Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၂.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. အနောက်အုပ်စုနှင့်ဆက်ဆံရေး တိုးတက်စေရန်အတွက် မြန်မာခေါင်းဆောင်အော်စလိုသို့ရောက်ရှိ

(EU Bussiness News မှ 26 February 2013 ရက်စွဲပါ “Myanmar Leader in Oslo, to seek deeper ties with west” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် အခွင့်အလမ်းများလေ့လာမည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် GM လည်းပါဝင်

(Reuters မှ 24 February 2013 ရက်စွဲပါ “GM joins US business group heading to Myanmar to explore opportunities” သတင်းကို ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

အနောက်အုပ်စုနှင့်ဆက်ဆံရေး တိုးတက်စေရန်အတွက် မြန်မာခေါင်းဆောင်အော်စလိုသို့ရောက်ရှိ

(EU Bussiness News မှ 26 February 2013 ရက်စွဲပါ “Myanmar Leader in Oslo, to seek deeper ties with west” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Alter Net

မြန်မာသမ္မတဦးသိန်းစိန်သည် ယခင်တံခါးပိတ်အထီးကျန်မြန်မာနိုင်ငံနှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးခိုင်မာအောင် ရည်ရွယ်သော ပထမဆုံး ဥရောပခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး အင်္ဂါနေ့က အော်စလိုသို့ရောက်ရှိလာခဲ့သည်။

မြန်မာပြုပြင်ပြောင်းလဲရေး ဝါဒီသမ္မတသည် စကင်ဒီနေဗီယန်း တိုင်းပြည်နော်ဝေးတွင် ၃ ရက်ကြာနေထိုင်မည်ဖြစ်ပြီး မတ်လ ၈ တွင် မြန်မာနိုင်ငံသို့ မပြန်မှီ ဖင်လန်၊ သြစတြေးလျား၊ ဘယ်လဂျီယံ၊ အီတလီနိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဟု နော်ဝေး တာဝန်ရှိသူများက ပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသည် ၂၀၁၁ အစောပိုင်းအာဏာရလာပြီးနောက် ယခင် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားအမြောက်အများလွှတ်ပေးခြင်းတို့အပါအဝင် တစ်သီတစ်တန်း ပြုပြင်ပြောင်းလဲပြခြင်ဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆွဲဆောင်စည်းရုံးခဲ့သည်

၁၉၉၁ ကရရှိခဲ့သော နိုဘယ်ဆုကို လက်ခံ၍ မိန့်ခွန်းပြောရန် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် မနှစ်ကနော်ဝေသို့ ရောက်ရှိခဲ့ပြီး နောက် ယခုနှစ်တွင် သမ္မတဦးသိန်းစိန် နော်ဝေသို့ လာရောက် လည်ပတ်ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အော်စလိုတွင်ရောက်ရှိစဉ် အနာဂတ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးရေးအကူအညီ၊ ပတ်ဝန်းကျင်ဆိုင်ရာ နှင့်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးရန်ရှိသော်လည်း အရေးကြီးသော သဘောတူညီချက်များ လက်မှတ်ရေးထိုးဖြစ်ဖွယ် မရှိဟု နော်ဝေးနိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူ Kjetil Elsebutangen ကပြောကြားသည်။

“လက်ရှိနှစ်ပိုင်းများအတွင်း မြန်မာနိုင်ငံ၌ ကောင်းသောအရာများစွာ ဖြစ်ပေါ်ခဲ့သော်လည်း လုပ်စရာ များစွာကျန်ရှိနေဆဲဖြစ်ကြောင်း၊ နော်ဝေးနိုင်ငံအနေဖြင့် ထိုကဲ့သို့ အပြုသဘောတိုးတက်မှုများကို အားပေးပြီး၊ လမ်းကြောင်းမှန်အတိုင်းချီတက်နေသူများကို ကူညီရန်ကြိုးစားခြင်းသည် အရေးကြီးသည်ဟု ယူဆကြောင်း” Elsebutangen ကဆက်လက်ပြောကြားသည်။

သိုဝှက်တက်သော ရှေးရိုးစွဲသစ္စာခံတစ်ဦးဟု သတ်မှတ်ခံရသူ သမ္မတဦးသိန်းစိန်သည် နော်ဝေ ဝန်ကြီးချုပ် Jen Stolfenberg ၊ နိုင်ငံခြားရေးဝန်ကြီး Espen Barth တို့နှင့် ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး နော်ဝေးရှိမြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံလိမ့်မည်ဟု သိရှိရသည်။

              ထို့အပြင် နော်ဝေအခြေစိုက်အတိုက်အခံမီဒီယာ ဒီမိုကရက်တစ် မြန်မာ့အသံ DBV နှင့် လွန်စွာအရေးပါ သော အင်တာဗျူးတွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရန် တရားဝင်အစီအစဉ်တွင် ထည့်သွင်းထားဖွယ်ရှိသော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။

ဘယ်လဂျီယံခရီးစဉ်တွင်မူ နှစ်နိုင်ငံဆွေးနွေးပွဲများအပြင် အီးယူအဆင့်မြင့် အစည်းအဝေးများပါ ကျင်းပရန်စီစဉ်ထားသည်ဟု ဥရောပသံတမန်တစ်ဦးက AFP သို့ပြောကြားသည်။

အီးယူနှင့်ဆွေးနွေးမည့် ကိစ္စရပ်များတွင် Sanctions ပိတ်ဆို့မှုများ၊ ဖွင့်ဖြိုးရေးအကူအညီ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း၊ ပြည်တွင်းပဋိပက္ခများတွင် ငြိမ်းချမ်းရေးရအောင် စေ့စပ်ကြိုးပမ်းမှုများ စသည်တို့ပါဝင်ဖွယ်ရှိသည်ဟု သံတမန်နောက်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရက အရေးပါသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အီးယူက လက်နက်အရောင်းအဝယ် မှလွဲ၍ ကျန်ကုန်သွယ်ရေး ပိတ်ဆို့မှုများကို ပြီးခဲ့သော ဧပြီလတွင် ဆိုင်းငံ့ပေးခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုကလည်း အဓိကကျသော ရင်းနှီးမြှုပ်နှံမှု နှင် ကုန်သွယ်ရေး အတားအဆီးများကို ဖျက်သိမ်းပေးခဲ့သည်။

သို့သော်လည်း မြောက်ပိုင်းကချင်ပြည်နယ်မှ တိုက်ပွဲများနှင့် ရခိုင်ပြည်နယ်မှ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းတို့နှင့် ပတ်သက်၍ စိုးရိမ်စရာများ ရှိနေဆဲပင်ဖြစ်၍ မြန်မာမိုးကုတ်စက်ဝိုင်းတွင် တိမ်မည်းတွေဆင် နေသည်ဟု အကဲခတ်လေ့လာသူများက သုံးသပ်ကြသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင် အခွင့်အလမ်းများလေ့လာမည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် GM လည်းပါဝင်

(Reuters မှ 24 February 2013 ရက်စွဲပါ “GM joins US business group heading to Myanmar to explore opportunities” သတင်းကို ဘာသာပြန်ဆိုပါသည်)

              အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးပြီးနောက်တွင် သဝယံဇာတကြွယ် ဝသော မြန်မာနိုင်ငံသို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ အခွင့်အလမ်းများ လေ့လာရန် ယခုတစ်ပတ်သွားရောက် ခဲ့သော အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်ကား ထုတ်လုပ်သူ (General Motors (GM) လည်း ပါဝင်သည်ဟု အမေရိကန်ကုန်သည်ကြီးများအသင်းက သောကြာနေ့တွင် ပြောကြားသည်။

              ကုန်သည်ကြီးများအသင်း၏ အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ တာမီအိုဗာဘီ က “ဒီကိုယ်စားလှယ် အဖွဲ့ခရီးစဉ်ဟာအရေးကြီးတဲ့ မိုင်တိုင်တစ်ခုပါ။ ကျွန်တော်တို့ဟာ နှစ်နိုင်ငံအကြား စီးပွားရေး ပုံမှန်ဆက်ဆံရေး မှာ သိပ်ကောင်းတဲ့တိုးတက်မှုကို ပြုလုပ်ခဲ့ပါတယ်။ အခု ဆက်ဆံရေး နောက်တစ်ဆင့်တက်ရမယ့် အချိန်ရောက် ပါပြီ” ဟု ကြေညာချက်တွင် ထုတ်ပြန်ပြောဆိုသည်။

              ယခုကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလက သမ္မတဘားရက်အိုဘားမား၏ သမိုင်းဝင်မြန်မာခရီးစဉ် နောက်ပိုင်းတွင် အရေးပါသော အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက် ခြင်းပင်ဖြစ်သည်။

              ၎င်းကိုယ်စားလှယ်အဖွဲ့တွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ မော်တော်ကား၊ လျှပ်စစ်ပစ္စည်း၊ စွမ်းအင်၊ လက်လီအရောင်းလုပ်ငန်း၊ တယ်လီကွမ်းနှင့် အခြားကဏ္ဍများစွာမှ ကုမ္ပဏီများ၏ ကိုယ်စားလှယ်များ ပါဝင်ကြသည်ဟု သိရှိရသည်။

              မော်တော်ကားထုတ်လုပ်သူ GM အပြင် Metlife , Cargill, Fedex, Chevron, General Electric, Target, Honeywell နှင့် e Bay စသော နာမည်ကျော်ကုမ္ပဏီများလည်း မြန်မာခရီးစဉ်တွင် လိုက်ပါသွား ကြသည်။

              ရန်ကုန်မြို့တွင် နှစ်နိုင်ငံစလုံးမှ အကြီးတန်းကုမ္ပဏီအမှုဆောင်များ၊ အစိုးရတာဝန်ရှိသူများ၊ အတူတကွ ပါဝင်တက်ရောက်ကြမည့် ရန်ကုန်မြို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင်လည်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တက်ရောက်မည်ဖြစ်သည်။

 

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment