Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. နိုင်ငံတကာသမိုင်းပညာရှင်များကရခိုင်သမိုင်းရှင်းလင်း
  2. ဖိုက်ဘာဆက်ကြောင်းစီမံကိန်းနှင့် ဒေသခံများမပြေလည်မှုဖြစ်
  3. ၂၀၁၅ ရွေးကောက်ပွဲအီးယူကူညီနိုင်ရန် လေ့လာ
  4. အစိုးရလေလံအောင်ကုမ္ပဏီများ အခွန်ရှောင်တိမ်းကြောင်း စိစစ်တွေ့ရှိ

နိုင်ငံတကာသမိုင်းပညာရှင်များကရခိုင်သမိုင်းရှင်းလင်း

နိုင်ငံတကာသမိုင်းပညာရှင်များ၏ ရခိုင်သမိုင်းဆိုင်ရာရှင်းလင်းပွဲတစ်ရပ်ကိုထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟီဒေါ တက္ကသိုလ်၌ မတ်လ ၉ ရက်နေ့တွင်ကျင်းပခဲ့ပြီးရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာသမိုင်းပညာရှင်များ ဖြစ်ကြသည့် ပြင်သစ် နိုင်ငံအာရှလေ့လာရေးဌာနမှ Dr. Jacques P. Leider၊ နယ်သာလန်နိုင်ငံဟိုက်ဂူးဒေသ၊ ဒတ်ခ်ျ ဘာသာစကား အသိအမှတ်ပြုအသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ Dr. Stephan Van Galen၊ ဂျပန် နိုင်ငံကန်ဒါတက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ တက်ရောက်ရှင်းလင်းခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါရှင်းလင်းပွဲ၏ အဓိကရည်ရွယ်ချက်မှာရခိုင်တိုင်းရင်းသားတို့၏ သမိုင်းအစစ်အမှန်ကိုကမ္ဘာမှသိရှိစေရန်၊ နိုင်ငံတကာတက္ကသိုလ်စာကြည့်တိုက်များတွင် ရခိုင်သမိုင်းကြောင်းကိုခိုင်မာသောအကိုးအကားအဖြစ် ကျန်ရှိနေစေရန် အတွက် သမိုင်းပညာရှင်များပြောဆိုသွားသောအချက်အလက်များကို မြန်မာ၊ အင်္ဂလိပ်၊ ထိုင်းဘာသာများဖြင့် ထုတ်ဝေရန်နှင့် မီဒီယာသတင်းဌာနများမှ သုံးစွဲနေသောရိုဟင်ဂျာဟူသည့်အသုံးအနှုန်းသည် မြန်မာသမိုင်းတွင် ရှိ၊ မရှိကို နိုင်ငံတကာမှ သမိုင်းပညာရှင်များ၏ သုံးသပ်ဝေဖန်ချက်များဖြင့် အမှန်တရားတစ်ခုထွက်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့်ကျင်းပခဲ့ ရခြင်းဖြစ်ကြောင်းကော်မတီ၏ အထွေထွေဘဏ္ဍာရေးမှူး ဦးရေဝတကပြောကြားခဲ့သည်။

ရခိုင်သမိုင်းကိုရှင်းလင်းရာတွင် ပြင်သစ်နိုင်ငံအာရှလေ့လာရေးဌာနမှ Dr. Jacques P. Leider က ၁၇၈၅ ခုနှစ်မှ ၁၈၂၅ ခုနှစ်များအတွင်းကရခိုင်ပြည်၏ သမိုင်းဆိုင်ရာအခြေအနေများ၊ နိုင်ငံရေး၊ ဘာသာရေးနှင့် စီးပွားရေး အခြေနေများ ကိုလည်းကောင်းပါမောက္ခ Dr. Stephan Van Galen က ၁၅ ရာစုမှ ၁၈ ရာစုအတွင်းရခိုင်နှင့် ဘင်္ဂလားအကြား ဆက်ဆံရေးအခြေအနေကိုလည်းကောင်း၊ သမိုင်းပါမောက္ခဒေါက်တာအေးချမ်းက ‘ ရခိုင်နယ်စပ်ဖြတ်ကျော် ပြောင်းရွေ့ နေထိုင်မှုမှသည် လူမျိုးစုအကြမ်းဖက်မှု’ ခေါင်းစဉ်ဖြင့် လည်းကောင်းပြောကြားသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာအမည်ခံဘင်္ဂါလီများပဋိပက္ခအပေါ် နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် လူ့အခွင့်ရေးအစီရင်ခံစာတင်သွင်းသူမစ္စတာကွင်တားနားကပါ လူ့အခွင်ရေးချိုးဖောက်နေသည် ဟုစွပ်စွဲပုပ်ခတ် မှုများသည် မဖြစ်သင့်ကြောင်းနှင့် လူတိုင်းတွင်အခွင့်ရေးရှိသလို နိုင်ငံတစ်နိုင်ငံတွင်လည်း အချုပ်အခြာအာဏာရှိခြင်းကြောင့် မြန်မာနိုင်ငံအားအဆိုပါကိစ္စနှင့် လက်ညှိမထိုးသင့်ကြောင်းနှင့် ယခု ရိုဟင်ဂျာဟုခေါ်ဆိုနေကြသောသူများသည် ဘင်္ဂါလီများ သာဖြစ်ပြီးကိုလိုနီခေတ်မှတ်တမ်းများတွင် ရိုဟင်ဂျာဟူသောအသုံးအနှုန်းသည် ခိုင်ပြည်နယ်တွင်မရှိကြောင်း ဒေါက်တာ အေးချမ်းက အခိုင်အမာပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလင်းပွဲသို့ ရခိုင်တိုင်းရင်းသားလူငယ်များ၊ရခိုင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရခိုင်ခေါင်းဆောင်များ ဖြစ်သည့် ဦးဇော်အေးမောင်၊ ဒေါက်တာအေးမောင်နှင့် အစ္စလာမ်ဘာသာရေးအဖွဲ့ အစည်းများပါ တက်ရောက်ကာအပြန် အလှန်မေးခွန်းထုတ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

YC


 

ဖိုက်ဘာဆက်ကြောင်းစီမံကိန်းနှင့် ဒေသခံများမပြေလည်မှုဖြစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စင်ကာပူအခြေစိုက် အိုင်စီတီကုမ္ပဏီတစ်ခုတို့အကျိုးတူပူးပေါင်းဆောင် ရွက်နေ သည့် ဖိုက်ဘာဆက်ကြောင်းစီမံကိန်းကြောင့် မြေဆီလွှာပျက်စီးဆုံးရှုံးရသည်ဟူသည့်ပြဿနာများဒေသခံများနှင့် အဆိုပါ ကုမ္ပဏီတို့အကြားမပြေလည်မှုများဖြစ်ပေါ်နေကြောင်းသိရှိရသည်။

စင်ကာပူနိုင်ငံအခြေစိုက် အိုင်စီတီကုမ္ပဏီ ITHL လက်အောက်မှ အထက်ပါလုပ်ငန်းများကိုဆောင်ရွက်နေသောပြည် တွင်း MFOCN (Myanmar Fiber Optic Network) ကုမ္ပဏီနှင့် ဒေသခံတို့အကြား မပြေလည်မှုများရှိနေခြင်းဖြစ် ကြောင်း မကွေးတိုင်းဒေသခံတောင်သူတစ်ချို့ကပြောကြားခဲ့သည်။

ဖိုက်ဘာဆက်ကြောင်းတည်ဆောက်သည့်စီမံကိန်းကိုမကွေးတိုင်းဒေသကြီးသပြေစမ်းကျေးရွာအနီး၌ ဆောက်ရွက် ရာတွင် မြေဆီလွှာဆုံးရှုံးနစ်နာကြေးကိုဒေသခံတောင်သူများကကာလမြေပေါက်ဈေးထက် ပိုမိုတောင်းခံနေခြင်း တွေ့ရပြီး လျော်ကြေးတောင်းဆိုမှုကိုညှိနှိုင်းသွားမည်ဖြစ်ကာ ပြဿနာများပြေလည်မှုမရှိပါက မြို့နယ်၊ ခရိုင်၊ တိုင်းပြည်သူ့လွှတ်တော် များမှတစ်ဆင့် ဆုံးဖြတ်ချက်ခံယူမည်ဖြစ်ကြောင်းအဆိုပါ ကုမ္ပဏီ၏ ပြောကြားချက်များ အရသိရှိရသည်။

စိုက်ပျိုးသူများကကန့်ကွက်မှုကြောင့် ယခင်တူးဖော်ထားသည့်တူးမြောင်းများတွင် ဆက်လက်ဆောင်ရွက်ခြင်း မပြုတော့ သော်လည်းအဆိုပါတူးဖော်ထားသောနေရာများအား ပြန်လည်ပြင်ဆင်ပေးခြင်းမရှိသောကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အရာရှိများထံ တိုင်ကြားခဲ့သော်လည်းပြေလည်မှု မရသေးကြောင်း ဒေသခံ တောင်သူများက ပြောကြားခဲ့သည်။

ပြည်တွင်း၌ အင်တာနက်ဆက်သွယ်မှုများအတွက် ဖိုက်ဘာဆက်ကြောင်းသွယ်တန်းသည့် စီမံကိန်းသည် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်များအတွင်းအများပြားတည်ဆောက်ခဲ့ပြီးသော်လည်းယခုကဲ့သို့ပြဿနာများပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် (ဟောင်း) တစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။

YC


၂၀၁၅ ရွေးကောက်ပွဲအီးယူကူညီနိုင်ရန် လေ့လာ

၂၀၁၅ ရွေးကောက်ပွဲတွင် အီးယူမှပံပိုးကူညီနိုင်ရန် အကြံပေးပုဂ္ဂိုလ် ၂ ဦးဖြစ်သည့် Mr. Viktor Buttler နှင့် Mr. Xavier Noc တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးညွှန့်တင်နှင့်အတူမွန်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ မတ်လ ၁၃ ရက်နေ့ နံနက် ၉နာရီအချိန်တွင် မွန်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ အတွင်းရေးမှူး ဦးကျော် သူရ နှင့်တွေ့ဆုံမေးမြန်းကြောင်းသိရှိရသည်။

အဆိုပါအကြံပေးပုဂ္ဂိုလ်နှစ်ဦးသည် မွန်ပြည်နယ်အတွင်းကျင်းပပြီးစီးခဲ့သည့် ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲများ နှင့် ပတ်သက်၍ ဆန္ဒမဲပေးပိုင်ခွင့်များနှင့် ပေးပိုင်ခွင့်မရှိသူများအခြေအနေ၊ မဲရေတွက်ပုံအဆင့်ဆင့်၊ မဲပုံးထားရှိမှု၊ မဲရေတွက်မှု၊ ၂၀၁၀ ရွေးကောက်ပွဲ၏ အားနည်းချက်များအပေါ် ၂၀၁၂ ရွေးကောက်ပွဲတွင် ဖြည့်ဆည်းဆောင်ရွက်နိုင်မှု၊ ရွေးကောက်ပွဲ လုပ်ငန်းများတွင် အရပ်ဘက် လူမှုမရေးအဖွဲ့အစည်းပူးပေါင်းပါဝင် နိုင်မှုအခြေအနေစသည် တို့ကိုအသေးစိတ် မေးမြန်းခဲ့ ကြောင်းသိရသည်။

ပြည်သူများကမှန်မှန်ကန်ကန်ရွေးခွင့်မရလျှင် မှန်ကန်ကောင်းမွန်သည့် ကိုယ်စားလှယ်မရနိုင်ဘဲရွေးကောက်ပွဲ လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိမှသာကောလဟာလဖြန့်ဝေသူများ၏ ပြဿနာများကို ဖြေရှင်းပြီးသားဖြစ်မည်ဖြစ်ကြောင်း Mr. Viktor Buttler ကပြောကြားခဲ့သည်။

နိုင်ငံတကာရွေးကောက်ပွဲများနှင့် မြန်မာနိုင်ငံရွေးကောက်ပွဲသည် သိသိသာသာကွာခြားမှုမရှိဘဲ ရွေးကောက်ပွဲ လုပ်ငန်းများနှင့်ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သင့်ကြောင်းစသဖြင့် မွန်ပြည်နယ် မီဒီယာအဖွဲ့၏ မေးမြန်းချက်များကို Mr. Xavier Noc ကပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအဖွဲ့သည် မော်လမြိုင်မြို့ ကွင်းရပ်ရှိတောင်ကုန်းမူလွန်ကျောင်း၌ ကွင်းရပ် ရပ်ကွက်မဲရုံအမှတ်(၃)၏ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်များမဲလာရောက်ထည့်နေမှုအခြေအနေ၊ မဲရေတွက်ခြင်းအခြေအနေများကို မေးမြန်းပြီး သရုပ်ပြပွဲ ပုံစံများကိုမှတ်တမ်းဓါတ်ပုံရိုက်ယူခြင်းပြုလုပ်ပြီးကွင်းရပ် ရပ်ကွက်ကော်မရှင်အဖွဲ့ရုံးသို့ သွားရောက်ကာဖွဲ့စည်းပုံအနေအ ထား၊ မဲစာရင်းစသည်များကိုလေ့လာခဲ့ကြောင်းသိရသည်။

YC


 

အစိုးရလေလံအောင်ကုမ္ပဏီများ အခွန်ရှောင်တိမ်းကြောင်း စိစစ်တွေ့ရှိ

ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နိုင်ငံပိုင်အဆောက်အအုံ၊ လုပ်ငန်း၊ မြေကွက် စုစုပေါင်းနှစ်ထောင်ကျော်လွှဲပြောင်း ပြီးဖြစ် သော်လည်း နိုင်ငံတော်ဘဏ္ဍာသို့ အခွန်ငွေပေးဆောင်ခဲ့သည့် အရေအတွက်မှာ ၁၄ ရာခိုင်နှုန်း ကျော်သာရှိသေးကြောင်း ငွေစာရင်းကော်မတီမှ လွှတ်တော်သို့တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထား ကြောင်းသိရသည်။

နိုင်ငံပိုင် အဆောက်အအုံ၊ လုပ်ငန်း၊ မြေကွက်စုစုပေါင်း ၂,၂၅၇ ခုအနက် အခွန်ပေးဆောင်သည့် အမှုတွဲအရေ အတွက်မှာ ၃၃၁ ခုသာရှိသေးခြင်းဖြစ်ပြီးယင်းအစီရင်ခံလွှာကိုအမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှဖွဲ့စည်းထားသောပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် နိုင်ငံပိုင်သိမ်းဆည်းထားသော အိမ်ရာစီမံကိန်းများရှိအဆောက်အအုံများ၊ မြေကွက်များ၊ စီမံခန့်ခွဲမှုကော်မတီတို့မှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၃,၄၃၂ ခုအနက် ၂,၂၅၇ ခုကိုရောင်းချထားပြီးရရှိငွေ ကျပ်သန်းပေါင်း ၁,၂၆၀,၀၀၀ ကျော်အနက် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ယနေ့ အထိပေးသွင်းခြင်းမရှိသေးသောငွေကျပ်သန်းပေါင်း ၁၇,၀၀၀ ကျော်ရှိနေသေးကြောင်းသိရသည်။

လေံလံအောင်သောပုဂ္ဂလိကလုပ်ငန်းရှင်များမှ ၎င်းတို့ဝယ်ယူခွင့်ရရှိထားသည့် လုပ်ငန်းများအပေါ် ဘဏ်ချေးငွေရရှိ မှသာ နိုင်ငံတော်သို့ငွေပေးချေရမည်ဟူသည့် ကတိကဝတ်ကိုလက်ခံခြင်းမှာ၎င်းတို့အပေါ် လိုက်လျောလွန်းရာရောက် ကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကသုံးသပ်သည်။

ထို့အပြင်လုပ်ငန်းရှင်များ၏ အခွန်ရှောင်မှုကိုတွေ့ရှိရပြီးကျန်ရှိနေသောအခွန်များကို ပြည်တွင်းအခွန် ဦးစီးဌာနမှ တည်ဆဲဥပဒေနှင့်အညီကောက်ခံသွားရန်၊ အဆိုပါကောက်ခံရရှိမှု အခြေအနေများကိုလွှတ်တော်သို့တင်ပြပေးရန် အစီရင်ခံစာ တွင် ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

YC


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment