Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၎.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံကို အားဖြည့်ပေးရန် ကီဒန်ရင်ကုန်သွယ်ရေးအသင်းစီစဉ်

(The Japan Times မှ 4 Feb 2013 ရက်စွဲပါ “Keidanren set to make splash in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ တယ်လီဖုန်းဂိမ်းကို နိုင်ငံတကာကုမ္ပဏီများ စိတ်ဝင်စား

(Business Standard မှ 4 Feb 2013 ရက်စွဲပါ “Global telcos eye big game in Myanmar” သတင်းကို ဘာသာပြန်ပါသည်)

  1. မြန်မာနှင့် ကေအိုင်အေတို့ ရွှေလီတွင်တွေ့ဆုံဆွေးနွေးမည်

(2 February 2013 ရက်စွဲပါ AlertNet ပါ Reuters ၏ “Myanmar to hold peace talks in China with Kachin rebels”  ကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံကို အားဖြည့်ပေးရန် ကီဒန်ရင်ကုန်သွယ်ရေးအသင်းစီစဉ်

(The Japan Times မှ 4 Feb 2013 ရက်စွဲပါ “Keidanren set to make splash in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

Japan Business Federation ပာုလည်း လူသိများသော ဂျပန်သြဇာကြီး ကုန်သွယ်ရေးအသင်း ကီဒန်ရင်သည် တနင်္လာနေ့မှ စနေနေ့အတွင်း မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အကြီးစားကုန်သွယ်ရေးမစ်ရှင် စေလွှတ်ရန် စီစဉ်နေပါသည်။

နှေးကွေးစွာ ဒီမိုကရေစီကူးပြောင်းနေသော မြန်မာနိုင်ငံ၌ စီးပွားရေးအခွင့်အလမ်းများ ကြီးထွားလာတော့မည်ပာု မျှော်လင့်ရသောအချိန်တွင် နိုင်ငံ၏တရားဥပဒေသည် အပြစ်အနာအဆာများအပါအဝင် ဂျပန်ကုမ္ပဏီများ စီးပွားရေးလုပ်ရာ၌ ပာန့်တားနေသော ပြဿနာများကို ဖြေရှင်းပေးသွားရန် ကီဒန်ရင်က မျှော်လင့်နေသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၁ တွင် အာဏာရလာပြီးနောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အတက်ပြလာခြင်းကို အသိအမှတ်ပြု တုန့်ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံကုန်သွယ်မှုတားမြစ်ချက်များကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက ဖြေလျော့ ရုတ်သိမ်းပေးထားကြသည်။

စီးပွားရေးခေါင်းပြူစပြုလာသော မြန်မာနိုင်ငံ၏ကြွေးမြီအချို့ကို မကြာသေးမီက ပယ်ဖျက်ပေးလိုက်သော ဂျပန်နိုင်ငံက ၂၆ နှစ်အတွင်း ပထမဦးဆုံးအဖြစ် မတ်လကုန်တွင် အတိုးနည်းချေးငွေ အစီအစဉ်ပြန်စရန် စီစဉ်နေပါသည်။

သို့သော် ကီဒန်ရင်အဖွဲ့အစည်း၏ အစီအစဉ်နှင့် နီးစပ်သူတစ်ဦးက “မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလက်ခံရန် မလုံလောက်သော စွမ်းရည်ကိုသာ ပိုင်ဆိုင်ထားသည်။ လူသားရင်းမြစ်တိုးတက်ဖို့ အလွန်အရေးကြီးသည်”ပာု သုံးသပ်ပြောဆိုသည်။

ကီဒန်ရင်အဖွဲ့၏ဥက္ကဋ္ဌ ပီာရိုမာဆာယိုနီကူရာ ဦးဆောင်သော မစ်ရှင်အဖွဲ့သည် မြန်မာတို့အတွက် ပညာသင်စကောလားရှစ်အစီအစဉ် အကောင်အထည်ဖော်ရေး၊ ဂျပန်တွင် လုပ်ငန်းခွင်လေ့ကျင့်ရေးအခွင့်အလမ်းများ ဖြည့်ဆည်းပေးရေးတို့အပါအဝင် လူသားရင်းမြစ်ဖွံ့ဖြိုးရေး အစီအစဉ်များကို တွန်းအားပေးရန် မျှော်လင့်ထားပါသည်။

လိုက်ပါမည့်သူအများဆုံး မှတ်တမ်းဝင်မည့် ကီဒန်ရင်ကိုယ်စားလှယ်အဖွဲ့တွင် ၁၄၀ ခန့်ပါဝင်မည်ဖြစ်ပြီး ယိုနီကူရာသည်လည်း မြန်မာနိုင်ငံရောက် ပထမဆုံး ကီဒန်ရင်အဖွဲ့ဥက္ကဋ္ဌဖြစ်လာမည်ဖြစ်သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် ကီဒန်ရင်ဥက္ကဋ္ဌအပါအဝင် အကြီးတန်းတာဝန်ရှိသူ ၂၀ နှင့်အတူ မီးရထားလုပ်ငန်းမှသည် အာမခံနှင့် သတ္တုလုပ်ငန်း အဆုံး အဖွဲ့ဝင်ကုမဏီ ၇၀ ခန့်၏ ဥက္ကဋ္ဌများလည်း လိုက်ပါသွားကြမည်ပာု သိရှိရသည်။

------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ တယ်လီဖုန်းဂိမ်းကို နိုင်ငံတကာကုမ္ပဏီများ စိတ်ဝင်စား

(Business Standard မှ 4 Feb 2013 ရက်စွဲပါ “Global telcos eye big game in Myanmar” သတင်းကို ဘာသာပြန်ပါသည်)

photo credit - wall street journal

ကမ္ဘာ့အသေးစားဈေးကွက်များထဲတွင် မိုဘိုင်းဖုန်းပျံ့နှံမှု ၉ ရာခိုင်နှုန်းနှင့် လူဦးရေ သန်း ၆၀ သာရှိသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ တယ်လီကွမ်းကုမ္ပဏီများအတွက် ယခုလို ပေါ်ပြူလာ ဖြစ်နေခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်ပါသည်။ အထူးသဖြင့် (မိုဘိုင်းဖုန်းသုံးစွဲသူ ၆.၆၇ သန်းရှိသည့်) ဂျာမူုးနှင့် ကက်ရှ်မီးယားထက်ပင် မြန်မာဈေးကွက်က ပို၍ သေးငယ်နေသည်။

ပြီးခဲ့သော အပတ်အတွင်း မြန်မာအစိုးရက နိုင်ငံခြားကုမ္ပဏီများ ပထမဆုံးချပေးမည့် အော်ပရေတာ လိုင်စင် နှစ်ခုအတွက် Telenor, Sing Tel, ST Telemedia ,  အိန္ဒိယ၏ Bharti Airtel  တို့အပါအဝင် အခြားနိုင်ငံတကာ ကုမ္ပဏီ ၁၆ ခုခန့်က စိတ်ဝင်စားကြောင်း အဆိုပြုလွှာတင်ခဲ့ကြသည်။

ယခင်က စစ်အုပ်ချုပ်ရေးကာလတွင် အစိုးရက မတန်တဆဈေးနှုန်းဖြင့် လက်ဝါးကြီးအုပ်ထားသော တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တံခါးပိတ်ထားခဲ့ပါသည်။ သို့သော် သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံခြားပိုင်ဆိုင်မှု ၁၀၀% ခွင့်ပြုမည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ကုမ္ပဏီများအား တယ်လီဖုန်း အော်ပရေတာလိုင်စင် နှစ်ခုချပေးတော့မည် ဖြစ်သည်။

လက်ရှိကာလတွင် မိုင်ဘိုင်းဖုန်း ၉% ခန့်နှင့် လိုင်းဖုန်း ၁% သာ ပြန့်နှံသုံးစွဲမှုရှိသော မြန်မာနိုင်ငံသည် ၂၀၁၆  တွင် ၈၀% ထိုးဖောက်ပျံ့နှံနိုင်ရန် ရည်မှန်းထားသောကြောင့် ယခုကဲ့သို့ ဆွဲဆောင်အားကောင်းနေခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ လက်ရှိ ဒေလီ GSM ဈေးကွက် နီးပါးရှိသော မိုဘိုင်းဖုန်း ၄၅ သန်းခန့်ကို ၃ နှစ်အတွင်း တိုးပွားစေမည့် သဘောပင်ဖြစ်သည်။ ထို့အပြင် ဖန်မျှင် ဖိုင်ဘာကြိုး ကီလိုမီတာထောင်ချီသွယ်တန်းခြင်း၊ လက်ရှိ ၁၈၀၀ ခန့်သာရှိသော တာဝါတိုင်များကို ၁၅,၀၀၀ ကျော်အောင်တိုးချဲ့ တည်ဆောက်ခြင်းတို့ပါဝင် ပြီး ရင်းနှီးမြှုပ်နှံငွေဒေါ်လာ ၉ ဘီလျံကျော် လိုအပ်လိမ့်မည်ဟု သိရှိရသည်။

လက်ရှိ အိန္ဒိယနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူဖောက်သည် ၁၈၅ သန်းရရှိထားပြီး ဈေးကွက်အေးနေသော Bharti ကုမ္ပဏီအတွက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးဈေးကွက်တစ်ခုပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နှင့် သီရိလကာင်္တွင် ဖောက်သည် ၇.၄ သန်းစီ အသီးသီးရရှိ ထားသော Bharti ကုမ္ပဏီအနေဖြင့် မြန်မာဈေးကွက်ကို ထိန်းချုပ်နိုင်ပါက ဒေသတွင်း အဆင့်တက်လာပေလိမ့်မည်။

အိန္ဒိယကုမ္ပဏီသည် အာဖရိကတိုက်တွင် တွင်ကျယ်စွာ သုံးစွဲနေသော ကုန်ကျစရိတ်သက်သာသည့်ပုံစံကို မိတ်ဆက်ပေးနိုင်သဖြင့် မြန်မာတို့တက်နိုင်သော မိုဘိုင်းဖုန်းနယ်ပယ်ကို ပြုလုပ်ပေးနိုင်ပါသည်။

သို့ရာတွင် မြန်မာဈေးကွက်သည် အခွင့်အလမ်းကြီးမားသည့်တိုင်အောင် နိုင်ငံတွင်းတည်ငြိမ်မှုသိပ်မရှိခြင်း၊ လွတ်လပ်သော တယ်လီဖုန်း ဥပဒေစနစ်မရှိခြင်း၊ အဂတိလိုက်စားမှုများ ကြီးထွားနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု လုံခြုံစိတ်ချရေးအပေါ် သံသယရှိနေခြင်း စသော စိန်ခေါ်မှုများကလည်း ကြီးမားလွန်းပေသည်။

မကြာသေးမီရက်ပိုင်းကပင် ဆက်သွယ်ရေးဝန်ကြီးမှာ အဂတိလိုက်စားမှုများကြောင့် ရာထူးမှနုတ်ထွက်ပေးခဲ့ရသည်။ ယင်းသို့သော အဂတိလိုက်စားမှုများက ဆက်သွယ်ရေးကဏ္ဍ ပွင့်လင်းလွတ်လပ်ရေး ကြိုးပမ်းမှုများ ပျက်ပြားအောင် ခြိမ်းခြောက်ခဲ့ပြီး တယ်လီဖုန်းအော်ပရေတာ လိုင်စင်အတွက် တင်ဒါအဆိုပြုလွှာတင်ရန် နောက်ဆုံးရက်ကိုပါ ဖိအားပေးခံခဲ့ရသည်ဟု သိရှိရသည်။

-------------------------------------------------------------------------------------------

မြန်မာနှင့် ကေအိုင်အေတို့ ရွှေလီတွင်တွေ့ဆုံဆွေးနွေးမည်

(2 February 2013 ရက်စွဲပါ AlertNet ပါ Reuters ၏ “Myanmar to hold peace talks in China with Kachin rebels”  ကို ဘာသာပြန်ပါသည်)

photo credit - AP

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ၎င်းသည် ရှေ့လာမည့်အပတ်တွင် တရုတ်နိုင်ငံ၌ မြန်မာအစိုးရနှင့် ဆွေးနွေးရန် သဘောတူခဲ့သည်ဟု စနေနေ့က ပြောကြားလိုက်ပါသည်။

KIA က ကြေညာချက်တွင် ဆွေးနွေးပွဲတွင် တရုတ်အစိုးရသည် သက်သေအဖြစ်လည်းကောင်း၊ ကြားဝင်ညှိနှိုင်းသူအဖြစ်လည်းကောင်း ပါဝင်မည် ဖြစ်ပြီး ကမ္ဘာတစ်လွှားရှိ ကချင်အသိုင်းအဝိုင်း၊ မိတ်ဆွေများနှင့်ထောက်ခံသူများ ၎င်းတို့ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် တိုက်တွန်းထား ပါသည်။

ဆွေးနွေးပွဲကို တနလာင်္နေ့တွင် တရုတ်နယ်စပ်မြို့ ရွှေလီတွင် ကျင်းပမည်ဖြစ်ပါသည်။ ရွှေလီမြို့သည် ၂၀၁၁ ခုနှစ်ဖွန်လ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက်ပိုင်း သုံးကြိမ်ဆွေးနွေးပွဲလက်ခံ ကျင်းပပေးခဲ့ပါသည်။ မြန်မာအစိုးရနှင့် KIA သည် အနည်းဆုံး ၈ ကြိမ်တွေ့ဆုံခဲ့ပြီးသော်လည်း အပစ်အခတ်ရပ်စဲရေးအတွက် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ပေ။

တိုက်ပွဲများတွင် မြန်မာအစိုးရဘက်မှ ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များသုံး၍ တိုက်ခိုက်ခဲ့သဖြင့် အရှိန်မြင့်လာမှုကို တရုတ်က စိုးရိမ်လာပါသည်။

ထာဝရငြိမ်းချမ်းရေးအတွက် သဘောတူညီမှုရရန်ခက်ခဲလျက်ရှိပါသည်။ သို့သော် အနည်းဆုံး တစ်ဖက်ဖက်သည် ၎င်း၏ ရပ်တည်ချက် ပျော့ပြောင်းရန် လိုအပ်ပါသည်။ မြန်မာအစိုးရသည် ပထမဦးစွာ အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်မှတ်ရေးထိုးရန် လိုလားလျက်ရှိသော်လည်း KIA က နိုင်ငံရေးအရ သဘောတူညီချက်ရရန်အချက်အလက်များ ခိုင်မာမှုမရှိသေးပါက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ရန် ငြင်းဆိုခဲ့ပါသည်။

တိုက်ပွဲများကြောင့် သမ္မတဦးသိန်းစိန်သည် မြန်မာစစ်တပ်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်မှု ရှိမရှိ သံသယဝင်စရာ ဖြစ်ခဲ့ရပါသည်။ ဦးသိန်းစိန်သည် မြန်မာစစ်တပ်က KIA အား ထိုးစစ်ဆင်ခြင်း မပြုရန် အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပါသည်။ သို့သော် သူပုန်များ၊ မျက်မြင်သက်သေများနှင့် လွတ်လပ်သောသတင်းစာ ဆရာများက ပြောကြားရာတွင် မြန်မာစစ်တပ်သည် သမ္မတ၏ ပြောဆိုမှုကို အလေးမထားဟု ဆိုပါသည်။

မြန်မာအစိုးရသည် သောကြာနေ့က နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ကြေညာချက်ထုတ်ပြန်ရာတွင် ၎င်းသည် KIA နှင့် ၎င်း၏နိုင်ငံရေးအဖွဲ့ KIO တို့ဖြင့် ဆွေးနွေးပွဲကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဆိုပါသည်။ ရပြီးသော အခြားတိုင်းရင်းသားအုပ်စုများကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တွေ့ဆုံဆွေးနွေး မှုကို ကူညီမည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။

အစိုးရနှင့် KIA မှ ကိုယ်စားလှယ်များသည် တနလာင်္နေ့ဆွေးနွေးရာတွင် ပါဝင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူအစိုးရဖက်မှ ကြားဝင်ညှိနှိုင်း ပေးသူတစ်ဦးက Reuters သို့ပြောပါသည်။

**********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment