Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၄.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်လိုဟုထုတ်ဖော်

{Guardian သတင်းစာမှ 12 Feb 2013 ရက်စွဲပါ Aung San Suu Kyi offers to mediate Burma peace talks ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်မည်

{Bangkok Post သတင်းစာမှ 13 Feb 2013 ရက်စွဲပါ Myanmar warships to visit Phuket ကိုဘာသာပြန်ဆိုသည်)

  1. Sing Tel က မြန်မာတယ်လီကွမ်းလိုင်စင်ကို တင်ဒါတင်ထားသော်လည်း ရလာဒ်မသဲကွဲသေး

(Return News မှ 13 February 2013 ရက်စွဲပါ “Sing Tel says has expressed interest in Myanmar Telecom License” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်လိုဟုထုတ်ဖော်

{Guardian သတင်းစာမှ 12 Feb 2013 ရက်စွဲပါ Aung San Suu Kyi offers to mediate Burma peace talks ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြားဖြစ်ပွားနေသောအကြမ်းဖက်မှုများအဆုံးသတ်ရေးတွင် ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်းအတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကချင်တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရေးစာပွဲဝိုင်းသို့ဝင်ရောက်ရန် မြန်မာအစိုးရက တရားဝင်ဖိတ်ခေါ်ထားမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့) အခါသမယတွင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင်ဆောင်ရွက်လိုကြောင်း ထုတ်ဖော်ပြောဆိုခြင်းလည်းဖြစ်သည်။ ပြည်ထောင်စုနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်(မြန်မာ့လွတ်လပ်ရေးဗိသုကာ) ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်က ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးရရှိရန် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးခေါင်းဆောင်ကြီးများနှင့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့်နေ့လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခတို့နှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ် သဘောမျိုးနေထိုင်ခဲ့ရာ လူ့အခွင့်အရေးအုပ်စုများက ၎င်းအပေါ် ပြစ်တင်ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေးအတွက် ၎င်း၏နိုင်ငံတကာအသိုင်းအဝိုင်းတွင်ရရှိထားသော ဂုဏ်ဒြပ်ကို အသုံးပြုခြင်းမရှိကြောင်း ဝေဖန်ရေးဆရာများကဆိုသည်။

သို့သော် ၎င်းက မိမိအနေဖြင့် ပဋိပက္ခများတွင် မည်သည့်ဘက်ကမှဝင်ရောက် ရပ်တည်လိုခြင်းမပြုလိုကြောင်း၊ အကယ်၍ အစိုးရက မိမိအား တရားဝင်ဖိတ်ခေါ်မှုပြုမည်ဆိုပါက ပါဝင်ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်သင့်သည်ဟု နိုင်ငံပိုင်မီဒီယာများက အကြံပြုရေးသားမှုများပြုလုပ်ထားသော်လည်း အစိုးရအနေဖြင့် သူမအား တိုက်ရိုက်ဖိတ်ခေါ်မှု ပြု၊ မပြုဟူသောကိစ္စမှာ ရှင်းရှင်းလင်းလင်းမရှိသေးပေ။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မည်ဆိုပါက ကချင်တိုင်းရင်းသား လက်နက်ကိုင်များနှင့်ဆွေးနွေးရာတွင် တမူထူးခြားသော ကွဲပြားခြားနားမှုမျိုးပြုလုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော်လည်း တိုင်းရင်းသားအုပ်စုများ၏ ဆန္ဒဖြစ်သော ဖက်ဒရယ်စနစ်ကိစ္စကို သူမအနေဖြင့် အလေးပေးပြောဆိုမှသာ ထူးခြားမည်ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွစွာလှုပ်ရှားသူများက ပြောကြားသည်။

“ကချင်တစ်မျိုးတည်းမဟုတ်ပါဘူး၊ တိုင်းရင်းသားလူမျိုးစုတွေအားလုံး လွှတ်တော်ရဲ့ပြင်ပမှာ ဆွေးနွေးဖို့ ပြောဆိုနေကြသလို ဖက်ဒရယ်စနစ် ကျင့်သုံးဖို့လည်း ပြောဆိုနေကြတာပါ” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်(KPN) မှ Khon Ja ကပြောသည်။

“ဖက်ဒရယ်မဟုတ်တဲ့ စနစ်ကို ဘယ်တိုင်းရင်းသားလူမျိုးကမှ ပြောဆိုဆွေးနွေးမှုမပြုကြပါဘူး၊  ဆိုတော့ ကျွန်တော်တို့ ပြောနေတဲ့အချက်က အတူတူပါပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ကြားဝင်ဆောင်ရွက်မယ်ဆိုရင်တော့ ဘာမှထူးခြားလာမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဆုံးဖြတ်လုပ်ကိုင်ခွင့်တို့ မရရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားသလို သူမ၏ နိုင်ငံရေးပါတီကလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကျင့်သုံးလိုကြောင်း ပြောဆိုထားသည်။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများ လေးပုံတစ်ပုံခန့်ပါဝင်သည့် မြန်မာအစိုးရက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကာလကြာရှည်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေး သမ္မတ ဦးသိန်းစိန်ဦးဆောင်သော  အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့သော်လည်း ကေအိုင်အေအုပ်စုတစ်ခုသာ သဘောတူညီချက်မရရှိနိုင်ဘဲဖြစ်နေသည်။ ကချင်သူပုန်များဖြစ်သော ကေအိုင်အေ တို့သည် ၁၉၆၁ ခုနှစ်မှစတင်ကာ ကချင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ပြုလုပ်ခဲ့သည်။ ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား ဖြစ်ပေါ်နေသော လက်ရှိ စစ်မက်ပဋိပက္ခက ပြုပြင်ပြောင်းလဲမှုများလုပ်ကိုင်သွားမည်ဟု ဆိုထားသော သမ္မတဦးသိန်းစိန်၏ အရည်အချင်းကို စိန်ခေါ်လျက်ရှိသည်။

------------------------------------------------------------------------------------------------

မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်မည်

{Bangkok Post သတင်းစာမှ 13 Feb 2013 ရက်စွဲပါ Myanmar warships to visit Phuket ကိုဘာသာပြန်ဆိုသည်)

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု ၆၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းသို့ မြန်မာ့တပ်မတော်(ရေ)မှ စစ်သင်္ဘော နှစ်စီး သမိုင်းဝင်ခရီးအဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ရေတပ်သတင်းရင်းမြစ်များကဆိုသည်။

UMS 561 နှင့် UMS 562 အမည်ရ မြန်မာစစ်သင်္ဘောနှစ်စီးသည် ဖေဖော်ဝါရီလ ၂၀ မှ ၂၃ ရက်နေ့အထိ ဖူးခက်မြို့သို့ သုံးရက်တာမျှသွားရောက်လည်ပတ်မည် ဖြစ်သည်။ အဆိုပါ စစ်သင်္ဘာများကို ထိုင်းရေတပ်စစ်ဌာနချုပ် အမှတ် ၃ မှ စစ်ဘက်အရာရှိများက ကြိုဆိုကြမည်ဖြစ်သည်။

ယခုလိုလည်ပတ်မှုသည် ထိုင်းနိုင်ငံသို့ မြန်မာစစ်သင်္ဘောများ ပထမဆုံးလာရောက်လည်ပတ်မှုဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ယခုလိုလည်ပတ်မှုက ထိုင်းနဲ့ မြန်မာရေတပ်နှစ်ရပ် အကြားဆက်ဆံရေးတိုးတက်ကောင်းမွန်တဲ့ သင်္ကေတကိုဖော်ပြသလို မြန်မာနိုင်ငံပိုမိုပွင့်လင်းလာပြီဆိုတဲ့အချက်ကိုလည်း ထုတ်ဖော်ပြသရာရောက်ပါတယ်။ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှု တွေ(ခရီးစဉ်အတွင်း) ပြုလုပ်ကြလိမ့်မယ်၊ ရေတပ်ပူးတွဲကင်းလှည့်မှု ပထမဆုံးအကြိမ်လုပ်ဆောင်မယ့်ကိစ္စနဲ့ပတ်သက်နိုင်ပါတယ်”ဟု သတင်းရင်းမြစ်က ဆိုသည်။

မြန်မာနိုင်ငံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေလည်း ထိုင်းနိုင်ငံသို့ သီးခြားသွားရောက် လည်ပတ်မည်ဖြစ်သည်ဟု သတင်းရင်းမြစ်ကဆိုသည်။ ၎င်းသည် ထိုင်းရေတပ်ကာကွယ်ရေးဦးစီးချုပ် Surasak Toonruangwong ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။

-----------------------------------------------------------------------------------------------------------

Sing Tel က မြန်မာတယ်လီကွမ်းလိုင်စင်ကို တင်ဒါတင်ထားသော်လည်း ရလာဒ်မသဲကွဲသေး

(Return News မှ 13 February 2013 ရက်စွဲပါ “Sing Tel says has expressed interest in Myanmar Telecom License” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit - SPH

စင်ကာပူ တယ်လီကွမ်း လီမိတက် Sing Tel က မြန်မာနိုင်ငံမှ တယ်လီဖုန်းအော်ပရေတာ လိုင်စင်ကို ရရှိရန် စိတ်ဝင်စားကြောင်းထုတ်ဖော် ပြောဆိုကာ အဆိုပြုထားသော်လည်း ရလာဒ်မှာ မသေချာသေးဟု ကုမ္ပဏီ စီအီးအို ချူဆွတ်ခွန်း က ကြာသာပတေးနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံက တယ်လီဖုန်း အော်ပရေတာလိုင်စင်နှစ်ခု ချပေးရန်ရှိသည်ဟု ထုတ်ပြန်ကြေညာထားကြောင်း သူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသို့ချပေးမည့် တယ်လီဖုန်းအော်ပရေတာ လိုင်စင်နှစ်ခုအတွက် အဆိုပြုတင်ဒါတင်သွင်းသူ မူလက ကုမ္ပဏီလေးခုသာရှိသော်လည်း ဆက်သွယ်ရေးဝန်ကြီး နှုတ်ထွက်သွားပြီး နောက်တွင် အဆိုပြုတင်ဒါတင်ရန် နောက်ဆုံးရက်ကို နောက်ဆုတ် ပေးခဲ့သောကြောင့် စုစုပေါင်း တင်ဒါတင်သော ကုမ္ပဏီ ၁၈ ခုခန့် ရှိလာခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

********************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment