Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. စင်္ကာပူနိုင်ငံသားခံယူထားသော မြန်မာများ စီးပွားရေးပြုပြင်ပြောင်းလဲမှု၏ အကျိုးအမြတ်ခံစား

(19 March 2013 ရက်စွဲပါ Channel News Asia မှ May Wong ရေးသားသော Myanmar nationals turned S’poreans reap benefits of economic reforms ကို ဘာသာပြန်ဆိုပါသည်)

  1. မန်မာပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ဒေါ်လာသန်း ၇၀၀ ထည့်ဝင်ရန် ACO Investment ပြင်ဆင်

(Bloomberg News မှ 19 Mar 2013 ရက်စွဲပါ “ACO Investment plans $ 700 millions in Myanmar private-equity bets”သတင်းကို ဘာသာပြန်ဆိုသည်။)


စင်္ကာပူနိုင်ငံသားခံယူထားသော မြန်မာများ စီးပွားရေးပြုပြင်ပြောင်းလဲမှု၏ အကျိုးအမြတ်ခံစား

(19 March 2013 ရက်စွဲပါ Channel News Asia မှ May Wong ရေးသားသော Myanmar nationals turned S’poreans reap benefits of economic reforms ကို ဘာသာပြန်ဆိုပါသည်)

photo credit - internet

စင်္ကာပူနိုင်ငံသားအဖြစ်ပြောင်းလဲခံယူထားသော ယခင် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ဗဟုသုတနှင့် ဘာသာ စကားကျွမ်းကျင်မှုကို အသုံးချ၍ ၎င်းတို့၏ မူလတိုင်းပြည်တွင် စီးပွားရေးလုပ်ငန်းများ ထူထောင်လျက်ရှိပါသည်။

စင်္ကာပူနိုင်ငံတွင်နေထိုင်သည်မှာ (၁၅) နှစ်ခန့်ရှိပြီး (၂၀၀၈) ခုနှစ်က စင်္ကာပူနိုင်ငံသားခံယူခဲ့သူ မောင်မောင်မြင့်သည် ယခုအခါအသက် (၄၁) နှစ်ရှိပြီး မြန်မာနိုင်ငံသို့ပြန်သွားကာ ကုမ္ပဏီထောင်ခဲ့ပါသည်။

ဘာသာစကားကျွမ်းကျင်စွာပြောနိုင်သည်ကိုအသာထား ၎င်းတွင်အသာစီးရသော အခြားအချက်များ ရှိသည်ဟု ခံယူထားပါသည်။

“နိုင်ငံခြားကုမ္ပဏီတွေဝင်လာတယ်ဆိုပေမယ့် သူတို့ဟာ ကျွန်တော်တို့လိုပြည်တွင်းကလူတွေနဲ့ ပါတနာလုပ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကသာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ဈေးကွက်ကို ကောင်းကောင်း သိတာလေ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ ဝန်ဆောင်မှုကို သူတို့စီးပွားရေးလာလုပ်ရင် လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော် တို့ကလည်း နိုင်ငံရပ်ခြားမှာ ရလာတဲ့အတွေ့အကြုံ၊ စင်္ကာပူက စနစ်တွေကို ဒီမှာပြန်ပြီးအသုံးချပြီး ကိုယ်ပိုင်စီးပွားရေး လုပ်မလား၊ လခစားဝင်လုပ်မလား လုပ်နိုင်ပါတယ်” ဟု ၎င်းက ပြောပါသည်။

Aung Hussein Vora သည်လည်း လွန်ခဲ့သော ငါးနှစ်က စင်္ကာပူနိုင်ငံသားခံယူခဲ့သူ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ပါသည်။

၎င်းက ၎င်း၏ ကာလကြာရှည်မိတ်ဆွေများနှင့် ကွန်ရက်များနှင့် အတန်းဖော်ဟောင်းများသည် စီးပွားရေးလုပ်ငန်း များအတွက် ကောင်းကောင်းအသုံးချနိုင်သည်ဟု ဆိုပါသည်။

“ဥပမာအားဖြင့် စင်္ကာပူလူမျိုးတွေဟာ မြန်မာနိုင်ငံကိုလာရင် မြန်မာအကြောင်းသိပ်မသိနိုင်ပါဘူး။ သူတို့က ဒေသ ဆိုင်ရာသိတဲ့သူလိုတယ်။ ကျွန်တော်က အဲဒီဗဟုသုတရှိတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာကုမ္ပဏီတွေကလည်း နိုင်ငံခြား သားပါတနာလိုတယ်။ ကျွန်တော်က နှစ်ဖက်စလုံးကို သိတော့ကြားထဲက ညှိပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားက အတွေ့အကြုံတွေလိုနေတော့ ကျွန်တော် မျှဝေပေးမှာပါ။ ဒါဟာ လူတိုင်းကို အကျိုးရှိစေနိုင်ပါတယ်” ဟု ၎င်းက ပြောပါသည်။

Hussein သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း စင်္ကာပု ကုမ္ပဏီလေးခုအား မြန်မာပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ် ထူထောင်နိုင်ရန်မိတ်ဆက်ပေးခဲ့ပါသည်။ စီးပွားရေးလောကတွင် ထိုသို့သော မိတ်ဆက်ပေးမှုသည် အလွန်အရေးပါ လှပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့မိတ်ဆက်ပေးမှုသည် လူစိမ်းနှစ်ဦးအား ပေါင်းစည်းအလုပ်လုပ်ရန် အထောက် အကူဖြစ်သောကြောင့် ဖြစ်ပါသည်။

ကြားလူအနေဖြင့် ၎င်းသည်အဖွဲ့နှစ်ဖွဲ့ကြားယုံကြည်မှုနှင့် ကတိပေးမှုများ သေချာစေရန် လုပ်ဆောင်ပေးပြီး စီးပွားရေးတိုးချဲ့ရန် အရှိန်မြင့်နိုင်ပါသည်။


မြန်မာပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ဒေါ်လာသန်း ၇၀၀ ထည့်ဝင်ရန် ACO Investment ပြင်ဆင်

(Bloomberg News မှ 19 Mar 2013 ရက်စွဲပါ “ACO Investment plans $ 700 millions in Myanmar private-equity bets”သတင်းကို ဘာသာပြန်ဆိုသည်။)

နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးလက်အောက်မှ ၂၀၁၁ တွင် ခေါင်းပြူထွက်လာသော မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူ များအား ဒေသတွင်းအကောင်းဆုံးကြီးပွားနိုင်မည့် အခွင့်အလမ်းများကို ကမ်းလှမ်းနေသည်ဟု ဟယ်ရီအာချုဆန်က ပြော ကြားလိုက်ပြီး သူ၏ ကုမ္ပဏီသည်မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၇၀၀ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေပါသည်။

အာချူဆန်နှင့် United Airlines ဥက္ကဋ္ဌဟောင်းဂိုနိုဂျိုင်းဒတ္တားတို့ ပူးပေါင်းတည်ထောင်ထားသော ACO Investment Group သည် ယခုနှစ်တွင် ရန်ကုန်နိုင်ငံတကာလေဆိပ်အတွက် ဒေါ်လာသန်း ၂၀၀ နှင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ၂ ခုအတွက် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်ဟု အာချူဆန်က ပြောကြားသည်။

“ရှေ့မှာ ကြီးပွားတိုးတက်မယ့် အလားအလာကောင်းတွေ ပြည့်နေတဲ့ ဈေးကွက်သစ်ကို ကျွန်တော်တို့ရှာနေတာပါ။ တကယ်လို့ ခင်ဗျားက ကြီးပွားတိုးတက်ဖို့ မျှော်မှန်းထားတယ်ဆိုရင် အာရှဈေးကွက်ထဲမှာ ရုံပြည့်နေပြီဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား ဈေးကွက်တွေထက် မြန်မာဈေးကွက်က ပိုသဘောကျမှာပါ” ဟု ၎င်းက ပြောပါသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဘဏ္ဍာရေးစနစ်နှင့် အခြေခံအဆောက်အဦးစနစ် ခေတ်မှီ တိုးတက်စေရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လမ်းရှင်းပေးနေသည်။ မြန်မာနိုင်ငံတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တရားဝင်နိုင်ငံရေးလမ်းကြောင်းပွင့်သွားစေသည့် ကြားဖြတ်ရွေးကောက်ပွဲများကို သမ္မတ ဦးသိန်းစိန်အစိုးရက ပြုလုပ်ပေးပြီးနောက်တွင် အမေရိကန်ပြည်ထောင်စုကလည်း အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ ပေးလိုက်ပြီဖြစ်သည်။

လူဦးရေ ၆၄ သန်းဈေးကွက်အတွက် တယ်လီဖုန်းအော်ပရေတာ လိုင်စင်နှစ်ခုကို ဇွန်လတွင်ချပေးမည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထိုအတွက် အဆိုပြုလွှာတင်ထားသော နိုင်ငံခြားကုမ္ပဏီ ၉၁ ခုအနက် အရှေ့တောင်အာရှ၏ အကြီးဆုံး Sing Tel (စင်္ကာပူ)၊ Axiata (မလေးရှား)၊ Telenar (နော်ဝေ) တို့ပါဝင်သည်ဟု ဆိုသည်။

ရန်ကုန်နိုင်ငံတကာလေဆိပ်တွင် ရင်းနှီးမြှုပ်နှံရာတွင်မူ ဖက်စပ်လုပ်ငန်းပုံစံ သို့မဟုတ် စီမံကိန်းငွေကြေးထောက်ပံ့ ခြင်းနှင့် ချေးငွေအစီအစဉ်များ ပါဝင်မည်ဟု အာချူဆန်က ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

စစ်အုပ်ချုပ်ရေး နှစ်၅၀ အပြီးတွင် စီးပွားရေးပြိုလဲပျက်စီးသွားသောနိုင်ငံသို့ နိုင်ငံတကာကုမ္ပဏီများ ပိုမို ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို နိုဝင်ဘာလတွင် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးပေးလိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို ဖမ်းဆုပ်ကာ သဘောတူညီမှုများ ရရှိနေကြသောကုမ္ပဏီများထဲတွင် Best Western International၊ Coca Cola၊ Unilever နှင့် Visa စသော နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများ ပါဝင်သည်။

ထိုသို့ သမ္မတဦးသိန်းစိန်အစိုးရက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားကုမ္ပဏီများကို လမ်းရှင်းပေးနေချိန်တွင် လွှတ်တော်တွင်းမှ ခရိုနီအုပ်စုက ၎င်းတို့၏လက်ဝါးကြီးအုပ်ခွင့် လက်လွတ်မသွားစေရန် ဟန့်တားပိတ်ဆို့ဖို့ အသည်း အသန်ကြိုးစားနေသည်ဟုလည်း သတင်းများထွက်ပေါ်လာသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ နိုင်ငံရေးနှင့် ချုပ်ချယ်မှုအန္တရာယ်များရှိနေသလို ပြန်ရမည့်အကျိုးအမြတ်ကလည်း များပြားသည်ဟု အာချူဆန်က ဆိုသည်။

“ခင်ဗျားစောစောဝင်ကစားရင် အချိန်ကိုက် အံဝင်ခွင်ကျဖြစ်သွားမှာပါ။ ဖွံ့ဖြိုးဖို့က ခုမှ စရုံပဲရှိပါသေးတယ်။ ဥပဒေ ကလည်း ပွင့်လင်းလာစဆိုတော့ အသားမကျသေးဘူးပေါ့” ဟု ၎င်းကဆိုပါသည်။

နယူးယောက်အခြေစိုက် ACO Investment သည် မဂ္ဂါဝပ် ၁၀၀၀ နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် သဘောတူညီမှုရထားပြီး လာမည့် ၂ နှစ်အတွင်း ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံမှ ၂ ဘီလျံ အထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု သိရသည်။

ACO Investment သည် မြန်မာနိုင်ငံအပြင် ဗီယက်နမ်မှ နေစွမ်းအင်စီမံကိန်းများ၊ ချီကာဂိုနှင့် တူရကီမှ လေဆိပ် များတွင်လည်း ရင်းနှီးမြှုပ်နှံရန် လေ့လာနေသည်ဟု အာချူဆန်က ပြောကြားသော်လည်း အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment