Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂.၃.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာအစိုးရကိုလူ့အခွင့်ရေးအုပ်စုများ ဖိအားပေး

( UPI News မှာ Mar 2013 ရက်စွဲပါ “ Rights group put pressure on Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. တပ်မတော်၏ နိုင်ငံရေးအာဏာကို ဖြည်းဖြည်းချင်းသာ စွန့်လိမ့်မည်ဟု သမ္မတပြော

( Associate Press မှ Mar 2013 ရက်စွဲပါ “ Myanmar president says military’s political power will be reduced only gradually” သတင်းကိုဘာသာပြန်ဆိုသည်။)

**********************************************************************

ဘာသာပြန်သတင်းများ

မြန်မာအစိုးရကိုလူ့အခွင့်ရေးအုပ်စုများ ဖိအားပေး

( UPI News မှာ Mar 2013 ရက်စွဲပါ “ Rights group put pressure on Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံသားများအတွက် တကယ်စစ်မှန်သော တိုးတက်မှုများအဖြစ် ကူးပြောင်းရောက်ရှိလာခြင်းမရှိဟု လူ့အခွင့်ရေးအုပ်စုများက ပွင့်ပွင့်လင်းလင်းပြောကြားလိုက်သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ တွင် အထွေထွေရွေးကောက်ပွဲများကျင်းပခြင်းဖြင့် အရပ်ဖက်အုပ်ချုပ်ရေးစနစ်သို့ အသွင်းပြောင်းကာ နိုင်ငံရေး အပြောင်းအလဲကို စတင်ပြုလုပ်ခဲ့သည်။

ပြင်သစ်စာလုံးအတိုကောက် FIDH ဖြင့်လူသိများသော The International Fedreation for Human Rights နှင့် အသင်းဝင် Altsean – Burma အဖွဲ့တို့က “ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသော်လည်း ဘေးကင်းရန်ကင်းအဂတိလိုက်စားမှု နွံထဲတွင် နစ်မြုပ်နေဆဲ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲရေးအကောင်ထည်ဖော်ရာတွင် အကန့်အသတ်များရှိနေဆဲဖြစ်ပြီး တစ်နိုင်ငံလုံးတစ်ပြေးညီသက်ရောက်ခြင်းမရှိဟု လူ့အခွင့်ရေးအုပ်စုများက ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်ပြောင်းလဲလာမှုကို ကြိုဆိုရမည်ဖြစ်သော်လည်း အစိုးရသည် ပြည်တွင်းပဋိပက္ခများကို အဆုံးသတ်နိုင်အောင် လုံလုံလောက်လောက် လုပ်ဆောင်နိုင်ခြင်းမရှိဟု ပြောကြားထားသော ကုလသမဂ္ဂတာဝန်ရှိသူများကလည်း အလားတူ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

နိုဝင်ဘာလက ကြေးနီမိုင်း ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖော့စဖရပ် မီးလောင်ဗုံးများ အသုံးပြု နှိမ်နှင်းခဲ့ခြင်းကို FIDH အဖွဲ့က ထောက်ပြကာ ငြိမ်းချမ်းစွာစုဝေးခွင့် ကိုမြန်မာအာဏာပိုင်များက တားဆီးရန်ကြိုးစားနေကြဆဲဖြစ်သည်ဟု ပြောကြားလိုက်ပါသည်။

မြန်မာအစိုးရက ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲရန် တာဝန်ခံထားသည့်အတိုင်း လုပ်ဆောင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်ဖိအားပေးကြဟု လူ့အခွင့်အရေးအုပ်စုများက တောင်းဆိုပါသည်။

“အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဟာ အခုထိ အာဏာပိုင်တွေရဲ့ နင်းပြားဖြစ်နေဆဲ ပြည်သူတွေရဲ့ ဘဝကို သိသိသာသာ တိုးတက်လာအောင် ပြောင်းလဲဖော်ဆောင်ပေးနိုင်ခြင်းမရှိပါ” ဟု လူ့အခွင့်ရေးအုပ်စုများက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“အဂတိလိုက်စားမှု(သို့) လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်ရာတွင် အဓိကကျသောအချက်မှာ ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး ကိစ္စများနှင့် သက်ဆိုင်သော ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွင် မလိုအပ်သော စာရွက်စာတမ်း၊ အထောက်အထား၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်တင်းကြပ်ထားခြင်းကို လုံးဝပယ်ဖျက်ရေးပင်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အထက်အောက် ဝန်ထမ်းအဆင့်ဆင့်၏ ငွေရပေါက်ရလမ်းဖြစ်နေသော ညှစ်ကွက်၊ ညှစ်ကွက်ခွင်များ လုံးဝမရှိတော့အောင် ဖယ်ရှားပစ်ရန်လိုအပ်ကြောင်း၊ သို့မှသာ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် လျှော့ချနိုင်မှာ ဖြစ်ကြောင်း” ပြည်တွင်းမှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးပြောဆိုကြသည်။

 ------------------------------------------------------------------------------------------------

တပ်မတော်၏ နိုင်ငံရေးအာဏာကို ဖြည်းဖြည်းချင်းသာ စွန့်လိမ့်မည်ဟု သမ္မတပြော

( Associate Press မှ Mar 2013 ရက်စွဲပါ “ Myanmar president says military’s political power will be reduced only gradually” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာ့တပ်မတော်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအထိ လွှတ်တော်ကိုယ်စားလှယ်ဝေစုကို ရယူထားဖွယ်ရှိသည်ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါသည်။

သောကြာနေ့က ဖင်လန်နိုင်ငံခရီးစဉ်တွင် ဦးသိန်းစိန်က “ တပ်မတော်သည် တိုင်းပြည်၏ အနာဂတ်ကို ပုံသွင်းရာတွင်ပါဝင်လျှက်ရှိပြီး၊ ရယူထားဆဲ လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို စွန့်လွှတ်မည့်အလားလာမရှိသေး” ဟုပြောကြားခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်ထဲက တပ်မတော်ရဲ့ ပါဝါကို ဖြည်းဖြည်းခြင်း လျှော့ချသွားမည့် သဘောရှိပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်နိုင်လိမ့်မယ်လို့ သေချာပေါက်ပြောလို့မရပါဘူး” ဟု ဦးသိန်းစိန်က စကားပြန်မှတစ်ဆင့် ပြောကြားသည်။

ပထမဆုံးဥရောပခရီး ထွက်လာသောမြန်မာခေါင်းဆောင်သည် ယခုအပတ်အစောပိုင်းတွင် နော်ဝေနိုင်ငံသို့ ဦးစွာဝင်ရောက်ခဲ့ပြီး၊ ယခုဖင်လန်နိုင်ငံမှတဆင့် သြစတြီးယားနှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

ပြည်တွင်းမှ အကဲခတ်လေ့လာသူများက “လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ဦးတည်နေသော်လည်း ယခင်အာဏာရှင် အကြီးအကဲဟောင်းများက စီစဉ်တကျ အာဏာစွန့်နေသည့် ကာလဖြစ်သည်” ဟုသုံးသပ်ပြောဆိုကြသည်။

        ************************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment