Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“မငြိမ်သက်မှုတွေများလာရင် မကောင်းပါဘူး။ နိုင်ငံရေးကို အရေးမထားတဲ့သူတွေကတော့ လာရောက်ရင်းနှီးမြှုပ်နှံလိမ့်မယ်။ အနည်းနဲ့အများတော့ ထိခိုက်စေနိုင်ပါတယ်။ ရေရှည်မှာတော့ မကောင်းဘူး။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေလာမယ်ဆိုရင် ဒီတိုင်းပြည်ရဲ့ ငွေကြေးတည်ငြိမ်လား၊ ငြိမ်းချမ်းမှုရှိရဲ့လား၊ ပြည်သူတွေတည်ငြိမ်မှုရှိရဲ့လား၊ အစိုးရလုပ်ပုံ ကောင်းရဲ့ လား၊ ပြည်သူတွေ တည်ငြိမ်မှုရှိရဲ့လားဆိုတာကို အဘက်ဘက်က ကြည့်ပါတယ်။ ဒေသတွင်းမှာ စားဝတ်နေရေးထိခိုက်နေမယ် ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက မလာနိုင်ပါဘူး”

မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ် (၁၀၄) တွင်ပါရှိသော “ပြည်တွင်းရေးမငြိမ်သက်မှုများက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်နိုင်”သတင်းမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအကြံပေးရှေ့နေ ဦးသန်းမောင်(စစ်တွေ)၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ပြည်သူတွေက တရားရုံးအပေါ်မှာ ယုံကြည်မှုမရှိဘူးဆိုတာ တွေ့လိုက်ရပါတယ်။ လုံးဝကို တရားရုံးတွေကို အားမကိုး တော့ဘူး။ ငွေကိုပဲ အားကိုးနေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒါ ကျွန်မတို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင် ဘယ်လောက်ပျက်စီးနေတယ် ဆိုတာ ပြတာပဲ။ ဒါကို ပြန်လည်ထူထောင်ဖို့ ကြိုးစားရမယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာတိုင်းမ် အမှတ်(၆၁၄) တွင်ပါရှိသော “မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်သူ ၉၉ ရာခိုင်နှုန်း ယုံကြည်မှုမရှိ” သတင်းမှ တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဌာနဆိုင်ရာတွေအနေနဲ့ လုပ်ငန်းစနစ်တွေမှာ အဆင့်တွေများနေတယ်။ နှောင့်နှေးကြန့်ကြာမှုတွေရှိတယ်။ အချိန်တွေ ပိုကြာတယ်။ ငွေတွေပိုပေးရတယ် ဆိုတာလေးတွေရှိလာတဲ့အတွက် ကျွန်တော်တို့ကို နိုင်ငံတော်ကနေ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပြီးတော့ ဒီလိုမလိုလားအပ်တဲ့ ကြန့်ကြာမှုတွေမရှိအောင် လုပ်ငန်းအဆင့်တွေကို အဆင့်ဆင့်ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်”

မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာတိုင်းမ် အမှတ်(၆၁၄) တွင်ပါရှိသော “ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများအား ကြန့်ကြာမှုမရှိအောင် အဆင့်ဆင့်ဖြေလျှော့”သတင်းမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ ဦးဆောင်ညွှန်ကြားရေး မှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တားဆီးတဲ့နေရာမှာ အသိတရားနဲ့တားဆီးရမယ်၊ နောက်တစ်ခုက တရားဥပဒေစိုးမိုးမှုကို ခိုင်ခိုင်မာမာတည်ဆောက်ဖို့ လိုတယ်။ နှစ်ဦးနှစ်ဖက်လုံးက အစွန်းမရောက်တဲ့ အမြင်မျိုးတွေနဲ့ညှိနှိုင်းမယ်ဆိုရင် အဆင်ပြေမယ်”

မတ်လ ၂၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၁) တွင်ပါရှိသော “ထိပ်တိုက်ရင်ဆိုင်မှု စိန်ခေါ်မှုတွေ ဖြေရှင်းရင် အစွန်းမရောက်ဖို့လို” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ပြီးခဲ့တဲ့ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်ကျဆုံးခြင်း အထိမ်းအမှတ်အခမ်းအနားမှာ အဲဒီစစ်ခေါင်းဆောင်တွေ လာတောင်းပန်လို့ ရတယ်ဆိုပြီး ကျွန်တော့်အနေနဲ့ မီဒီယာတွေကနေ တစ်ဆင့်ပြောခဲ့ပါတယ်။ အဲဒီနေ့က ဘယ်သူမှလာပြီး တစ်စုံတစ်ရာပြောခဲ့တာမျိုး၊ ကိုယ်စားလှယ်နဲ့လာပြောခိုင်းတာမျိုး လုံးဝမရှိခဲ့ပါဘူး။ ခုဒီကိစ္စ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေး အကျဉ်းသားပောာင်းတွေ တိုင်ပင်ထားပြီးပါပြီ။ ခုကိစ္စလေးတွေရှိနေသေးတဲ့အတွက် သင်္ကြန်ပြီးရင် ဒီတရားစွဲမယ့်ကိစ္စကို သတင်းစာ ရှင်းလင်းပွဲကြီးလုပ်ပြီး တရားစွဲမယ့်ကိစ္စ ဆက်လက်လုပ်ဆောင်သွားမှာပါ”

မတ်လ ၂၈ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ(၃) အမှတ်(၁၃၅) တွင်ပါရှိသော “ယခင် တပ်မတော် ခေါင်းဆောင်အချို့ကို တရားစွဲမည့်ကိစ္စ သင်္ကြန်အပြီးစတင်မည်ပာုဆို”သတင်းမှ နိုင်ငံရေး အကျဉ်းသားပောာင်း ဦးအောင်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


NEWS IN BRIEF

၂၀၁၂ ခုနှစ်အတွင်းမြန်မာနိုင်ငံမှ ပြည်ပသို့အထည်ချုပ်တင်ပို့မှုဒေါ်လာသန်း ၁၀၀၀ ရရှိ

၂၀၁၂ ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းများပြည်ပတင်ပို့မှုတွင် FOB နှင့် CMP နှစ်မျိုးစလုံးမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော် စံချိန်တင်ရရှိထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ ၂၀၁၂ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ FOB တင်ပို့မှု မှဒေါ်လာ ၈၄၈ ဒသမ ၂၅ သန်း၊ CMP လက်ခစားလုပ်ငန်းမှ ဒေါ်လာ ၉၈ ဒသမ ၁၃ သန်း

ရရှိကြောင်းသိရသည်။ ၂၀၁၃ ခုနှစ်အတွင်းနိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံ ရင်းနှီးမြှနှံမှုကော်မရှင်မှ မင်္ဂလာဒုံ စက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်၊လှိုင်သာယာစက်မှုဇုန်(၁)၊ မှော်ဘီမြို့နယ်နှင့် ပဲခူးစက်မှုဇုန်တို့တွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်ကုမ္ပဏီ ၁၀ ခုခန့်ကိုလုပ်ပိုင်ခွင့်ချပေးထားကြောင်းသိရသည်။


ပဋိပက္ခများတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုအပေါ်အစိုးရအား OIC ဝေဖန်

အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(OIC)၏ အထွေထွေအတွင်းရေးမှူးချုပ် အက်ခမယ်လက်ဒင် အီဆာနိုဂလူက အစွန်းရောက် ဗုဒ္ဓဘာသာဝင်များကြောင့် မွတ်ဆလင် ဘာသာဝင်များအပေါ် အကြမ်းဖက်မှုများဖြစ်ပေါ်နေခြင်းအပေါ် မတ်လ ၂၆ ရက်နေ့တွင် ပြင်းထန်စွာ ပြစ်တင်ဝေဖန်လိုက်ကြောင်း သိရသည်။မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ အပြစ်မဲ့ ပြည်သူများ၏ အသက်ကို အကာအကွယ်ပေးရန် တာဝန်ပျက်ကွက်ခဲ့မှု အတွက် စိုးရိမ်ပူပန်ကြောင်းဖော်ပြခဲ့သည်။


ပဋိပက္ခများမဖြစ်ပေါ်စေရန်အမျိုးသားဒီမိုကရေစီပါတီသစ်ပူးပေါင်းဆောင်ရွက်မည်

မတ်လ၂၇ရက်နေ့တွင်ပြုလုပ်သော တပ်မတော်နေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီပါတီသစ်မှ မလိုလားအပ်သည့် ပဋိပက္ခများ မပေါ်ပေါက်စေရန် ပုးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ကြေငြာချက်တွင် မလိုလားအပ်သောဖြစ်ရပ်များ မပေါ်ပေါက်စေရေး မိမိတို့ပါတီအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တာဝန်ယူဆောင်ရွက်ရန် အသင့်ရှိကြောင်း၊၂၀၁၃ ခုနှစ်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဆိုင်ရာဥပဒေများ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း အာဏာပိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်း ကြားမှုအား တုံ့ပြန်မှုမရှိသေးကြောင်းဖော်ပြထားသည်။


ရခိုင်ပြည်နယ်တွင်ကောလဟာလများ မရှိစေရန်အဖွဲ့ဖွဲ့စည်းဆောင်ရွက်

ကာလာဟလများကြောင့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ် သံတွဲ ခရိုင်တွင် ခရိုင် အုပ်ချုပ်ရေးမှူး၏ အစီအစဉ်နှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများနှင့် ဖွဲ့စည်းကာ မတ်လ ၂၇ ရက်နေ့မှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။ အဆိုပါ ကောလာဟလများ တိုက်ဖျက်ရေးနှင့် သတင်းမှန်ဖြန့်ချိရေး အဖွဲ့ဝင်များ အနေဖြင့် နံနက်နှင့် ည ၂ ဆိုင်း ခွဲကာ ၂၄ နာရီလုံး မြို့နယ်တွင်းနှင့် ကျေးရွာများအထိပါ ဆက်သွယ် ကာ ကောလာဟာလ ပပျောက်ရေးအတွက် လုပ်ဆောင်နေခြင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။


စင်ကာပူ သမ္မတ မြန်မာနိုင်ငံ လာရောက်မည်

သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ စင်ကာပူ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းနှင့် ဇနီး မစ္စစ် မေရီ ကန်တို့သည် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။


ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကျင်းပမည်

ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို လာမည့်ဧပြီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ခွဲဝေ ချထားခဲ့သော ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေခွဲတမ်းရရှိမှုကိစ္စများကို အဓိကတင်ပြဆွေးနွေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။ ဆွေးနွေးမည့်ရက်ကို ဧပြီ ၁ ရက်မှ ၅ ရက်ထိ လျာထားသော်လည်း လိုအပ်ပါက ၈ ရက်နှင့် ၉ ရက်များတွင်ပါ နှစ်ရက်တိုး၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံသို့ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုအသင်းလာရောက်ဆွေးနွေး

ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသင်းတာဝန်ရှိသူများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ဥပဒေနှင့်လုပ်ထုံး လုပ်နည်းများ ကို မတ်လ တတိယပတ်မတွင်း လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းများ၊ ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ဥပဒေရေးရာနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ၊ပညာရေးလုပ်ငန်းများ၊ အခြေခံ အဆောက်အဦးဆိုင်ရာလုပ်ငန်းများကို အဓိကတိုးမြှင့်လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


ဘာသာပေါင်းစုံညီညွတ်ရေးနှင့် အကြမ်းဖက်မှုများ ကာကွယ်တားဆီးရေးကွန်ရက် ကြေညာချက်ထုတ်ပြန်

ဆရာမသန်းမြင့်အောင် တည်ထောင်သည့် အောင်ကွန်ရက် Myanmar ICT for Development Organization Triangle Women Support Group၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှအမျိုးသမီးများ၊ Rainfall အဖွဲ့၊ Unison အဖွဲ့၊ Noble Mind အဖွဲ့၊ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ၊သုခရိပ်မြုံပရဟိတဂေဟာ၊ ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ရက်အဖွဲ့များ ကွန်ရက်နှင့် အနုပညာရှင်များ ပူးပေါင်းပြီး ဖွဲ့စည်းလိုက်သော ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် အကြမ်းဖက်မှုများ ကာကွယ်တားဆီးရေးကွန်ရက်က မတ်လ ၂၇ ရက်၌ အချက် ရှစ်ချက်ပါ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ကြေညာချက်တွင် ပြည်သူလူထုတစ်ရပ်လုံးမှာ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုများ၏ ထောင်ချောက်မှ သတိထားရှောင်ရှားနိုင်ရန် အရေးတကြီးလိုအပ်နေပြီး အစိုးရတာဝန်ရှိသူများ ဘက်မှလည်း လက်ရှိဖြစ်ပေါ်နေသော ဘာသာရေးပဋိပက္ခများကို ဥပဒေနှင့်အညီ တိကျစွာကိုင်တွယ်ဖြေရှင်း၍ နောင်မဖြစ် ပေါ်စေရန်နှင့် နောက်ကွယ်မှကြိုးကိုင်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား အမြန်ဆုံးအရေးယူပေးရန် တိုက်တွန်း တောင်းဆိုထားကြောင်း သိရသည်။ ပဋိပက္ခများမှာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ ကြားဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဟု မှတ်ယူရန်ခဲယဉ်းပြီး နိုင်ငံသားတို့၏ အရိုးခံဘာသာရေး ယုံကြည်မှုကို လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ အသုံးချနေသည်ဟု ရှုမြင်ကြောင်း၊ လုံခြုံရေးတာဝန်ရှိသူတို့အနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် တရားဥပဒေစိုးမိုးမှု မရှိတော့ဘဲ မလိုလားအပ်သော ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးများ ကြုံတွေ့ခဲ့ရပြီး ပဋိပက္ခများ ပိုမိုကြီးထွားခဲ့ရသည်ဟု ကောက်ချက်ဆွဲနိုင်ကြောင်း ဖော်ပြပါရှိသည်။


ပညာရေးမူဝါဒပြုပြင်ပြောင်းလဲနိုင်ရန် ကော်မတီများစတင်ဖွဲ့စည်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးပွဲတစ်ခုကို ယခုနှစ်ဇွန်လဆန်းတွင် ရန်ကုန်မြို့၌ ကျင်းပနိုင်ရန် ဒေသအလိုက်ကော်မတီများ စတင်ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။               

ပညာရေးမူဝါဒ          ပြုပြင်ပြောင်းလဲရေးအတွက် အဓိကအနေဖြင့် ဆရာ၊              ဆရာမများ၏ အရည်အသွေးများကို မြှင့်တင်ရန်နှင့်သင်ကြားမှုနည်းစနစ်ကိုပြောင်းလဲရန် လိုအပ်ကြောင်း လားရှိုးမြိုရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပ သည့် အဆိုပါပညာရေး မူဝါဒ ပြုပြင်ပြောင်းလဲရေး ကော်မတီဖွဲ့စည်းသည့် အခမ်းအနားတွင် Thinking Classroom Foundation မှ ဆရာမအစိုင်း၏ပြောဆိုချက်အရသိရသည်။


 ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေး NLD ပညာရေးကွန်ရက်မှဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြင့်တက်လာနိုင်စေရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ပညာရေး ကွန်ရက်မှ အမျိုးသားပညာရေးစီမံကိန်းနှင့် အမျိုးသားပညာရေးမူဝါဒတစ်ရပ် ချမှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ NLD ...ပါတီပညာရေးကွန်ရက်မှ ပညာရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံအနှံ့အပြားရှိ ပညာရေးဆောင်ရွက်နေသူများနှင့် ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲစိတ်ဝင်စားသူများထံမှ အကြံဉာဏ်တောင်းခံခြင်း၊ ပညာရေးသုတေသနအဖွဲ့များ ဖွဲ့စည်း၍ စနစ်တကျလေ့လာမှုများပြုလုပ်ခြင်းတို့ကိုပြုလုပ်၍ ပြည်သူ့လွှတ်တော်သို့ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံနေမွတ်စလက်ဒုက္ခသည်များအား ဆော်ဒီနိုင်ငံမှလက်ခံမည်

လက်ရှိမြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်ဒုက္ခသည် ငါးသိန်းနီးပါးခန့်ဆော်ဒီနိုင်ငံတွင်  နေထိုင်ခွင့်ရရှိနိုင်စေရန် နေထိုင်ခွင့်ပါမစ် (iqamas)များထုတ်ပေးသွားမည် ဖြစ်သည့်အပြင် အဆိုပါဒုက္ခသည်များနေထိုင်ရာတွင် အဆင်ပြေနိုင်စေရန် ဆော်ဒီမင်းသား ခါလက်အယ်ဖိုင်ဆယ်က အိမ်ရာများ ဖော်ထုတ်ပေးနေပြီဖြစ်ကြောင်း ဆော်ဒီနိုင်ငံမှ သတင်း ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံနေ မွတ်စလင်ဒုက္ခသည်များနေထိုင်နိုင်ရန် အိမ်ရာများဖော်ထုတ်ပေးရာတွင် ၎င်းတို့၏ ကျန်းမာရေး လူမှုရေး၊ ပညာရေးနှင့် ရပ်ကွက်ဖွံ့ဖြိုးရေးကိစ္စရပ်များကိုပါ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။


အစိုးရပိုင်ဘဏ်များတွင် ငွေထုတ်ငွေသွင်းလုပ်ငန်းများ၌အဆင့်များလျှော့ချ

နိုင်ငံတဝန်း ဘဏ်ခွဲပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားတဲ့ နိုင်ငံပိုင်ဘဏ်တွေမှာ ဧပြီ ၂ ရက်ကစပြီး ငွေသွင်း၊ ငွေထုတ်နဲ့ ငွေလွှဲ လုပ်ငန်းတွေကို အဆင့်ပေါင်းများစွာ လျှော့ချပြီး အလွယ်တကူ ထုတ်ယူနိုင်အောင် လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင်မည်သည့်ဘဏ်မှာပဲ ငွေစုထားထား ရောက်ရှိနေတဲ့ဒေသက နီးစပ်ရာ ဘဏ်တွေမှာ ငွေထုတ်ယူနိုင်အောင်လဲ လုပ်ဆောင်ထားပြီးဖြစကြောင်းနှင့် ပုဂ္ဂလိကဘဏ်တွေနည်းတူ ခရီးဦးကြို ကူညီလုပ်ဆောင်ပေးမယ့် ဧည့်ကြိုဝန်ထမ်းတွေ ထားရှိလုပ်ဆောင်ပေး သွားတော့မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ဒု-အထွေထွေမန်နေဂျာ ဦးအောင်ကျော်စိုး၏ ပြောကြားချက်မှ သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment