Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာနှင့် ပင်စင်နှုန်းထားများ တိုးမြှင့်သတ်မှတ်
  2. တရုတ်ပါဝင်မှုမရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြည်တွင်း၌ကျင်းပနိုင်ရန် ကြိုးပမ်းမည်
  3. တောင်သူများအတွက် သီးနှံအခြေခံဈေးနှုန်းနှင့် အာမခံဈေးသတ်မှတ်ဝယ်ယူနိုင်ရေး ဥပဒေပြဋ္ဌာန်းမည်
  4. လူကုန်ကူးမှုတိုက်ဖျက်ရေး အစိုးရနှင့် DKBA ပူးပေါင်းဆောင်ရွက်မည်

နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာနှင့် ပင်စင်နှုန်းထားများ တိုးမြှင့်သတ်မှတ်

အစိုးရဝန်ထမ်းများ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ၎င်းတို့၏ စားဝတ်နေရေး၊ လူနေမှုအဆင့်အတန်းများကို အထိုက်အလျောက်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာ နှုန်းထားများ ကို နှစ်သောင်းကျပ်စီ တိုးမြှင့်ပေးလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဧပြီလ ၁ ရက်နေ့ ရက်စွဲဖြင့် အမိန့် ကြော်ငြာ စာ အမှတ်(၅၄၄/၂၀၁၃)ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ နိုင်ငံတော်အနေဖြင့် နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာနှုန်းများကို တိုးမြှင့်ပေးရာတွင် နှစ်တိုးများကို လက်ရှိလစာ နှုန်းအရ နှစ်တိုးကာလများအတိုင်း ဆက်လက်ခံစားခွင့်ပြုရမည့်အပြင် နိုင်ငံဝန်ထမ်းများအား လက်ရှိခံစားခွင့်ပြုထားသော အပို ထောက်ပံ့ကြေးများကိုလည်း ဆက်လက်ခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ နိုင်ငံဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်ခံစားခွင့်ပြုသကဲ့သို့ ပင်စင်ခံစားနေရသော အငြိမ်းစားများ ကိုလည်း လက်ရှိပင်စင်လစာများအပြင် တိုးမြှင့်ခံစားခွင့်ပြုသည့်လစာ ၂၀၀၀၀ အပေါ် ပင်စင်နည်းဥပဒေနှင့် အညီ တွက်ချက်၍ တိုးမြှင့်ခံစားခွင့်ပြုလိုက်ကြောင်း သိသည်။

ထို့ပြင် အစိုးရဌာနအဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏လုပ်ခကို တစ်နေ့အလုပ်ချိန် ၈ နာရီဖြင့် နိုင်ငံတော်မှ လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် ၁၁၀၀ မှ လုပ်ခကျပ် ၁၇၀၀ သို့တိုးမြှင့်သတ်မှတ်လိုက်ပြီး ၎င်းတို့အတွက် အပိုထောက် ပံ့ကြေး တစ်နေ့ ကျပ် ၁၀၀၀ ကိုလည်း ဆက်လက်ခံစားခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

တပ်မတော်မှ တပ်မတော်သားများအတွက် လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့တင်ပြ၍ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရပ်ခြားတွင် သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူဝန်ထမ်း များ ပြည်ပတွင်တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာနှုန်းများအတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့်ထုတ်ယ ခံစားခွင့်ပြုထားသော်လည်း ၎င်းတို့မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင် ရသည့်အခါတွင် မိမိရာထူး အဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသော လစာနှုန်းသစ်ကို ခံစားခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

YC


တရုတ်ပါဝင်မှုမရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြည်တွင်း၌ကျင်းပနိုင်ရန် ကြိုးပမ်းမည်

တရုတ်နိုင်ငံ၏ ဖိအားပေးမှုများ ပါဝင်မှုမရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ် မြောက်ရေးတပ်မတော်(KIO)တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြန်မာနိုင်ငံအတွင်း ကျင်းပသွားနိုင်ရန် စီစဉ်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တစ်ဦးက ပြောကြားသည်။

၂၀၁၃ မတ်လပိုင်းအတွင်း ကျင်းပခဲ့သည့် KIO နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တရုတ်၏ဖိအား ပေးမှုများ ပါဝင်နေပြီး အခြားစွက်ဖက်မှုများကို တရုတ်နိုင်ငံနှင့် သံတမန်ရေးရာအရ ပြောကြားရန် မသင့်တော်သည့်အတွက် ပြောကြားနိုင်ခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အစိုးရနှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကိစ္စရပ်များတွင် မည်သူချိုးဖောက်သည်များကို စောင့်ကြည့်နိုင်ရန် KIO ဘက်မှတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုသက်သေ အဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့၌ ပြုလုပ်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မပြီးပြတ်သည့် ကိစ္စရပ်များ အားဆက်လက်ဆွေးနွေးရန် တရုတ်နိုင်ငံမှ ဖိအားပေးမှုများ ပြုလုပ်ခဲ့သည့်အတွက် နောက်နေ့ နံနက် ၁ နာရီထိတိုင် ဆွေးနွေး ခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြည် တွင်း၌ ပြုလုပ်ကျင်းပရန် နေရာသတ်မှတ်နိုင်ခြင်းမရှိသေးသော်လည်း နောင်လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြည်တွင်း၌ ကျင်းပနိုင်ရန်မှာ ရာခိုင်နှုန်းများပြားကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့နှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲတွက် နှစ်ဘက်အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း သိရှိရသည်။

                                                                                        YC


တောင်သူများအတွက် သီးနှံအခြေခံဈေးနှုန်းနှင့် အာမခံဈေးသတ်မှတ်ဝယ်ယူနိုင်ရေး ဥပဒေပြဋ္ဌာန်းမည်

ယခုနှစ်အတွင်း သီးနှံအထွက်နှုန်းလျော့ကျမှု၊ ဈေးကောင်းမရရှိမှုများကြောင့် ဆင်းရဲတွင်းပိုမိုနက်လျက်ရှိသည့် တောင်သူများ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိနိုင်စေရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်း၍ ကာကွယ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဥပဒေတွင် ဆန်စပါးအပါအဝင် အခြားလယ်ယာထွက်ကုန်သီးနှံများအား အခြေခံဈေးနှုန်းသတ်မှတ် ဝယ်ယူနိုင် ရေး၊ ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့လာပါက အာမခံဈေးနှုန်းတစ်ခု သတ်မှတ်ဝယ်ယူနိုင်ရေး၊ တောင်သူများ၏ နှစ်စဉ် လယ်ယာ စိုက်ပျိုးရေးစရိတ် ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် တိုးမြှင့်ထုတ်ချေးနိုင်ရေး စသည့်တောင်သူများ၏ အကျိုးစီးပွားရေး ကာကွယ်ရေးဆိုင်ရာ အချက်များကို ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရှိရသည်။

အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းတို့မှ တာဝန်ရှိသူများသည် ပြည်သူလွှတ်တော်ဥက္ကဋ္ဌနှင့် ဧပြီလ ၁ ရက်နေ့တွင် တွေ့ ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရေးအတွက် လွန်ခဲ့သည့် ခြောက် လကတည်းကပင် လွှတ်တော်တွင် အဆိုတင်သွင်းထားခဲ့ခြင်းဖြစ်ပြီး အဓိကအနေဖြင့် သီးနှံအထွက်နှုန်း လျော့ကျခြင်း နှင့် သီးနှံအထွက်နှုန်းမကောင်းခြင်းကြောင့် တောင်သူများ အခက်အခဲကြုံတွေ့နေရလျက်ရှိသည့်အတွက် အဆိုပါ တောင်သူများ အား ကာကွယ်ပေးနိုင်ရန်အတွက် သီးနှံအခြေခံဈေးနှုန်းနှင့် အာမခံဈေးသတ်မှတ် ဝယ်ယူနိုင်ရေးအတွက် ဥပဒေတစ်ရပ် ခိုင်ခိုင် မာမာပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

YC


လူကုန်ကူးမှုတိုက်ဖျက်ရေး အစိုးရနှင့် DKBA ပူးပေါင်းဆောင်ရွက်မည်

ကရင်ပြည်နယ် ထိုင်း - မြန်မာ နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသော ဒီမိုကရေစီ ဗုဒ္ဓဘာသာကရင် အကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့မှ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေ သည်ဟု မြဝတီ DKBA ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နယ်စပ်ဒေသများရှိ ပြည်နယ်တော်တော်များများတွင် လူကုန်ကူးမှုများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ ကုန်ကူးမှုများကို တားဆီးရန်အတွက် DKBA အနေဖြင့် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသကဲ့သို့ အစိုးရမှလည်း ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်သင့်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

လူကုန်ကူးမှု ပပျောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာပါက ပိုမို ကောင်းမွန် ထိ ရောက်မည်ဖြစ်ကာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့ အခြားသော NGO အဖွဲ့အစည်း များနှင့်ပါ ပူးပေါင်းဆောင် ရွက်ပါက လူကုန်ကူးမှုကို ထိထိရောက်ရောက် တားဆီးနိုင်မည်ဖြစ်ကြောင်း UNIAP မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဥမ္မာ အိအိချော ကပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများမှာ တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန် မြန်မာအမျိုးသမီးများကို ရောင်းစားခြင်း၊ ထိုင်း ငါးဖမ်းစက်လှေများတွင် အဓမ္မ စေခိုင်းခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ ထိုင်းနိုင်ငံ ရေလုပ် ငန်းစက်ရုံများတွင် အဓမ္မစေခိုင်းခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ အတင်းဓမ္မ ပြည်တန်ဆာပြုခြင်း၊ ကလေးသူငယ်များအား သူတောင်း စားအဖြစ် အဓမ္မစေခိုင်းခြင်း စသဖြင့် ရှိနေကြောင်း သိရသည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU ခွဲထွက်သော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အတွင်း အစိုးရ နှင့် ဆက်ဆံရေး တင်းမာလာမှုကြောင့် အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သမ္မတဦး သိန်းစိန် လက်ထက်တွင် အပစ် အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရသည်။

YC


 

                

 

 

 

 

 

        

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment