Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များ နှင့်သတင်းတို

“ကျွန်တော်တို့ကောင်စီက ဆွဲထားတဲ့မီဒီယာဥပဒေလည်း အလုံးစုံအထိန်းအကွပ်မရှိပရမ်းပတာဆွဲထားတာ မဟုတ်ပါဘူး။ တာဝန်ယူမှု ၊ တာဝန်ခံနိုင်မှု၊ ကျင့်ဝတ်အားလုံးပါပါတယ်။ အခု ဥပဒေမူကြမ်းကတော့ အရင် ဥပဒေတွေနဲ့ ဘာမှမထူးဘူးလို့ မြင်ပါတယ်။ ဆီအိုးထဲကနေရေနွေးအိုးထဲပြောင်းထည့်လိုက်သလိုဖြစ်နေပါတယ်”

မတ်လ ၂၁ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃) တွင်ပါရှိသော “ပုံနှိပ်ဥပဒေကြမ်း အတွက် အကြံပြုချက်များဆွေးနွေးရန် စာနယ်ဇင်းကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးတွေ့မည်” သတင်းမှ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဦးကျော်မင်းဆွေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုရပ်ရင် အားလုံးသာမယ်။ ကြေးနီစီမံကိန်းမရပ်ရင် မသာဘူးလို့ပြော လို့ရတယ်။ တိုင်းပြည်လည်း မနစ်နာစေချင်ဘူး။ ဒေသခံတွေလည်း မနစ်နာစေချင်ဘူး။ တရုတ်ကုမ္ပဏီကိုလည်း မထိခိုက်စေချင်ဘူး။ အစိုးရလည်းနစ်နာမှုအောင် စီမံကိန်းကိုရပ်စေချင်တယ်။”

မတ်လ ၂၁ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃) တွင်ပါရှိသော “ကော်မရှင်အစီရင်ခံစာနှင့် ပတ်သက်၍ လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီ ကြေညာချက်ထုန်ပြန်” သတင်းမှ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီနာယက ဦးအံ့မောင်၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


“တောင်သူလယ်သမားများနစ်နာမှုမရှိစေရေးအတွက်လည်း စနစ်တကျမှတ်ပုံတင်နိုင်ရေးနဲ့ မှတ်ပုံတင်သည့် အခါမှာလည်း မှန်မှန်ကန်ကန်ဖြစ်ရေးအတွက်လည်း ဝိုင်းဝန်းလုပ်ဆောင်ပေးရန် လိုအပ်ပါတယ်။ ထိုသို့ဆောင်ရွက်နိုင်မှုများမရှိခဲ့ပါက တောင်သူလယ်သမားများအနေဖြင့် ပေးကားပေး၏မရဆိုသလိုဖြစ်ပြီး လယ်သမားများဘဝအတွက် နစ်နာသွားနိုင်ပါတယ်”

မတ်လ ၂၁ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၁၂) တွင်ပါရှိသော “လယ်ယာမြေမှတ် ပုံတင်ခြင်း နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းမည်” သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဝန်ကြီးဦးအောင်မင်းက အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ ပြည်တွင်းအရေးကို ပြည်တွင်းမှာပဲပြောရ အောင်လို့ ဆိုပြီးတော့ပါ။”

မတ်လ ၂၁ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၁၂) တွင်ပါရှိသော “ကေအိုင်အိုနှင့် မြစ်ကြီးနား တွင် ဆွေးနွေးလို” သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအကြံပေး ဦးလှမောင်ရွှေ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“အခု စစ်ပွဲတွေဖြစ်နေတယ်ဆိုတာက နိုင်ငံရေးပြဿနာပါ။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ကျွန်တော်တို့ တောင်းဆို နေတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းဖို့ပါပဲ။ အဲဒါကို စစ်ရေးနည်းနဲ့ဖြေရှင်းရင်တော့ ဘယ်တော့မှ ပြေလည်မှမဟုတ် ပါဘူး။ နောက် ဆွေးနွေးပွဲတွေမှာလည်း နိုင်ငံရေးဆွေးနွေးတဲ့အဆင့် မရောက်ရင်တော့ ပြေလည်နိုင်မယ်မထင်ပါဘူး”

မတ်လ၂၁ ရက်နေ့ထုတ် Independent Journal အမှတ် (၄၅) တွင်ပါရှိသော “အမုန်းစွဲတရားများကို ငြိမ်းချမ်းရေး ခြေလှမ်းများဖြင့်ဖျက်သိမ်းလို ငြိမ်းချမ်းရေးအတွက် ပြည်သူများပူးပေါင်းပါဝင်မှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ပထမခြေလှမ်းဖြစ်” သတင်းမှ ABSDF မှ ကိုမင်းဋ္ဌေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 NEWS IN BREIF

 

  1. တစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၅၅၀ ကျော်ရှိ

နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုတွင် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် (Individual Trading Card – ITC) ထုတ်ပေးမှုအရေအတွက်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်အထိ ၂၆၁ ဦးရှိပြီး ယင်းကတ်ဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၅၅၀ ကျော် ရှိပြီဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှသိရသည်။ (ITC) ကိုင်ဆောင်သူသည် နှစ်နိုင်ငံ ငွေကြေးကို အခြေခံဆောင်ရွက်သော နယ်စပ်ကုန်သွယ်မှု နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ်စနစ်ဖြင့် ငွေပေးချေဆောင်ရွက်သည့် နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်မှု စနစ်ဖြင့် တင်ပို့တင် သွင်းခြင်း လုပ်ငန်း၊ Transit Trade တို့ကို ဆောင်ရွက်ခွင့်မပြုကြောင်း သိရသည်။

  1. တိုင်းဒေသကြီးအစိုးရ၏ အဖွဲ့ဝင်များကို စင်ကာပူသို့ပညာသင်ရန်စေလွှတ်မည်

မြန်မာနိုင်ငံရှိတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်မှုဆိုင်ရာ ပညာရပ်များအား စင်ကာပူနိုင်ငံရှိတက္ကသိုလ်များသို့ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ပညာသင်စေလွှတ်သွားမည် ဖြစ်ကြောင်းသိရသည် ။ နီပွန် ဖောင်ဒေးရှင်းအနေဖြင့် ယင်းကဲ့သို့ ကူညီဆောင်ရွက်ပေးခြင်းမှာ မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်ကြောင်း ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသား ပြန် လည်သင့် မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဦးယောဟဲအိဆာဆာကာဝါ မှပြောကြား ခဲ့ကြောင်းသိရသည်။

  1. ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးရေးကော်မတီဖွဲ့စည်းရန် လွှတ်တော်တွင်အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် သို့တိုက် တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသောပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။ ထိုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်မှု၊ တာဝန်ခွဲဝေမှုစသည်ဖြင့် အကြံပြုချက်ပေးလိုသူများမှာ ဇွန်လ ၂၅ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ ရေးသားပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 
  1. FEC များပြန်လည်ရွေးနုတ်ရန် ပြည်ထောင်စုလွှတ်တော်ကအတည်ပြု

မတ်လ ၁၉ ရက်တွင်နိုင်ငံတော်သမ္မတထံမှပေးပို့သော နိုင်ငံတော်၏ စီးပွားရေးစနစ် အတွင်းကြားခံအဖြစ် သတ်မှတ်သုံးစွဲလျှက်ရှိသော FEC အားပြန်လည်ရွေးနုတ် ယူမည့်ကြေငြာချက်ထုတ်ပြန်နိုင်ရေး အတွက် ယနေ့မတ်လ (၂၀) ရက်တွင် ကျင်းပသော ပထမအကြိမ်ပြည်ထောင် စုလွတ်တော်ဆဌမပုံမှန် အစည်းအဝေး တွင်ပြည်ထောင်စု လွှတ်တော် ၏ သဘောတူညီ ချက်ရယူပေးနိုင်ရန် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ အားဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ ဖတ်ကြားရှင်းလင်း ခဲ့ပြီးပြည်ထောင်စု လွတ်တော်၏သဘောထား ရယူရာပြည်ထောင်စု လွတ်တော်မှ သဘောတူ ထောက်ခံခဲ့သည်။

  1. ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းပွဲပြုလုပ်

လားရှိုးတွင်ကျင်းပမည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လျှပ်စစ်ဝန်ကြီး၊ သစ်တောရေးရာဝန်ကြီး တို့တက်ရောက်၍ ဗိုလ်ချုပ်ဆေထင်နှင့် အကြိုဆွေးနွေးခဲ့ကြောင်း သိရသည်။ဆွေးနွေးပွဲတွင် ဦးအောင်မင်းမှ RCSS/SSA နှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေဖြင်းမှာ နှစ်ဖက်တပ်များ ရောထွေးနေပြီး နယ်မြေမခွဲခြားမှု မပြုလုပ်ရသေး၍ ဖြစ်ကြောင်း၊အပစ်အခတ်ရပ်စဲရေး လုပ်သည်ဆိုသည်မှာ အပေါ်ပိုင်းတွင် သာမဟုတ်ဘဲ အောက်ခြေအထိလုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အတွက် အသေးစိတ် ဆွေးနွေးမှုအား ယနေ့ မတ်လ ၂၀ ရက်နေ့တွင်ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း အခမ်းအနားတွင်ဆွေးနွေး သွားမည်ဖြစ်ကြောင်းသိရသည်။

  1. ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ရှမ်း၊ကယားညီလာခံကျင်းပ

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဖေဖောဝါရီ ၈ ရက်နေ့က တောင်ကြီးမြို့တွင် အကြိုဆွေးနွေးခဲ့သော ရှမ်း၊ ကယားဆွေးနွေးပွဲအား ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မတ်လ ၂၀ မှ ၂၂ ရက်ထိ ၃ ရက်တိုင်ကျင်းပ မည်ဖြစ်ကြောင်း ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ (တောင်ကြီး) ဦးစိုင်းခင်မောင်ညွှန့် (ခ) စိုင်းခမ်းပိုင်ဖ၏ ပြောပြချက်မှ သိရသည်။ဆွေးနွေးပွဲတွင် အင်းပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဓနု၊ ကယား ငြိမ်းချမ်းရေး အပေါင်းလက္ခဏာ ဆောင်သောရလဒ် များပေါ်ထွက်လာရေးနှင့် နိုင်ငံရေးအခြေခံများ ပါဝင်သော ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆို နိုင်ရန်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

 

  1.  နိုင်ငံတော်သမ္မတသည် ပါတီဥက္ကဋ္ဌ အဖြစ် ရှိနေသေးကြောင်း ဦးဌေးဦးပြော

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆက်လက် ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆိုသွားခဲ့သည်ဟု သိရှိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့် ရှိသောသူများသည် ပါတီတာဝန် ထမ်းဆောင်၍မရကြောင်း၊ ထို့ကြောင့် ပါတီတာဝန်ဖြစ်သည့် ဥက္ကဋ္ဌ တာဝန်ကို အဆင့်မြင့်ဆုံးသူမှ တာဝန်ယူရကြောင်း၊ သမ္မတကြီးသည် တာဝန် အရသာ ပါတီဥက္ကဋ္ဌ အဖြစ်ရှိနေပြီး ပါတီတာဝန်များကို တာဝန်ခံပြီး ဆောင်ရွက်၍ မရကြောင်း ၎င်းက ဆက်လက်ပြောဆို သွားခဲ့သည်ဟု သိရှိရသည်။

 

ပိုမိုသုံးစွဲမည့် ပညာရေးအသုံးစရိတ်ကို လူသားအရင်းအမြစ်အရေအသွေးတိုးမြှင့်မှုတွင် ဦးစားပေးသင့်

ပညာရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကိုပြည်ထောင်စုအစိုးရမှယခင် ကျပ်ငွေ ဘီလီယံ (၆၄၂၈၉၀ ဒသမ ၃၃၆) သုံးစွဲခဲ့ရာမှ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်ကျပ်ငွေ ဘီလီယံ (၉၀၇၉၇၆ ဒသမ ၆၂၄) သုံးစွဲရန်လျာထား ကြောင်းသိရ သည်။တိုးမြှင့်သုံးစွဲသည့် ပညာရေးဌာန၏ အသုံးစရိတ်ကို အခြေခံအဆောက်အအုံများအတွက် သုံးစွဲခြင်းထက် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ အရည်အသွေးမြှင့်တင်မှုပိုင်းတွင်သာ ဦးစားပေးသုံးစွဲသင့်ကြောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ အကြံပြုပြောကြားခဲ့ ကြောင်းသိရသည်။

  1. ပြည်ပသို့သွားမည့်သူများ ဗီဇာနှင့် မာစတာကတ်များသုံးနိုင်တော့မည်

အမေရိကန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အီလက်ထေရွန်နစ်ငွေပေးချေရေးကုမ္ပဏီများ ဖြစ်သော ဗီဇာနှင့် မာစတာ လုပ်ငန်းကြီးနှစ်ခုသည် ကမ္ဘောဇ၊ CB အစရှိသော ပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်ကာ မြန်မာနိုင်ငံသားများ နိုင်ငံတကာသို့ သယ်ဆောင်ကာ လဲလှယ် အသုံးပြုနိုင်မည့် ငွေပေးချေရေးကတ်များကို ယခုနှစ်အတွင်း ထုတ်လုပ်ပေး သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ နိုင်ငံတကာ ဘဏ်လုပ်ငန်းဌာနမှ မန်နေဂျင်းဒါရိုက်တာ ဦးညိုမြင့်၏ ပြောကြားချက်မှ သိရှိရသည်။

 

  1.  မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကုန်သွယ်ရေးလေဆိပ်အဖြစ် အဆင့်မြှင့်မည်

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကုန်သွယ်ရေးလေဆိပ်အဖြစ် ဇူလိုင်လတွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ ယခုအခါ China Eastern Airlines မှမန္တလေး-ကူးမင်း၊ Thai Air Asia မှ မန္တလေး-ဘန်ကောက်သို့ ပြေးဆွဲနေပြီဖြစ်ပြီး ယခုလကုန်ပိုင်း တွင်လည်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃ ခုမှတိုက်ရိုက်ပျံသန်းမှုများ စတင်မည်ဖြစ်ကြောင်း သိရသည်။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment