Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၈.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ထားဝယ်လမ်းချဲ့မည့် အစီအစဉ် ရပ်ဆိုင်း

(Feb 26 2013 ရက်စွဲပါ Bangkok Post မှ “Dawei road expansion plan shelved”အား ဘာသာပြန်ဆိုသည်)

  1. မအူပင်မြေအပိုင်စီးမှုဆန္ဒပြပွဲတွင် ရဲတစ်ဦးသေဆုံး၍ နှစ်ဖက်စလုံး အမြောက်အများဒဏ်ရာရ

(AFP News မှ 27 February 2013 ရက်စွဲပါ “Policemen killed scores injured in Myanmar Land clash” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မဲခေါင်မြစ်လူသတ်မှုကြိုးကိုင်သူများကိုမတ်လ(၁)ရက်တွင်ကွပ်မျက်မည်

 (CNTV News မှ 28 Feb 2013 ရက်ဆွဲပါ “Mekoung River murderers to be executed on March 1st” သတင်းကိုဘာသာပြန်ဆိုသည်။)

        

                ***********************************************************************

ဘာသာပြန်သတင်းများ

ထားဝယ်လမ်းချဲ့မည့် အစီအစဉ် ရပ်ဆိုင်း

(Feb 26 2013 ရက်စွဲပါ Bangkok Post မှ “Dawei road expansion plan shelved”အား ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိရာနေရာနှင့် ထိုင်းနိုင်ငံသို့ ချိတ်ဆက် ဖောက်လုပ်ရန် စီစဉ်ထားသည့် ကားလမ်း ထပ်ချဲ့မည့်အစီအစဉ်အား ရွှေ့ဆိုင်းလိုက်သည်။ ထိုင်းဘက်မှ လေးလမ်းသွားမှ ရှစ်လမ်းအထိ ထပ်ချဲ့ပြီး ဖောက်လုပ်ရန် ယခုအချိန်တွင် မလိုအပ်ကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ကြောထိန်းသိမ်းမှု မူဝါဒနှင့် စီမံဌာန (OTTPP) က ပြောခဲ့သည်။

၁၁၀ ကီလိုမီတာ ရှည်လျားသော လမ်းမကြီးက မြန်မာနိုင်ငံ ထားဝယ်နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရီသို့ ဆက်သွယ်ပေးလိမ့်မည်ဖြစ်သည်။ OTTPP ၏ ဒါရိုက်တာ Chula Sukmanop က ထားဝယ်လမ်းပိုင်းထပ်ချဲ့မည့်စီမံချက်မှာ ရင်းနှီးမြှုပ်နှံမှု စွန့်စားရမှု ကြီးလိမ့်မည်ဟု ပြောကြားခဲ့သည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီး Chadchat Sittipunt အား တင်ပြထားသည့် ထားဝယ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအစီရင်ခံစာတွင် သူ၏ တွေ့ရှိချက်ကို ထည့်သွင်းထားသည်။

ထိုအစီရင်ခံစာသည် Chon Buri တွင် မတ်လ ၆-၈ ရက်နေ့များတွင် ကျင်းပရန်ရှိသည့် ထားဝယ်စီမံကိန်း၏ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ တတိယအကြိမ်အစည်းအဝေး  မတိုင်မှီထွက်ပေါ်လာသည့် အစီရင်ခံစာဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတွင်  ကိုင်တွယ်နိုင်မည့် ကုန်ပစ္စည်း ပမာဏ ခန့်မှန်းချက်ကို OTTPP က စီစစ်ပြီးဖြစ်ကာ ကိန်းဂဏန်းတန်ဖိုးမှာ အလွန်မြင့်မားကြောင်း တွေ့ရှိခဲ့သည်။

သယ်ယူပို့ဆောင်ရမည့် ကုန်ပမာဏများမှာ ကားလမ်းထပ်ချဲ့ရုံနှင့် လုံလောက်မည်မဟုတ်ဟု အစီရင်ခံစာက ဆိုသည်။ အစီရင်ခံစာက ဆိုရာတွင် ကုန်ပစ္စည်းကွန်တိန်နာများသည် ဆိပ်ကမ်းမှစက်မှုပစ္စည်းများ၊ ကချာနာဘူရီအထူးစီးပွားရေးဇုန်နှင့် အနောက်ပိုင်းပြည်နယ်များထံမှ အခြား ပစ္စည်းများတင်ဆောင်မည်ဟုဖေါ်ပြထားပါသည်။ သူ (Chula Sukmanop) ၏ ရုံးကလည်း ရေနက်ဆိပ်ကမ်းကို ပထမအဆင့်တွင် စက်မှုဆိပ်ကမ်း (industrial port) အနေဖြင့် ဒီဇိုင်းလုပ်ရန် ထောက်ခံခဲ့သည်။

ဒုတိယအဆင့်တွင်မှ ကုန်ပစ္စည်းပမာဏတိုး တက်လာပြီး  နောက်ပိုင်းတွင် ကွန်တိန်နာဆိပ်ကမ်းအနေဖြင့် အဆင့်မြှင့်သင့်သည်။ မစ္စတာချူလာ က မြန်မာနိုင်ငံသည် ဆိပ်ကမ်းအား အုပ်ချုပ်စီမံရန်အတွက် ပုဂ္ဂလိက အော်ပရေတာများကို ခွင့်ပြုရန် ဥပဒေပြင်ဆင်သင့်သည်ဟု ပြောကြားခဲ့ပါသည်။ အစီရင်ခံစာတွင် ၎င်းက မြန်မာနိုင်ငံအနေဖြင့် ရထားလမ်းကို တစ်မီတာအကျယ် ထားရေးပြန်လည်သုံးသပ်ရန် နှင့် သို့မှသာ ထိုင်းနိုင်ငံရှိကွန်ရက်များနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး သယ်ယူနေစဉ်အတွင်း ကုန်ပစ္စည်းပြန်ချရခြင်းကို ရှောင်ရှားနိုင်မည်ဟု ဖေါ်ပြထားပါသည်။

----------------------------------------------------------------------------------

မအူပင်မြေအပိုင်စီးမှုဆန္ဒပြပွဲတွင် ရဲတစ်ဦးသေဆုံး၍ နှစ်ဖက်စလုံး အမြောက်အများဒဏ်ရာရ

(AFP News မှ 27 February 2013 ရက်စွဲပါ “Policemen killed scores injured in Myanmar Land clash” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွက် မြေပိုင်ဆိုင်မှုဆိုင်ရာ ဆန္ဒပြပွဲဖြစ်စဉ်အတွင်း ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး လယ်သမားအမြောက်အများထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့နှစ်ဖက်စလုံးက AFP သို့ဗုဒ္ဓဟူးနေ့ တွင်ပြောကြားသည်။

၁၉၉၆ ခုနှစ်တွင် တပ်မတော်အစိုးရက သိမ်းယူထားခဲ့သော ဧရာဝတီမြစ်ဝကျွန်းပေါ်မှ မြေဧက ၅၀၀ ခန့်ကို ပြန်ပေးရန် လယ်သမားများက တောင်းဆိုသော အင်္ဂါနေ့ညက ဆန္ဒပြမှုတွင် နောက်ထပ်ရဲတပ်ဖွဲ့ဝင် ၂၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခင် အစိုးရလက်ထက် အာဏာပိုင်များ၏ မြေအပိုင်စီးမှုနှင့် ပတ်သက်ပြီး လယ်သမား ၃၀၀ ခန့်က ယခင်အပတ်ကစ၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

လက်နက်အားကိုးအုပ်ချုပ်သော စစ်အုပ်ချုပ်ရေးအစား ရွေးကောက်တင်မြှောက်သော အရပ်ဖက် အစိုးရဖြင့် အစားထိုးအုပ်ချုပ်ခဲ့ချိန် ၂၀၁၁ နောက်ပိုင်းတွင် အလားတူဆန္ဒပြပွဲများ မြန်မာနိုင်ငံတစ်လွှားတွင် ဖြစ်ပေါ်ခဲ့သည်။ ရာနှင့်ချီ၍ ပေါ်ထွက်လာသော မြေအငြင်းပွားမှုပြဿနာများ ဖြေရှင်းခြင်း ကို လွှတ်တော်က တာဝန်ယူဆောင်ရွက်နေရသည်။

အင်္ဂါနေ့က မအူပင်မြို့နယ်တွင် ဖြစ်ပွားသော ပဋိပက္ခသည် ပြီးခဲ့သောနိုဝင်ဘာလက ကြေးနီမိုင်း ဆန္ဒပြမှုနှိမ်နှင်းမှု နောက်ပိုင်းတွင် အဆိုးဝါးဆုံး ဖြစ်စဉ်တစ်ခုဖြစ်သည်။

“ဓါးထိုးခံရလို့ ရန်ကုန်ကိုပို့ပြီး ဆေးကုနေရတဲ့ ရဲတပ်ဖွဲ့ဝင်က သေဆုံးသွားပါပြီ” ဟု မအူပင်မှ အမည်မဖော်သော ရဲအရာရှိတစ်ဦးက AFP သို့ပြောကြားသည်။

“အရပ်သားတွေထိခိုက်မှာကို ကျွန်တော်တို့ မလိုလားတဲ့အတွက် သီးခံစိတ်ရှည်ပြီး လုပ်ဆောင်ခဲ့ကြပါ တယ်။ ဒါ့ကြောင့် ရဲတပ်ဖွဲ့ဝင် အမြောက်အများထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။ ကျွန်တော်တို့ ရဲအရာရှိတွေက သတိပေးတဲ့ ပစ်ခတ်မှုလောက်ပဲပြုလုပ်ခဲ့တာပါ” ဟု အဆိုပါ ရဲအရာရှိက ရှင်းလင်းပြောဆိုသည်။

ဆန္ဒပြလှုပ်ရှားသူများကမူ အခင်းဖြစ်ရပ်အပေါ်ကွဲပြားသော မှတ်ချက်ပေးခဲ့ကြပြီး “၎င်းနေရာကို ရဲတပ်ဖွဲ့က ပိတ်ဆို့ပြီး ပစ်ခတ်ခဲ့သောကြောင့် သေနတ်ဒဏ်ရာရသူ ၃ ဦးအပါအဝင် လယ်သမား ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟုပြောဆိုကြပါသည်။

အခင်းဖြစ်ရပ်နှင့် အနီးဆုံးတွင်ရှိနေသော လယ်သမားအရေးလှုပ်ရှားသူ ထွန်းနိုင်က “ရဲတွေက အချက်ပေါင်း ၁၀၀ ကျော်လောက် ပစ်ခတ်ခဲ့ ပါတယ်။ သူတို့ဒီလို ပစ်လိမ့်မယ်လို့ ကျွန်တော်တို့မထင်မိပါဘူး။ ဒီဒေသအနီးတဝိုက် ရွာ ၆ ရွာကနေ သိမ်းယူထားတဲ့ မြေတွေပြန်ရအောင် လယ်သမား တွေက ကြိုးစားနေကြတာပါ။ ဒီမြေတွေကို အာဏာပိုင်တွေက ရောင်းစားသွားပြီး၊ ဝယ်ယူထားတဲ့ မွေးမြူရေးကုမ္ပဏီ ကလည်း အသုံးမပြုပဲပစ်ထား တာပါ” ဟု AFP သို့ပြောကြားသည်။

“ကုမ္ပဏီက စိုက်ပျိုးမွေးမြူရေးဘာမှမလုပ်ပဲ မြေကိုဒီအတိုင်းထားတာပါ။ ဒါ့ကြောင်းလယ်သမားတွေက ပြန်လိုချင်ကြတာပေါ့။ သူတို့ မြေကိုပြန်ရတဲ့အထိ ဆက်လက်တောင်းဆိုသွားကြမှာပါ” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

ယခင် တပ်မတော်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံတစ်လွှားမှမြေများကို ဓလေ့ထုံးစံသဖွယ် အလွယ်တကူ သိမ်းယူလေ့ရှိပြီး၊ ခရိုနီများ အသုံးပြုရန် လက်လွှဲပေးခြင်း (သို့) ပုဂ္ဂလိကကုမ္ပဏီများသို့ ပြန်ရောင်းစားခြင်းတို့ကို အဟန့်အတားမရှိ ကျူးလွန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြဿနာများ ရှုပ်ထွေးနေရ ခြင်းဖြစ်သည်။

“ယခင် အာဏာပိုင်များ အဂတိလိုက်စားပြီး ချန်ထားခဲ့သော ဆိုးမွေများကို ပြည်သူများ ခံစားနေရခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့မှာ ကြားညှပ်နေ ခြင်းဖြစ်သည်” ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူအချို့က မှတ်ချက်ပေးထားသည်။

------------------------------------------------------------------------------------

မဲခေါင်မြစ်လူသတ်မှုကြိုးကိုင်သူများကိုမတ်လ(၁)ရက်တွင်ကွပ်မျက်မည်

 (CNTV News မှ 28 Feb 2013 ရက်ဆွဲပါ “Mekoung River murderers to be executed on March 1st” သတင်းကိုဘာသာပြန်ဆိုသည်။)

၂၀၁၁ခုနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား (၁၃) ဦးသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသော မြန်မာမူးယစ်ရာဇာ နော်ခမ်းနှင့် အပေါင်းအပါ (၃)ဦး ကိုမတ်လ(၁)ရက်တွင် သေဒဏ်ပေးတော့မည်ဟုသိရှိရ သည်။

၎င်းတို့လေးဦးကို ယူနန်ပြည်နယ်ကူမင်းမြို့တော် တွင်ဆေးထိုးကွပ်မျက်မည်ဟု ကူမင်းပြည်သူ တရားရုံးကဗုဒ္ဓဟူးနေ့တွင်ပြောကြားသည်။

ကူမင်းရှိထိုင်းနှင့်မြန်မာကောင်စစ်ဝန်များ၊ တရားခံတို့၏ ဆွေမျိုးများအား တရားခံများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးထားသည်ဟု တရားရုံးက ဆိုသည်။

၂၀၁၁ အောက်တိုဘာလ မဲခေါင်မြစ်အတွင်းတရုတ်သဘောင်္များ ကိုတိုက်ခိုက်ရာတွင်နော်ခမ်းနှင့် ဂိုဏ်းဝင်များ ကကြိုးကိုင်စီမံခဲ့ပြီး ၊ထိုင်းစစ်သားများနှင့် အတူပူးပေါင်း ကျူးလွန်ခဲ့ကြောင်း တရုတ်တရားရုံး ကစစ်ဆေးတွေ့ရှိခဲ့သည်။ ဂေါ့ဖားသားဟု အမည်ဝှက်ပေးထားကြသော စိုင်းနော်ခမ်းသည် မဲခေါင်မြစ်အတွင်း လှုပ်ရှားသော အကြီးဆုံးလက်နက်ကိုင် မူးယစ်ဆေးဝါးဂိုဏ်း၏ အကြီးအကဲဖြစ်သည်။

တရုတ်သဘောင်္သား(၁၃)ဦး အသတ်ခံရခြင်းကြောင့် လွန်စွာဒေါသထွက်သွားသော တရုတ် အာဏာပိုင်များသည် မဲခေါင်မြစ်အတွင်း(၄)နိုင်ငံ ပူးတွဲကင်းလှည့်အစီအစဉ်က ဖိအားပေး ဆောင်ရွက်ခဲ့ပြီး၊ နော်ခမ်းရှိသောနေရာကိုမောင်းသူမဲ့ ဒရုန်းလေယာဉ် အသုံးပြုတိုက်ခိုက်ရန် အထိပင်စဉ်စား ခဲ့သည် ဟုမကြာသေးမှီက သတင်းများထွက်ပေါ် လာခဲ့သည်။

**************************************************************

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment