Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“မြန်မာနိုင်ငံရဲ့အလယ်ပိုင်းမှာ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အတွက်အမေရိကန်ပြည်ထောင်စု အနေနဲ့ လွန်စွာ ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ အခုလိုမျိုးအကြမ်းဖက် ခံခဲ့ရသူတွေအတွက် အလွန်ပဲ စိတ်မကောင်းပါဘူး။ ဒါ့ကြောင့် မို့လို့ မြန် မာအာဏာပိုင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေး အတွက် ထိန်းသိမ်းတဲ့နေရာမှာ လူ့အခွင့်အရေးကို လေးစား လိုက်နာပြီးတော့ ဥပဒေအတိုင်း ဆောင်ရွက်ပါ”

ဧပြီလ ၄ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၆) တွင်ပါရှိသော “ဘာသာရေးအကြမ်းဖက် ကူးစက် ပျံနှံမှာ ကို နိုင်ငံတကာအသိုင်းအဝိုင်း စိုးရိမ်” သတင်းမှ အမေရိကန်နိုင်ငံခြားရေးဌာနလက်ထောက် ယာယီ ပြောခွင့်ရ ပုဂ္ဂိုလ် ပတ်ထရစ်ဗန်ထရယ်လ် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ဖြစ်သင့်တာက တိုင်းပြည်မှာ အရေးကြီးတဲ့ ခေါင်းဆောင်များဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူတို့ကတိုင်းပြည်မှာပဲရှိသင့်တာပေါ့နော်။ ချိန်းပြီးသားတောင်မှပဲ အချိန်းအချက် တွေဖျက်ပြီး တော့ သက်ဆိုင်ရာ အခြေ အနေတွေကို ဖြေရှင်းဖို့ကအရင် ဦးစားပေးတာပေါ့နော်။ တစ်ခုတော့ရှိတာပေါ့ ကျွန်တော်တို့ အခုတိုင်းပြည်မှာ ညကဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့မိန့်ခွန်း ရှိတာပေါ့နော်။ သူပြောတာကတော့ ကျွန်တော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံးအေးအေး ဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း အေးအေးချမ်းချမ်း ဖြစ်သွားမယ်။ နောက်ပြီး အစိုးရကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ ထားမယ်ဆိုရင်တော့ တိုင်း ပြည်က ငြိမ်သွား မှာပေါ့နော်။ အဲလို ငြိမ်သွားလို့ သွားမယ်ဆိုရင်လည်း ကောင်းပါတယ်။ တိုင်းပြည်အတွက် သွားတာပဲပေါ့ နော်”

ဧပြီလ ၃ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၂၅) တွင်ပါရှိသော “ဦးသိန်းစိန် နဲ့ဒေါ်စု ဧပြီလအတွင်း ပြည်ပခရီးထွက်ကြမည်” သတင်းမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၏ ပြော ကြား ချက်အား ကောက်နှုတ် ချက်။


“ ၂၄ ရက်နေ့ကတော့အစိုးရတပ်တွေ မန်လွမ်ဘက်ကနေ ကျွန်တော်တို့နေတဲ့နေရာကို တက်လာလို့ ပစ်လိုက် တာ။ ၂ နာရီလောက်ပစ်ခတ်ကြပြီး သူတို့တပ်ဖွဲ့နောက်ဆုတ်သွားတယ်။ သူတို့နောက်ဆုတ်သွားတော့ သိန်းဒန်ဘက်ကနေ နောက် အစိုးရစစ်ကြောင်း တစ်ခုပြန်တက်လာတယ်။ အဲဒီ ပြန်တက်လာတဲ့ အဖွဲ့နဲ့ မနေ့က မနက်ပိုင်းမှာ ပြန်ပစ်ခတ်ကြတယ်။ သူတို့လဲ ပြန်လည်နောက်ဆုတ်သွားတယ်။ အစိုးရတပ်ဖွဲ့တွေက  ကျွန်တော်တို့ နေရာယူနေတဲ့နေရာတိုင်းမှာ လိုက်လိုက်နေ တာ။ သူတို့လိုက်လို့ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့ တော့ ပစ်ခတ်သွားတာ”

ဧပြီလ ၃ ရက်နေ့ထုတ် Open News Journal အတွဲ (၅) အမှတ် (၂၅) တွင်ပါရှိသော “ကချင်ပြည်နယ် ပန်ဝါဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွား” သတင်းမှ KIA တပ်မဟာ (၄) မှ အရာရှိတစ်ဦး၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“အချို့ကအခမဲ့ ကျန်းမာရေးလို့ပြောတယ်။ အခမဲ့ကျန်းမာရေးမဟုတ်ဘူး။ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ကျန်းမာရေး စောင့်ရှောက် မှုစနစ်ပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ Plan ကို နှစ် ၄၀ လောက်စိတ်ကူးတယ်။ ထိုင်းကလာ ကူညီမယ့် သူတွေက နှစ် ၂၀ နဲ့ Program ဆွဲမယ်တဲ့”

ဧပြီလ ၃ ရက်နေ့ထုတ် The Myanmar post ဂျာနယ် အတွဲ (၅) အမှတ် (၁၄) တွင်ပါရှိသော“တစ်နိုင်ငံလုံး လွှမ်းခြုံသော ကျန်းမာရေးစနစ် နှစ် ၂၀ စီမံကိန်းဖြင့် အကောင်အထည်ဖော်မည်။”သတင်းမှ ဒေါက်တာ ဖေသက်ခင်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဒီအတိုင်းရပ်ကြည့်နေကြတယ်။ တိုက်ခိုက်သူ တွေဟာလည်း စနစ်တကျလေ့ကျင့်ထားတဲ့ အစွန်းရောက်အမျိုးသားရေး ဝါဒီတွေဖြစ်မယ်။ ဒီဖြစ်စဉ်တွေဟာ အစိုးရပိုင်း ဌာန အချို့ တိုက် ရိုက်ပါဝင်ပတ်သက်မှု ဒါမှမဟုတ် သွယ်ဝိုက်သော နည်းလမ်းနဲ့ ပါဝင်ပူးပေါင်းမှုကို ပြသတာဖြစ်တယ်။”

ဧပြီလ ၃ ရက်နေ့ထုတ် The Myanmar post ဂျာနယ် အတွဲ (၅) အမှတ် (၁၄) တွင်ပါရှိသော “ကင်တား နား၏ အစီရင် ခံစာအပေါ် ကန့်ကွက်ကြောင်းဦးရဲထွဋ် ပြန်လည်ဖြေရှင်း” သတင်းမှ ကင်တားနား ၏ ပြောကြားချက် အားကောက်နှုတ် ချက်။


 NEWS IN BRIEF

ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် KIA တို့တိုက်ပွဲများဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ မတ်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မပာာ(၄)နှင့် ထိတိုက်တွေ့ဆုံ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး နှစ်ဘက်အဖွဲ့အစည်းမှ အကျအရှုံးများပြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၂၈ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မပာာ(၄)နယ်မြေ၊ ဂန်မိန်းဒေသ ကောင်း ဝေဘွမ်တွင် တပ်မတော်နှင့် KIA တပ်မပာာ(၄)လက်အောက်ခံ တပ်များအကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် နှစ်ဖက်အကျ အဆုံးများပြားခဲ့ကြောင်း သိရသည်။


 

ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဂျပန်နိုင်ငံဘဏ်ကြီးတစ်ခုမှ အကူအညီပေးမည်

မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ တိုးတက်မြင့်မားလာနိုင်စေရန် ပြည်တွင်း သမဝါယမ ဘဏ်အား ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ(BTMU) ဘဏ်မှ နည်းပညာနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ဘဏ်နှစ်ခုကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ မြန်မာ နိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံမည့် ဂျပန်လုပ်ငန်းရှင်အများစုမှာ ဂျပန်နိုင်ငံရှိ BTMU ဘဏ်နှင့် အဆက်အဆံ များသကဲ့သို့ ကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရန် အဆိုပါဘဏ်၌ ဘဏ်စာရင်းဖွင့်လှစ်ထားကြောင်း သိရသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဝန်ဆောင်မှုလုပ်ငန်းများလျှော့ချ

ပြည်တွင်း၊ ပြည်ပသွားလာကြမည့် လေယာဉ်စီး ခရီးသည်များ၏ အခွင့်အရေးနှင့်  ရပိုင်ခွင့်များ ပိုမိုရရှိလာနိုင်စေရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဝန်ဆောင်မှုလုပ်ငန်းအချို့ကို လျှော့ချနိုင်ရန် စတင်စီစဉ်ဆောင်ရွက် နေပြီဖြစ် ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့်တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲလျက်ရှိသော နိုင်ငံတကာနှင့် ပြည်တွင်း လေကြောင်း လိုင်းများ ယခင်ထက်ပိုမိုများပြားလာမှုကြောင့် လေယာဉ်ရပ်နားသည့်အချိန်မျိုးတွင် နေရာမလုံလောက်မှုများ ကြောင့် လေယာဉ် ကြပ်တည်းမှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်သောလေယာဉ်များအား တစ်နာရီအတွင်း ပြန်လည်ထွက်ခွာရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားးမှုဦးစီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်းသိ ရသည်။

 


ဧပြီ ၁ ရက်နေ့တွင် တန်ဖိုးနည်းတယ်လီဖုန်းများ၏ ဈေးနှုန်းများ ကြေညာမည်

ဧပြီလအတွင်းရောင်းချမည့် မိုဘိုင်းဖုန်းဈေးနှုန်းများနှင့် ရောင်းချပေးသွားမည့်ပုံစံအား ဧပြီ ၁ ရက်နေ့တွင် အသေး စိတ် ကြေညာချက် တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် တန်ဖိုးနည်းမိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ရောင်း ချရေးဆိုင် ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က တန်ဖိုးနည်း SIM Card များကို ပြည်နယ်နှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့များမှတစ်ဆင့် ပြည်သူများထံသို့ မျှမျှတတရရှိနိုင်အောင် စနစ်တကျ ခွဲဝေရောင်းချပေးသကဲ့သို့ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တစ်လလျှင် ဆင်းမ်ကတ်အရေအတွက် ၃၅၀၀၀၀ အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေး သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


စွမ်းအင်ဝန်ကြီးဌာန၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက် ထားရန် မလိုတော့

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများလုပ်ကိုင်ရာတွင် လိုအပ်သည့် ပစ္စည်းကိရိယာများအတွက် ပို့ကုန်၊ သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ပို့ကုန်၊ သွင်း ကုန်လိုင်စင်လျှောက်ထားခြင်းကို ကင်းလွတ်ခွင့်ပြုရာတွင် စွမ်းအင်ဝန်ကြီးဌာနမှလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များအတွက်သာ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် ခွင့်ပြုချက်တွင်ပါရှိခြင်း မရှိကြောင်း သိရသည်။


 

နိုင်ငံခြားသတင်းဌာနနှင့် တရားဝင်ခွင့်ပြု

နိုင်ငံခြားသတင်းဌာနနှစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံအခြေစိုက် AP သတင်းဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် NHK ရုပ်သံသတင်းဌာနနှစ်ခုအား ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း တရားဝင်အခြေစိုက် သတင်းရယူခွင့်ပြုလိုက်ပြီဖြစ် ကြောင်း မတ်လ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြန်လည်အကြောင်းကြားခဲ့ကြောင်း သိရသည်။ ထိုသို့ နိုင်ငံခြား သတင်းဌာနနှစ်ခုအား တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် အဆိုပါသတင်းဌာနနှစ်ခုမှ သတင်းထောက်များ အနေဖြင့် မြန်မာနိုင်ငံအတွင်း သတင်းလှည့်လည်ရယူရာတွင် တရားဝင်လွတ်လပ်စွာနေထိုင်နိုင် မည်ဖြစ်ပြီး မိသားစုအပါအဝင် တစ်နှစ် ဗီဇာဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။


စွမ်းအင်ဝန်ကြီးဌာန၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုတော့

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများလုပ်ကိုင်ရာတွင် လိုအပ်သည့် ပစ္စည်းကိရိယာများအတွက် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းများကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ကင်းလွတ်ခွင့်ပြုရာတွင် စွမ်းအင်ဝန်ကြီးဌာနမှလုပ်ကိုင်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအတွက်သာ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် ခွင့်ပြုချက်တွင်ပါရှိခြင်းမရှိကြောင်း သိရသည်။

 

 

နိုင်ငံခြားသတင်းဌာနနှင့် တရားဝင်ခွင့်ပြု

နိုင်ငံခြားသတင်းဌာနနှစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံအခြေစိုက် AP သတင်းဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် NHK ရုပ်သံသတင်းဌာနနှစ်ခုအား ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း တရားဝင်အခြေစိုက်သတင်းရယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြန်လည်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံခြားသတင်းဌာနနှစ်ခုအား တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် အဆိုပါသတင်းဌာန နှစ်ခုမှသတင်းထောက်များအနေဖြင့် မြန်မာနိုင်ငံအတွင်း သတင်းလှည့်လည်ရယူရာတွင် တရားဝင်လွတ်လပ်စွာနေထိုင်နိုင်မည်ဖြစ်ပြီး မိသားစုအပါအဝင် တစ်နှစ်ဗီဇာဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 စွမ်းအင်ဝန်ကြီးဌာန၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုတော့

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများလုပ်ကိုင်ရာတွင် လိုအပ်သည့် ပစ္စည်းကိရိယာများအတွက် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းများကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ကင်းလွတ်ခွင့်ပြုရာတွင် စွမ်းအင်ဝန်ကြီးဌာနမှလုပ်ကိုင်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအတွက်သာ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် ခွင့်ပြုချက်တွင်ပါရှိခြင်းမရှိကြောင်း သိရသည်။

 

 

နိုင်ငံခြားသတင်းဌာနနှင့် တရားဝင်ခွင့်ပြု

နိုင်ငံခြားသတင်းဌာနနှစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံအခြေစိုက် AP သတင်းဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် NHK ရုပ်သံသတင်းဌာနနှစ်ခုအား ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း တရားဝင်အခြေစိုက်သတင်းရယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြန်လည်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံခြားသတင်းဌာနနှစ်ခုအား တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် အဆိုပါသတင်းဌာန နှစ်ခုမှသတင်းထောက်များအနေဖြင့် မြန်မာနိုင်ငံအတွင်း သတင်းလှည့်လည်ရယူရာတွင် တရားဝင်လွတ်လပ်စွာနေထိုင်နိုင်မည်ဖြစ်ပြီး မိသားစုအပါအဝင် တစ်နှစ်ဗီဇာဖြင့် မြန်မာနိုင်ငံအတွင်းနေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment