Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၂.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ယခင် စစ်အစိုးရ၏ အာဏာအလွဲသုံးစားခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်
  2. အလုပ်သမားများ၏ အခက်အခဲများအား အလုပ်သမားကွန်ရက်မှ အစိုးရနှင့် လွှတ်တော်သို့တင်ပြမည်
  3. လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ နိုင်ငံသားအခွင့်ရေးတန်းတူမရရှိဟုဆို
  4. KIA နှင့် ဒုတိယအကြိမ်ထပ်မံဆွေးနွေးကာ တာပိန်ရေအားလျှပ်စစ်ပြန်ထုတ်နိုင်ရေး ကြိုးပမ်းမည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ယခင် စစ်အစိုးရ၏ အာဏာအလွဲသုံးစားခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်

ယခင် စစ်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေမဲ့လုပ်ရပ်များ၊ အာဏာအလွဲသုံးစားမှုများနှင့် မတရားမှုများကို လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြား စာနှင့် အသနားခံစာဆိုင်ရာကော်မတီသို့ တိုင်ကြားနိုင်ကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူများမှ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီသို့ တိုင်ကြားခဲ့သည့် ယခင်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကော်မတီမှညှိနှိုင်းဆုံးဖြတ်၍ ဥက္ကဋ္ဌထံသို့တင်သွင်းကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီသို့ ယခင်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများတိုင်ကြားရာတွင် အများဆုံးတိုင်ကြားမှုများမှာ လယ်ယာမြေသိမ်းဆည်းမှုကိစ္စရပ်များဖြစ်ပြီး ခေတ်ပြောင်းစနစ်ပြောင်းလာသော်လည်း ဌာနဆိုင်ရာအသီးသီးရှိ ပုဂ္ဂိုလ်အချို့၏လုပ်ရပ်များမှာ ယခင်အစိုးရလက်ထက်တွင် အရင်းတည်ခဲ့သည့်စိတ်ဓာတ်များ၊ လုပ်ရပ်များနှင့်လုပ်ကိုင် ဆောင်ရွက်မှုများကြောင့် တိုင်ကြားစာများ အပေါ် ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၄) ပုဒ်မ ၄၄၅ တွင် မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် ယခင်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်ချက်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များ၊ ယခင်အစိုးရများ၏ ဆောင်ရွက်ချက်များ၊ တာဝန်နှင့်ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံရမည်ဖြစ်ပြီး ယင်းအဖွဲ့(သို့) အဖွဲ့ဝင်တစ်ဦးဦး(သို့) အစိုးရအဖွဲ့ဝင် တစ်ဦးဦး၏ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အပေါ်တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရပာု ဖော်ပြထားပြီးဖြစ်သည့်အတွက် တရားစွဲဆိုရန် ဆိုသည့်ကိစ္စမှာ မဖြစ်နိုင်ကြောင်း ရှေ့နေတစ်ဦးက ပြောကြားသည်။

YC

                                                    *********************************************************************

အလုပ်သမားများ၏ အခက်အခဲများအား အလုပ်သမားကွန်ရက်မှ အစိုးရနှင့် လွှတ်တော်သို့တင်ပြမည်

အလုပ်သမားအရေး ဆောင်ရွက်သူများကွန်ရက်မှ ပြည်တွင်းရှိအခြေခံ အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့အစည်းများ၏ လုပ်ငန်းခွင်တွင်း ကြုံတွေ့နေရသော အခက်အခဲနှင့် ပြဿနာများအား စာရင်းပြုစုကာ အစိုးရအဖွဲ့အစည်းများနှင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း၌ပြုလုပ်ကျင်းပခဲ့သော အလုပ်သမားအဖွဲ့အစည်း ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်တွင်းရှိ အခြေခံအလုပ်သမားများ၏ရပိုင်ခွင့် အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရေး၊ လွပ်လပ်သော အလုပ်သမားအဖွဲ့အစည်းများ ဆက်လက်ဖွဲ့စည်းခွင့်ရရှိရေး၊ အလုပ်သမားအငြင်းပွားမှုဆိုင်ရာ ပြဿနာများဖြေရှင်း ဆောင်ရွက်ရေးအတွက် လိုအပ်လျက် ရှိသည့် အခက်အခဲများကို အလုပ်သမားအဖွဲ့အစည်း ၅၀ ခန့်မှ အလုပ်သမားကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုလွှတ်တော်မှ အလုပ်သမားအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းခွင့်ပြုသည့် အလုပ်သမားဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့သော်လည်း အလုပ်ရှင်များမှ အလုပ်သမားများအပေါ် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်များ မလိုက်နာမှု၊ လုပ်ခလစာ လျော့နည်းစွာပေးချေမှုတို့မှာ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

ထိုကြောင့် အလုပ်သမားများအနေဖြင့် မိမိတို့၏အခြေခံကျသော အခွင့်ရေးများရရှိနိုင်ရေးအတွက် အလုပ်သမားဆွေးနွေးပွဲများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါစည်းဝေးပွဲများမှရရှိလာသည့် အချက်အလက်များကို အလုပ်သမားအရေးဆောင်ရွက်နေသူများ ကွန်ရက်အဖွဲ့ဝင် အစည်းအဝေးတစ်ရပ်ပြုလုပ်၍ အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များအတွက် သက်ဆိုင်ရာသို့တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း လွှတ်တော်မှအတည်ပြုပြဋ္ဌာန်းထားသည့် အလုပ်သမားဥပဒေတွင် လိုအပ်ချက်များစွာ ရှိနေသေးသည့်အတွက် အလုပ်သမား-အလုပ်ရှင် အငြင်းပွားမှုပြဿနာများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံအစိုးရအား အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ အခွင့်အရေးနှင့် အလုပ်သမားဥပဒေ၏လိုအပ်ချက်များကို ဆက်လက်တိုက်တွန်းအကြံပြုသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့ချုပ်(ILO)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလုပ်သမားအရေးဆောင်ရွက်သူများ ကွန်ရက်ကို ၂၀၁၂ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အလုပ်သမားအရေး ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ အစည်းပေါင်း ၁၃ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

                                                              *********************************************************************

လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ နိုင်ငံသားအခွင့်ရေးတန်းတူမရရှိဟုဆို

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား အများစုမှာ လက်ရှိအချိန်ထိတိုင် နိုင်ငံသားအခွင့်အရေး အပြည့်အဝမရရှိမှုများကို ရင်ဆိုင်နေရကြောင်း နိုင်ငံရေးအကျဉ်းသားပောာင်းတစ်ဦးက ပြောကြားသည်။

၎င်းတို့အနေဖြင့် ယခင်အစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုးဖြင့် ထောင်သွင်းအကျဉ်းကျခံခဲ့ရပြီး အစိုးရသစ်လက်ထက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း လွတ်လပ်စွာပညာသင်ကြားခွင့်၊ တန်းတူစီးပွားရေးလုပ်ကိုင်ခွင့်နှင့် ပြည်ပထွက်ခွာခွင့်ဆိုင်ရာ ကိစ္စရပ်များတွင် ကန့်သတ် ချုပ်ချယ်မှုများရှိနေသည့်အပြင် နိုင်ငံရေးပြစ်မှုဖြင့် ထောင်သွင်းအကျဉ်းကျခံခဲ့ရသည့် ကျောင်းသားများ၏ ပညာသင်ယူခွင့်များမှာလည်း ခက်ခဲလျက်ပင်ရှိနေ သေးသည့်အတွက် အဆိုပါကိစ္စရပ်များ ဖြေလျော့ပေးရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းဇေယျာ က ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ပထွက်ခွာလိုသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအား နိုင်ငံကူးလက်မှတ်နှင့် ဗီဇာချုပ်ချယ်မှုများရှိနေခြင်း ကိစ္စရပ်များကိုလည်း အစိုးရသက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်ရန်လိုအပ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုမာကီးက ပြောကြား ခဲ့သည်။

ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီသို့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်သာအဓိကမဟုတ်ဘဲ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများအပေါ်တွင်လည်း နိုင်ငံသားအခွင့်အရေးအပြည့်အဝ ရရှိရန်နှင့် ဖြေလျော့မှုများပြုလုပ်ပေးရန် AAPP အသင်းမှ တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သော်လည်း လက်ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

YC

                                                        **************************************************************

KIA နှင့် ဒုတိယအကြိမ်ထပ်မံဆွေးနွေးကာ တာပိန်ရေအားလျှပ်စစ်ပြန်ထုတ်နိုင်ရေး ကြိုးပမ်းမည်

ဗန်းမော်ခရိုင်၊ ရပ်မိရပ်ဖမီးလင်းရေးကော်မတီအနေဖြင့် ကချင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မပာာ ၃ နှင့် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်၍ တာပိန်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားများ ပြန်လည်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီဝင် ဦးဖော်လာကမ်ဖမ် ကပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဗန်းမော်ခရိုင်အတွင်း လျှပ်စစ်မီးရရှိရေးအတွက် ဗန်းမော်ခရိုင်ရပ်မိရပ်ဖများနှင့် KIA တပ်မပာာ(၃) တပ်ရင်းမှူး ဗိုလ်မှုးကြီးဦးတောင်လာတို့မှ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဗန်းမော်ခရိုင်အတွင်းရှိ မြို့မိ၊ မြို့ဖများ ပါဝင်သည့် မီးလင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်ရှိ ရပ်မိရပ်ဖများနှင့် KIA တပ်မပာာ ၃ တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် တာပိန်ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် KIA ဌာနချုပ်ထံသို့ ထောက်ခံစာတင်ပြပေးသွားမည်ဖြစ်ပြီး အဆိုပါစက်ရုံမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများ ကို တရုတ်နိုင်ငံသို့ ရောင်းချနေသည်ပာူသည့်သတင်းများမှာ ပာုတ်မှန်ကြောင်းမရှိကြောင်း KIA တပ်မပာာ ၃ မှ တပ်မှူးဦးတောင်လာက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တာပိန်ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံမှ အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးခဲ့ရသည့်အတွက် ဇွန်လ ၁၄ ရက်နေ့တွင် ဓာတ်အားထုတ်လုပ်မှုများကို ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

YC

                                 ************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment