Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၂.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အခုလို ဒုတိယအကြိမ်မြောက် ထပ်လုပ်တာဆိုတော့ ကောင်းပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တယ်ဆိုတော့ အဓိကကတော့ အပြောနဲ့အလုပ်ကိုက်ညီဖို့လိုတယ်။ နောက်တစ်ခုက တခြား တိုင်းရင်းသားတွေလည်းပါတယ် ဆိုတော့ သူတို့ရဲ့ အချုပ်အခြာကိုလေးစားပြီး အလျှော့အတင်းတစ်ခုတော့ ရှိရမယ်။”

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် Unity Journal “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲလားရှိုး၌ကျင်းပမည်” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းဝင်းမြင့်၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

                                               **************************************************

“e-government အတွက် Infrastructure ကောင်းကောင်းလိုအပ်ပြီး e-government ပီပြင်စွာဖြစ်လာတာနဲ့ တိုင်းပြည်အတွင်းမှာ မပြည့်စုံသေးတဲ့ လိုအပ်သော Infrastructure များ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ခေတ်နဲ့ အညီနည်းပညာတွေကို လေ့လာနိုင်ပြီး Electronic System ကိုအခြေပြုပြီး အစိုးရလုပ်ငန်းစဉ်တွေ အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ မူဝါဒတွေ ပြင်ဆင်နိုင်ဖို့ လုပ်နည်း၊ လုပ်ထုံးတွေ သတ်မှတ်နိုင်ဖို့ အခက်အခဲတွေ အမြန်ဆုံးကျော်လွှားနိုင်တဲ့ နည်းလမ်းတွေသေချာနိုင်ဖို့အတွက် သက်ဆိုင်ရာ Electronic ပညာရှင်များ ဖိတ်ခေါ်ထားပါတယ်”

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် Unity Journal “မြန်မာနိုင်ငံ၏ e-government လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ” သတင်းမှ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီးဦးဥာဏ်ထွန်း၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

                                                 *************************************************

“ဒီအကြမ်းဖက်ဖြိုခွဲမှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကိုသွားနေတဲ့ နိုင်ငံမှာ သိပ်အရုပ်ဆိုးလွန်းတယ်။ အစိုးရသစ်လက်ထက်မှာ ဖြစ်လာတဲ့ ဒီလို ကိစ္စတွေကို သေသေချာချာကိုင်တွယ်ဖြေရှင်းသင့်တယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။”

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် Unity Journal “လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုဘယ်သူကပစ် မိန့်ပေးခဲ့သလဲဟု ပရော်ဖက်ဆာ Roger Normand မေးခွန်းထုတ်” သတင်းမှ Roger Normand ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

                                               ***************************************************

“လာဘ်ပေး လာဘ်ယူလုပ်တဲ့ ကိစ္စလုပ်တဲ့အခါမှာ မီဒီယာကပိုလုပ်ခွင့်သာတယ်။ အခုဟာအရေးယူမှ ရေးတာ တွေရှိတယ်။ အရေးယူမှ မဟုတ်ပဲ တရားရေး ဘက်ကလှည့်ရေးလို့ရတယ်။ ပညာရှင်တွေမေးပြီး Campaign တွေ လုပ်လို့ရတယ်။ တစ်ခုပဲရှိတယ်။ သတင်းစာတွေက ဒီနေ့အထိ ကမ်ပိန်းရယ်လို့ သိပ်မလုပ်ကြဘူး။ ကမ်ပိန်းရယ်လို့ သိပ်မလုပ်ကြဘူး။ ကမ်ပိန်း လုပ်တဲ့ဟာကသူများနိုင်ငံတွေမှာ အလေ့အကျင့်ကိုရှိကြတယ်။ မတရားတဲ့ဟာတွေတွေ့ရင် ကမ်ပိန်းလို လုပ်ကြတယ်။ ကမ်ပိန်း လိုလုပ်ကြတော့ တကယ်ပြောရရင် ဒီမှာမီဒီယာ ကအစွယ်ရှိပေမဲ့ အစွယ်က သိပ်မစူးဘူး ဖြစ်နေတယ်”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၇) တွင်ပါရှိသော “လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရာမှာ မီဒီယာအားနည်းနေ” သတင်းမှ သတင်းဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ပြောကြားချက် အားကောက်နှုတ်ချက်

                                                 ******************************************************

“ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့သာမဟုတ်ဘူး။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံသား အခွင့်အရေးတွေရရှိဖို့ကိုပါ ရည်ရွယ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း စိစစ်ရေးကော်မတီကို တိုက်တွန်းသွားမှာပါ”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၇) တွင်ပါရှိသော “လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ နိုင်ငံသားအခွင့်အရေး တန်းတူမရရှိဟုဆို” သတင်းမှ AAPP အသင်းမှ တွဲဖက်အတွင်းရေးမှူး ကိုကိုကြည်၏ ပြောကြားချက် အားကောက်နှုတ်ချက်

********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment