Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၁၀.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“တိုင်းရင်းသားတွေပြောနေတဲ့ ရပိုင်ခွင့်ဆိုတာကို အခြေခံဥပဒေမှာ တိတိကျကျဖော်ပြထားနိုင်မှ ပဋိပက္ခတွေ ဖြေရှင်းနိုင်မယ်။ ဒါမှပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ လူထုပါလာမယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် The Voice Weekly Journal အတွဲ (၉) အမှတ် (၆) တွင်ပါရှိသော “အခြေခံဥပဒေပါ ပြည်နယ်နှင့် တိုင်းများရပိုင်ခွင့် လွှတ်တော်နှင့် ပူးပေါင်းပြင်ဆင်မည်” သတင်းမှ စာရေးဆရာကျော်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××

“သူတို့ဘယ်လိုပဲ သတင်းထုတ်ပြန်ပါစေ။ အခု ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက်က ဝမ်ပေါင်ကုမ္ပဏီကို အပြစ်တင်နေတာမဟုတ်ဘူး။ အဖြစ်မှန်သိရဖို့ တစ်ဖက်တစ်လမ်းကနေ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ မှန်မှန်ကန်ကန် စစ်ဆေးဖော်ထုတ်ထားတာပါ။ ကော်မရှင်ကိုလည်း ကူညီဖြေရှင်းပေးတဲ့ သဘောပါ။ သတင်းလည်း ထုတ်ပြန်ပေးသွားမယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် The Voice Weekly Journal အတွဲ (၉) အမှတ် (၆) တွင်ပါရှိသော “စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာစောင့်ကြည့်ရန် ဝမ်ပေါင်တိုက်တွန်း” သတင်းမှ အထက်မြန်မာပြည် ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့အသင်းက နိုင်ငံတော်သမ္မတဆီမှာ ကြိုတင်ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပေမယ့် လက်ရှိမှာ လည်/ဆည်ဝန်ကြီးက ကန့်ကွက်ထားလို့ အသင်းရဲ့ တရားဝင်မှတ်ပုံတင် လက်မှတ်မရရှိသေးပါဘူး။ ဒီကိစ္စ နဲ့ပတ်သက်လို့လည်း နိုင်ငံတော်သမ္မကြီးထံ ထပ်မံတင်ပြဖို့ရှိပါတယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Favourite News Journal အတွဲ (၃/၁၈၇) တွင်ပါရှိသော “အသင်းကတော့ အင်အား ၂ သိန်းနဲ့အသင်းပါပဲ ဒါပေမယ့် ဝန်ကြီးဌာနကကန့်ကွက်ထားလို့ မှတ်ပုံတင်မရှိဘူး” သတင်းမှ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“သမ္မတကြီးအနေနဲ့ လက်ရှိအစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ဟန်ပြမဟုတ်ဘူး။ ငြိမ်းချမ်းရေးရချင်လို့ dialogue ကို အခြေခံပြီးသွားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်တယ်။ စားပွဲပေါ်မှာပဲ ဖြေရှင်းရေးဖြစ်ပေါ်လာအောင် မျှော်လင့်နေပါတယ်”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Favourite News Journal အတွဲ (၃/၁၈၇) တွင်ပါရှိသော “ဟန်ပြလုပ်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မဟုတ်ဘူး (၆၆) နှစ် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖိတ်ထားတယ်” သတင်းမှ ဒေါက်တာမင်းဇော်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“လွှတ်တော်ကိုယ်စားလှယ်များများ သွားကြမှာပါ။ အထူးသဖြင့်ကတော့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ အစီအစဉ်ကတော့ အမျိုးသမီးတွေ အားလုံးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပါ၊မပါတော့မသိပါဘူး။ အဓိကကတော့ ကချင်လူထုနဲ့ တွေ့ဖို့ ကျွန်မတို့စာတင်လိုက် တာပါ။ ကချင်မှာက ဖြစ်နေတာ ၂ နှစ်ရှိပြီလေ။ ဒုက္ခသည်စခန်းမှာလည်း လူတွေအများကြီး၊ ဒုက္ခသည်စခန်းမှာ မနေဘဲ ဒုက္ခရောက်နေတာလည်း အများကြီးပဲ။ နိုင်ငံတော်အကြီးအကဲတွေ တစ်ယောက်မှမလာဘူး။ သမ္မတ လည်းမလာဘူး။ ဒုတိယ သမ္မတလည်း မလာဘူး။ လွှတ်တော် ဥက္ကဋ္ဌလည်း မလာဘူးဆိုတော့ လွှတ်တော် ဥက္ကဋ္ဌကတော့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဥက္ကဋ္ဌဖြစ်တော့ လာပေးပါလို့ စာတင်လိုက်တာပါ။ စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံအားပေးဖို့သွားတာပါ”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Favourite News Journal အတွဲ (၃/၁၈၇) တွင်ပါရှိသော “လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမတ်များ ကချင်မြေသို့သွား၍ အားပေးကြမည်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

                                 *****************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment