Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၇.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းထုတ်ပြန်ကြေညာ
  1. အော်စလိုတွင် သမ္မတအားဆန္ဒပြသူ လူစု၏ ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေး
  2. ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များအား အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်
  3.  ပြည်တွင်းဆန်ဈေးနှုန်း ပြည်တင်ပို့မည့်ဆန်ဈေးနှုန်းထက် ပိုမိုမြင့်မားလျက်ရှိ

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံအတွင်း ထုတ်ဝေစာများပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဥပဒေကြမ်းတွင် နိုင်ငံတွင်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ကိုင်လိုသူ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များသည် မှတ်ပုံတင်အရာရှိထံတွင် လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိမှစိစစ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသူကို သတ်မှတ်အခကြေးငွေ ပေးဆောင်စေ၍ လုပ်ငန်းအသိ အမှတ်ပြုလက်မှတ်ထုတ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပုံနှိပ်ထုတ်ဝေသူများအနေဖြင့် တိုင်းရင်းသားလူမျိုးအချင်းချင်း၊ အခြားဘာသာ သာသနာကိုထိခိုက်နစ်နာစေမည့် အကြောင်းအရာများ၊ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်နှင့် ဆူပူအကြမ်းဖက်မှုကို ဖြစ်ပွားစေမည့် အရေးအသားများဖော်ပြခြင်း၊ ညစ်ညမ်းစာများဖော်ပြခြင်း၊ ရာဇဝတ်မှုများ လုပ်ဆောင်စေရန် အားပေးလှုံဆော်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ပျက်ဖောက်ဖျက်သည့် အရေးအသားမျာကို ပုံနှိပ်ထုတ်ဝေခြင်း မပြုရန် ဥပဒေကြမ်းတွင် တားမြစ်ထားသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းတွင် အဓိကတားမြစ်ချက်များအနေဖြင့် မည်သူမဆို လုပ်ငန်းအသိအမှတ်ပြုလိုင်စင်မရှိဘဲ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ထုတ်ဝေစာများကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့ပုံနှိပ်ဖြန့်ချီနိုင်ရန် တင်ပို့ခြင်းနှင့် သက်ဆိုင်ရာမှ လုပ်ငန်းအသိအမှတ် ပြုလိုင်စင်ကို ရုတ်သိမ်းထားခြင်း(သို့)ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုလုပ်နေစဉ်ကာအတွင်း မည်သည့်ထုတ်ဝေစာကိုမှ ထုတ်ဝေဖြန့်ချီခြင်းများ လုပ်ကိုင်ခွင့်မရှိကြောင်း အဆိုပါဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

အဆိုပါဥပဒေကြမ်း၏ အခန်း(၄) အပိုဒ် ၁၃ နှင့် ၁၄ တို့တွင် ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရရှိထားသူအနေဖြင့် မိမိ၏ထုတ်ဝေစာ မူရင်းကို အင်တာနက် သတင်းဖြန့်ချီသောနည်းဖြင့် ဝက်ဆိုဒ်များတွင် ဖြန့်ချီခွင့်ရှိသည့်အပြင် သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြု လုပ်ငန်းလက်မှတ် ရရှိထာသူအနေဖြင့်လည်း မိမိလွှင့်တင်ဖြန့်ချီသည့် သတင်းအချက်အလက်နှင့်ပုံများကို အင်တာနက်သတင်းဖြန့်ချီသောနည်းဖြင့် ဝက်ဆိုဒ်များအသုံးပြု၍ ဖြန့်ချီခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေဖြင့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

                       **************************************************************

အော်စလိုတွင် သမ္မတအားဆန္ဒပြသူ လူစု၏ ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေး

နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည့် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ အဆိုပါနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဆန္ဒပြသည့်အဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ကိုယ်စားလှယ်အဖွဲ့တို့သည် နော်ဝေနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်အပြီး တည်းခိုရာ The Continental Hotel သို့အပြန်တွင် လမ်းတစ်ဖက်တစ်ချက်စီ၌ ဆန္ဒပြသူ ၄၀ ခန့်မှ သမ္မတဦးသိန်းစိန်အား ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒပြလျက် ရှိကြောင်း တွေ့မြင်ရသည့်အတွက် သမ္မတက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား ဆန္ဒပြဦးဆောင်သူများနှင့်တွေ့ဆုံကာ ၎င်းတို့ပြောပြသည်များကို နားထောင်၍ ဆွေးနွေးမှုပြုလုပ်ရန် ညွှန်ကြားမှုကြောင့် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းနှင့် ဒု-ဝန်ကြီး ဦးရဲထွဋ်တို့မှ ဆန္ဒပြဦးဆောင်သု ဦးမြင့်အေးနှင့် ဒေါ်နန်းကြည်အေးတို့နှင့် တစ်နာရီကျော်ခန့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် မြန်မာ့ဒီမိုကရေစီအင်အားစုခေါင်းဆောင် ဦးမြင့်အေးက မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်သော ၎င်း၏ ခံစားချက်များနှင့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး ဒေါ်နန်းကြည်အေးမှ ကရင်လူမျိုးများနှင့်ပတ်သက်သော ခံစားချက်များ ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဝန်ကြီးဦးစိုးသိန်းမှ လက်ရိုအစိုးရအဖွဲ့၏ လုပ်ဆောင်လျက်ရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ မြေယာသိမ်းဆည်းမှု အခြေအနေများနှင့် ဥပဒေအရမြေယာပိုင်ဆိုင်မှုပေးရေး ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။

နော်ဝေနိုင်ငံရောက် ကရင်တိုင်းရင်းသူ ဒေါ်နန်းကြည်အေးမှာ ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ တစ်ခေါက် မျှရောက်ဖူးခြင်း မရှိသေးကြောင်း သိရသည့်အတွက် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံသို့လာရောက်၍ ယခင်ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့သည်။

YC

                                        **************************************************

ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များအား အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်

မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် လုပ်ကိုင်သူမရှိဘဲ လစ်လပ်လျက်ရှိသော ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် များတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ကုန်းတွင်းပိုင်းရေနံလုပ်ကွက်များတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ပထမအကြိမ် အပြည်ပြည် ဆိုင်ရာ တင်ဒါခေါ်ယူခဲ့သည့်အပြင် ကုန်တွင်းပိုင်းလုပ်ကွက် ၁၈ ကွက်တွင် နိုင်ငံတကာ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍ ရေနံတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၃ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ်တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းသုံးစွဲမှုအတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု အခြေအနေအရ CNG အရောင်းဆိုင်နှင့် CNG သုံး မော်တော်ယာဉ်များ ဓာတ်ငွေ့ထပ်မံဖြည့်တင်းပေးရေး ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဒုတိယသမ္မတ စိုင်းမောက်ခမ်းဦးဆောင်သော အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်း၍ အမျိုးသားစွမ်းအင်လုံခြုံရေးမဟာဗျူဟာ (National Energy Security Strategy)တစ်ရပ် ရေးဆွဲလျှက်ရှိကြောင်း သိရသည်။

YC

************************************************************ 

 ပြည်တွင်းဆန်ဈေးနှုန်း ပြည်တင်ပို့မည့်ဆန်ဈေးနှုန်းထက် ပိုမိုမြင့်မားလျက်ရှိ

ဆန်ဝယ်ယူသိုလှောင်သူများနှင့် ကုန်သည်များ၏ ဈေးကစားမှုများကြောင့် လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်းများမှာ ပြည်ပသို့တင်ပို့မည့် ဆန်ဈေးနှုန်းများထက် ပိုမိုမြင့်မားလျက်ရှိကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်ပမှ ဆန်ကြမ်းတစ်တန်လျှင် ကန်ဒေါ်လာ ၃၄၀ ဖြင့် ဝယ်ယူနေသော်လည်း ပြည်တွင်းဆန်ကြမ်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၄၅၀၀ (ဒေါ်လာ ၃၆၀) ဖြစ်နေကြောင်း သိရသည်။  

ထိုသို့ ပြည်တွင်းဆန်ဈေးနှုန်းများ ကြီးမြင့်လျက်ရှိနေသည့်အတွက် တောင်သူများမှာ စာချုပ်ပါအတိုင်း ပြည်ပသို့တင်ပို့မည့် အရေအတွက် ပြည့်မှီနိုင်စေရန် တင်ပို့သောအခါ အရည်အသွေးပိုင်းတွင် နိမ့်ကျသွားနိုင်သည့်အပြင် ဆန်အကြမ်းအရောအနှောများလည်း ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၂ သန်းကျော်ဖြင့် နှစ် ၄၀ အတွင်း ပြည်ပသို့အများဆုံးဆန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

YC

***************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment