Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၅.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ငြိမ်းချမ်းရေးကိစ္စဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပေးရန်အဆိုပြုမှုကို ကချင်တို့ပယ်ချ

(14 February 2013 ရက်စွဲပါ Global Post မှ Patrick Winn ၏ Myanmar: Kachin guerrillas turn down Suu Kyi’s offer to broke peace ကိုဘာသာပြန်ဆိုပါသည်)

  1. Prtronas က ရဲတံခွန်လုပ်ကွက်တွင် ပလက်ဖောင်းသစ်ထပ်တိုး

(Offshore News မှ 12 feb 2013 ရက်စွဲပါ “Petronas adds Platform at Yetagon offshore Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင်ရိုးမနှင့် မစ်ဆူဘီရှီ ဖက်ဆပ်ကုမ္ပဏီဖွဲ့စည်း

(The Business Times မှ 15 February 2013 ရက်စွဲပါ “Yoma enters Mitsubishi Venture in Myanmar” သတင်းကို   ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ငြိမ်းချမ်းရေးကိစ္စဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပေးရန်အဆိုပြုမှုကို ကချင်တို့ပယ်ချ

(14 February 2013 ရက်စွဲပါ Global Post မှ Patrick Winn ၏ Myanmar: Kachin guerrillas turn down Suu Kyi’s offer to broke peace ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by Global Post

ပြည်တွင်းစစ်တွင် တိုက်ပွဲများလ (၂၀) ခန့်ရှိပြီဖြစ်ရာ။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရကြား ငြိမ်းချမ်းရေးစကားပြောရာတွင် ကူညီနိုင် ကြောင်း အစိုးရဆန့်ကျင်သူအဖြစ်မှ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါသည်။

              တိုင်းရင်းသားစစ်တပ်က မည်သို့တုန့်ပြန်သနည်း။

              မလိုပါ။ ကျေးဇူးတင်ပါသည် ဟုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အပေါ်ယံသာနားလည်သူများနှင့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပူချိန်မြင့် နေသူများကမူ ထိုကိစ္စကို နားမလည် ဖြစ်ရပေမည်။

သူသည် ဒုက္ခရောက်နေသော တိုင်းပြည်အတွက် အစိုးရဆန့်ကျင်သူတို့၏ အသံဖြစ်သလော။

              အတိအကျတော့မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်က ကချင်ပဋိပက္ခတွင် ငြိမ်းချမ်းရေး စကားပြောရာ၌ ပါဝင်ခြင်းမရှိသောကြောင့် အချို့ပြည်သူများ၏ ဝေဖန်မှုကို ခံရကြောင်း၊ သူ့အနေဖြင့် အမြဲပြောခဲ့ကြောင်း၊ အကယ်၍ သက်ဆိုင်သည့်အဖွဲ့ များက အလိုရှိပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု AP ၏ သတင်းအရ သိရှိရပါသည်။

သို့သော် Democratic Voice of Burma မှ ထုတ်ပြန်သော သတင်းအရ ကချင်စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှန်တကယ် သမာသမတ်ရှိလိမ့်မည်ဟု ယုံကြည်ခြင်းမရှိပေ။

ဤလူ့အခွင့်အရေးနှင့်ပတ်သက်သော အထင်ကရ ပုဂ္ဂိုလ်သည် သူ၏တိုင်းပြည်ရှိ နှစ်လိုဖွယ်မရှိသည့် စစ်ပွဲနှင့် ပတ်သက်၍ အဘယ့်ကြောင့် နှုတ်ဆိတ်နေရသည် ဆိုသည်ကို အပြည့်အဝနားလည်ရန် ဤအချက်ကို နားလည်ရမည်ဖြစ်ပါသည်။

နိုင်ငံတကာမီဒီယာများနှင့် အနောက်တိုင်းသံတမာန်များကြားတွင် ကချင်များအပေါ် စာနာစိတ်ရှိကြ ပါသည်။

သို့သော် မြန်မာနိုင်ငံ၏ အစိုးရအသိုင်းအဝိုင်းနှင့် ၎င်း၏သတင်းစာများတွင် ကချင်စစ်သားများကို အကြမ်းဖက်သမားများ ဖြစ်နေပါသည်။ အဆိုပါ အကြမ်းဖက်သမားများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ကြိုးပမ်းနေသည်က တစ်ခုဖြစ်ပါသည်။ ၎င်းတို့အပေါ် စာနာမှုရှိကြောင်း ပြသသည် ကတခြားတစ်ခု ဖြစ်ပါသည်။

ထိုအချက်များအပြင် အကြီးတန်းကချင် စစ်ခေါင်းဆောင်များကြားတွင် ခံစားနေရသည့် အချက်တစ်ခု မှာ ဒေါ်အောင်ဆန်းစုကြည် ၎င်းတို့နှင့် ရန်သူဖြစ်သော အစိုးရအာဏာပိုင်များနှင့် နီးကပ်စွာ မဟာမိတ်ဖြစ်နေခြင်း ဖြစ်ပါသည်။

အနောက်အသိုင်းအဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှုများအပေါ် လင်ခံခြင်းမရှိသေးပေ။ သို့သော် မကြာသေးမီက စာရေးသူနှင့် ကေအိုင်အေ ဗိုလ်မှူးကြီး Jame Lum Dau တို့ အင်တာဗျူးတွင် ၎င်းက ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်၏ နယ်ရုပ်ကလေးတစ်ခုသာ ဖြစ်ပြီး၊ အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေစေရန် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။

“ဦးသိန်းစိန် သမ္မတ ဖြစ်ပါတယ်။ သူ့တာဝန်က ပြင်ပကမ္ဘာက ဒေါ်အောင်ဆန်းစုကြည်ကို မြှင့်တင်ပေး နေတယ်လို့ မြင်အောင်လုပ်ပေးရမှာပါ။ သူတိ့မြင့်လာဖို့၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့အနေအထားကို မြှင့်ပေးရ မှာဖြစ်ပါတယ်” ဟု ဆိုပါသည်။

“ဒါမှ မင်းတို့ အမေရိကန်တွေက သိပ်ကောင်းတယ်၊ စီးပွားရေးအရ အရေးးယူမှုတွေ ရုပ်သိမ်းပေးရမယ်လို့ဆိုမှာပေါ့။ ဒါ သူတို့ရဲ့ မဟာဗျူဟာပဲ” ဟု ၎င်းကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ကိုယ်စား စကားပြောပေးရသူဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ယခုအချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြားတစ်နေရာတွင်သာ ဝင်ရောက်ပြောရန် KIA က အကြံပြုလျက်ရှိပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

Prtronas က ရဲတံခွန်လုပ်ကွက်တွင် ပလက်ဖောင်းသစ်ထပ်တိုး

(Offshore News မှ 12 feb 2013 ရက်စွဲပါ “Petronas adds Platform at Yetagon offshore Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Offshore Energy Today.com

Petronas Carigali ရေနံကုမ္ပဏီက မြန်မာကမ်းလွန်လုပ်ကွက်တွင် တွင်းတူးဝင် ပလက်ဖောင်းသစ် တပ်ဆင်ရန်အတွက် Larsen & Toubro (L & T) ကုမ္ပဏီ ကိုကန်ထရိုက်ပေးလိုက်ပြီ ဖြစ်သည်။

၎င်းတွင်းတူးဝင် ပလက်ဖောင်းသစ်ကို Petronas Carigali Myanmar (Hong Kong) ၊ မြန်မာအစိုးရပိုင် MOGE ၊ ထိုင်းနိုင်ငံ၏ PTTEP Intermational နှင့် ဂျပန် JX Nippon Oil Exploration (Myanmar) တို့ ပူးပေါင်း လုပ်ကိုင်နေသော ရဲတံခွန် ကမ်းလွန်စီမံကိန်း၏ Yetagon North Field တွင် တပ်ဆင်မည်ဟု သိရှိရသည်။

L & T ကုမ္ပဏီက ရရှိသော ဒေါ်လာသန်း ၁၀၀ ကျော်တန် ကန်ထရိုက်လုပ်ငန်းတွင် အင်ဂျင်နီယာလုပ်ငန်း၊ ပစ္စည်းကိရိယာဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်း၊ ပလက်ဖောင်းစီမံခန့်ခွဲ ခြင်း၊ ပင်လယ်ရေအောက်အနက် ၁၀၈ မီတာ (၃၅၄ ပေ) တွင် ရေအောက်ပိုက်လိုင်း တပ်ဆင်ခြင်း စသော လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

လုပ်ငန်းသတ်မှတ်ချက်တွင် ရဲတံခွန်စီမံကိန်း၏ မူလရှိပြီးသား ပလက်ဖောင်းနှင့် မြန်ဆန်ချောမွေ့စွာ ချိတ်ဆက်ပေးရမည့် အစီအစဉ်များလည်း ပါဝင်သည်။ အိန္ဒိယ အရှေ့ဖက်ကမ်းခြေ ကတ်တူပါလီရှိ L & T အခြေစိုက်စခန်းက ထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်းကို လုပ်ဆောင်ပေးမည်ဟု သိရှိရသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင်ရိုးမနှင့် မစ်ဆူဘီရှီ ဖက်ဆပ်ကုမ္ပဏီဖွဲ့စည်း

(The Business Times မှ 15 February 2013 ရက်စွဲပါ “Yoma enters Mitsubishi Venture in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by AFP

Yoma Strategic Holdings ၏ ရာနှုန်းပြည့်ပိုင် ကုမ္ပဏီခွဲ Elite Matrix International Ltd သည် မြန်မာနိုင်ငံတွင် မစ်ဆူဘီရှီ Mitsubishi Moptors အတွက် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းများ ကို လုပ်ကိုင်ရန် First Myanmar Investment Co Ltd (FMI) နှင့် ဖက်စပ် ကုမ္ပဏီတစ်ခု ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

၎င်းဖက်စပ်ကုမ္ပဏီကို Myanmar Motors Pte Ltd ဟု အမည်ပေးမည်ဖြစ်သည်။

သီးခြားပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Yoma ရိုးမ ကုမ္ပဏီက “မြန်မာနိုင်ငံတွင် Mitsubishi Motors အတွက် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် Motors  Corporation၊ Mitsubishi Corporation၊ First Myanmar Investment Co Ltd တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးလိုက်ပြီ ဖြစ်ကြောင်း” သတင်းထုတ်ပြန်ခဲ့သည်။

ယခု သဘောတူညီမှုကြောင့် မြန်မာနိုင်ငံတွင် Mitsubishi Motors အတွက် တရားဝင် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းကွန်ယက် ထူထောင်မှုကို အထောက်အကူဖြစ်စေမည်ဟု သိရှိရသည်။

                              ********************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment