Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁၉.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဟားဗတ်(ဒ်) တက္ကသိုလ်၏ ဧရာဝတီရေကာတာ ပြန်လည်စတင်မည့်အစီအစဉ် KDNG ကန့်ကွက်
  2. ၂၀၀၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန် ကြိုးပမ်း
  3. NLD နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပရန် ကော်မတီဖွဲ့စည်း
  4. ပြုလုပ်ခဲ့သော လုပ်ရပ်များအပေါ် တောင်းပန်ခြင်းမရှိပါက ဦးသန်းရွှေနှင့် ဦးခင်ညွှန့်အပါအဝင် လူ ၅၀ ကို တရားစွဲမည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ဟားဗတ်(ဒ်) တက္ကသိုလ်၏ ဧရာဝတီရေကာတာ ပြန်လည်စတင်မည့်အစီအစဉ် KDNG ကန့်ကွက်

ကချင်ပြည်နယ်အတွင်း နိုင်ငံတော်သမ္မတမှ ၎င်း၏သမ္မတသက်တမ်းအတွင်း ရပ်ဆိုင်းထားရန် ကတိပေးခဲ့သည့် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန် ဟားဗတ်(ဒ်) တက္ကသိုလ်မှ “ ငြိမ်းချမ်းရေးဖြစ်စဉ်၏စွမ်းအား” (Power the peace process)ဟု အမည်ရသော အဆိုပြုစာတမ်းတစ်ရပ်ကို ရေးသားခဲ့မှုအပေါ် ကန့်ကွက်ကြောင်း ကချင်လူမှုဖွံဖြိုးရေး အဖွဲ့ (KDNG) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စာတမ်းတွင် ဧရာဝတီမြစ်ဖျားတစ်လျှောက် ရေကာတာစီမံကိန်းနှစ်ခုအား တရုတ်အစိုးရ၊ မြန်မာအစိုးရနှင့်အတူ ကချင်ပြည်နယ် အစိုးရများကပါ အစုရှယ်ယာသစ်နေဖြင့် သုံးပွင့်ဆိုင်စီးပွားရေး သဘောတူညီမှုတစ်ရပ်လုပ်ဆောင်ရန် အကြံပြုရေးသားထားသည့်အပြင် ကချင်ပြည်နယ် အစိုးရအား မြောက်များစွာသော အခွန်ဘဏ္ဍာများမက်လုံးပေးကာ အစုစပ်စီးပွားပြုခြင်းအားဖြင့် ရေကာတာစီမံကိန်းများကို ထောက်ခံပေးရန် တောင်းဆို ထားကြောင်း သိရသည်။

စီပွားရေးအခွင့်အလမ်းနှင့် အပေးအယူပြုလုပ်ခြင်းသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အသုံးဝင်မည်မဟုတ်ဘဲ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုကသာ စစ်မှန်သောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ၎င်းတို့၏ မြစ်ချောင်း၊ မြေယာများကို ၎င်းတို့ကိုယ်တိုင် စီမံခန့်ခွဲ သွားမည်ဖြစ်ကြောင်း  ကချင်လူမှုဖွံဖြိုးရေးကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ မအားနန်က ပြောကြားခဲ့သည်။

ဟားဗက်(ဒ်)တက္ကသိုလ်မှ ရေးသားထားသည့် အဆိုပါ စာတမ်းကို နော်ဝေအစိုးရမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး မြစ်ဆုံစီမံကိန်း၏ အသေးစား စပ်တူစီးပွားဖက်အဖြစ် ထည့်သွင်းရန် ယင်းစာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------                                

၂၀၀၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန် ကြိုးပမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်  ၂၀၀၅ ရွေးကောက်ပွဲ၌ သမ္မတအဖြစ်ဝင်ရောက်အရွေးချယ်ခံနိုင်ရေးအတွက် စစ်အစိုးရ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား တပ်မတော်အရာရှိကြီးများ၏ ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ တပ်မတော်သားများအား စည်းရုံးနေခြင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်ရန်အတွက်ကြောင့်မပာုတ်ဘဲ ပြီးခဲ့သည့် ၈၈ အရေးအခင်း ကာလကတည်းကပင် စည်းရုံးနေခြင်းဖြစ်ကြောင်း ပြန်လည်ငြင်းဆိုခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၃) ပါရှိသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းတွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါး ပါးသော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါးနိုင်ငံသား ဖြစ်သူများသည် သမ္မတအဖြစ် ဝင်ရောက် ရွေးချယ်ခွင့် မရှိစေရ ပာုဖော်ပြထားကြောင်း သိရသည်။

ထိုသို့ ဖော်ပြချက်ကြောင့် NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းနှင့် သားသမီးများမှာ နိုင်ငံခြားသားများ ဖြစ်သည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ခွင့် မရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေတွင် လွှတ်တော်တွင်း၌ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အလိုအလျောက်ပါဝင်နိုင်စေသည့်အချက်ကိုလည်း ပြင်ဆင်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ် ၄၄ နေရာအနက် ၄၃ နေရာတွင် အနိုင်ရရှိပြီးဖြစ်သည့်အတွက် လာမည့် ၂၀၁၅ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ရေးမှာ ပထမဆုံးနှင့် နောက်ဆုံး အခွင့်အရေးပင် ဖြစ်ကြောင်း NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

                            --------------------------------------------------------------------------------------------------------------------------

NLD နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပရန် ကော်မတီဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပနိုင်ရေးအတွက် ညီလာခံ အခမ်းအနားကျင်းပရေး ကော်မတီအား ပုဂ္ဂိုလ် ၁၀ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနားကော်မတီအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်များမှာ ဦးစိုးညွှန့် (တော်ဝင်နှင်းဆီဥက္ကဋ္ဌ)၊ ဒေါက်တာတင်မျိုးဝင်း(ကျန်းမာရေးဆပ်ကော်မတီ)၊ ဦးသင်းဇော်(ဗပာိုလူငယ် လုံခြုံရေးဆပ်ကော်မတီ)၊ ဒေါ်သန္တာစိုး (တော်ဝင်နှင်းဆီ-ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ)၊ ဦးစိန်အုန်း(သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ)၊ ဒေါ်ကြူကြူသင်း(ကြိုဆိုဧည့်ခံရေးဆပ်ကော်မတီ)၊ ဦးအောင်ထိုက်(စိတ်တိုင်းကျ) (အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ)၊ ဦးစိုးမြင့်ထွန်း(ဗပာန်း)(သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ)၊ ဦးအောင်သိန်း (သာကေတ) (စာရင်းစစ်ဆပ်ကော်မတီ)၊ ဦးခင်မောင်ကြည်(ဗပာန်း)(မွန်) (အတွင်းရေးမှူး)တို့အား ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

ထို့ပြင် NLD ပါတီ၏ ညီလာခံကျင်းပနိုင်ရေးအတွက် သဘာပတိအဖြစ်ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များသည် အချို့မြို့နယ်များတွင် ဗပာိုနှင့် ခရိုင်ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်အရွေးချယ်ခံနေသည့်အတွက် သဘာပတိရွေးချယ်ခြင်းလုပ်ငန်းများကို ဆိုင်းငံ့ထားရန် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် NLD ပါတီ၏ အတွင်းရေးမှူး ဦးညဏ်ဝင်းက ထုတ်ပြန်ကြေညာခဲ့သည်။

NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ နှစ်ရက်တိုင်တိုင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပနိုင်ရေးအတွက် မြို့နယ်နှင့် ကျေးရွာအဆင့် အဖွဲ့ဝင်များရွေးချယ်ရာတွင် ပြဿနာများ ပေါ်ပေါက်လျက်ရှိကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------

ပြုလုပ်ခဲ့သော လုပ်ရပ်များအပေါ် တောင်းပန်ခြင်းမရှိပါက ဦးသန်းရွှေနှင့် ဦးခင်ညွှန့်အပါအဝင် လူ ၅၀ ကို တရားစွဲမည်

ယခင် တပ်မတော် စစ်အစိုးရလက်ထက်တွင် ပြုလုပ်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များအတွက် တောင်းပန်ခြင်းမပြုပါက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီဥက္ကဋ္ဌ(ငြိမ်း)ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးအပါအဝင် လူ ၅၀ ဦတို့အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအောင်ထွန်းက ပြောကြားခဲ့သည်။

ဦးသန်းရွှေ၊ ဦးခင်ညွှန့်နှင့် ဦးမောင်ဦး အပါအဝင် လူ ၅၀ တို့သည် ၁၉၉၀ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှ ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အထိ လည်းကောင်း၊ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့အထိလည်းကောင်း အင်းစိန်ထောင်၊ သာယာဝတီထောင်၊ ဗထလ စစ်ကြောရေးစခန်းများတွင် နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုး ပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဦးအောင်ထွန်းက ဆက်လက်ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာဏာရှင်တို့မှ လူ့အခွင့်ချိုးဖောက်၍ မတရားညှင်းပန်းနှိပ်စက်မှုများအတွက် ICC နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးနှင့် ICJ (နိုင်ငံတကာတရားမျှတမှုခုံရုံး)တို့တွင် တရားစွဲဆိုပိုင်ခွင့်မရှိစေရဟု မပါရှိသည့်အတွက် အဆိုပါ လူ ၅၀ သည် အသနားခံစာနှင့် တောင်းပန်စာများ တရားဝင်ပေးပို့ခြင်းမရှိပါက ICC နှင့် ICJ တို့တွင် တရားစွဲဆိုသွားမည်ဖြစ်သည့်အပြင် ပြည်တွင်းတရားရုံးများတွင်လည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးအောင်ထွန်းမှ ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၆၊ ၇၉၊ ၈၀၊ ၈၁ တို့တွင် ကင်းလွတ်ခွင့်ပေးထားသည့်အတွက် ယခင်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သောပြစ်မှုများကို လက်ရှိအစိုးရ လက်ထက်တွင် တရားစွဲ၍မရနိုင်သော်လည်း အဆိုပါပြစ်မှုများထပ်မံ မဖြစ်ပွားနိုင်စေရန် လွှတ်တော်သို့တင်ပြ၍ အဆိုတင်သွင်းပါက ဖြစ်နိုင်ချေရှိကြောင်း တရားလွှတ်တော်ရှေ့နေ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဥပဒေကော်မတီဝင် ဦးအေးသိန်းက ပြောကြားခဲ့သည်။

                                                                                        YC

************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment