Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၃.၃.၂၀၁၃

ဘာသာပြန်သတင်းများ

  1. စီးပွားရေးပြန်လည် နလန်ထသည့် အရိပ်အယောင် ပြနေစဉ်အတွင်း ဟောင်ကောင်အစိုးရမှ စီးပွားရေးတိုးတက်နှုန်း မြင့်မား မည်ဟုမျှော်မှန်း

(BBC News မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင်ပါသည့် Hong Kong to see higher growth amid signs of recovery ကိုဘာသာပြန်ဆိုသည်။)

**********************************************************************

ဘာသာပြန်သတင်းများ

စီးပွားရေးပြန်လည်နလန်ထသည့် အရိပ်အရောင်ပြနေစဉ်အတွင်း ဟောင်ကောင်အစိုးရမှ စီးပွားရေးတိုးတက်နှုန်း မြင့်မား မည်ဟုမျှော်မှန်း

(BBC News မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင်ပါသည့် Hong Kong to see higher growth amid signs of recoveryကိုဘာသာပြန်ဆိုသည်။)

ဟောင်ကောင်အစိုးရသည် ၂၀၀၉ ခုနှစ်ကတည်းက နယ်မြေချဲ့ထွင်မှုကို အနှေးကွေးဆုံးအရှိန်ဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်

အလုပ်အကိုင်ရရှိရေးတို့ကို မြှင့်တင်နိုင်အောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။

ဘဏ္ဍရေးဝန်ကြီး John Tsang က ၎င်း၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍနှစ်အတွက် ဘဏ္ဍငွေအရသုံးမှန်းခြေ ငွေစာရင်းအဆိုပြုမှုမှာ ဖိအားများကို ဖယ်ရှားသည့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်တိုင်းတာ နိုင်သည်ဟုဆိုသည်။ ၂၀၁၃ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၁.၅ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းသို့ မြင့်တက်လာဖို့ သူမျှော်လင့်ကြောင်း ဖြည့်စွက်ပြောကြားသည်။

ဥရောပကြွေးမြီ အကြပ်အတည်းကာလအတွင်း ဟောင်ကောင်အပါအဝင် ကျန်အာရှနိုင်ငံများမှာ ကမ္ဘာ့ဝယ်လိုအားကျဆင်းနေမှုနှင့် ရင်ဆိုင် နေရသော်လည်း များမကြာမီကာလက စီးပွားရေးပြန်လည် နိုးထလာသည့် လက္ခဏာအချို့ ရှိ လာပါ သည်။

ဟောင်ကောင်၏တိုးတက်မှုနှုန်းသည် ၂၀၁၂ ၌ ပြီးခဲ့သည့် နှစ်ကထက်စာလျှင် ၁,၄% ပိုမိုနှေးကွေးခဲ့ပါသည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ပျှမ်းမျှနှုန်းထက် နည်းသည်ဟု Mr Tsang ၏ အဆိုအရသိရှိရပါသည်။

ကမာ့္ဘစီးပွားရေးအတွင်း ဘေးအန္တရာယ်သင့်ဖွယ် အကြောင်းအရာများဖြစ်သော ကုန်သွယ်ရေးနှေးကွေး ကျဆင်းမှုနှင့် ဖြစ်တန်ရာသော ငွေကြေး စစ်ပွဲတို့မှာ ဟောင်ကောင်၏ တံခါးဖွင့်စီးပွားရေးအပေါ် ဖိအားများဖြစ်စေနိုင်သည်ဟု သူကသတိပေးခဲ့သည်။

“ယခုနှစ်အစောပိုင်း ကာလအတွင်း ရှုပ်ထွေးနေတဲ့ အပြင်ဖက် ပတ်ဝန်းကျင်အနေအထားဟာ မတည်မငြိမ် ဖြစ်နေဦးမှာပါ”ဟု သူက ပြောကြား သွားခဲ့သည်။

အခြေပစ္စည်း ဈေးနှုန်းများ ဘဏ္ဍငွေ ရသုံးမှန်းခြေငွေစာရင်းမှာ ဆင်းရဲသားများနှင့် အသက်အရွယ်အိုမင်းရင့်ရော်သူများ အပါအဝင် လုပ်ငန်း ငယ်များအတွက်ပါ အမျိုးမျိုးသော ကူညီမှုများပေးရန် အဆိုပြုထားပါသည်။ သို့သော် သူဟာဟောင်ကောင်တွင် နေထိုင်သူများကြား ကြာရှည်ညည်းညူ တိုင်တန်းနေသည့် ပိုင်ဆိုင်မှုဈေးနှုန်းများ မြင့်မားနေခြင်းကိုလျှော့ချဖို့ မည်သည့်အဓိကလှုပ်ရှားမှုမှ လုပ်ဆောင်ပေးခြင်းမရှိခဲ့ပါ။

Mr Tsangဟာ မြေရောင်းလိုအား မြင့်မားလာအောင်နှင့်  အသုံးပြု၍ရမည့် မြေအသစ်များရှာဖွေရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ကိုသာ ကတိပေးခဲ့သည်။

ဟောင်ကောင်မြို့နှင့် အခြားအာရှမြို့များသို့ ငွေကြေးမူဝါဒလျော့ရဲသည့် နိုင်ငံများထံမှငွေများ စီးဝင်လာခြင်းကြောင့် တစ်စိတ်တစ်ဒေသ အားဖြင့် အိမ်ရာဈေးများ မြင့်မားလာသည်ကို တွေ့မြင်ခဲ့ရသည်။

အစိုးရဟာ  အခြေပစ္စည်းဗူဖေါင်းပေါက်ကွဲမှု ဖြစ်လာမည်ကို စိုးရိမ်ကြောင့်ကြမှုကြောင့် မြင့်မားသည့် တံဆိပ်ခေါင်းအခွန် အပါအဝင် အခြေပစ္စည်း

ဈေးနှုန်းများကို လျှော့ချရန် လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။ သို့သော် များမကြာမီကာလအတွင်း ဖြစ်ထွန်းခဲ့သည့် စီးပွားရေး တစ်ခုလုံးခြုံကြည့်လျှင် တိုးတက်သည့် လက္ခဏာအချို့ရှိခဲ့သည်။

အချက်အလက်များ၏ ဖော်ပြထားချက်အရ ဟောင်ကောင်မြို့မှာ နောက်ဆုံးသုံးလပတ်၌ (ဒီဇင်ဘာလအထိ) စီးပွားရေးတိုးတက်နှုန်းမှာ ၂.၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း တွေ့ရသည်။ တတိယ သုံးလပတ်ထက်စာလျှင် ၁.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

သူ၏ တိုင်းတာမှုအစုအပေါင်းဟာ စီးပွားရေးကို ၁.၃ ရာခိုင်နှုန်းအမှတ်ထိ ဖွံ့ဖြိုးအောင် နှိုးဆွပေးလိမ့်မည် ဖြစ်သော်လည်း အသေးစိတ်ကိုတော့ သက်သေပြနိုင်ခြင်း မရှိခဲ့ကြောင်း Mr Tsang ကဆိုခဲ့သည်။

အစိုးရသည် ၎င်း၏ သယ်ယူပို့ဆောင်ရေးနှင့် ရန်ပုံငွေစီမံခန့်ခွဲမှု လုပ်ငန်းစုများကို စီးပွားရေးရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြု ရန် ဆောင်ရွက်သွားလိမ့်မည်ဟု ၎င်းကထပ်လောင်း ပြောကြားသွားခဲ့သည်။

        ************************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment