Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၎.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံတွင် တံခါးဖွင့်မှုကြောင့် Best  Western ပာိုတယ်အုပ်စုမျက်စိကျ

(4 Feb 2013 ရက်စွဲပါ Bloomberg မှ Nichola Saminather ရေးသားသော Myanmar opening to foreigners draws Best Western Hotels ကိုဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာကိစ္စကို လူသားချင်းစာနာသောစိတ်ဖြင့် အာဆီယံဖြေရှင်းသင့်ဟု ဆူရင်ပြောကြား

(The Nation သတင်းစာမှ 4 Feb 2013 ရက်စွဲပါ Asean must address Rohingya issue on humanitarian grounds, surin insists ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် တံခါးဖွင့်မှုကြောင့် Best  Western ပာိုတယ်အုပ်စုမျက်စိကျ

(4 Feb 2013 ရက်စွဲပါ Bloomberg မှ Nichola Saminather ရေးသားသော Myanmar opening to foreigners draws Best Western Hotels ကိုဘာသာပြန်ဆိုသည်)

photo credit - bloomberg

ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးပိာုတယ်များဖွင့်လှစ်သည့် Best Western international Inc. သည် ပိုမိုကောင်းမွန်လာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံတွင် ပိာုတယ်အခန်းလိုအပ်ချက်များကြောင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးရင်းနှီးမြှုပ်နှံမည်ဖြစ်ပါသည်။

၎င်းသည် Phoenix အခြေစိုက်အုပ်စုဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးအပါအဝင် နေရာများစဉ်းစားလျက်ရှိကြောင်း ဘန်ကောက်အခြေစိုက် အာရှနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတကာလုပ်ငန်းများ ဒုတိယဥက္ကဋ္ဌ Glenn de Souza က ဇန်နဝါရီ(၃၁)ရက်နေ့က မေးခွန်းများကို အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် ဆယ်စုနှစ်ငါးခုခန့်အထီးကျန်ဖြစ်သော တိုင်းပြည်အား ဒီမိုကရေစီနှင့် ၎င်း၏ဘဏ္ဍာရေးနှင့် ပုဂ္ဂလိက အခြေခံအဆောက်အဦးကို ခေတ်မီအောင် အသွင်ပြောင်းရန် ကြိုးစားလျက်ရှိပါသည်။ ၎င်းသည် နိုင်ငံတကာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရန် နိုဝင်ဘာလက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပသေစ်ထွက်ပေါ်လာပြီးနောက်မှာ အခွင့်အလမ်းတွေအများကြီးရှိနေပါတယ်”ပာု de Souza ကပြောပါသည်။

“ပာိုတယ်ကဏ္ဍက လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် အလယ်အလတ်အဆင့်ရှိတဲ့ပာိုတယ်တွေ လိုအပ်နေပါတယ်။ ပထမဆုံးဝင်လာတဲ့လူတွေအတွက်ကတော့ အခွင့်အလမ်းတွေအများကြီးရှိမှာပါ”ပာု ၎င်းကပြောပါသည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့လာရောက်သော ဧည့်သည်များကိုကြည့်ပါက နယ်စပ်မှဝင်ရောက်သူမျာကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါက ၂၀၁၂ တွင် ၂၀၀၈ ကထက်စာလျှင် သုံးဆခန့်တက်လာပြီး ၅၉၃၃၈၁ ဦး ရှိကြောင်း အစိုးရပာိုတယ်ခရီးဌာန၏ ကိန်းဂဏန်းများကဆိုပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပိာုတယ်အားလုံး၏ အရေအတွက်မှာလည်း ၂၇% မြင့်တက်လာပြီး(၇၈၇)လုံးရှိလာသည်ပာု အဆိုပါ ကိန်းဂဏန်းများက ပြောပါသည်။

ပာိုတယ်ဖြည့်ဆည်းပေးနိုင်မှုထက် ခရီးသွားများရောက်ရှိလာမှုကပိုများသဖြင့် ရန်ကုန်တွင် နောက်ထပ်ငါးနှစ်မှဆယ်နှစ် ပာိုတယ်အခန်း လိုအပ်ချက်သည် အဓိကဖြစ်နေဦးမည်ပာု ဘန်ကောက်အခြေစိုက် jones Lang LaSalle Hotels မှ အကြီးတန်း ဒုဥက္ကဋ္ဌ Andrews Langdon က တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ပျှမ်းမျှပာိုတယ်အခန်းခများမှာလည်း ကြယ်လေးပွင့်နှင့် ငါးပွင့်ပာိုတယ်များအတွက် ၂၀၁၂ ခုနှစ်တွင် ၂၀၀၈ ကထက် ၃၅% ကျော်မြင့်တက် လာပြီး ဒေါ်လာ(၁၃၀)ခန့်ရှိလာပါသည်။ ယခုနှစ်တွင် ၂၅% ခန့်တက်လာဦးမည်ပာု ၎င်းကပြောပါသည်။

အစိုးရသည် လာမည့်ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံကျင်းပနိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ရန်ကုန်တွင် ဧက(၂၀၀၀)ရှိ ပိာုတယ်ဇုန်သစ်ကို စီစဉ်လျက်ရှိသည်ပာု ပြီးခဲ့သည့်လက Xinhua သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

“မြန်မာနိုင်ငံပာာ နိုင်ငံတကာ ဧည့်သည်တွေကြားမှာ ရေပန်းစားလာပါတယ်။ နိုင်ငံတကာ ပာိုတယ်အုက်စုတွေပာာ ဈေးကွက်ကို လေ့လာနေပါတယ်။ အခွင့်အလမ်းတွေနဲ့ စွန်းစားရမယ့်အရာတွေကို လေ့လာနေပါတယ်”ပာု Langdon က ပြောပါသည်။

ရင်းနှီးမြှုပ်နှံသူများ၏ ဆွေးနွေးမှုများ

ကမ္ဘာတစ်လွှားတွင် ပိုင်ဆိုင်မှု(၄၀၀၀)ကျော်အား စီမံခန့်ခွဲနေသော Best Wester သည် မြန်မာနိုင်ငံရှိပာိုတယ်များနှင့်ပတ်သက်၍ ဖရန်ချိုက် ပေးရန်နှင့် ပိုင်ဆိုင်မှုပေးရန်နည်းလမ်းများ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးလျက်ရှိသည်ပာု de Souza ကပြောပါသည်။ အသေးစိတ် ကိုမူ ပြောကြားခြင်းမရှိပေ။ ရွေးချယ်သောနေရာနှင့် သင့်တော်မည့် အမည်  Best Western၊ Best Western Plus (သို့) Best Western Premier ကို ရွေးချယ်ရန် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်း(၈)ခုက ပျံသန်းလျက်ရှိပြီး လက်ရှိလိုင်းများက တိုးချဲ့ပျံသန်းရန် အဆိုပြုထားသည်ပာုဆိုပါသည်။ ပြည်တွင်းပျံသန်းခြင်းများမှာလည်း တိုးတက်လာပြီး ပြည်တွင်းပထမဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း Golden Myanmar Airline မှာလည်း စတင်နေကြောင်း ပြောဆိုပါသည်။

Best Western သည် အာရှတစ်လွှားတွင် ၂၀၁၅ ဒုတိယကွာတား၌ ပာိုတယ်(၅၅)လုံးဖွင့်လှစ်ရန် စီစဉ်ထားရာ အရှေ့တောင်အာရှ၌ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ပိုမိုများပြားစွာ ဖွင့်လှစ်မည်ပာု de Souza က ပြောပါသည်။

အာရှတွင်တိုးချဲ့ခြင်း

အင်ဒိုနီးရှားတွင် ပြည်တွင်းလိုအပ်ချက်များကြောင့် အလယ်အလတ်ဈေးကွက်ကို အာရုံပြုမည်ဖြစ်ပါသည်။ ၎င်းတို့သည် ၂၀၁၅ ဇန်နဝါရီလတွင် ပာိုတယ်(၁၅)ခု စီစဉ်ထားရာ မြို့တော် ဂျာကာတာနှင့် ဘာလီကျွန်းအပြင် တိုးတက်လာသည် Semarang၊ Samarinda နှင့် Benjamasin မြို့များတွင် ဖွင့်လှစ်မည်ဖြစ်သည်ပာု ၎င်းက ပြောပါသည်။

ထိုင်းနိုင်ငံ၏ မြို့ကြီးများဖြစ်သော ဘန်ကောက်နှင့် ဖူးခက်တို့တွင်လည်း အလယ်အလတ်ဈေးကွက်အတွက် ပိာုတယ်များဖွင့်လှစ်ရန် စီစဉ်နေပါသည်။ ထိုင်းနိုင်ငံ၌ ၂၀၁၅ ပထမကွာတားတွင် ပိာုတယ်(၇)ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်ပာု ၎င်းကပြောပါသည်။

အရှေ့တောင်အာရှ ဝင်ပေါက်မြို့ကြီးများတွင် ပာိုတယ်လိုအပ်ချက် တိုးတက်လာခြင်းနှင့်အတူ စိန်ခေါ်မှုများအတွက်လည်း ပူပန်မှုများရှိနေရာ၊ ရေကြီးမှုများနှင့် နိုင်ငံရေးအရ အန္တရာယ်များကိုလည်း စိတ်ပူရကြောင်း deSouza က ပြောပါသည်။

အရှေ့တောင်အာရှသည် ပာိုတယ်ဈေးကွက်၌ ကမ္ဘာပေါ်တွင် ဖြစ်ဖွယ်မရှိ အဆွဲဆောင်နိုင်ဆုံးဖြစ်လျက်ရှိဆဲဖြစ်နေကြောင်း de Souz က ပြောပါသည်။ ဒေသတွင်း ခရီးသွားကဏ္ဍသည် ကြီးစွာတိုးတက်လျက်ရှိရာ ၂၀၁၂ တွင်ဒေသတွင်းခရီးသွားမှုသည် ဂဏန်းနှစ်လုံးအထိ တိုးတက်လာကြောင်းဆိုပါသည်။

-----------------------------------------------------------------------------------------

ရိုဟင်ဂျာကိစ္စကို လူသားချင်းစာနာသောစိတ်ဖြင့် အာဆီယံဖြေရှင်းသင့်ဟု ဆူရင်ပြောကြား

(The Nation သတင်းစာမှ 4 Feb 2013 ရက်စွဲပါ Asean must address Rohingya issue on humanitarian grounds, surin insists ကိုဘာသာပြန်ဆိုသည်)

photo credit - CNA

ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာလူမျိုးများ အရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စတစ်ခုဖြစ်ပြီး အာဆီယံအနေဖြင့် လူသားချင်းစာနာထောက်ထားသော အသိစိတ်ဖြင့် ဝင်ရောက်ဖြေရှင်းသင့်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဆူရင်ပစ်ဆာဝမ်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်ပြောကြားလိုက်သည်။

ပြဿနာ၏ အဓိကဇစ်မြစ်မှာ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်အသိအမှတ်မပြုသော မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်တွင်း ဥပဒေများပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင်းမှ အခြားသောအုပ်စုများကလည်း ရခိုင်ပြည်နယ်တွင် အဓိကအခြေချနေထိုင်သော ရိုဟင်ဂျာလူမျိုး ရှစ်သိန်းခန့်အား အသိအမှတ်ပြုခြင်းမရှိကြောင်း အာဆီယံအတွင်းရေးမှူးဟောင်း ဆူရင်ပစ်ဆာဝမ်ကဆိုသည်။

“ဒီပြဿနာကို တဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းသွားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ပြင်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက စိုးရိမ်ပူပန်နေကြလို့ပါပဲ။ ကုလသမဂ္ဂကတော့ ရိုဟင်ဂျာကိစ္စကိုလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လည်း ဂရုတစိုက်နဲ့ လုပ်ကိုင်သွားဖို့လိုပါတယ်။ အာဆီယံအနေနဲ့ကတော့ လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ ဖြေရှင်းပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ဤအတောအတွင်းမှာပင် မလေးရှားမှ လှေငယ်ဖြင့် ထိုင်းနိုင်ငံထဲသို့ ရိုဟင်ဂျာ ၁၄၅ ဦး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်ရောက်ရှိလာသည်။ ၎င်းတို့ကိုထိုင်းနိုင်ငံက ရေနှင့်အခြားသော အကူအညီထောက်ပံ့မှုများရရှိခဲ့ပြီးနောက် ထိုင်းရေပိုင်နက်ပြင်ပသို့ ဆွဲထုတ်ခြင်းခံလိုက်ရသည်။ ၎င်းတို့ထဲတွင် အမျိုးသမီးနှစ်ဦးနှင့် ကလေးနှစ်ဦးပါဝင်သည်ဟုသိရသည်။

ထိုင်းရေကြောင်းရဲတပ်ဖွဲ့ဝင်များအဆိုအရ ယင်းရိုဟင်ဂျာများကို ဖမ်းဆီးထိန်းသိမ်းမှုများမပြုလုပ်ခဲ့ကြောင်း၊ အကြောင်းမှာ ၎င်းတို့အတွက် ခိုလှုံနေထိုင်စရာများ အလုံအလောက်ပေးနိုင်မည်မဟုတ်သောကြောင့်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများမှာ ခြေကုန်လက်ပန်းကျနေပြီး ဆာလောင်မွတ်သိပ် နေကြသော်လည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပေးအပ်ထားသည့် အစားအစာနှင့် အခြားဆေးဝါးများ ထောက်ပံ့အပ်လိုက်ရခြင်းမရှိကြောင်းသိရသည်။

ထိုင်းအခြေစိုက် သတင်းထောက်များကမူ ယင်းရိုဟင်ဂျာများကို အထောက်အပံ့များပေးအပ်သည့်ကိစ္စအပေါ် သတင်းရယူရန် ရေကြောင်း ရဲတပ်ဖွဲ့ဝင်များနောက်သို့ လိုက်ခွင့်မရရှိလိုက်သည့်အတွက် မကျေမနပ်ဖြစ်ကာ ဝေဖန်ပြောဆိုခဲ့ကြသည်။ ရေကြောင်းရဲတပ်ဖွဲ့မူ သတင်းထောက်များ ရှိနေပါက ရိုဟင်ဂျာများအကြား အထိတ်တလန့်ဖြစ်နေမည်ကိုစိုးရိမ်သောကြောင့်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

***************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment