗပာိုဌာနချုပ်အနီး ၇ မိုင်ခန့်အကွာတွင် အစိုးရတပ်များ တင်အင်အားနှင့် လက်နက်များတိုးချဲ့တပ်ဆင်လျက်ရှိသည့်အတွက် KIA နှင့် ABSDF ပူးပေါင်းတပ်များက မကြာခဏဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

KIA ၏ဗပာိုဌာနချုပ်အနီးတွင် တပ်မတော်မှ စပ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ ၃၊ စကခ ၂၁ နှင့် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများနှင့် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံ တပ်ရင်းများ ထပ်မံတိုးချဲ့လာသည့်အပြင် ယင်းတပ်စခန်းများတွင် အဝေးပစ် ၈၀ မမ၊ ၁၂ မမ အမြောက်လက်နက်များနှင့် လက်နက်ခဲယမ်းများ တိုးချဲ့တပ်ဆင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် KIA ထိန်းချုပ်နယ်မြေများဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ UN အဖွဲ့အစည်းများ သွားလာခွင့်မရှိသည့်အတွက် ယင်းဒေသရှိ စစ်ဘေးဒုက္ခသည်များမှာ အကူအညီအထောက်အပံ့များစွာ လိုအပ်လျက်ရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် KIA ထိန်းချုပ်နယ်မြေအောက်၌ နေထိုင်လျက်ရှိကြသည့် စစ်ဘေးဒုက္ခသည်များအား ဒေသခံတွဲဖက်အဖွဲ့မှ စားနပ်ရိက္ခာနှင့် အခြားအကူအညီများပေးလျက်ရှိသော်လည်း အကူအညီအထောက်အပံ့များမှာ လိုအပ်လျက်ရှိနေသေးကြောင်း သိရသည်။

ထိုသို့သော ကိစ္စရပ်များအတွက် UN မှ KIA ထိန်းချုပ်နယ်မြေများအတွင်းသို့ UN အဖွဲ့အစည်းများက ကူညီနိုင်ခွင့်ရရှိနိုင်စေရန် နိုင်ငံတော်အစိုးရထံ ခွင့်ပြုချက်တောင်းခံထားကြောင်း သိရသည်။

၁၉၉၄ ခုနှစ်မှစတင်၍ အစိုးရနှင့်ကေအိုင်အေတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင်ပျက်ပြယ်ကာ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိပြီး လေးကြိမ်တိုင်တိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း ခိုင်မာသော ဆုံဖြစ်ချက် တစ်စုံတစ်ရာချမှတ်နိုင်ခဲ့ခြင်း မရှိသေးကြောင်းသိရသည်။

YC

***********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“ကော်မရှင် အနေနဲ့ရွာသားတွေ ကုမ္ပဏီဘက်ကလူတွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ပါ။ သာသနာရေး ကိစ္စတွေပါလာတဲ့အတွက် လူရိုသေ ရှင်ရိုသေရှိသော ဗုဒ္ဓဘာသာပညာရှိတွေရဲ့ အကူအညီနဲ့ စုံစမ်းမှာပါ။ ဒါ့အပြင် နည်းပညာဆိုင်ရာ ပြင်ပအကူအညီကိုယူမှာ ဖြစ်လို့အဖွဲ့ဝင်တွေကလည်း သတင်းထောက်တွေနဲ့ လိုအပ်ရင် လိုအပ်သလိုတွေ့ပြီး သတင်းထုတ်ပြန်မှုတွေကို လုပ်လည်းလုပ်သွားမှာပါ”

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၃၀) တွင်ပါရှိသော “လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း၊ အမြန်ဆုံးအဖြေမှန်ပေါ်ရန်ဆောင်ရွက်မည်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

“အခုလို ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင်းက စီးပွားရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ရပ်တန့် နေရတာတွေပြန်ပြီး ပုံမှန်လည်ပတ်ဖို့ဆိုရင် နောက်ထပ် ၃ နှစ်လောက်အချိန်ယူရဖို့ရှိနေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ လုံခြုံရေးပေးနိုင်တဲ့ အခြေအနေတွေကလည်း အရေးပါတယ်”

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၃၀) တွင်ပါရှိသော “ရခိုင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ကောင်းစွာ လုပ်ကိုင်နိုင်ခြင်းမရှိသေး” သတင်းမှ ဦးအေးသာအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

“သပိတ်စခန်းဖြိုခွင်းတဲ့ကိစ္စမှာလည်း ကြေညာချက်နှစ်ကြိမ်ထုတ်တယ်။ ကော်မရှင်ကိုလည်း နှစ်ကြိမ်ဖွဲ့တယ်။ ဒါတွေဟာ သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်မတည်ငြိမ်မှုကြောင့် ဖြစ်ရတာ။ ဒီလိုမတည်ငြိမ်မှု ဖြစ်နေခြင်းက သမ္မတအပေါ်နိုင်ငံတကာရဲ့  ယုံကြည်မှုတွေ လျှော့ကျလာနိုင်တယ်လို့ ပြောချင်ပါတယ်”

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၄) အမှတ် (၄၈) တွင်ပါရှိသော “ဆုံးဖြတ်ချက်မှုများ မတည်ငြိမ်မှုကြောင့် သမ္မတဦးသိန်းစိန်အပေါ် နိုင်ငံတကာမှ ယုံကြည်မှုများလျော့ကျနိုင်” သတင်းမှ ဦးညိုထွန်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

*************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive