Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၄.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် မျှော်လင့်ချက်ရှိလာ

(13 Jan 2013 ရက်စွဲပါ Jakarta Globe မှ Myanmar deposits hope in Bank overhaul ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံသို့ ICRC အကြီးအကဲ ပထမဆုံးအကြိမ်ရောက်ရှိ

(The Daily Star မှ 13 Jan 2013 ရက်စွဲပါ “Red Cross head makes first-ever visit to Myanmar” သတင်းကိုဘာသာပြန်ပါသည်)

  1. ရဟတ်ယဉ်ပျက်ကျမှုအပေါ် သူပုန်တို့၏ ပြောဆိုမှုမမှန်ကန်ဟု တပ်မတော်ငြင်းဆို

(Channel News Asia မှ 13 Jan 2013 ရက်စွဲပါ “Myanmar army , rebel trade claims over helicopter crash” သတင်းကို ဘာသာပြန်ပါသည်)

**************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် မျှော်လင့်ချက်ရှိလာ

(13 Jan 2013 ရက်စွဲပါ Jakarta Globe မှ Myanmar deposits hope in Bank overhaul ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည်အာရှ၏ လာမည့် စီးပွားရေးကြယ်ပွင့်ဖြစ်လာရန် ကြိုးစားလျှက်ရှိရာ ၎င်း၏ရှေးကျပြီး ယုံကြည်မှုမရရှိသည့် ဘဏ်စနစ်အား အစအဆုံးပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံခြားဘဏ်များ၊ ဘဏ်ခွဲဖွင့်နိုင်ရေးကို လမ်းခင်းပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးမည်၊ ဥပဒေနှင့်ပတ်သက်၍ လာမည့်ရက်သတ္တပတ်များတွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်ပါသည်။ ယခင် စစ်အစိုးရလက်ထက်က ဆိုးရွားစွာမှားယွင်းအုပ်ချုပ်မှုများ ဆယ်စုနှစ်နှင့်ချီ၍ ရှိခဲ့ရာမှ ယခုပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာမှု၏ နောက်ဆုံးလုပ်ဆောင်လာမှုတစ်ခု ဖြစ်ပါသည်။

ယခုလုပ်ဆောင်မှုများမှာ မြန်မာနိုင်ငံ၏ အားနည်းနေသော ဘဏ်လုပ်ငန်းကဏ္ဍကို အားကောင်းစေရန်နှင့် ဖြေလျှော့မှုများပြုလုပ်ပြီး ငွေကြေးကဏ္ဍကို ကျယ်ပြန့်လာအောင် လုပ်ဆောင်သည့် ပထမခြေလှမ်းဖြစ်ကြောင်း သုတေသနအုပ်စုဖြစ်သည့် HIS Global Insight မှ စီးပွားရေးပညာရှင် Rajiv Biswas ၏ အဆိုအရသိရှိရပါသည်။

မြန်မာနိုင်ငံတွင်ငွေများကို ဘဏ်တွင်မထားဘဲ ရွှေဝယ်စု၍ စုသည့် ဓလေ့ရှိပြီး မကြာခဏ ပြဿနာဖြစ်၍ ဘဏ်များအပေါ် သံသယများရှိ နေခြင်းနှင့် ပတ်သက်သော ရှုပ်ထွေးမှုများကို ပြသသည့် သဘောလည်းဖြစ်နေပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိအားဖြင့် ပုဂ္ဂလိကဘဏ် (၁၉) ခုရှိပြီးအစိုးရဘဏ် (၄) ခုရှိပါသည်။ သို့သော် အဆိုပါ အစိုးရဘဏ်များမှာ ငွေအရင်းအနှီး အားနည်းကြောင်း Vrions and Partners အကြံပေး ကုမ္ပဏီမှ ဒါရိုက်တာ Romain Cailloud ကပြောပါသည်။

ချေးငွေသက်တမ်းကို တစ်နှစ်သာသတ်မှတ်ထားခြင်း၊ အတိုးနှုန်းကို ပုံသေသတ်မှတ်ထားခြင်း စသည့် တင်းကြပ်သောစည်းမျဉ်းများဖြင့် ဗဟိုဘဏ်က ချုပ်ကိုင်ထားရာ ပုဂ္ဂလိကဘဏ်များကြားတွင်  ပြိုင်ဆိုင်မှုကို ဇက်ကြိုးသပ်ထားသည့်သဖွယ် ဖြစ်ကြောင်း ၎င်းကပင်ပြောပါသည်။

နိုင်ငံပိုင်ဘဏ်များမှာမူ အဆိုပါစည်းမျဉ်းအတိုင်းမဟုတ်ပေ။ သို့သော် ငွေချေးသူများ နည်းပါးစေရန် အတိုးနှုန်းတန်ဖိုးကိုမြှင့်၍ အကဲဖြတ်ထားပါသည်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူပိုင်သိမ်းခဲ့ရာ စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များ တသီးတခြားစီ ဖြစ်သွားခဲ့ပါသည်။ ဆိုရှယ်လစ်မူဝါဒဖြင့် အကောင်အထည်ဖော်ပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပေါင်းလျှင် (၉) ဂဏန်းရသော ငွေစက္ကူများ ထုတ်ဝေခြင်းကဲ့သို့သော မဆီမဆိုင်လုပ်ရပ်များပင်ရှိခဲ့ပါသည်။

ထိုအထဲတွင် အမေရိကန်၏ ငွေကြေးဆိုင်ရာ အရေးယူမှုများထပ်ဆောင်းလိုက်သောအခါ အခြေအနေပိုမိုဆိုးရွားခဲ့ရပါသည်။ သို့သော် အမေရိကန်အရေးယူမှုမှာ ၂၀၁၁ ခုနှစ်တွင် စစ်အစိုးရပြီးနောက် ပြုပြင်ပြောင်းလဲရေးများကြောင့် အချို့တစိတ်တပိုင်း ရုတ်သိမ်းသွားခဲ့ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဘဏ်စနစ်မှာ ပြန်လည်၍ နလံမထူနိုင်သေးပေ။

၂၀၀၃ ခုနှစ်တွင် အကြီးအကျယ် အထိနာခဲ့ရာဘဏ်(၃)ခု ပြိုလဲခဲ့ပါသည်။

‘ကျပ်’ ငွေရှားပါးသွားခဲ့ကာ စီးပွါးရေးကို ချိနဲ့လာစေရုံမက ပြည်သူလူထု၏ အယုံအကြည်ကင်းမဲ့မှုကို ဖြစ်စေခဲ့ပါသည်။

“ကျွန်မကတော့ ဘဏ်တွေမှာ ငွေမစုဘူး” ဟုသူနာပြုဆရာမတစ်ဦးဖြစ်သူ ဒေါ်လှလှ ကပြောပါသည်။ “ငွေစုတဲ့အနေနဲ့ အနည်းဆုံးတော့ ကျွန်မရတနာတွေ ဝယ်ဝတ်နိုင်ပါတယ်” ဟုဆိုပါသည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း (၆၀) ရှိသည့်အနက် တစ်သန်းမှ နှစ်သန်းသာ ဘဏ်ကို အသုံးပြုကြသည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးရဲမင်းဦး ကပြောပါသည်။

နောက်ထပ်အဓိက ပြဿနာတစ်ခုမှာ ဘဏ်ခွဲများနည်းပါးခြင်းပင် ဖြစ်ပါသည်။

မြန်မာပြည်တလွှားဘဏ်ခွဲများ (၄၀၀) ခန့်သာရှိသည်ဟု ဦးရဲမင်းဦးက ဆိုပါသည်။ မြန်မာနိုင်ငံနှင့် အရွယ်အစားရော လူဦးရေပါ တူညီသည့် ပြင်သစ်တွင် ဘဏ်ခွဲပေါင်း (၃၉၀၀၀) ကျော်ရှိပါသည်။

“လူအများစုက ဘဏ်ဆိုတာ သူတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေကြပါတယ်” ဟု ၎င်းက ဆိုပါသည်။ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်ရန် ဘဏ်ခွဲများပိုမိုဖွင့်ရန် တိုက်တွန်းထားပါသည်။

ဘဏ်စနစ်အလုပ်မဖြစ်ပါက အသက်သေနေသော တိုင်းပြည်၏ စီးပွါးရေး အသက်ပြန်ဝင်လာရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရန် မလွယ်ကူကြောင်း ပညာရှင်များကပြောပါသည်။

“ပုဂ္ဂလိကဘဏ်တွေဟာ နိုင်ငံတကာစံနှုန်းနဲ့ အညီ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီနိုင်ခြင်း မရှိပါဘူး” ဟု ငါးလုပ်ငန်းအဖွဲ့မှ ဒုဥက္ကဠ ဦးနှင်းဦး ကပြောပါသည်။

မြန်မာနိုင်ငံ၏ ကြီးမားသော ပြောင်းလဲမှုများတွင် ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်သို့ ရွေးကောက်ခြင်းခံရခြင်း၊ တိုင်းပြည်၏ အမျိုးမျိုးဖြစ်နေသော ငွေလဲလှယ်မှုနှုန်းကို တစ်ခုတည်း ဖြစ်အောင်ပြုလုပ်နိုင်ခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြုနိုင်ခြင်း အပါအဝင် စီးပွါးရေးကို ပြန်လည်နိုးထအောင် စတင်လုပ်ဆောင်နိုင်ခဲ့ပါသည်။

သို့သော် ATM စက်အနည်းငယ်ရှိလာခြင်းနှင့် ခရက်ဒစ်ကဒ်အချို့သုံးနိုင်ခြင်းမှလွဲ၍ ဘဏ်လုပ်ငန်းတွင်တိုးတက်မှုအနည်းငယ်သာရှိသေးကြောင်း ဦးနှင်းဦး ကပြောပါသည်။

ပြောင်းလဲမှုအတွက်မျှော်လင့်ချက်မှာ ငွေကြေးတောင့်တင်းပြီး စက်မှုနည်းပညာများပါလာမည့် နိုင်ငံခြားဘဏ်ကဏ္ဍ ဖွင့်လှစ်လာမှုအပေါ် မူတည်နေပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများ တစ်ဆင့်ပြီးတစ်ဆင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာလက ပြောကြားခဲ့သည်ကို IMF ဝက်ဆိုဒ် တွင်ဖော်ပြထားပါသည်။

ပထမအဆင့်အနေဖြင့် နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်းဘဏ်များ ဖက်စပ်ထူထောင်ခြင်းဖြင့် စတင်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများအပြည့်အဝ ဖွင့်ခွင့်ရရေး မျှော်မှန်းထားရန် ဖြစ်ပါသည်။

လောလောဆယ်အားဖြင့် နိုင်ငံခြားဘဏ်များသည် ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိဘဲ ကိုယ်စားလှယ်ရုံးများသာ ဖွင့်ခွင့်ရှိပါသည်။

HIS မှ Biswas က ပြောကြားရာတွင် လွှတ်တော်သည် ဖက်စပ်ဘဏ်များထူထောင်ရေး အတွက် ယခုနှစ်တွင် မီးစိမ်းပြဖွယ်ရှိပြီး၊ ၂၀၁၅ တွင် နိုင်ငံခြား ဘဏ်ခွဲများ ဖွင့်ခွင့်ရနိုင်သည်ဟု ဆိုပါသည်။

ယခုလောလောဆယ် ဘဏ်ကဏ္ဍတွင် တံခါးမဖွင့်သေးခြင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းတွင် နိုင်ငံခြားငွေ အရင်းအနှီး၊ နည်းပညာနှင့် တီထွင် ဖန်တီးမှုများ အားကောင်းရေးအတွက် အတားအဆီးဖြစ်နေပါသည်ဟု ၎င်းကဖြည့်စွက်ပြောပါသည်။

--------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ ICRC အကြီးအကဲ ပထမဆုံးအကြိမ်ရောက်ရှိ

(The Daily Star မှ 13 Jan 2013 ရက်စွဲပါ “Red Cross head makes first-ever visit to Myanmar” သတင်းကိုဘာသာပြန်ပါသည်)

နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အကြီးအကဲသည်သမ္မတဦးသိန်းစိန်နှင့် အခြားတာဝန်ရှိသူများအားတွေ့ဆုံရန်အတွက် ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့တွင်ရောက်ရှိလာပါသည်။

ICRC ကြေညာချက်တွင် ပီတာမော်ရာက “မြန်မာအစိုးရဟာ ကျွန်တော်တို့နဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း အကြောင်းကြားခဲ့ပါတယ်” ဟုပြောကြားသည်။

“ဒါဟာ မြန်မာအစိုးရနဲ့ ကျွန်တော်တို့ ဆက်ဆံရေးခိုင်မာရေး၊ ညှိနှိုင်းဆွေးနွေးရေး ကိစ္စတွေမှာ သိသိသာသာရှေ့တိုးလာတဲ့ ခြေလှမ်းပါပဲ” ဟု ၎င်းကဆိုပါသည်။

မြန်မာအာဏာပိုင်များသည် မကြာသေးမီကာလပိုင်းများအတွင်း ပြုပြင်ပြောင်းလဲမှုများကို တစ်သီတစ်တန်း ပြုလုပ်ခဲ့သည်။ ပြီးခဲ့သော တစ်နှစ်လုံး ကိစ္စရပ်များစွာတွင် အပြုသဘောတိုးတက်မှုများဖြစ် ပေါ်ခဲ့ပြီး မြန်မာပြည်သူများကို ICRC ၏ ဆောင်ရွက်ချက်များဖြင့် အကျိုးပြုနိုင်ခဲ့သည်ဟု ပီတာမော်ရာက ပြောကြားသည်။

အပြန်အလှန်အကြမ်းဖက်မှု ဘေးဒဏ်သင့်ခဲ့သော ပြည်သူများအား ICRC ကကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်သို့ ပီတာမော်ရာ သွားရောက်ရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။

ICRC အကြီးအကဲသည် မြန်မာအစိုးရတာဝန်ရှိသူများနှင့် အစည်းအဝေးကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး ICRC ဝန်ထမ်းများကို အကျဉ်းထောင်များသို့ သွားရောက်ခွင့်ပြုမည့် အစိုးရ၏ မကြာသေးမှီက ကြေညာချက်နှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အဓိကရုဏ်းဖြစ်ပွားပြီး အချိန်တိုအတွင်းမှာပင် ICRC ကမြန်မာကြက်ခြေနီအသင်းနှင့်အတူ ဘေးဒဏ်သင့် အိုးမဲ့ အိမ်မဲ့ ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် အလားတူ ပဋိပက္ခ ဘေးသင့်နေသော ကချင်နှင့်ကရင်ပြည်နယ်များမှ ဒုက္ခသည်ပြည်သူများကိုလည်း ထောက်ပံ့&#