Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“မြန်မာနိုင်ငံက လုပ်ငန်းရှင်များ မိမိတို့ရဲ့ဝန်ထမ်းတွေကို တန်ဖိုးထားပါ။ မိမိတို့ရဲ့ဝန်ထမ်းတွေကို ဂရုစိုက်ပါ။ မိမိတို့ရဲ့ လုပ်ငန်းဝန်ထမ်းများကို ပိုမိုအင်အားတောင့်တင်းအောင် အကြံဉာဏ်တွေကို အသုံးပြုပါ။ ဂျပန်လူမျိုးကို အသုံးပြုပါ။ ဂျပန် နိုင်ငံရေး ငွေရေး၊ ကြေးရေးအသုံးပြု”

ဧပြီ ၁ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “မြန်မာကုမ္ပဏီ ၅၃ ခုနှင့် ဂျပန်ကုမ္ပဏီ ၅၀ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေး”သတင်းမှ ဂျပန်နိုင်ငံမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံက အခု(ATPF) အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိလို့ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းတွေ၊ အဖွဲ့နိုင်ငံ တွေနဲ့ ဈေးကွက်ရှာဖွေခြင်း လုပ်ငန်းတွေ၊ ကျွန်တော်တို့ နိုင်ငံမှာ အခက်အခဲဖြစ်နေတဲ့ ကုန်သွယ်ရေးမြှင့်တင်ရေးကိစ္စတွေ၊ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စတွေအားလုံးကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမယ့် အခွင့်အရေးတွေရရှိမှာပါ”

ဧပြီ ၁ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “ATPF မှ မြန်မာနိုင်ငံကို လေးကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလက်ခံရရှိ”သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ပုံနှိပ်နဲ့ထုတ်ဝေရေးလုပ်ငန်းအတွက်က ထိန်းချုပ်စရာလိုကိုမလိုလို့ ကျွန်တော်တို့ဆွဲတဲ့ မီဒီယာဥပဒေမှာ ထည့်မရေးတာ ပစ် ထားတာမပာုတ်ဘူး”

ဧပြီ ၁ ရက်နေ့ထုတ် The Voice ဂျာနယ် အတွဲ (၉) အမှတ် (၁၃) တွင်ပါရှိသော “မီဒီယာဥပဒေကြမ်းကိစ္စ လွှတ်တော်ပြန်မစမီ နှစ်ဖက်တွေ့ဆုံ အဖြေရှာမည်”သတင်းမှ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိ ကြုံတွေ့နေရတာကတော့ ကျေးရွာမှာ စည်ပင်သာယာရေး အဖွဲ့ကဖြစ်စေ၊ ဆောက်လုပ်ရေးလုပ်ငန်းကဖြစ်စေ လမ်းဖောက်တဲ့အခါမှာ လမ်းနေရာပေးဖို့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ဒေသခံတစ်ချို့နဲ့ အဆင်မပြေတဲ့အတွက် တိကျတဲ့ ကျေးရွာချင်းဆက်လမ်း ဥပဒေတစ်ရပ် ရေးဆွဲဖို့လိုတယ်”

ဧပြီ ၁ ရက်နေ့ထုတ် The Voice ဂျာနယ် အတွဲ (၉) အမှတ် (၁၃) တွင်ပါရှိသော “ကျေးရွာချင်းဆက်လမ်းများ တိုးချဲ့ရန် ဥပဒေရေးဆွဲမည်”သတင်းမှ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တောင်သူလယ်သမားတွေ အားလုံးညီညွှတ်သင့်ပြီ။ တောင်သူလယ်သမား အစည်းအရုံးဖွဲ့ပြီးရင် တောင်သူ လယ်သမားတွေ ရဲ့ အခွင့်အရေးတွေ တောင်းဆိုနိုင်ပြီး ဖိနှိပ်ခံရတာတွေကို အင်အားကောင်းကောင်းနဲ့ ပြန်ပြီး တုန့်ပြန်နိုင်မယ်”

မတ်လ ၃၀ ရက်နေ့ထုတ် Unity ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “တောင်သူလယ်သမား အစည်း အရုံးဖွဲ့သင့်ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ တိုက်တွန်း”သတင်းမှ ပျော်ဘွယ် မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 NEWS IN BRIEF

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာ ဆွေးနွေးသင့်

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်သင့်တဲ့ အချက်အလက်တွေကို တပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကအဖွဲ့ဝင် ဆရာဦးဝင်းတင်က မတ်လ ၃၀ ရက်နေ့ ရန်ကုန်မြို့ ဖိုးစိန်လမ်း Holiday ခန်းမမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပြောင်းလဲဖြစ်စဉ်ကာလနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွင် ဦးဝင်းတင်မှ ပြောသည်။


ပညာရေချိန်နှိမ့်ပါးနေခြင်းမှာ ပဋိပက္ခဖြစ်ရန်လွယ်ကူ

ပညာရေးအားနည်းခြင်းများနှင့် မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ် ကြောင်း ဟိန္နူဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၃၀ ရက်နေ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)တွင် ပြုလုပ်သည့် လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။


ရန်ကုန်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ချမှတ်

လူဦးရေတိုးတက်လာသည်နှင့်အမျှ ရန်ကုန်မြို့တွင်ချဲ့ထွင်မှုစီမံကိန်းတစ်ရပ်အနေဖြင့် အိမ်ရာစီမံကိန်း ၁၁ ခုကို အထပ်မြင့် အဆောက်အအုံများတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အိမ်ရာစီမံကိန်း ၁၁ ခုမှာ ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ သုဝဏ္ဏအိမ်ရာ၊ ပျဉ်းမပင်၊ ပုစွန်တောင် ပြည်တော်သစ်၊ ရွှေဂုံ၊ ၅၁ လမ်းအိမ်ရာ၊ လမ်းသစ်၊ ကြို့ကုန်း၊ ဦးဝိစာရနှင့် ဖဆပလအိမ်ရာတို့ ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်စီမံကိန်း ဦးစီးဌာနမှသိရသည်။


AP သတင်းဌာန မြန်မာနိုင်ငံတွင်ရုံခွဲဖွင့်မည်

 ၂၈၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အမေရိကန်သတင်းဌာန Associated Press (AP)သည် မြန်မာနိုင်ငံတွင်  ရုံးခွဲဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသတင်းဌာနမှာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများတိုက်ရိုက် ရယူသည့် နိုင်ငံခြားသတင်းဌာန ၆ ခုအနက်တစ်ခုဖြစ်ကြောင်း သိရှိရသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment