Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၁.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှ ပြဿနာ အစများ

(19 Feb 2013 ရက်စွဲပါ The Diplomat မှ Teresita Cruz-del Rosario ရေးသားသော Myanmar’s development catch-22 ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှ ပြဿနာ အစများ

(19 Feb 2013 ရက်စွဲပါ The Diplomat မှ Teresita Cruz-del Rosario ရေးသားသော Myanmar’s development catch-22 ကိုဘာသာပြန်ဆိုသည်)

တစ်နှစ်ဆိုသည့်အချိန်အတွင်း အတော်ခြားနားသွားခဲ့ပြီဖြစ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ATM အခက်တွေ့နေရပြီ။ အသစ်စက်စက် KIA မော်တော်ကားပြခန်း တွေ့နေရပြီဖြစ်ပါသည်။ ဈေးကြီးသော မြန်မာအစားအစာ ဘူဖေးဘေးတွင် အီတလီရေခဲမုန့်ကောင်တာလည်း တွေ့နေရပါသည်။

ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် တိုယိုတာ လန်ကရူစာ၊ မစ်ဆူဘီရှိ၊ ပါဂျဲရိုး အသစ်များတွေ့နေရပြီး တခါတရံ Porsche ကားများဖြတ်သွားသည်ကိုပင် တွေ့နေရပါသည်။

အဆိုပါရုပ်ဝတ္ထုများသည် မြန်မာနိုင်ငံ၏ မကြာသေးမီက အသွင်ပြောင်းလဲမှု၏ လျင်မြန်သောတိုးတက်မှုအတွက် သင်္ကေတများဖြစ်ပါသည်။ သို့သော် စိတ်ပူပန်ရမှုများကိုလည်းဖြစ်စေပါသည်။ သို့သော် စိတ်ပူပန်ရမှုများကိုလည်း ဖြစ်စေပါသည်။ ယခုနှစ် တိုးတက်မှုနှုန်းသည် ၆% ရှိပြီး အချို့အရှေ့တောင် အိမ်နီးချင်းများကို အမှီလိုက်နိုင်ပြီး အချို့ကို ကျော်တက်နေပါသည်။

၎င်းတို့သည် ကြိုဆိုရမည့် ပြောင်းလဲမှုများဖြစ်ပါသည်။ အဆိုပါ လျင်မြန်သော တိုးတက်မှုများကပင် ဝေခွဲရခက်သော ပြဿနာများကို ဖြစ်စေပါသည်။ ပတ်ဝန်းကျင်ကို ပျက်စီးစေခြင်း၊ လူ့အဖွဲ့အစည်းနေရာ ပျောက်သွားမှုများ၊ ယဉ်ကျေးမှု တိုက်စားခံရခြင်းများမှာ ရောင်းရေးဝယ်တာ များသာ အာရုံပြု၍ ချစ်ကြည်ရင်းနှီးမှု၊ တစ်ဦးနှင့် တစ်ဦး ယုံကြည်ရမှုများ ပျောက်ဆုံးခြင်းမှစတင် ဖြစ်ပေါ်လာရပါသည်။ မြန်မာနိုင်ငံ၏ ဝိရောဓိများပာု ဆိုရပေမည်။

လွန်ခဲ့သော ၁၁ လ စာရေးသူ ရန်ကုန်သို့ရောက်ရှိစဉ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်သာလိုတော့သည့်အချိန်ဖြစ်ပြီး၊ မြို့ကြီးသည် မဲဆွယ်မှုများနှင့် ဆူညံလျက်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆွယ်စည်းရုံးမှုဖြင့် တက်ကြွလျက်ရှိပါသည်။ ကမ္ဘာ့အနှံ့မှ သတင်းစာဆရာများကလည်း မြန်မာနိုင်ငံမှ ပြန်လည်နိုးထလာသော နိုင်ငံရေးအခြေအနေကို လေ့လာနိုင်ရန် ရောက်ရှိလာခဲ့ကြပါသည်။ စိတ်အားထက်နေသော ပြည်သူများကလည်း အတိတ်က ရွေးကောက်ပွဲမှစိတ်ပျက်စရာ အဖြစ်မျိုး ပြန်မဖြစ်ရန် မျှော်လင့်နေကြပါသည်။

ယခုတစ်နှစ်ကြာသော် နိုင်ငံရေးနှင့် စီးပွားရေး ဖြေလျော့မှုဖြစ်စဉ်တွင် အားနည်းလာမည့် လက္ခဏာများ မတွေ့ရပေ။ ပြုပြင်ပြောင်းလဲမှုများ၏ နှုန်းနှင့်အရည်အသွေးသည် မြန်မာနိုင်ငံကို ကာလကြာရှည် အထီးကျန်ဘဝမှ လျင်မြန်စွာ ရုန်းထွက်စေနိုင်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို အံ့သြစေပါသည်။

ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိကကဏ္ဍ လက်တံတစ်ခုဖြစ်သော International Finance Corporation မှ အမှုဆောင်ဒုဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Jin-Yong Cai က မကြာမီက Wall Street Journal သို့ပြောကြားရာတွင် “မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး စွန့်စားရမယ့် အန္တရာယ်တွေ ဝေးသွားတော့မှာပါ။ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရရှိနေပါတယ်”ပာုဆိုပါသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ်ခန့်ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည့်အခြေအနေမှ ပြန်လည်နိုးထလာနိုင်ခဲ့ပါသည်။ ယခုအခါ စစ်မှန်သော လုပ်ဆောင်မှုစတင်နေပြီဖြစ်ပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက သမ္မတဦးသိန်းစိန်သည် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို အတည်ပြုပေးခဲ့ရာ The Economist ကိုဖော်ပြသကဲ့သို့ အနောက်နိုင်ငံရင်းနှီးမြှုပ်နှံသူများအတွက် နောက်ဆုံးထွက်ပေါ်လာသော မျက်နှာစာတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတံခါးကို ဖွင့်ပေးခဲ့ပါသည်။

ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများအတွက် ပြည်တွင်းပါတနာမလိုဘဲ နှစ်ရှည်မြေဋ္ဌားရမ်းနိုင်ရန် ခွင့်ပြုထားပါသည်။ ဥပဒေတွင် အခွန်ကင်းလွတ်ခွင့် မက်လုံးများ၊ အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်မှုနှင့် အထူးစီးပွားရေးဇုန် ဖော်ထုတ်ပေးမှုများနှင့် ပတ်သက်၍လည်း ဖော်ပြထားပါသည်။

စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်း အင်နှင့်အားနှင့် လုပ်ဆောင်မည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို အဆိုပြု လာပါသည်။ ထောက်ငါးခုပါသော မပာာဗျူပာာတွင် စိုက်ပျိုးမြေသစ်များ ဖွင့်လှစ်ပေးရန်၊ ဆည်ရေ လုံလုံလောက်လောက်ပေးရန်၊ စက်မှုလယ်ယာစနစ် ကူညီထောက်ပံ့ရန်၊ ခေတ်မီ စိုက်ပျိုးရေးနည်းပညာများ အသုံးပြုရန်နှင့် အထွက်များသည့် အပင်မျိုးစုံ ဖွံ့ဖြီုးတိုးတက်စေခြင်းများ ပါဝင်ပါသည်။

တစ်ချိန်တည်းမှာပင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍကို တိုးတက်လာစေပြီး  အခြေခံအဆောက်အဦးများကို ထောက်ပံ့ပေးခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများနှင့ ဆက်သွယ်လာနိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် စွမ်းအင်ကို ကြီးစွာလိုအပ်နေသော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ထံမှ အကျိုးအမြတ်များစွာ ရနိုင်ပါသည်။

Reuters က ပြီးခဲ့သည့်နှစ်က သတင်းဖော်ပြရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် စွမ်းအင်ဖြင့်ကြီးပွားချမ်းသာမှုကို ဦးတည် နိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အကယ်၍သာ ပိုက်လိုင်းလုပ်ငန်းပြီးစီးသွားပါက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ဓာတ်ငွေ့လိုအပ်ချက် ၂၀% ကို တဖြည်းဖြည်းပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သယံဇာတထုတ်ယူရေးအတွက် ကြီးစွာသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေခြင်းသည် တိုင်းပြည်၏ တန်ဖိုးကြီးလှသော သဘာဝသယံဇာတများကို ကြီးစွာထိခိုက်မှုများရှိမည်ကို ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက စိုးရိမ်နေခြင်းကြောင့် လွှတ်တော်သည် ပြီးခဲ့သည့်မတ်လက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်ပေးခဲ့ပါသည်။ ၎င်း၏ဖော်ပြထားချက်များမှာ မြင်သာပြီး၊ လိုက်နာဆောင်ရွက်ရန်များကို ဖော်ပြထားပါသည်။

ကုမ္ပဏီများသည် အနည်းဆုံး ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုလေ့လာချက် မပြုလုပ်နိုင်ပဲ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဆောင်နိုင်လိမ့်မည် မပာုတ်ပေ။ ကုမ္ပဏီများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန(MOECAF)မှ ရှင်းလင်းကြောင်း ထောက်ခံချက်ရယူ ရမည်ဖြစ်သည်။

သို့သော် အသေးစိတ်တွင် အခက်အခဲများရှိနေပါသေးသည်။ ဥပဒေတွင် ကမ္ဘာ့စံနှုန်းနှင့်ညီသော တိုင်ကြားမှုစံများနှင့်ကိုက်ညီအောင် လုပ်ဆောင်ခြင်း မပြုရသေးသည့် သီးသန့်လုပ်ငန်းစဉ်အဆင့်ဆင့် လိုအပ်နေပါသေးသည်။ ရင်းနှီးမြှုပ်နှံမှုအဆိုပြုလာခြင်းများကို စိစစ် စစ်ထုတ်နိုင်မည့် သတ်မှတ်ချက်များနှင့် အချိန်ကိုက်အတည်ပြုမည့် လုပ်ငန်းစဉ်များ သေချာစေမှုနှင့် ပတ်သက်သော နည်းပညာလိုအပ်ချက်များကိုလည်း ကိုင်တွယ်လုပ်ဆောင်ရန် လိုအပ်နေပါသေးသည်။

တိုင်းရင်းသားလူမျိုးများအား နေရာရွှေ့ပြောင်းပေးရမည့် အလားအလာရှိသည့်ဒေသများတွင် ပရောဂျက်ကို ရှေ့ဆက်ခွင့်ပြု၊ မပြုကဲ့သို့သော ပြဿနာကိစ္စရပ်များလည်း ရှိနေပါသေးသည်။ ၎င်းမှာ ဒေသခံလူ့အဖွဲ့အစည်းများက ၎င်းတို့၏ အသံကို ဖော်ထုတ်ခွင့်ပေးရန် လိုအပ်နေမှုကို ပြသနေပါသည်။ လွန်ခဲ့သော နှစ်ငါးဆယ် စစ်တပ်ကသာ အုပ်ချုပ်သောအချိန်က ထိုသို့ခွင့်ပြုမှုများ လုံးဝမရှိခဲ့ပေ။

မည်သို့ဆိုစေ မြန်မာနိုင်ငံသည် ယနေ့အာရှတွင် ပေါ်ပြူလာဖြစ်နေပါသည်။ သို့သော် အခွင့်အလမ်းများရှိလာသည်နှင့်အမျှ စံများကို ထိန်းသိမ်းရေး၊ ကတိကဝတ်များနှင့်အညီ ဖြစ်ရေးစသည့် ဝန်ထုတ်ဝန်ပိုးများလည်း ရှိလာမည်ဖြစ်ပါသည်။ စွမ်းအင်အပြည့်ဖြင့် စတင်လုပ်ဆောင်နေသည့် စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် လုပ်ဆောင်စရာများစွာ ထွက်ပေါ်လာပါသည်။ ခေတ်မီရေးသို့ အလျင်အမြန်သွားရာတွင် သင်ယူစရာများမှာ နက်ရှိုင်းလွန်းလှပါသည်။

မြန်မာနိုင်ငံသည် အန္တရာယ်များ ရောပြွမ်းနေသည့် စိတ်လှုပ်ရှားဖွယ် ခေတ်သစ်သို့ရောက်နေပါပြီ။ နောက်ပြန်လှည့်မကြည့်သော တိုင်းပြည်တစ်ခုအဖြစ် မျှော်လင့်ကြပါစို့။

(စာရေးသူ Teresita Cruz-del Rosarw သည် စင်္ကာပူအမျိုးသားတက္ကသိုလ်၏ Center for Asian Legal Studies မှအကြီးတန်း ဖဲလိုးအမျိုးသမီးဖြစ်ပါသည်)

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment