Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ဗလီစာသင်ကျောင်း မီးလောင်ပြီးနောက် စိုးရိမ်မှုများ ကြီးထွားနေ

(AFP news မှ 3 April 2013 ရက်စွဲပါ Burma fears rise after school inferno သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကြိုတင်သတိပေးလက္ခဏာများကို မြန်မာအာဏာပိုင်များ လျစ်လျူရှုဟု ကုလကိုယ်စားလှယ် ပြောကြား

(UPI news မှ 3 April 2013 ရက်စွဲပါ Myanmar ignored warning signs, UN says သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ စံနမူနာပုံစံနှင့် မြောက်ကိုရီးယား၏ ရွေးချယ်မှု

(2 April 2013 ရက်စွဲပါ The Hankyoreh တွင် Inje တက္ကသိုလ်ပါမောက္ခ Kim Yeon-Chul ရေးသားသော The Myanmar model and North Korea’s choice ကိုဘာသာပြန်ဆိုပါသည်)


ဗလီစာသင်ကျောင်း မီးလောင်ပြီးနောက် စိုးရိမ်မှုများ ကြီးထွားနေ

(AFP news မှ 3 April 2013 ရက်စွဲပါ Burma fears rise after school inferno သတင်းကို ဘာသာပြန်ဆိုသည်)

credit by online

မြန်မာနိုင်ငံ၌ ဘာသာရေးအကြမ်းဖက်မှု လှိုင်းလုံးထကြွနေချိန်တွင် ရန်ကုန်မြို့ ဗလီစာသင်ကျောင်းတစ်ခု၌ မီးအားမြှင့်စက် အပူလွန်ကဲမှုကြောင့်ဟုဆိုသော မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးသွားခဲ့ရာ နောက်ထပ် တင်းမာမှုများ ဖြစ်လာ မည်ကို စိုးရိမ်မှု ကြီးထွားနေပါသည်။

မနေ့မနက်အစောပိုင်းက မီးလောင်ချိန်တွင် အိပ်ပျော်နေသော ကလေးများ သေဆုံးခဲ့ရသည့် အပြာရောင် ဗလီစာသင်ကျောင်းကို ယခုအခါ ရဲနှင့် စစ်သားများက စောင့်ကြည့်လျှက်ရှိသည်။

ရေကျော်ဗလီ မီးလောင်မှုကို အာဏာပိုင်များက စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်သော်လည်း မြန်မာပြည်အလယ်ပိုင်းမှ ဘာသာရေး အကြမ်းဖက်အဓိကရုဏ်း၏ နောက်ဆက်တွဲအဖြစ် ပစ်မှတ်ဖြစ်လာနိုင်သည်ဟူသော မူဆလင်တို့ စိုးရိမ်မှုများကို နှစ်သိမ့်အားပေးရန် ကြိုးစားသည့်အနေဖြင့် ယခုဖြစ်ရပ်မှာ မတော်တဆမီးလောင်မှုဖြစ်သည်ဟု ကနဦးစစ်ဆေးမှုများက ဆိုပါသည်။

မီးလောင်သေဆုံးသွားသော အလောင်းများကို သဂြိုင်္လ်ရန်အတွက် ရန်ကုန်မြောက်ပိုင်း ဆင်ခြေဖုံးမူဆလင် သုဿန်တွင် စုဝေးခဲ့ကြသော မူဆလင်ဘာသာဝင်များကြားတွင် တမင်သက်သက်ရည်ရွယ်၍ မီးရှို့မှုဖြစ်နိုင် သည်ဟူသော သံသယများ ပျံ့နှံ့နေပါသည်။

အဆောက်အဦးကို မီးတောက်များက ဝါးမြိုနေချိန်တွင် နိုးလာကာ အသက်ရှင်ကျန်သူများကို ကူညီကယ်ဆယ်ခဲ့သူ ကျောင်းဆရာက မီးလောင်နေစဉ် ဒီဇယ်နံ့ကို ရှူမိကြောင်း ပြောကြားပါသည်။ မျက်မြင်သက်သေများကလည်း ထိုအတိုင်း ပြောကြားကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း မီးလောင်စဉ် ထွက်ပေါ်လာသော ဒီဇယ်နံ့သည် အဆောက်အဦးတွင် အသုံးပြုသော မီးစက်မှ ဖြစ်ကြောင်းနှင့် မီးကွင်းပစ်ခံရ၍ လောင်သည်ဟူသောစကားကို မိမိတို့ မယုံကြည်ကြောင်း သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆီများကြောင့် ချော်နေသည် ကြမ်းပြင်ပေါ်မှ ထွက်ပြေးလွတ်မြောက်လာသူများက အမှန်တရားကို ဖော်ထုတ်ပေးရန် အစိုးရကို တိုက်တွန်းထားကြသည်ဟု မူဆလင်ခေါင်းဆောင် ဦးရှိုင်းဝင်းက ပြောကြားသည်။

ရှုထောင့်ပေါင်းစုံမှ စွပ်စွဲချက်များ ထွက်ပေါ်နေသော ဘာသာရေးပဋိပက္ခသည် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိနေသော သမ္မတဦးသိန်းစိန်အတွက် အပြင်စားစိန်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။

ယခင်တပ်မတော်အစိုးရလက်ထက်ကာလတစ်လျှောက်လုံး အနှိမ်ခံထားရသော ရဲတပ်ဖွဲ့မှာ ယခုအခါ စွမ်းဆောင်ရည်ပိုင်း အားနည်းနေပြီး စစ်ဘက်လုံခြုံရေးဌာနဟု အမည်ပြောင်းထားသော တပ်မတော်ထောက်လှမ်းရေး အဖွဲ့ကိုလည်း ယခင်အကြီးအကဲဟောင်းက ကြိုးကိုင်ထားသည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူများက ပြောကြားကြ သည်။

အကြီးအကဲဟောင်း၏ ယခုပစ်မှတ် နောက်ဆုံးမဟာဗျူဟာမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘက်စုံ ဒေါင့်စုံမှ အရာရာကြိုတင်ပြင်ဆင်ထားရေးပင်ဖြစ်သည်ဟု အကဲခတ်သူများက ဆိုကြသည်။


 

ကြိုတင်သတိပေးလက္ခဏာများကို မြန်မာအာဏာပိုင်များ လျစ်လျူရှုဟု ကုလကိုယ်စားလှယ် ပြောကြား

(UPI news မှ 3 April 2013 ရက်စွဲပါ Myanmar ignored warning signs, UN says သတင်းကို ဘာသာပြန်ဆိုသည်)

ကြိုတင်သတိပေးမှုလက္ခဏာများ ရှိခဲ့သော်လည်း လူမျိုးရေးအဓိကရုဏ်း ပြန့်ပွားမှုကို တားဆီးရန် မြန်မာအစိုးရအနေဖြင့် လုံလောက်ထိရောက်စွာ လုပ်ဆောင်ခဲ့ခြင်းမရှိဟု လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကင်တားနားက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များအကြား အကြမ်းဖက်အဓိကရုဏ်း ထပ်မံဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အထူးစိုးရိမ်ပူပန်နေသည်ဟု ထုတ်ဖော်ပြောဆိုသည်။

မြန်မာအာဏာပိုင်များသည် ယခင်လကုန်ပိုင်းတွင် ဘာသာရေးအကြမ်းဖက်အဓိကရုဏ်းကို ဖြေရှင်းဆောင်ရွက် သည့်အနေဖြင့် နိုင်ငံ၏အချို့နေရာများတွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားသည်။ မနှစ်က ရခိုင်ပြည်နယ်မှ အကြမ်းဖက်အဓိကရုဏ်းနှင့် တစ်ပုံစံတည်းဟုဆိုသော ယခုနောက်ဆုံးအကြမ်းဖက်ဖြစ်ရပ်တွင် အနည်းဆုံး လူ ၄၀ သေဆုံး ခဲ့ရသည်ဟု Human Right Watch အဖွဲ့က ပြောကြားသည်။

ကင်တာနားက မြန်မာနိုင်ငံအတွင်း အဓိကရုဏ်း ပြန့်ပွားမှု ရပ်ဆိုင်းသွားစေရန် မြန်မာအာဏာပိုင်များ ထိထိရောက်ရောက် အားထုတ်ဆောင်ရွက်ဖို့လိုသည်ဟု ထောက်ပြပြောဆိုသည်။ ဤနေရာတွင် ခွဲခြားဆက်ဆံမှု ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ဆောင်မှုလည်း ပါဝင်သည်ဟု ဆိုသည်။

“မနှစ်က ဇွန်လက ရခိုင်ပြည်နယ်အဓိကရုဏ်းအပြီးမှာ သတိပေးခဲ့တဲ့ လက္ခဏာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတလွှား မူဆလင်တွေကို ခွဲခြားဆက်ဆံမှု၊ အာဃာတထားမှုတွေ ပြန့်နှံ့နေတာကို ဖြေရှင်းဆောင်ရွက်ဖို့ အစိုးရက လုံလုံလောက်လောက် အားထုတ်ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး”ဟု ကင်တာနားက ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုသည်။

မြန်မာအာဏာပိုင်များသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် စတင်ခဲ့တသာ “အထက်မှခွင့်ပြုသည့် ပြုပြင်ပြောင်းလဲမှုများ”ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြု ချီးကျူးမှုကို ရရှိနေသော်လည်း ယခုကဲ့သို့ အငြင်းပွားဖွယ် အဓိကရုဏ်းဖြေရှင်းမှုပုံစံကြောင့် ယခင်ရထားသော လက်ခုပ်သံများ လျော့နည်းသွားလိမ့်မည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောဆိုထားသည်။


မြန်မာနိုင်ငံ၏ စံနမူနာပုံစံနှင့် မြောက်ကိုရီးယား၏ ရွေးချယ်မှု

(2 April 2013 ရက်စွဲပါ The Hankyoreh တွင် Inje တက္ကသိုလ်ပါမောက္ခ Kim Yeon-Chul ရေးသားသော The Myanmar model and North Korea’s choice ကိုဘာသာပြန်ဆိုပါသည်)

credit by online

ပြီးခဲ့သည့်လက အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးအကြံပေး Thomas Donlion က ပြောကြားရာတွင် သမ္မတ Barack Obama ၏ (မြောက်ကိုရီးယား) နှင့် တွေ့ဆုံဆွေးနွေးရေးကတိကဝတ်များကို သံသယရှိသူ မည်သူမဆို မြန်မာနိုင်ငံကိုသာ နမူနာကြည့်ရန် လိုအပ်ကြောင်းဆိုခဲ့ပါသည်။ မြောက်ကိုရီးယားသည် နောက်ဆုတ်စရာ နံရံသာရှိတော့ရာ အမေရိကန်ကထွက်ပေါက်မဟာဗျူဟာ အဆိုပြုလာမှုကို စောင့်စားနေချိန်တွင် အမေရိကန်က မြောက်ကိုရီးယားအား မြန်မာနိုင်ငံကိုသာ ကြည့်ရန် ပြောနေခဲ့ပါသည်။

၂၀၀၅ ခုနှစ် ဇန်နဝါရီလ၊ အမေရိကန်သမ္မတ George Bush လက်ထက်က နိုင်ငံခြားရေးဝန်ကြီး ကွန်ဒို လီဇာရိုက်(စ်)သည် မြန်မာနိုင်ငံအပေါ်ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်တစ်ခုအဖြစ် ပြင်းထန်စွာဝေဖန်ခဲ့ပါသည်။ ထိုကဲ့သို့သော နိုင်ငံတစ်ခုသည် ကောင်းမွန်သော အပြုအမူရှိလာသည့် စံပြုရမည့် နိုင်ငံမည်သို့ပြောင်းလဲသွားသနည်း။

၂၀၁၁ ခုနှစ် မတ်လက ရွေးကောက်ပွဲဖြင့် ဦးသိန်းစိန်၏အစိုးရတက်လာသောအခါ မြန်မာနိုင်ငံသည် အသွင်ပြောင်းမှု အတွက် အလားအလာများကောင်းလာပါသည်။ ဦးသိန်းစိန်သည် စစ်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရွေးချယ်ခံရပြီး စစ်တပ်အစိုးရသည် နောက်ကွယ်မှ အာဏာကို ကိုင်ထားဆဲဖြစ်ပါသည်။ အစိုးရသစ်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး များအတွက် မျှော်လင့်မထားသော ခြေလှမ်းများလှမ်းခဲ့ပါသည်။ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ခွင့်ပြုလာခြင်းစသည့် အရပ်သားပိုင်ခွင့်များ တိုး၍ လုပ်ဆောင်ပေးလာပါသည်။ အစိုးရသည် စစ်မှန်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ဖြေလျော့မှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခြင်းနှင့် ငွေကြေးဈေးကွက်ပြုပြင်ခြင်းများ စတင်လုပ်ဆောင်လာပါသည်။

မြန်မာနိုင်ငံသည် ခရီးရှည်ကြီးဆက်လျှောက်ရန်ကျန်ရှိနေပါသေးသည်။ သို့သော် အတိတ်ကာလနှင့် စည်းခြားခဲ့ပြီ ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်ပါသည်။

ထိုသို့ဖြစ်လာရန် မည်သည့်အရာက လုပ်ဆောင်ခဲ့သနည်း။ ထိုနေရာတွင် အရေးကြီးသော အချက်နှစ်ခု တွေ့ရပါ သည်။ ပထမတစ်ချက်မှာ အမေရိကန်သည် မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသော တန်ဖိုးကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းနှင့် ဒုတိယတစ်ချက်အားဖြင့် မြန်မာစစ်အစိုးရကလည်း ဖွံ့ဖြိုးတိုးတက်မှုအသစ်အတွက် အခွင့်အလမ်းကို အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။

၂၀၀၉ ခုနှစ်တွင် Obama အစိုးရသည် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်စေလွှတ်ရန် ဆုံးဖြတ်၍ ကနဦးတွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့ခြင်းသည် အမေရိကန်၏ အာရှဗဟိုပြုရေးမူဝါဒနှင့် ဆက်စပ်မှုရှိပါသည်။ အမေရိကန်သည် တရုတ်အပေါ် ပြန်လည်တုန့်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး တန်ဖိုးကို ပြန်လည်အကဲဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယကြားတွင် တည်ရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးနိုင်သည့် မဟာဗျူဟာကျသည့် ရေကြောင်းဆိုင်ရာ အားကောင်းသည် ခြေကုတ်ရယူနိုင်သည့် နိုင်ငံလည်း ဖြစ်ပါသည်။ Bush အစိုးရသည် ဒီပလိုမေစီစံများကို ဆုပ်ကိုင်လွန်းသောကြောင့် အထက်ပါအချက်များကို မမြင်နိုင်တော့ပေ။ သို့သော် အိုဘားမားအစိုးရသည် တရုတ်၏ နိုးထလာခြင်း ကို မဟာဗျူဟာကျစွာတုန့်ပြန်နိုင်ရေးကို ရှာဖွေရန်ခွင့်ပြုခဲ့ပါသည်။

သို့သော် ထိုထက်အရေးကြီးသောအချက်ရှိနေပါသည်။ ၎င်းမှာ မြန်မာစစ်အစိုးရသည် ပြောင်းလဲမှုအတွက် အခွင့်အလမ်းကို မြည်းစမ်းကြည့်ရန် စိတ်အားထက်သန်နေခဲ့ပြီး ထိုအခွင့်အလမ်းကို အရယူနိုင်ခဲ့ပါသည်။ စစ်အစိုးရသည် အမေရိကန်၏ ပြန်လည်ဆက်ဆံရေးပြုလုပ်ရန် ကြိုးစာလာမှုကို ပြောင်းလဲမှုအတွက် အခွင့်အလမ်းအဖြစ် အသုံးပြုနိုင်ခဲ့ ပါသည်။ စစ်အစိုးရသည် ၎င်း၏နိုင်ငံရေးအာဏာ အစိတ်အပိုင်းတစ်ခုကို ၎င်း၏ လုံခြုံရေးအတွက် အာမခံချက်ရရှိရေးအတွက် လဲလှယ်ခဲ့ပြီး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်စေမည့်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုအဖြစ် အသွင်ပြောင်း ခဲ့ပါသည်။

ထို့အပြင် စစ်အစိုးရသည် တရုတ်အပေါ်တွင်မှီခိုနေရခြင်း၏ ဝန်ထုပ်ဝန်ပိုးကိုလည်း ခံစားနေရမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများ၏ အရေးယူမှုများ တိုးလာခြင်းကြောင့် ရွေးချယ်စရာမရှိသောကြောင့် ဖြစ်ပါသည်။

အမေရိကန်သည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် တရားဝင်သံအမတ်ကြီးခန့်ထားပြီး၊ အကူအညီ စတင်ပေးခဲ့ ပါသည်။ ၎င်း၏ စီးပွားရေးအရ အရေးယူမှုအားလုံးကို ၂၀၁၄ တွင် ရုတ်သိမ်းရန် စီစဉ်ထားပါသည်။ ဆက်ဆံရေးပြန်လည် နွေးထွေးလာခြင်းအတွက် ယခုဥပမာထက်ပို၍ ကောင်းသောဥပမာ ရှိပါဦးမည်လော။

မြောက်ကိုရီးယားသည် မြန်မာနိုင်ငံ၏ စံနမူနာပုံစံမှ မည်သည်များကို သင်ခန်းစာယူနိုင်ပါမည်နည်း။ မြန်မာနှင့် မြောက်ကိုရီးယားတို့၏ မကြာသေးမီက သမိုင်းကြောင်းသည် ခြားနားပါသည်။ ၎င်းတို့၏ နိုင်ငံရေး စနစ်များနှင့် ပထဝီနိုင်ငံရေးအခြေအနေများသည် ရှင်းလင်းစွာခြားနားနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပေါ်ယံ ယေဘူယျ တန်းညှိရန် မဖြစ်နိုင်ဆိုသည်ကို သတိပြုရန်လိုပါသည်။

သို့သော်ထိုနေရာတွင် မေးလိုသော မေးခွန်းတစ်ခုမှာ ယနေ့ကျွန်ုပ်တို့ မည်သည့်နေရာတွင် ရပ်နေသနည်း ဆိုသည့် မေးခွန်းဖြစ်ပါသည်။ အမေရိကန်သည် မြောက်ကိုရီးယား၏ မဟာဗျူဟာကျသော တန်ဖိုးကို စဉ်းစားရန်ခွင့်ပြုခဲ့ဘူးပါသလား။ ပထဝီနိုင်ငံရေးစာလုံးများဖြင့်ဆိုရလျှင် ခွင့်ပြုခဲ့ဘူးပါသလား။ ပထဝီနိုင်ငံရေး စာလုံးများဖြင့်ဆိုရလျှင် ပါကစ္စတန်သည် အရှေ့ အလယ်ပိုင်းအတွက်လည်းကောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအတွက်လည်းကောင်း တန်ဖိုးရှိသကဲ့သို့ မြောက်ကိုရီးယားသည် အရှေ့မြောက်အာရှ အတွက်တန်ဖိုးရှိလာနိုင်ပါသလား။

တောင်ကိုရီးယားအတွက်လည်း ထိုနည်းလည်းကောင်းမှန်ကန်ပါသည်။ ကျွန်ုပ်တို့၏ မြောက်ကိုရီးယား မူဝါဒသည် စံပြုရမည့်အိုင်ဒီယာများပေါ်တွင်သာ အခြေမပြုပဲ မြောက်ကိုရီးယား၏ မဟာဗျူဟာတန်ဖိုးအပေါ် အခြေပြုသင့်ပါသည်။ ကိုရီးယားအချင်းချင်းကြား ဆက်ဆံရေးများသည် ကျွန်ုပ်တို့၏ နိုင်ငံရေးနှင့် စီးပွားရေး ဆက်လက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်လှပါသည်။ ထို့ထက်ပို၍ မြောက်ကိုရီးယားသည် တရုတ်နှင့် ရုရှားသို့ စီးပွားရေးအရ ချဲ့ထွင်ရန် ကျွန်ုပ်တို့၏ တံတားတစ်စင်း ဖြစ်သည်ဆိုသည်ကို မမေ့အပ်ပေ။

အဓိကပြောင်းလဲနိုင်သူမှာ မြောက်ကိုရီးယားဖြစ်ပါသည်။ မြောက်ကိုရီးယားသည် ပြောင်းလဲရန် စိတ်အားထက်သန် ရမည်ဖြစ်ပါသည်။ ၎င်း၏ ခေါင်းဆောင်များသည် မြန်မာစစ်အစိုးရက ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာသို့ အသွင်ပြောင်းရန် လိုအပ်ပုံကို သိနားလည်သကဲ့သို့ နားလည်လိမ့်မည်ဟု ထင်ပါသည်။ အကယ်၍ မြောက်ကိုရီးယားသည် ပြောင်းလဲမှုအတွက် စိတ်အားထက်သန်မှုမရှိသေးပါက ပြောင်းလဲရန် အခွင့် အလမ်းရရှိလာလိမ့်မည် မဟုတ်ပေ။

မကြာသေးမီက မြောက်ကိုရီးယား၏ အပြုအမူများမှာမူစိတ်ပျက်ဖွယ်ဖြစ်ပါသည်။ မကြာသေးမီက မြောက်ကိုရီးယား သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းမဲ့ဇုန်လုပ်ဆောင်မှုရပ်ဆိုင်းသွားပြီဟု ကျေညာခဲ့ရာ သံသယဖြစ်ဖွယ်မရှိ အဓိပ္ပါယ်ကင်းမဲ့လွန်းလှပါသည်။ ထို့နောက်အမေရိကန်နှင့် တောင်ကိုးရီးယားကိုလည်း ၎င်းတို့၏ အကာအကွယ်ပြုရေး လုပ်ဆောင်ချက်များအပေါ် ဝေဖန်ခဲ့ပါသည်။ တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ အဆက်မပြတ်ကြမ်းတမ်းသော ပြောဆိုမှုများအတွက် ငြီးငွေ့လှပြီဖြစ်ပါသည်။

မြောက်ကိုရီးယားအဖို့ အမှန်တရားကိုလက်ခံရန်လိုအပ်ပါသည်။ တောင်ကိုရီးယား၏ မြောက်ကိုရီးယားအပေါ် မူဝါဒအရဆိုလျှင် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်မှုအတွက် မဟာဗျူဟာ လိုအပ်ချက်နှင့် တောင်ကိုရီးယား ပြည်သူများ၏ မြောက်ကိုရီးယားအပေါ် နားလည်ပေးနိုင်မှုပျက်ယွင်းလာမှုကြားတွင် ကြီးမားသော ကွာဟချက်ရှိနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် မြောက်ကိုရီးယားအနေဖြင့် နားလည်ရမည့်အချက်မှာ ညှိနှိုင်းရေးအတွက် အခွင့်အလမ်းတွင် ၎င်းပဋိပက္ခကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နေသ၍ လွယ်ကူလာလိမ့်မည်မဟုတ်ဟူသော အချက်ဖြစ်ပါသည်။ မြောက်ကိုရီးယားသည် ပြောင်းလဲရန်လိုလားပါသလော။ သို့ဆို ပါက ပြောင်းလဲရန်လိုလားကြောင်း ပြသရန်လိုအပ်ပါလိမ့်မည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment