Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၁.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့နှစ်ဖက်သဘောတူညီချက် ထုတ်ပြန်ကြေညာ
  2. နေရောင်ခြည်ဖြင့် လျှပ်စစ်ထုတ်နိုင်ရန် မန္တလေး၌ တည်ဆောက်မည်
  3. အီးယူသို့ သစ်တင်ပို့ခွင့်ရရေး လာရောက်လေ့လာရန် သဘောတူလက်မှတ်ရေးထိုးမည်
  4. လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်၏ ပထမဦးဆုံးအစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်ထံ တင်မည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့နှစ်ဖက်သဘောတူညီချက် ထုတ်ပြန်ကြေညာ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)တို့မှ  ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၅ နာရီတွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နိုင်ငံရေးဆွေးနွေးပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် Framework Meeting ကို ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နှစ်လအတွင်း ထပ်မံကျင်းပရန် သဘောတူညီချက်အပါအဝင် အချက်(၅)ချက်ပါ ပူးတွဲ ကြေညာချက်အား နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် လိုအပ်သည့်မူဘောင်၊ နိုင်ငံရေးဆွေးနွေးပွဲများအတွက် လိုအပ်သောအချိန်နှင့်နေရာ၊ နိုင်ငံရေးဆွေးနွေးပွဲတွင် ချမှတ်ရမည့် အစီအစဉ်များ ကြိုတင်ညှိနှိုင်းရေးဆွဲခြင်း၊ Mediator, Monitor, Observer နှင့်သက်သေများထားရှိနိုင်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်(၆)ချက်နှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် UNFC အဖွဲ့တို့၏နယ်မြေများအတွင်း လူသားချင်စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကူညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဖက်အလုပ်အဖွဲ့များ(Technical Team) အခါအားလျော်စွာ တွေ့ဆုံညှိနှိုင်းရန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအောင်မင်းအပါအဝင် ဝန်ကြီးများနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စုစုပေါင်း (၁၁)ဦးနှင့် UNFC ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံရေးဆွေးနွေးမည့်ကိုယ်စားလှယ်ခေါင်းဆောင် နိုင်ပာံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာအပါအဝင် အဖွဲ့ဝင်စုစုပေါင်း(၁၂)ဦးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။

YC

 -------------------------------------------------------------------------------------------------------------

နေရောင်ခြည်ဖြင့် လျှပ်စစ်ထုတ်နိုင်ရန် မန္တလေး၌ တည်ဆောက်မည်

မန္တလေးတိုင်းဒေသကြီးအတွင်း နေရောင်ခြည်ဖြင့် ဆိုလာစနစ်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စက်ရုံတစ်ခုကို  အမေရိကန်နိုင်ငံမှ ACO ကုမ္ပဏီနှင့် မြန်မာနိုင်ငံတို့မှပူးပေါင်းကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုရေးရာဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ရန် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံကုမ္ပဏီတို့မှေ နားလည်မှုစာချွန်လွှာ(MOU) လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ တည်ဆောက်ရေးစီမံကိန်းကို ကိုးလအတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ၂၅၀ မဂ္ဂဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နဘူးအိုင်မြို့နယ်တွင် စက်ရုံတစ်ရုံ၊ ဝမ်းတွင်းနှင့် မိတ္ထီလာလမ်းကြား သပြေဝခံတပ်အနီးတွင် စက်ရုံတစ်ရုံ၊ မိတ္ထီလာနှင့် မြင်းခြံကြား အမြန်လမ်းမကြီးဘေး မြေလွတ်၊ မြေရိုင်းများပေါ်၌ စက်ရုံတစ်ရုံ၊ ကျောက်ဆည်ဘော်တောင်တွင် စက်ရုံတစ်ရုံ စုစုပေါင်းစက်ရုံလေးရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ အဆိုပါစက်ရုံများတည်ဆောက်ရန် အမေရိကန်ကုမ္ပဏီမှ တည်ဆောက်ရေးနှင့် အခြားကုန်ကျစရိတ်များကို ကျခံသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုရေးရာဝန်ကြီး ဒေါက်တာမြင့်ကြူက ဆက်လက်ပြောကြားသည်။

နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ သက်တမ်းမှာ နှစ် ၄၀ အထိခံနိုင်ရည်ရှိမည်ဖြစ်ပြီး ၂၅ နှစ်ပြည့်ချိန်တွင် အဆိုပါစက်ရုံများကို အမေရိကန်ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓါတ်အား မီတာနှုန်းထားများကို အများဆုံး ကျပ် ၁၅၀ ခန့်သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး စက်ရုံနှင့် အိမ်သုံးမီတာများကိုလည်း ခွဲခြားကောက်ခံသွားမည်ဖြစ်ကြောင်း  ၎င်းမှဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကမ်းလှမ်းထားသည့်အတွက် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ဆိုလာစနစ်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ထပ်မံတည်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------

အီးယူသို့ သစ်တင်ပို့ခွင့်ရရေး လာရောက်လေ့လာရန် သဘောတူလက်မှတ်ရေးထိုးမည်

              ဥရောပသမဂ္ဂ(EU)သို့ သစ်တင်ပို့ခွင့်ရရှိနိုင်ရေးအတွက် လိုအပ်သည့် VPA (Voluntary Partnership Agreement) လက်မှတ်များထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံ၏ စီမံခန့်ခွဲမှုဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အီးယူနိုင်ငံမှ မျှော်မှန်းထားသောလိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေးရေး နားလည်မှုစာချွန်လွှာ(MoU)ကို မြန်မာနိုင်ငံရှိ သစ်လုပ်ငန်းရှင်များအသင်းနှင့် ဥရောပသစ်ကုန်သွယ်ရေးအဖွဲ့(ETTF)တို့မှ ဖေဖော်ဝါရီလအတွင်း လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရခြင်းမှာ မြန်မာနိုင်ငံမှ EU သို့သစ်တင်ပို့ခြင်းလုပ်ငန်းများ ရပ်မသွားနိုင်စေရန်နှင့် မြန်မာ-အီးယူ နိုင်ငံတို့၏ ဥပဒေများအကြား ပေါင်းစပ်ညှိနှိုင်းရမည့် အချက်များကို လေ့လာဖော်ထုတ်သွားနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-အီးယူနိုင်ငံများ၏ နားလည်မှုစာချွန်လွှာအရ ပထမအဆင့် ကွင်းဆင်းစစ်ဆေးခြင်း(Field Study)၊ ဒုတိယအဆင့် အနေဖြင့် ကွာဟချက်လေ့လာမှု (Gap Assessment)များ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရလဒ်များကို ကြည့်၍ အဖွဲ့အစည်းနှစ်ခုကြားမှ ကွာပာချက်များကို ရှာဖွေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း တွဲဖက် အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ(EU)နိုင်ငံများ၏ သစ်ထုတ်လုပ်ရေး စည်းမျဉ်း(EUTR)ကို ယခုနှစ် မတ်လ ၄ ရက်နေ့တွင် စတင်ကျင့်သုံးမည်ဖြစ်သည့်အတွက် အီးယူနိုင်ငံများသို့ သစ်တင်ပို့လိုသည့် နိုင်ငံများအနေဖြင့် ယင်းတို့နိုင်ငံမှထွက်ရှိသော ပစ္စည်းများသည် တရားဝင်သစ်တောထွက်ပစ္စည်းဖြစ်ကြောင်း အာမခံနိုင်သည့်(VPA)လက်မှတ်လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)နိုင်ငံမှ မြန်မာအစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြေလျော့မှု အများအပြား ပြုလုပ်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှ ဥရောသမဂ္ဂသို့ လက်နက်နှင့် ကျောက်မျက်မှလွဲ၍ ကျန်ကုန်ပစ္စည်းတင်ပို့မှုများကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်

YC

 -------------------------------------------------------------------------------------------------------------

လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်၏ ပထမဦးဆုံးအစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်ထံ တင်မည်

မြန်မာနိုင်ငံအတွင်း အများဆုံးပြဿနာဖြစ်ပွားခဲ့သည့် လယ်ယာမြေသိမ်းဆည်းမှုများနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေယာ သိမ်းဆည်းမှုများစုံစမ်းရေးကော်မရှင်၏ ပထမဦးဆုံးအစီရင်ခံစာကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ပြည်ထောင်စုလွှတ်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း အဆိုပါကော်မရှင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်က ပြောကြားခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် တပ်မတော်မှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေသိမ်းဆည်းမှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် စက်မှုဇုန်များတည်ဆောက်ခြင်းနှင့် အိမ်ရာများတည်ဆောက်ခြင်းကြောင့် သိမ်းဆည်းခဲ့သည့် မြေများ၊ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်ရန် အကြောင်းပြထားသော်လည်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသော မြေသိမ်းဆည်းမှုများကို အစဉ်လိုက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အများဆုံးဖြစ်ပွားခဲ့သည့် မြေယာသိမ်းမှုများမှာ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်အရ သိမ်းဆည်းခဲ့ရခြင်းဖြစ်သော်လည်း အဆိုပါ သိမ်းဆည်းမှုများသည် ၁၈၉၄ မြေသိမ်းဥပဒေကို လိုက်နာခြင်းမရှိသည့်အတွက် မြေယာသိမ်းခံရသည့် ပြည်သူများမှာ အများအပြားနစ်နာ ဆုံးရှုံးခဲ့ရကြောင်း သိရသည်

ထို့ပြင် မြေယာသိမ်းဆည်းမှုများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက လျော်ကြေးပေးရာတွင် အမှန်တကယ် ရသင့်ရထိုက်သူများကို လျစ်လျူရှု၍ အခြားသူများကိုသာပေးခြင်း၊ လျော်ကြေးငွေ လျော့နည်း၍ပေးခြင်းများရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားခဲ့သည်။

ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းရှိ လယ်သမားများမှ အစိုးရ၏ ကွန်းချောင်း ဘက်စုံစီမံကိန်း၊ ဖြူးချောင်း ဘက်စုံစီမံကိန်း၊ ငမွေဆည်၊ အမြန်လမ်းမကြီး၊ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းများ ဆောင်ရွက်ရန် သိမ်းဆည်းခံခဲ့ရသော လယ်မြေဧကများ၏ တန်ဖိုးကို ၂၀၁၂ လယ်မြေဥပဒေအတိုင်း လျော်ကြေးငွေရယူလိုကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဖြူးမြို့နယ်တွင်ပြုလုပ်သော ဖြူးမြို့နယ် ဖွံဖြိုးတိုးတက်ခြင်းနောက်ကျမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တင်ပြတောင်းဆိုခဲ့သည်။

YC

************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment